ယူႏိုက္တက္နဲ႔အတူ အျမင့္ပ်ံေနတဲ့ သရဲနီႏွစ္ဦးအေပၚ မွတ္ခ်က္ေပးလာတဲ့ ကြင္းလယ္လူေဟာင္း ပတ္ဂ်ီဆန္

မန္ခ်က္စတာယူႏိုက္တက္ကြင္းလယ္ကစားသမားေဟာင္း ပက္ဂ်ီဆန္က နည္းျပ အဲရစ္ တန္ဟန႔္ရဲ႕ လက္ေအာက္ အိုးထရက္ဖို႔ဒ္ကြင္းမွာ ေနာက္ရာသီအတြက္ကိုေတာင္ ေမွ်ာ္လင့္ေနၿပီ ျဖစ္ပါတယ္။ တန္ဟန္႔ဟာ ၿပီးခဲ့တဲ့ေႏြရာသီကမွ ေအဂ်က္အသင္းကေန ေျပာင္းလာခဲ့တာ ျဖစ္ၿပီးေတာ့၊ ၆ ႏွစ္တာ ဖလားလက္မဲ့ျဖစ္ေနတဲ့ အသင္းကို ကာရာေဘာင္းဖလားရရွိေအာင္ စြမ္းေဆာင္ေပးခဲ့ပါတယ္။

ဒါ့အျပင္ အက္ဖ္ေအဖလားၿပိဳင္ပြဲမွာလည္း ဆီမီးဖိုင္နယ္မွာ ဘ႐ိုက္တန္အသင္းနဲ႔ ေတြ႕ဆုံေနၿပီး၊ ယူ႐ိုပါလိဂ္ၿပိဳင္ပြဲမွာေတာ့ ကြာတားဖိုင္နယ္မွာ ဆီဗီလာအသင္းနဲ႔ ကန္သြားရမာ ျဖစ္ပါတယ္။ ထို႔အတြက္ေၾကာင့္ မန္ယူနဲ႔ ပရီးမီးယားလိဂ္ဖလားေလးလုံးနဲ႔ ခ်န္ပီယံလိဂ္ဖလားတစ္လုံးတို႔ကိုရယူႏိုင္ခဲ့တဲ့ ပက္ဂ်ီဆန္က ” သူ႔ရဲ႕ ပထမရာသီမွာတင္ သူက ထူးခြၽန္ေနတာပါ။ ဘယ္သူမွ ဒါမ်ိဳးကို ေမွ်ာ္လင့္ထားခဲ့မာ မဟုတ္ပါဘူး။

အသင္းတစ္သင္းအေနနဲ႔ အနိမ့္အျမင့္၊ အတက္အက်ေတာ့ ရွိစၿမဲပါ၊ ဒါေပမယ့္ သူက မွန္ကန္တဲ့ ဦးတည္ရာဆီ ေလွ်ာက္လွမ္းေနတယ္လို႔ ထင္ရပါတယ္။ အနာဂါတ္မွာ သူက ေအာင္ျမင္မႈေတြ ယူလာႏိုင္တာ ပရိသတ္ေတြက ယုံၾကပါတယ္။ သူ လုပ္ေနတဲ့ပုံစံက အထင္ႀကီးဖို႔ေကာင္းတယ္။ ေနာက္ရာသီကိုေတာင္ ကြၽန္ေတာ္ ေမွ်ာ္လင့္ေနပါၿပီ ” လို႔ ဆိုခဲ့ပါတယ္။

ဆက္လက္၍ မန္ယူအသင္းအတြက္ ဒီရာသီၿပိဳင္ပြဲစုံ ၄၄ ပြဲမွာ ၂၇ ဂိုးသြင္းၿပီး၊ ဂိုးဖန္တီးမႈ ၉ ႀကိမ္ျပဳလုပ္ထားႏိုင္ခဲ့တဲ့ မားကပ္ ရက္ရွ္ဖို႔ဒ္နဲ႔ ပတ္သက္ၿပီးေတာ့လည္း ပက္ဂ်ီဆန္က ” ကမာၻ႔ဖလားၿပီးေတာ့၊ တစ္ေယာက္ေယာက္က သူ႔ကို ေပါက္ကြဲသြားေစဖို႔ ခလုပ္ကို ႏွိပ္လိုက္သလိုပါပဲ။ ရက္ရွ္ဖို႔ဒ္ရဲ႕ အလားအလာက ဒီလိုမ်ိဳး ဆိုတာကို လူတိုင္း သိခဲ့ပါတယ္၊ ၿပီးေတာ့ သူက အေတြ႕အႀကဳံေတြ ပိုရွိလာေနၿပီ။ သူက ပရီးမီးယားလိဂ္ရဲ႕ ထိပ္ဆုံးေနရာကို ေရာက္ႏိုင္ပါတယ္ ” ဆိုၿပီးေတာ့ ေျပာဆိုသြားခဲ့ပါတယ္။
crd

unicode

ယူနိုက်တက်နဲ့အတူ အမြင့်ပျံနေတဲ့ သရဲနီနှစ်ဦးအပေါ် မှတ်ချက်ပေးလာတဲ့ ကွင်းလယ်လူဟောင်း ပတ်ဂျီဆန်

မန်ချက်စတာယူနိုက်တက်ကွင်းလယ်ကစားသမားဟောင်း ပက်ဂျီဆန်က နည်းပြ အဲရစ် တန်ဟန့်ရဲ့ လက်အောက် အိုးထရက်ဖို့ဒ်ကွင်းမှာ နောက်ရာသီအတွက်ကိုတောင် မျှော်လင့်နေပြီ ဖြစ်ပါတယ်။ တန်ဟန့်ဟာ ပြီးခဲ့တဲ့နွေရာသီကမှ အေဂျက်အသင်းကနေ ပြောင်းလာခဲ့တာ ဖြစ်ပြီးတော့၊ ၆ နှစ်တာ ဖလားလက်မဲ့ဖြစ်နေတဲ့ အသင်းကို ကာရာဘောင်းဖလားရရှိအောင် စွမ်းဆောင်ပေးခဲ့ပါတယ်။

ဒါ့အပြင် အက်ဖ်အေဖလားပြိုင်ပွဲမှာလည်း ဆီမီးဖိုင်နယ်မှာ ဘရိုက်တန်အသင်းနဲ့ တွေ့ဆုံနေပြီး၊ ယူရိုပါလိဂ်ပြိုင်ပွဲမှာတော့ ကွာတားဖိုင်နယ်မှာ ဆီဗီလာအသင်းနဲ့ ကန်သွားရမာ ဖြစ်ပါတယ်။ ထို့အတွက်ကြောင့် မန်ယူနဲ့ ပရီးမီးယားလိဂ်ဖလားလေးလုံးနဲ့ ချန်ပီယံလိဂ်ဖလားတစ်လုံးတို့ကိုရယူနိုင်ခဲ့တဲ့ ပက်ဂျီဆန်က ” သူ့ရဲ့ ပထမရာသီမှာတင် သူက ထူးချွန်နေတာပါ။ ဘယ်သူမှ ဒါမျိုးကို မျှော်လင့်ထားခဲ့မာ မဟုတ်ပါဘူး။

အသင်းတစ်သင်းအနေနဲ့ အနိမ့်အမြင့်၊ အတက်အကျတော့ ရှိစမြဲပါ၊ ဒါပေမယ့် သူက မှန်ကန်တဲ့ ဦးတည်ရာဆီ လျှောက်လှမ်းနေတယ်လို့ ထင်ရပါတယ်။ အနာဂါတ်မှာ သူက အောင်မြင်မှုတွေ ယူလာနိုင်တာ ပရိသတ်တွေက ယုံကြပါတယ်။ သူ လုပ်နေတဲ့ပုံစံက အထင်ကြီးဖို့ကောင်းတယ်။ နောက်ရာသီကိုတောင် ကျွန်တော် မျှော်လင့်နေပါပြီ ” လို့ ဆိုခဲ့ပါတယ်။

ဆက်လက်၍ မန်ယူအသင်းအတွက် ဒီရာသီပြိုင်ပွဲစုံ ၄၄ ပွဲမှာ ၂၇ ဂိုးသွင်းပြီး၊ ဂိုးဖန်တီးမှု ၉ ကြိမ်ပြုလုပ်ထားနိုင်ခဲ့တဲ့ မားကပ် ရက်ရှ်ဖို့ဒ်နဲ့ ပတ်သက်ပြီးတော့လည်း ပက်ဂျီဆန်က ” ကမ္ဘာ့ဖလားပြီးတော့၊ တစ်ယောက်ယောက်က သူ့ကို ပေါက်ကွဲသွားစေဖို့ ခလုပ်ကို နှိပ်လိုက်သလိုပါပဲ။ ရက်ရှ်ဖို့ဒ်ရဲ့ အလားအလာက ဒီလိုမျိုး ဆိုတာကို လူတိုင်း သိခဲ့ပါတယ်၊ ပြီးတော့ သူက အတွေ့အကြုံတွေ ပိုရှိလာနေပြီ။ သူက ပရီးမီးယားလိဂ်ရဲ့ ထိပ်ဆုံးနေရာကို ရောက်နိုင်ပါတယ် ” ဆိုပြီးတော့ ပြောဆိုသွားခဲ့ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *