


 


 


 

crd

unicode

idol ဖြစ်သူ goat ကြီးရဲ့ဖန်တီးပေးမှုနှင့်အတူ ယူနိုက်တက်သမိုင်းမှာမှတ်တိုင်သစ်စိုက်ထူလိုက်တဲ့ လူငယ်ကြယ်ပွင့် ဂါနာချို

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက ရီးရဲဆိုစီဒက်စ်အသင်းနဲ့ ယူရိုပါလိဂ်အုပ်စု ပထမနေရာအတွက် အဆုံးအဖြတ်ပွဲစဥ် ကစားခဲ့ရပါတယ်။ ပထမအကျော့ အိုးထရတ်ဖို့ဒ်မှာတုန်းက ( ၁-၀ ) ရ လာဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပထမနေရာရဖို့ ဒီနေ့ပွဲစဥ်မှာ အနည်းဆုံး ဂိုးကွာခြားချက် ( ၂ ) ဂိုးအသာနဲ့ အနိုင်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ကံကောင်းစွာပဲ ယူနိုက်တက်က ပွဲကစားချိန် ( ၁၆ ) မိနစ်မှာပဲ ဦး ဆောင်ဂိုး ရလိုက်ပါတယ်။ လူငယ်ကစားသမားလေး အယ်လေဟန်ဒရို ဂါနာချိုက ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပေးပို့မှုကို သူ့ရဲ့ လျင်မြန်မှုနဲ့ ပေါင်းစပ်ပြီး ဧရိယာထဲ ဆွဲဝင်ကာ လှလှပပ အဆုံးသတ်သွားခဲ့ပါတယ်။ ဒီဂိုးမှာ ပုံမှန်နေရာမဟုတ်ပဲ ညာခြမ်းမှာ သွားကစားနေရတဲ့ ဖာနန်ဒက်စ်ကလည်း အရေးပါခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် လူငယ်တိုက်စစ်ကစားသမား ဂါနာချိုဟာ ဆိုစီဒက်နဲ့ပွဲမှာ ဂိုးသွင်းအပြီး စီရော်နယ်လ်ဒိုဆီကနေ ခွင့်ပြုချက်တောင်းပြီးတော့ သူ့ Idol ပုံစံအတိုင်း အောင်ပွဲခံခဲ့ပါတယ်။ ဆိုစီဒက်ကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂါနာချိုဟာ စီရော်နယ်လ်ဒိုရဲ့ ဖန်တီးပေးမှုကနေ ဂိုးသွင်းယူခဲ့ပြီး ဒါက သူ့ရဲ့ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ဂါနာချိုအတွက် ဝမ်းသာဖို့ကောင်းတာက သူ့ရဲ့ ပထမဆုံး ယူနိုက်တက်ကစားသမားဘ၀ သွင်းဂိုးအတွက် သူ လေးစားရတဲ့ Idol ကြီး စီရော်နယ်လ်ဒိုက ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။ အဲဒါကြောင့် ဂါနာချိုဟာ ဆိုစီဒက်နဲ့ပွဲမှာ ဂိုးသွင်းအပြီး သူ့ Idol ကို ဂုဏ်ပြုတဲ့အနေနဲ့ စီရော်နယ်လ်ဒိုဆီကနေ ခွင့်ပြုချက်တောင်းပြီးလက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်တဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့တာ ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ စီနီယာကစားသမားဘဝ ပထမဆုံးသွင်းဂိုးရယူနိုင်ခဲ့တဲ့ လူငယ်ကစားသမား Alejandro Garnacho ဟာ အသင်းသမိုင်းတစ်လျှောက် ဥရောပပွဲစဉ်များတွင် England ကစားသမားမဟုတ်သော အသက်အငယ်ဆုံး ဥရောပသွင်းဂိုးရယူနိုင်တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ မူလကဂန္တဝင်ကစား George Best တင်ထားတဲ့ “ ၁၈ နှစ် ၁၅၈ ရက် “ စံချိန်ကို Alejandro Garnacho က “ ၁၈ နှစ် ၁၂၅ ရက် “ နှင့်ဖြတ်ကျော်ပြီး စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။
cr

idol ဖြစ်သူ goat ကြီးရဲ့ဖန်တီးပေးမှုနှင့်အတူ ယူနိုက်တက်သမိုင်းမှာမှတ်တိုင်သစ်စိုက်ထူလိုက်တဲ့ လူငယ်ကြယ်ပွင့် ဂါနာချို

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ မနေ့ညက ရီးရဲဆိုစီဒက်စ်အသင်းနဲ့ ယူရိုပါလိဂ်အုပ်စု ပထမနေရာအတွက် အဆုံးအဖြတ်ပွဲစဥ် ကစားခဲ့ရပါတယ်။ ပထမအကျော့ အိုးထရတ်ဖို့ဒ်မှာတုန်းက ( ၁-၀ ) ရ လာဒ်နဲ့ ရှုံးနိမ့်ခဲ့တာကြောင့် ပထမနေရာရဖို့ ဒီနေ့ပွဲစဥ်မှာ အနည်းဆုံး ဂိုးကွာခြားချက် ( ၂ ) ဂိုးအသာနဲ့ အနိုင်ရဖို့ လိုအပ်နေတာဖြစ်ပါတယ်။ ကံကောင်းစွာပဲ ယူနိုက်တက်က ပွဲကစားချိန် ( ၁၆ ) မိနစ်မှာပဲ ဦး ဆောင်ဂိုး ရလိုက်ပါတယ်။ လူငယ်ကစားသမားလေး အယ်လေဟန်ဒရို ဂါနာချိုက ခရစ္စတီယာနို ရော်နယ်ဒိုရဲ့ ပေးပို့မှုကို သူ့ရဲ့ လျင်မြန်မှုနဲ့ ပေါင်းစပ်ပြီး ဧရိယာထဲ ဆွဲဝင်ကာ လှလှပပ အဆုံးသတ်သွားခဲ့ပါတယ်။ ဒီဂိုးမှာ ပုံမှန်နေရာမဟုတ်ပဲ ညာခြမ်းမှာ သွားကစားနေရတဲ့ ဖာနန်ဒက်စ်ကလည်း အရေးပါခဲ့ပါတယ်။

မန်ချက်စတာယူနိုက်တက် လူငယ်တိုက်စစ်ကစားသမား ဂါနာချိုဟာ ဆိုစီဒက်နဲ့ပွဲမှာ ဂိုးသွင်းအပြီး စီရော်နယ်လ်ဒိုဆီကနေ ခွင့်ပြုချက်တောင်းပြီးတော့ သူ့ Idol ပုံစံအတိုင်း အောင်ပွဲခံခဲ့ပါတယ်။ ဆိုစီဒက်ကို (၁-ဝ)ဂိုးနဲ့အနိုင်ရခဲ့တဲ့ပွဲမှာ ဂါနာချိုဟာ စီရော်နယ်လ်ဒိုရဲ့ ဖန်တီးပေးမှုကနေ ဂိုးသွင်းယူခဲ့ပြီး ဒါက သူ့ရဲ့ ယူနိုက်တက်ကစားသမားဘ၀ ပထမဆုံးဂိုးလည်း ဖြစ်ခဲ့ပါတယ်။

ဂါနာချိုအတွက် ဝမ်းသာဖို့ကောင်းတာက သူ့ရဲ့ ပထမဆုံး ယူနိုက်တက်ကစားသမားဘ၀ သွင်းဂိုးအတွက် သူ လေးစားရတဲ့ Idol ကြီး စီရော်နယ်လ်ဒိုက ဖန်တီးပေးခဲ့တာပဲဖြစ်ပါတယ်။ အဲဒါကြောင့် ဂါနာချိုဟာ ဆိုစီဒက်နဲ့ပွဲမှာ ဂိုးသွင်းအပြီး သူ့ Idol ကို ဂုဏ်ပြုတဲ့အနေနဲ့ စီရော်နယ်လ်ဒိုဆီကနေ ခွင့်ပြုချက်တောင်းပြီးလက်နှစ်ဖက်ကို ရင်ဘတ်ပေါ်တင်တဲ့ပုံစံနဲ့ အောင်ပွဲခံခဲ့တာ
ဖြစ်ပါတယ်။

ဒီနေ့ပွဲမှာ စီနီယာကစားသမားဘဝ ပထမဆုံးသွင်းဂိုးရယူနိုင်ခဲ့တဲ့ လူငယ်ကစားသမား Alejandro Garnacho ဟာ အသင်းသမိုင်းတစ်လျှောက် ဥရောပပွဲစဉ်များတွင် England ကစားသမားမဟုတ်သော အသက်အငယ်ဆုံး ဥရောပသွင်းဂိုးရယူနိုင်တဲ့ကစားသမားအဖြစ် မှတ်တမ်းဝင်ခဲ့ပြီဖြစ်ပါတယ်။ မူလကဂန္တဝင်ကစား George Best တင်ထားတဲ့ “ ၁၈ နှစ် ၁၅၈ ရက် “ စံချိန်ကို Alejandro Garnacho က “ ၁၈ နှစ် ၁၂၅ ရက် “ နှင့်ဖြတ်ကျော်ပြီး စံချိန်သစ်တင်ခဲ့တာဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *