ကမာၻတစ္ဝွမ္းက သရဲနီပရိသတ္ေတြ အတိုင္းမသိဝမ္းသာေပ်ာ္႐ႊင္ရမယ့္ သတင္းေကာင္းတစ္ခုကို ခ်ျပလိုက္တဲ့ ကာတာအဖြဲ႕

ကမာၻတစ္ဝွမ္းက သရဲနီပရိသတ္ေတြ အတိုင္းမသိဝမ္းသာေပ်ာ္႐ႊင္ရမယ့္ သတင္းေကာင္းတစ္ခုကို ခ်ျပလိုက္တဲ့ ကာတာအဖြဲ႕

မန္ယူပိုင္ရွင္သစ္ေတြ ျဖစ္လာဖို႔ အလားအလာမ်ားေနတဲ့ ကာတာအဖြဲ႕စည္းဟာ ၾကာသပေတးေန႔ ေတြ႕ဆုံမႈအတြင္း သူတို႔ရဲ႕ အသင္းအေပၚထားရွိတဲ့ စီမံကိန္းေတြကိုခ်ျပခဲ့တဲ့အထဲမွာ ပရိတ္သတ္ေတြ ကိုယ္တိုင္ အေျပာင္းေ႐ႊ႕မွာ ပါဝင္မဲေပးခြင့္ရွိမယ့္အခ်က္ကို ခ်ျပခဲ့တယ္လို႔သိရပါတယ္။ ပရိတ္သတ္ေတြအတြက္ အေျပာင္းေ႐ႊ႕ရာသီဟာ ရင္ခုန္စိတ္လႈပ္ရွားရမႈအျမင့္ဆုံး အခ်ိန္ျဖစ္ၿပီး ကိုယ္အလိုရွိတဲ့ကစားသမားေရာက္ရွိလာရင္ အတိုင္းအဆမသိေပ်ာ္႐ႊင္ရတာေၾကာင့္ ယခုထည့္သြင္းမယ့္ အစီစဥ္ဟာ ပရိတ္သတ္ေတြရဲ႕ တခဲနက္ေထာက္ခံမႈကို ရရွိမွာေတာ့ အေသခ်ာပါပဲ။

 

ပရိတ္သတ္ေတြ အေနနဲ႔ အေျပာင္းေ႐ႊ႕ရာသီအတြင္း သူတို႔အလိုရွိတဲ့ ကစားသမားကို ေ႐ြးခ်ယ္မဲေပးႏိုင္မွာျဖစ္ၿပီး ပရိတ္သတ္အမ်ားဆုံး မဲေပးထားတဲ့ ကစားသမားကို အသင္းဘုတ္အဖြဲ႕က အေျပာင္းေ႐ႊ႕အတြက္ စီစဥ္ရာမွာ ထည့္သြင္းစဥ္းစားသြားမွာျဖစ္ပါတယ္။ ပရိတ္သတ္ေ႐ြးခ်ယ္မႈအျမင့္ဆုံး ကစားသမားကို တိုက္႐ိုက္ဝယ္ယူသြားမွာမဟုတ္ေပမယ့္ ထည့္သြင္းစဥ္းစားမွာျဖစ္ၿပီး အဆုံးသတ္ဆုံးျဖတ္ခ်က္ကေတာ့ နည္းျပႀကီး အဲရခ္တန္ဟဂ္ ရဲ႕ ဆုံးျဖတ္ခ်က္သာလွ်င္ အတည္ျဖစ္တယ္လို႔ သိရပါတယ္။

 

အဆိုပါအခ်က္ေၾကာင့္ ဘုတ္အဖြဲ႕နဲ႔နည္းျပဟာ ပရိတ္သတ္ ရဲ႕ ဆႏၵကို တိုက္႐ိုက္သိရွိမွာျဖစ္ၿပီး ထပ္တူၾကခဲ့ရင္ ပရိတ္သတ္ေတြအေနနဲ႔ သူတို႔အလိုရွိတဲ့ကစားသမားကို ရရွိႏိုင္မွာျဖစ္ပါတယ္။ ကမာၻတစ္ဝွမ္းကပရိတ္သတ္ေတြ အေနနဲ႔ အေျပာင္းေ႐ႊ႕ရာသီေရာက္တိုင္း ဟိုလူဝယ္မယ္၊ဒီလူဝယ္မယ္ နဲ႔ စိတ္ကူးနဲ႔အိမ္မက္ေတြ တည္ေဆာက္ရင္း ကာတာအဖြဲ႕ရဲ႕ စနစ္သာ အေကာင္ထည္ေဖာ္လာရင္ေတာ့ အမွန္တကယ္ အေျပာင္းေ႐ႊ႕ထဲ ပါဝင္ခြင့္ရေတာ့မွာပဲ ျဖစ္ပါတယ္။

 

သို႔ေသာ္လည္း နည္းျပႀကီး တန္ဟဂ္ ရဲ႕ေထာက္ခံမႈရရွိရန္အေရးႀကီးၿပီး ကာတာအဖြဲ႕ဖက္ကေတာ့ တန္ဟဂ္ ကို အျပည့္အဝေထာက္ပံ့သြားမွာျဖစ္ေၾကာင္း အတိလင္းေၾကျငာထားပါတယ္။ ကာတာအဖြဲ႕အစည္းဟာ အေျပာင္းေ႐ႊ႕တင္မကပဲ အျခားေသာ စီမံကိန္းေတြနဲ႔ဆုံးျဖတ္ခ်က္ေတြမွာလည္း ပရိတ္သတ္ေတြရဲ႕ ဆႏၵကိုဗဟိုျပဳတဲ့ အခ်က္လက္အမ်ားအျပား ထည့္သြင္းမွာျဖစ္တယ္လို႔ သိရပါတယ္။
crd

unicode

ကမ္ဘာတစ်ဝှမ်းက သရဲနီပရိသတ်တွေ အတိုင်းမသိဝမ်းသာပျော်ရွှင်ရမယ့် သတင်းကောင်းတစ်ခုကို ချပြလိုက်တဲ့ ကာတာအဖွဲ့

မန်ယူပိုင်ရှင်သစ်တွေ ဖြစ်လာဖို့ အလားအလာများနေတဲ့ ကာတာအဖွဲ့စည်းဟာ ကြာသပတေးနေ့ တွေ့ဆုံမှုအတွင်း သူတို့ရဲ့ အသင်းအပေါ်ထားရှိတဲ့ စီမံကိန်းတွေကိုချပြခဲ့တဲ့အထဲမှာ ပရိတ်သတ်တွေ ကိုယ်တိုင် အပြောင်းရွှေ့မှာ ပါဝင်မဲပေးခွင့်ရှိမယ့်အချက်ကို ချပြခဲ့တယ်လို့သိရပါတယ်။ ပရိတ်သတ်တွေအတွက် အပြောင်းရွှေ့ရာသီဟာ ရင်ခုန်စိတ်လှုပ်ရှားရမှုအမြင့်ဆုံး အချိန်ဖြစ်ပြီး ကိုယ်အလိုရှိတဲ့ကစားသမားရောက်ရှိလာရင် အတိုင်းအဆမသိပျော်ရွှင်ရတာကြောင့် ယခုထည့်သွင်းမယ့် အစီစဉ်ဟာ ပရိတ်သတ်တွေရဲ့ တခဲနက်ထောက်ခံမှုကို ရရှိမှာတော့ အသေချာပါပဲ။

