




crd

unicode

tankကြီးမပါနိုင်ချိန် ကွင်းလယ်တာဝန်ကိုထမ်းဆောင်ဖို့ အပြီးပြည့်စုံဆုံး သရဲနီကစားသမားကို ထောက်ခံပေးလိုက်တဲ့ ယူနိုက်တက်ဂန္တဝင် ပေါလ်စခိုး

မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူဟောင်း ပေါလ်စခိုး က ဘရာဇီးလ်သားရဲ့ ဆိုင်းငံ့ကာလအတွင်း ကာစီမီရို အတွက် ပြီးပြည့်စုံတဲ့ နေရာမှာ အစားထိုးဖို့ စကော့မက်တိုမီနေးကို ထောက်ခံခဲ့ပါတယ် ။ ကာစီမီရိုသည် မတ် ၁၂ ရက်က ဆောက်သမ်တန်အသင်းနှင့် ဂိုးမရှိသရေကျခဲ့သော ပရီးမီးယားလိဂ်ပွဲစဉ်တွင် ယူနိုက်တက်မှ ဒုတိယအကြိမ် ထုတ်ပယ်ခံခဲ့ရခြင်းဖြစ်သည်။ ၎င်းသည် ရာသီ၏ဒုတိယမြောက်ထုတ်ပယ်ခြင်းဖြစ်သောကြောင့် လေးပွဲပယ်ပြစ်ဒဏ်ချမှတ်ခံခဲ့ရသည်။

အက်ဖ်အေဖလားမှာ ဖူလ်ဟမ်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပထမဆုံးလွဲချော်ခဲ့ပြီး နယူးကာဆယ်၊ ဘရန့်ဖို့ဒ်နဲ့ အဲဗာတန်တို့နဲ့ ကစားမယ့် ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ဆက်တိုက် လွဲချော်မှာဖြစ်ပါတယ်။ လာမည့် ဧပြီလ ၁၆ရက်နေ့တွင် နော်တင်ဟမ်ဖောရက်စ်နှင့် ရင်ဆိုင်ရမည့် ပွဲမှသာ ကာစီမဲရိုးသည် ပြန်လည်ပါဝင်နိုင်မည်ဖြစ်သည်။အဲရစ်ဆန်သည်လဲ ဒဏ်ရာကြောင့် အနားယူနေရပြီး ယူနိုက်တက်၏ ကွင်းလယ်ရွေးချယ်ခွင့်မှာ အကန့်အသတ် ရှိနေသည်။ မည်သို့ပင်ဆိုစေကာမူ စခိုးလ်က မက်တိုမီနေးသည် ကာစီမီရိုကို အစားထိုးရန် ပြီးပြည့်စုံသော ကစားသမားအဖြစ် ယုံကြည်နေပြီး နိုင်ငံတကာအားလပ်ရက်များတွင် စကော့တလန်အတွက် သူသွင်းယူခဲ့သော လေးဂိုးအပေါ် ချီးကျူးမှုများ ရရှိထားသည်။

ကာစီမဲရိုးအတွက် မက်တိုမီနေးကို ဖြည့်သွင်းဖို့ မျှော်လင့်သလားလို့ မေးရာမှာ ပေါလ်စခိုးက “ဟုတ်ပါတယ်လို့ ပြောချင်ပါတယ်။ အဲရစ်ဆန်လည်း ပြန်လာမှာပါ။ သူလည်း မဝေးတော့ပါဘူး ဟုတ်တယ်မလား။ ဒါပေမယ့် ကာစီမဲရိုးနေရာမှာ အစားထိုးဝင်ရောက်ကစားဖို့ဆို တိုမီနေးက အပြည့်စုံဆုံး ကစားသမားလို့ ထင်မိပါတယ်”“သူဟာ ယုံကြည်မှုအပြည့်နဲ့ ပြန်လာမှာဖြစ်ပြီး တကယ်ကို အရည်အချင်းရှိတဲ့ ကစားသမားပါ။

“ဒါပေမယ့် သူ ဒီအကြောင်းကို မညည်းမငြူသေးပါဘူး၊ သူလည်း အလုပ်စလုပ်နေပါပြီ။ သူက ထိပ်တန်းကစားသမားတစ်ယောက်ပါ စကော့ဟာ ၊ သူအောင်မြင်နိုင်တယ်ဆိုတာ သူသိတဲ့ အနေအထားမှာသာ စိတ်အေးလက်အေး ကစားမယ်ဆိုရင် ဒါဟာ ဖြစ်နိုင်ပါတယ် ။ သူ့အတွက် ရက်သတ္တပတ်အတော်ကြာ ကြီးကျယ်တဲ့ ကလပ်အသင်းကနေ ထွက်ခွာမယ့်အကြောင်း လူတွေပြောနေကြပြီး သူမဖြစ်နိုင်ဘူးလို့ မျှော်လင့်ပါတယ်။

“မင်းကို ရိုးရိုးသားသားပြောရရင် ကလပ်ကနေ ထွက်သွားတာကို မြင်ရတာ မုန်းတယ် ဒါပေမယ့် တစ်ခါတလေတော့ ဖြစ်လာရမှာပေါ့။ ငါပြောသလိုပဲ သူ့အတွက် အခု ရက်သတ္တပတ်အနည်းငယ်ပဲ ရှိသေးတယ်၊ သူက အသင်းကို ဝင်လာပြီး ကာစီမဲရိုး ရှိနေသလို ပုံစံဖြစ်အောင် လုပ်ပေးနိုင်ရင် သူ ကျွန်တော်တို့နဲ့အတူ ရှိနေလိမ့်မယ်လို့ မျှော်လင့်ပါတယ်” လို့ စခိုးလ်က ဖွင့်ဟလာခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *