



crd

unicode

PSV အသင်းရဲ့rating အကောင်းဆုံးကစားသမား ဂတ်ပိုကို ဇန်နဝါရီမှာခေါ်ယူနိုင်တော့မည့် မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ၎င်းတို့အသင်းမှာ အထောင်တိုက်စစ်မှူးတစ်ဦး လိုအပ်နေတာကိုသိရှိပြီးဖြစ်တာကြောင့် ယခုနွေမှာ PSV မှ Cody Gakpo ကို ခေါ်ယူဖို့ အလေးအနက်ထားကာ ကြိုးပမ်းမှုအချို့ရှိခဲ့သော်လည်း ဒီအပြောင်းအရွှေ့ဟာ ဖြစ်မြောက်လာခဲ့ခြင်းမရှိပေ။သို့ပေမယ့် ယူနိုက်တက်ဟာ ၎င်းတို့ရဲ့စိတ်ဝင်စားမှုကို ယခုလာမည့်ဇန်နဝါရီအပြောင်းအရွှေ့ကာလတွင် ပြန်လည်စတင်မည်ဖြစ်ပြီး ဂတ်ပိုကို အိုးထရက်ဖိုဒ့်ကလပ်ထံ ခေါ်ယူဖို့စတင်ကြိုးပမ်းသွားမည်ဖြစ်သည်။ ရော်နယ်ဒိုရဲ့အင်တာဗျူးကြောင့် ယူနိုက်တက်အသင်းရဲ့ တိုက်စစ်မှူးသစ်ခေါ်ယူမယ့်အစီအစဉ်ဟာ ပိုမိုအသက်ဝင်လာခဲ့တာ ဖြစ်ပါတယ်။

မနေ့ညကထွက်ပေါ်လာခဲ့သော သတင်းတွေမှာတော့ PSV Eindhoven အသင်းဟာ မန်ချက်စတာယူနိုက်တက် ပစ်မှတ်ထားနေတဲ့ ၎င်းတို့ရဲ့နယ်သာလန်လက်ရွေးစင်တိုက်စစ်မှုး ကိုဒီ ဂတ်ပို ကို ဇန်နဝါရီမှာတင် ထွက်ခွာခွင့်ပေးဖို့ အဆင်သင့်ဖြစ်နေကြောင်း သိရှိရသည်။ ဒါကြောင့် ယူနိုက်တက်ဟာ ဂတ်ပိုကို အမှန်တကယ်အလိုရှိပါက ဇန်နဝါရီမှာတင် အသင်းထံခေါ်ယူလို့ရမည် ဖြစ်သည်။

ဂတ်ပိုဟာ ယခုရာသီတွင် PSV အသင်းနှင့် တာထွက်ကောင်းမွန်သည့်ဘောလုံးရာသီတစ်ခုကို ပိုင်ဆိုင်ထားခဲ့ပြီး ကမ္ဘာ့ဖလားမတိုင်မီ လိဂ်ပွဲ 14 ပွဲ ပါဝင်ကစားထားကာ သွင်းဂိုး 9 ဂိုးနှင့် ဂိုးဖန်တီးမှု 12 ကြိမ် ပြုလုပ်ထားပြီး FotMob ရဲ့သတ်မှတ်ချက်အရ တစ်ပွဲပျမ်းမျှ Rating 8.44 ထိရရှိထားကာ PSV တစ်သင်းလုံးမှာ rating အကောင်းဆုံးကစားသမားဖြစ်သည်။

ယူနိုက်တက်သည် ဂတ်ပိုအတွက် ပေါင်သန်း 40 ဝန်းကျင်လောက်သာ ကုန်ကျဖွယ်ရှိသော်လည်း ကမ္ဘာ့ဖလားပြိုင်ပွဲပြီးဆုံးချိန်မှာတော့ ၎င်းရဲ့တန်ကြေးဟာ အနည်းငယ်မြင့်တတ်လာနိုင်ဖွယ်ရှိကြောင်း အချို့က သုံးသပ်ထားသည်။

Add a Comment

Your email address will not be published. Required fields are marked *