ပရိတ်သတ်တွေ အနေနဲ့ အပြောင်းရွှေ့ရာသီအတွင်း သူတို့အလိုရှိတဲ့ ကစားသမားကို ရွေးချယ်မဲပေးနိုင်မှာဖြစ်ပြီး ပရိတ်သတ်အများဆုံး မဲပေးထားတဲ့ ကစားသမားကို အသင်းဘုတ်အဖွဲ့က အပြောင်းရွှေ့အတွက် စီစဉ်ရာမှာ ထည့်သွင်းစဉ်းစားသွားမှာဖြစ်ပါတယ်။ ပရိတ်သတ်ရွေးချယ်မှုအမြင့်ဆုံး ကစားသမားကို တိုက်ရိုက်ဝယ်ယူသွားမှာမဟုတ်ပေမယ့် ထည့်သွင်းစဉ်းစားမှာဖြစ်ပြီး အဆုံးသတ်ဆုံးဖြတ်ချက်ကတော့ နည်းပြကြီး အဲရခ်တန်ဟဂ် ရဲ့ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအချက်ကြောင့် ဘုတ်အဖွဲ့နဲ့နည်းပြဟာ ပရိတ်သတ် ရဲ့ ဆန္ဒကို တိုက်ရိုက်သိရှိမှာဖြစ်ပြီး ထပ်တူကြခဲ့ရင် ပရိတ်သတ်တွေအနေနဲ့ သူတို့အလိုရှိတဲ့ကစားသမားကို ရရှိနိုင်မှာဖြစ်ပါတယ်။
ကမ္ဘာတစ်ဝှမ်းကပရိတ်သတ်တွေ အနေနဲ့ အပြောင်းရွှေ့ရာသီရောက်တိုင်း ဟိုလူဝယ်မယ်၊ဒီလူဝယ်မယ် နဲ့ စိတ်ကူးနဲ့အိမ်မက်တွေ တည်ဆောက်ရင်း ကာတာအဖွဲ့ရဲ့ စနစ်သာ အကောင်ထည်ဖော်လာရင်တော့ အမှန်တကယ် အပြောင်းရွှေ့ထဲ ပါဝင်ခွင့်ရတော့မှာပဲ ဖြစ်ပါတယ်။

သို့သော်လည်း နည်းပြကြီး တန်ဟဂ် ရဲ့ထောက်ခံမှုရရှိရန်အရေးကြီးပြီး ကာတာအဖွဲ့ဖက်ကတော့ တန်ဟဂ် ကို အပြည့်အဝထောက်ပံ့သွားမှာဖြစ်ကြောင်း အတိလင်းကြေငြာထားပါတယ်။ ကာတာအဖွဲ့အစည်းဟာ အပြောင်းရွှေ့တင်မကပဲ အခြားသော စီမံကိန်းတွေနဲ့ဆုံးဖြတ်ချက်တွေမှာလည်း ပရိတ်သတ်တွေရဲ့ ဆန္ဒကိုဗဟိုပြုတဲ့ အချက်လက်အများအပြား ထည့်သွင်းမှာဖြစ်တယ်လို့ သိရပါတယ်။
crd

ကမ္ဘာတစ်ဝှမ်းက သရဲနီပရိသတ်တွေ အတိုင်းမသိဝမ်းသာပျော်ရွှင်ရမယ့် သတင်းကောင်းတစ်ခုကို ချပြလိုက်တဲ့ ကာတာအဖွဲ့

မန်ယူပိုင်ရှင်သစ်တွေ ဖြစ်လာဖို့ အလားအလာများနေတဲ့ ကာတာအဖွဲ့စည်းဟာ ကြာသပတေးနေ့ တွေ့ဆုံမှုအတွင်း သူတို့ရဲ့ အသင်းအပေါ်ထားရှိတဲ့ စီမံကိန်းတွေကိုချပြခဲ့တဲ့အထဲမှာ ပရိတ်သတ်တွေ ကိုယ်တိုင် အပြောင်းရွှေ့မှာ ပါဝင်မဲပေးခွင့်ရှိမယ့်အချက်ကို ချပြခဲ့တယ်လို့သိရပါတယ်။ ပရိတ်သတ်တွေအတွက် အပြောင်းရွှေ့ရာသီဟာ ရင်ခုန်စိတ်လှုပ်ရှားရမှုအမြင့်ဆုံး အချိန်ဖြစ်ပြီး ကိုယ်အလိုရှိတဲ့ကစားသမားရောက်ရှိလာရင် အတိုင်းအဆမသိပျော်ရွှင်ရတာကြောင့် ယခုထည့်သွင်းမယ့် အစီစဉ်ဟာ ပရိတ်သတ်တွေရဲ့ တခဲနက်ထောက်ခံမှုကို ရရှိမှာတော့ အသေချာပါပဲ။

ပရိတ်သတ်တွေ အနေနဲ့ အပြောင်းရွှေ့ရာသီအတွင်း သူတို့အလိုရှိတဲ့ ကစားသမားကို ရွေးချယ်မဲပေးနိုင်မှာဖြစ်ပြီး ပရိတ်သတ်အများဆုံး မဲပေးထားတဲ့ ကစားသမားကို အသင်းဘုတ်အဖွဲ့က အပြောင်းရွှေ့အတွက် စီစဉ်ရာမှာ ထည့်သွင်းစဉ်းစားသွားမှာဖြစ်ပါတယ်။ ပရိတ်သတ်ရွေးချယ်မှုအမြင့်ဆုံး ကစားသမားကို တိုက်ရိုက်ဝယ်ယူသွားမှာမဟုတ်ပေမယ့် ထည့်သွင်းစဉ်းစားမှာဖြစ်ပြီး အဆုံးသတ်ဆုံးဖြတ်ချက်ကတော့ နည်းပြကြီး အဲရခ်တန်ဟဂ် ရဲ့ ဆုံးဖြတ်ချက်သာလျှင် အတည်ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါအချက်ကြောင့် ဘုတ်အဖွဲ့နဲ့နည်းပြဟာ ပရိတ်သတ် ရဲ့ ဆန္ဒကို တိုက်ရိုက်သိရှိမှာဖြစ်ပြီး ထပ်တူကြခဲ့ရင် ပရိတ်သတ်တွေအနေနဲ့ သူတို့အလိုရှိတဲ့ကစားသမားကို ရရှိနိုင်မှာဖြစ်ပါတယ်။ ကမ္ဘာတစ်ဝှမ်းကပရိတ်သတ်တွေ အနေနဲ့ အပြောင်းရွှေ့ရာသီရောက်တိုင်း ဟိုလူဝယ်မယ်၊ဒီလူဝယ်မယ် နဲ့ စိတ်ကူးနဲ့အိမ်မက်တွေ တည်ဆောက်ရင်း ကာတာအဖွဲ့ရဲ့ စနစ်သာ အကောင်ထည်ဖော်လာရင်တော့ အမှန်တကယ် အပြောင်းရွှေ့ထဲ ပါဝင်ခွင့်ရတော့မှာပဲ ဖြစ်ပါတယ်။

သို့သော်လည်း နည်းပြကြီး တန်ဟဂ် ရဲ့ထောက်ခံမှုရရှိရန်အရေးကြီးပြီး ကာတာအဖွဲ့ဖက်ကတော့ တန်ဟဂ် ကို အပြည့်အဝထောက်ပံ့သွားမှာဖြစ်ကြောင်း အတိလင်းကြေငြာထားပါတယ်။ ကာတာအဖွဲ့အစည်းဟာ အပြောင်းရွှေ့တင်မကပဲ အခြားသော စီမံကိန်းတွေနဲ့ဆုံးဖြတ်ချက်တွေမှာလည်း ပရိတ်သတ်တွေရဲ့ ဆန္ဒကိုဗဟိုပြုတဲ့ အချက်လက်အများအပြား ထည့်သွင်းမှာဖြစ်တယ်လို့ သိရပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *