FAရဲ႕ေပၚလစီႏွင့္အတူ ဒိတ္ဒိတ္ႀကဲအဂၤလန္လက္ေ႐ြးစင္ကစားသမားတစ္ဦးကို လာမယ့္ေႏြမွာ မျဖစ္မေနေခၚယူသြားဖို႔ရွိေနတဲ့ တန္ဟဂ္ရဲ႕မန္ခ်က္
|FAရဲ႕ေပၚလစီႏွင့္အတူ ဒိတ္ဒိတ္ႀကဲအဂၤလန္လက္ေ႐ြးစင္ကစားသမားတစ္ဦးကို လာမယ့္ေႏြမွာ မျဖစ္မေနေခၚယူသြားဖို႔ရွိေနတဲ့ တန္ဟဂ္ရဲ႕မန္ခ်က္
အဂၤလန္ေဘာလုံးအဖြဲ႕ခ်ဳပ္ FA ရဲ႕ ျပည္တြင္းကစားသမား အသုံးျပဳမႈ မူဝါဒ နဲ႔ လက္ေ႐ြးစင္ ကစားသမားေ႐ြးခ်ယ္ေရး အစီစဥ္ေတြေၾကာင့္ ျပည္ပကစားသမား မ်ားေနတဲ့ မန္ယူႏိုက္တဒ္ အသင္းဟာ အဂၤလန္လက္ေ႐ြးစင္ ကစားသမား တစ္ဦးကို လာမယ့္ေႏြမွာ အၿပီးသတ္ေခၚယူရဖြယ္ရွိပါတယ္။ အဲရခ္တန္ဟဂ္ ေရာက္ရွိလာျခင္းနဲ႔အတူ ဆိုးလ္ရွား လက္ထက္က ေခၚယူခဲ့တဲ့ အဂၤလိပ္ကစားသမားပင္တိုင္ အသုံးျပဳေရး မူဝါဒဟာ ၿပိဳလဲသြားခဲ့ၿပီး ႏိုင္ငံထက္ ေျခစြမ္းကိုသာ ၾကည့္တဲ့ မူအရ ေနရာေဒသအစုံက ကစားသမားေတြကို အိမ္မက္ျပဇာတ္႐ုံမွာ စုေဝးခဲ့ပါတယ္။
နယ္ပယ္ေဒသအစုံက ေျခစြမ္းထက္ျမက္တဲ့ ကစားသမားေတြ ေရာက္ရွိလာတာကအသင္းအတြက္ေကာင္းေပမယ့္ ျပႆနာက အဂၤလိပ္ကစားသမားေတြ ေနရာေပ်ာက္မႈ ျဖစ္လာခဲ့ပါတယ္။ တန္ဟဂ္လက္ထက္မွာ မက္ဂြိဳင္းယား၊ ဟန္ဒါဆင္တို႔ အလုံးစုံေနရာေပ်ာက္ခဲ့သလို ဘစ္ဆာကာ၊ ေရွာ၊ ဆန္ခ်ိဳ တို႔ဟာလည္း ယာယီေနရာေပ်ာက္ခဲ့ၾကပါတယ္။ အသင္းမွာ ရွိေနၿပီးအသုံးမဝင္တဲ့ ကစားသမားေတြျဖစ္တဲ့ တြမ္ဇမ္ဘီ၊ဂ်ဳံးစ္ တို႔လို အဂၤလိပ္ေတြဟာ တန္ဟဂ္ရဲ႕ ေနာက္ရာသီရွင္းလင္းေရးအစီစဥ္မွာ ပါဝင္သြားမွာျဖစ္ၿပီး အဂၤလန္သား ငယ္ေမြးၿခံေပါက္ ဂရင္းဝုဒ္ ရဲ႕ ျပသနာဟာလည္း ရွင္းလင္းစြာသိရျခင္းမရွိေသးပါဘူး။
အသင္းရဲ႕ အကယ္ဒမီကေန ထြက္ေပၚလာလို႔ FA ရဲ႕ ငယ္ေမြးၿခံေပါက္ကစားသမားစာရင္းထဲ ပါေနတဲ့ ဝီလ်ံ နဲ႔ ေတာ္မေနး တို႔ဟာလည္း ေနာက္ရာသီေရာင္းခ်ခံရဖြယ္ရွိၿပီး ယူႏိုက္တဒ္ အေနနဲ႔ အဂၤလန္သား/ငယ္ေမြးၿခံေပါက္ ေတြ ကို ျပန္လည္ျဖည့္တင္းရန္ အေရးေပၚလိုအပ္ေနၿပီပဲျဖစ္ပါတယ္။
မန္ယူႏိုက္တဒ္ အေနနဲ႔ အဂၤလန္လက္ေ႐ြးစင္ ကစားသမားတစ္ဦးကို မျဖစ္မေန ေခၚယူရမွာ ျဖစ္လို႔ တန္ဟဂ္ ရဲ႕ လိုအပ္ခ်က္ နဲ႔ နည္းစနစ္ကို လိုက္ပါႏိုင္မယ့္ ကစားသမားက ေဆာက္ဂိတ္ ရဲ႕အသင္းမွာ (၃)ဦးသာ ရွိပါတယ္။ သူတို႔က စပါးတိုက္စစ္မႈး ကိန္း၊ ေဒါ့မြန္ကြင္းလယ္ တိုက္စစ္ကစားသမား ဂ်ဳဒ့္ဘယ္လင္ဟမ္ နဲ႔ ဝက္စ္ဟမ္း ကြင္းလယ္လူ ဒီကလန္႐ိုက္စ္ တို႔ပဲ ျဖစ္ပါတယ္။ကစားသမား (၃)ဦးလုံးဟာ ေပါင္သန္း(၁၀၀)ဝန္းက်င္ တန္ေၾကးသတ္မွတ္ခံထားရသူေတြျဖစ္ပါတယ္။
မန္ယူႏိုက္တဒ္အေနနဲ႔ FA ရဲ႕ စည္းမ်ဥ္းအျပင္ ပိုင္ရွင္သစ္ရဲ႕ ထိပ္သီးကစားသမားဝယ္ယူလိုမႈ၊ တန္ဟဂ္ရဲ႕ လိုအပ္ခ်က္ေတြေၾကာင့္ အဆိုပါသုံးေယာက္ထဲက ကစားသမားတစ္ဦးကို လာမယ့္ေႏြမွာ မျဖစ္မေန ေခၚယူရဖြယ္ရွိေနပါတယ္။
crd
unicode
FAရဲ့ပေါ်လစီနှင့်အတူ ဒိတ်ဒိတ်ကြဲအင်္ဂလန်လက်ရွေးစင်ကစားသမားတစ်ဦးကို လာမယ့်နွေမှာ မဖြစ်မနေခေါ်ယူသွားဖို့ရှိနေတဲ့ တန်ဟဂ်ရဲ့မန်ချက်
အင်္ဂလန်ဘောလုံးအဖွဲ့ချုပ် FA ရဲ့ ပြည်တွင်းကစားသမား အသုံးပြုမှု မူဝါဒ နဲ့ လက်ရွေးစင် ကစားသမားရွေးချယ်ရေး အစီစဉ်တွေကြောင့် ပြည်ပကစားသမား များနေတဲ့ မန်ယူနိုက်တဒ် အသင်းဟာ အင်္ဂလန်လက်ရွေးစင် ကစားသမား တစ်ဦးကို လာမယ့်နွေမှာ အပြီးသတ်ခေါ်ယူရဖွယ်ရှိပါတယ်။ အဲရခ်တန်ဟဂ် ရောက်ရှိလာခြင်းနဲ့အတူ ဆိုးလ်ရှား လက်ထက်က ခေါ်ယူခဲ့တဲ့ အင်္ဂလိပ်ကစားသမားပင်တိုင် အသုံးပြုရေး မူဝါဒဟာ ပြိုလဲသွားခဲ့ပြီး နိုင်ငံထက် ခြေစွမ်းကိုသာ ကြည့်တဲ့ မူအရ နေရာဒေသအစုံက ကစားသမားတွေကို အိမ်မက်ပြဇာတ်ရုံမှာ စုဝေးခဲ့ပါတယ်။
နယ်ပယ်ဒေသအစုံက ခြေစွမ်းထက်မြက်တဲ့ ကစားသမားတွေ ရောက်ရှိလာတာကအသင်းအတွက်ကောင်းပေမယ့် ပြဿနာက အင်္ဂလိပ်ကစားသမားတွေ နေရာပျောက်မှု ဖြစ်လာခဲ့ပါတယ်။ တန်ဟဂ်လက်ထက်မှာ မက်ဂွိုင်းယား၊ ဟန်ဒါဆင်တို့ အလုံးစုံနေရာပျောက်ခဲ့သလို ဘစ်ဆာကာ၊ ရှော၊ ဆန်ချို တို့ဟာလည်း ယာယီနေရာပျောက်ခဲ့ကြပါတယ်။ အသင်းမှာ ရှိနေပြီးအသုံးမဝင်တဲ့ ကစားသမားတွေဖြစ်တဲ့ တွမ်ဇမ်ဘီ၊ဂျုံးစ် တို့လို အင်္ဂလိပ်တွေဟာ တန်ဟဂ်ရဲ့ နောက်ရာသီရှင်းလင်းရေးအစီစဉ်မှာ ပါဝင်သွားမှာဖြစ်ပြီး အင်္ဂလန်သား ငယ်မွေးခြံပေါက် ဂရင်းဝုဒ် ရဲ့ ပြသနာဟာလည်း ရှင်းလင်းစွာသိရခြင်းမရှိသေးပါဘူး။
အသင်းရဲ့ အကယ်ဒမီကနေ ထွက်ပေါ်လာလို့ FA ရဲ့ ငယ်မွေးခြံပေါက်ကစားသမားစာရင်းထဲ ပါနေတဲ့ ဝီလျံ နဲ့ တော်မနေး တို့ဟာလည်း နောက်ရာသီရောင်းချခံရဖွယ်ရှိပြီး ယူနိုက်တဒ် အနေနဲ့ အင်္ဂလန်သား/ငယ်မွေးခြံပေါက် တွေ ကို ပြန်လည်ဖြည့်တင်းရန် အရေးပေါ်လိုအပ်နေပြီပဲဖြစ်ပါတယ်။
မန်ယူနိုက်တဒ် အနေနဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမားတစ်ဦးကို မဖြစ်မနေ ခေါ်ယူရမှာ ဖြစ်လို့ တန်ဟဂ် ရဲ့ လိုအပ်ချက် နဲ့ နည်းစနစ်ကို လိုက်ပါနိုင်မယ့် ကစားသမားက ဆောက်ဂိတ် ရဲ့အသင်းမှာ (၃)ဦးသာ ရှိပါတယ်။ သူတို့က စပါးတိုက်စစ်မှုး ကိန်း၊ ဒေါ့မွန်ကွင်းလယ် တိုက်စစ်ကစားသမား ဂျုဒ့်ဘယ်လင်ဟမ် နဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ် တို့ပဲ ဖြစ်ပါတယ်။ကစားသမား (၃)ဦးလုံးဟာ ပေါင်သန်း(၁၀၀)ဝန်းကျင် တန်ကြေးသတ်မှတ်ခံထားရသူတွေဖြစ်ပါတယ်။
မန်ယူနိုက်တဒ်အနေနဲ့ FA ရဲ့ စည်းမျဉ်းအပြင် ပိုင်ရှင်သစ်ရဲ့ ထိပ်သီးကစားသမားဝယ်ယူလိုမှု၊ တန်ဟဂ်ရဲ့ လိုအပ်ချက်တွေကြောင့် အဆိုပါသုံးယောက်ထဲက ကစားသမားတစ်ဦးကို လာမယ့်နွေမှာ မဖြစ်မနေ ခေါ်ယူရဖွယ်ရှိနေပါတယ်။