Lord စူပါ႐ိုနယ္မက္ဆီဒင္ဟို လင္ဂတ္ဟာ ယူႏိုက္တက္ရဲ႕ အနာဂတ္အစီအစဥ္မွာ ပါဝင္တယ္လို႔ဆိုခဲ့တဲ့ နည္းျပဆိုးလ္ရွား

Lord စူပါ႐ိုနယ္မက္ဆီဒင္ဟို လင္ဂတ္ဟာ ယူႏိုက္တက္ရဲ႕ အနာဂတ္အစီအစဥ္မွာ ပါဝင္တယ္လို႔ဆိုခဲ့တဲ့ နည္းျပဆိုးလ္ရွား

မန္ခ်က္စတာယူႏိုက္တက္ အသင္းနည္းျပ ဆိုးလ္ရွား က မေန႔ညက ဒါဘီ အသင္းနဲ႔ ကစားခဲ့တဲ့ ရာသီႀကိဳေျခစမ္းပြဲ အဖြင့္ပြဲစဥ္မွာ လင္ဂတ္ ရဲ႕အနာဂတ္နဲ႔ ပတ္သက္ၿပီးေျပာလိုက္ပါတယ္။မန္ခ်က္စတာယူႏိုက္တက္ အသင္းဟာ ဒါဘီ အသင္းနဲ႔ ေျခစမ္းပြဲမွာ လူငယ္ကစားသမားအမ်ားအျပားကို အသုံးျပဳခဲ့ၿပီး (၂)ဂိုး-(၁)ဂိုးနဲ႔ အႏိုင္ရခဲ့တာလည္းျဖစ္ပါတယ္။မန္ခ်က္စတာယူႏိုက္တက္ အတြက္ဂိုးေတြကို တာဟစ္ေခ်ာင္နဲ႔ ပယ္လီစထရီ တို႔က သြင္းယူခဲ့တာျဖစ္ပါတယ္။

ၿပီးခဲ့တဲ့ရာသီရဲ႕ဒုတိယရာသီဝက္မွာ ဝက္စ္ဟမ္း အသင္းထံ အငွားသြားကစားၿပီး ေျခစြမ္းျပသႏိုင္ခဲ့တဲ့ လင္ဂတ္ဟာ ဒီပြဲရဲ႕ဒုတိယပိုင္းမွ လူစားဝင္ကစားသမားအျဖစ္ ပါဝင္ခဲ့တာျဖစ္ပါတယ္။လင္ဂတ္ ဟာ ၿပီးခဲ့တဲ့ ရာသီက ဝက္စ္ဟမ္း အသင္းမွာ (၁၆)ပြဲပါဝင္ကစားၿပီး (၉)ဂိုးသြင္းကာ (၅)ဂိုးဖန္တီးႏိုင္ခဲ့တာလည္းျဖစ္ပါတယ္။လင္ဂတ္ ဟာ ဝက္စ္ဟမ္း အသင္းကို ယူ႐ိုပါလိဂ္ဝင္ခြင့္ရေအာင္ စြမ္းေဆာင္ေပးခဲ့တာေၾကာင့္ အသင္းတာဝန္ရွိသူေတြရဲ႕သေဘာက်ျခင္းကို ခံခဲ့ရတာပါ။

အဲ့ဒါေၾကာင့္ ဝက္စ္ဟမ္း အသင္းဟာ လင္ဂတ္ ကို အၿပီးသတ္ေခၚယူဖို႔ ႀကိဳးစားေနတာျဖစ္ပါတယ္။ဒါ့အျပင္ လင္ဂတ္ ကို ေခၚယူဖို႔ စပိန္ခ်န္ပီယံျဖစ္တဲ့ အသလက္တီကို အသင္းကလည္း စိတ္ဝင္စားေနတယ္လို႔ သတင္းေတြထြက္ေပၚေနပါတယ္။ဒါေပမယ့္ နည္းျပ ဆိုးလ္ရွား ကေတာ့ လင္ဂတ္ ဟာ အသင္းရဲ႕အစီအစဥ္မွာ ပါဝင္တယ္လို႔ ဆိုခဲ့တာပါ။လင္ဂတ္ ဟာ ဒါဘီ နဲ႔ ပြဲမွာ ဂိုးဧရိယာအျပင္ကေန လွပတဲ့ ကန္ခ်က္နဲ႔ ဂိုးရယူဖို႔ ႀကိဳးစားခဲ့ေပမယ့္ တိုင္ထိခဲ့လို႔ နစ္နာခဲ့ရပါတယ္။

ဆိုးလ္ရွား က “လင္ဂတ္ ဟာ ေတာက္ပတဲ့ ေျခစံမ္းနဲ႔ ျပန္ေရာက္လာပါၿပီ။သူဟာ သူ႔ရဲ႕ေနရာအတြက္ တိုက္ပြဲဝင္ခ်င္ေနပါတယ္။ၿပီးခဲ့တဲ့ရာသီအကုန္ပိုင္းက သူလုပ္ခဲ့တဲ့ အရာေတြဟာ တကယ္ကို လင္ဂတ္ အစစ္အမွန္ပါပဲ။တစ္ခါတရံမွာ အခ်ိဳ႕သာ ေ႐ြးခ်ယ္မႈေတြ အတြက္ ကြၽန္ေတာ္တို႔လည္း ခက္ခဲခဲ့ပါတယ္။အခုအခ်ိန္မွာေတာ့ လင္ဂတ္ ဟာ အစီအစဥ္ေတြထဲမွာ ပါဝင္ေနတဲ့သူပါ”လို႔ ဆိုခဲ့တာျဖစ္ပါတယ္။

လင္ဂတ္နဲ႔ မန္ခ်က္စတာယူႏိုက္တက္ တို႔ ခ်ဳပ္ဆိုထားတဲ့ စာခ်ဳပ္ဟာ လာမယ့္ရာသီအကုန္မွာ ကုန္ဆုံးေတာ့မွာလည္းျဖစ္ပါတယ္။လင္ဂတ္ ဟာ မန္ခ်က္စတာယူႏိုက္တက္ အတြက္ ပြဲေပါင္း (၂၁၀)ပါဝင္ကစားထားၿပီး (၃၃)ဂိုးသြင္းယူထားတာပါ။လင္ဂတ္ ဟာ မန္ခ်က္စတာယူႏိုက္တက္ အသင္းနဲ႔ အတူ အက္ဖ္ေအဖလား၊ လိဂ္ဖလားနဲ႔ ယူ႐ိုပါလိဂ္တို႔ကို ရယူႏိုင္ထားပါတယ္။
crd

Unicode
Lord စူပါရိုနယ်မက်ဆီဒင်ဟို လင်ဂတ်ဟာ ယူနိုက်တက်ရဲ့ အနာဂတ်အစီအစဉ်မှာ ပါဝင်တယ်လို့ဆိုခဲ့တဲ့ နည်းပြဆိုးလ်ရှား

မန်ချက်စတာယူနိုက်တက် အသင်းနည်းပြ ဆိုးလ်ရှား က မနေ့ညက ဒါဘီ အသင်းနဲ့ ကစားခဲ့တဲ့ ရာသီကြိုခြေစမ်းပွဲ အဖွင့်ပွဲစဉ်မှာ လင်ဂတ် ရဲ့အနာဂတ်နဲ့ ပတ်သက်ပြီးပြောလိုက်ပါတယ်။မန်ချက်စတာယူနိုက်တက် အသင်းဟာ ဒါဘီ အသင်းနဲ့ ခြေစမ်းပွဲမှာ လူငယ်ကစားသမားအများအပြားကို အသုံးပြုခဲ့ပြီး (၂)ဂိုး-(၁)ဂိုးနဲ့ အနိုင်ရခဲ့တာလည်းဖြစ်ပါတယ်။မန်ချက်စတာယူနိုက်တက် အတွက်ဂိုးတွေကို တာဟစ်ချောင်နဲ့ ပယ်လီစထရီ တို့က သွင်းယူခဲ့တာဖြစ်ပါတယ်။

ပြီးခဲ့တဲ့ရာသီရဲ့ဒုတိယရာသီဝက်မှာ ဝက်စ်ဟမ်း အသင်းထံ အငှားသွားကစားပြီး ခြေစွမ်းပြသနိုင်ခဲ့တဲ့ လင်ဂတ်ဟာ ဒီပွဲရဲ့ဒုတိယပိုင်းမှ လူစားဝင်ကစားသမားအဖြစ် ပါဝင်ခဲ့တာဖြစ်ပါတယ်။လင်ဂတ် ဟာ ပြီးခဲ့တဲ့ ရာသီက ဝက်စ်ဟမ်း အသင်းမှာ (၁၆)ပွဲပါဝင်ကစားပြီး (၉)ဂိုးသွင်းကာ (၅)ဂိုးဖန်တီးနိုင်ခဲ့တာလည်းဖြစ်ပါတယ်။လင်ဂတ် ဟာ ဝက်စ်ဟမ်း အသင်းကို ယူရိုပါလိဂ်ဝင်ခွင့်ရအောင် စွမ်းဆောင်ပေးခဲ့တာကြောင့် အသင်းတာဝန်ရှိသူတွေရဲ့သဘောကျခြင်းကို ခံခဲ့ရတာပါ။

အဲ့ဒါကြောင့် ဝက်စ်ဟမ်း အသင်းဟာ လင်ဂတ် ကို အပြီးသတ်ခေါ်ယူဖို့ ကြိုးစားနေတာဖြစ်ပါတယ်။ဒါ့အပြင် လင်ဂတ် ကို ခေါ်ယူဖို့ စပိန်ချန်ပီယံဖြစ်တဲ့ အသလက်တီကို အသင်းကလည်း စိတ်ဝင်စားနေတယ်လို့ သတင်းတွေထွက်ပေါ်နေပါတယ်။ဒါပေမယ့် နည်းပြ ဆိုးလ်ရှား ကတော့ လင်ဂတ် ဟာ အသင်းရဲ့အစီအစဉ်မှာ ပါဝင်တယ်လို့ ဆိုခဲ့တာပါ။လင်ဂတ် ဟာ ဒါဘီ နဲ့ ပွဲမှာ ဂိုးဧရိယာအပြင်ကနေ လှပတဲ့ ကန်ချက်နဲ့ ဂိုးရယူဖို့ ကြိုးစားခဲ့ပေမယ့် တိုင်ထိခဲ့လို့ နစ်နာခဲ့ရပါတယ်။

ဆိုးလ်ရှား က “လင်ဂတ် ဟာ တောက်ပတဲ့ ခြေစံမ်းနဲ့ ပြန်ရောက်လာပါပြီ။သူဟာ သူ့ရဲ့နေရာအတွက် တိုက်ပွဲဝင်ချင်နေပါတယ်။ပြီးခဲ့တဲ့ရာသီအကုန်ပိုင်းက သူလုပ်ခဲ့တဲ့ အရာတွေဟာ တကယ်ကို လင်ဂတ် အစစ်အမှန်ပါပဲ။တစ်ခါတရံမှာ အချို့သာ ရွေးချယ်မှုတွေ အတွက် ကျွန်တော်တို့လည်း ခက်ခဲခဲ့ပါတယ်။အခုအချိန်မှာတော့ လင်ဂတ် ဟာ အစီအစဉ်တွေထဲမှာ ပါဝင်နေတဲ့သူပါ”လို့ ဆိုခဲ့တာဖြစ်ပါတယ်။

လင်ဂတ်နဲ့ မန်ချက်စတာယူနိုက်တက် တို့ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ လာမယ့်ရာသီအကုန်မှာ ကုန်ဆုံးတော့မှာလည်းဖြစ်ပါတယ်။လင်ဂတ် ဟာ မန်ချက်စတာယူနိုက်တက် အတွက် ပွဲပေါင်း (၂၁၀)ပါဝင်ကစားထားပြီး (၃၃)ဂိုးသွင်းယူထားတာပါ။လင်ဂတ် ဟာ မန်ချက်စတာယူနိုက်တက် အသင်းနဲ့ အတူ အက်ဖ်အေဖလား၊ လိဂ်ဖလားနဲ့ ယူရိုပါလိဂ်တို့ကို ရယူနိုင်ထားပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *