ေျခစြမ္းပိုင္းတိုးတက္လာဖို႔ အန္တိုနီကို ေဆာင္ရန္ ၊ ေရွာင္ရန္ေတြ အႀကဳံျပဳလိုက္တဲ့ သရဲနီေဟာင္း ဘာဘာေတာ့ဗ္
|ေျခစြမ္းပိုင္းတိုးတက္လာဖို႔ အန္တိုနီကို ေဆာင္ရန္ ၊ ေရွာင္ရန္ေတြ အႀကဳံျပဳလိုက္တဲ့ သရဲနီေဟာင္း ဘာဘာေတာ့ဗ္
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ကစားသမားေဟာင္းႀကီး ဒီမီတာဘာဘာေတာ့ဗ္က အသင္းရဲ႕ ေတာင္ပံကစားသမား အန္တိုနီနဲ႔ ပတ္သတ္ၿပီး ၿပိဳင္ဘက္ကစားသမားေတြအေပၚ မလိုအပ္တဲ့ ေျခေယာင္ျပမႈေတြ လွည့္ဖ်ား ကစားမႈေတြ မလုပ္ေဆာင္ပဲ ကိုယ္ရဲ႕ေျခစြမ္းပိုင္းကိုသာ အာ႐ုံစိုက္ထားဖို႔ အႀကဳံျပဳ ေျပာဆိုသြားခဲ့ပါတယ္။
ဘရာဇီးလ္ ေတာင္ပံကစားသမား အန္တိုနီဟာ ဒီရာသီမွ ေအဂ်က္စ္ကေန ယူႏိုက္တက္အသင္းဆီ ေပါင္(၈၂)သန္းနဲ႔ ေျပာင္းေ႐ႊ႕ေရာက္ရွိလာခဲ့တာျဖစ္ၿပီး လက္ရွိအခ်ိန္ထိ အသင္းအတြက္ (၇)ဂိုး သြင္းယူထားၿပီး ဂိုးဖန္တီးမႈေတာ့ မလုပ္ေဆာင္ထားႏိုင္ေသးပါဘူး။ အသက္(၂၃)ႏွစ္အ႐ြယ္ winger ဟာ သူနဲ႔ ယွဥ္ကစားတဲ့ ၿပိဳင္ဘက္ ကစားသမားေတြကို မလိုအပ္တဲ့ လွည့္ကြက္ေတြ လုပ္ေဆာင္တတ္သူျဖစ္ၿပီး ဒါမ်ိဳးေတြကို ေလ်ာ့ခ်ပစ္ႏိုင္မယ္ဆိုရင္ အသင္းအတြက္ကိုလည္း ပိုၿပီး အက်ိဳးရွိလာႏိုင္မယ္လို႔ ဘာဘာေတာ့ဗ္က ေျပာဆိုသြားခဲ့ပါတယ္။
အန္တိုနီနဲ႔ ပတ္သတ္ၿပီး ဘာဘာေတာ့ဗ္က “သူ႔ကို ေခၚယူခဲ့တာက ေကာင္းမြန္တဲ့ ေခၚယူမႈတစ္ခုလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဒါေပမယ့္လည္း ကြၽန္ေတာ့္အျမင္အရေတာ့ သူက တစ္ခါတစ္ေလ ထိုက္တန္တဲ့ ေဝဖန္မႈေတြ ခံရတတ္ပါတယ္။ ဘာေၾကာင့္လဲဆိုေတာ့ သူက ကြင္းထဲမွာ ဝင့္ႂကြားတဲ့ ပုံစံေတြ ထုတ္ျပတတ္ၿပီးေတာ့ ၿပိဳင္ဘက္ေတြကို အဆိုးျမင္စိတ္ ျဖစ္လာေအာင္ မိုက္မိုက္မဲမဲေတြ လုပ္ေဆာင္တတ္လို႔ပါပဲ။ တစ္ခါတစ္ေလ သူရဲ႕အလိမ္အေခါက္ေတြက အသင္းအတြက္ ဘာမွ အက်ိဳးမရွိေနတတ္ပါဘူး”
“တကယ္လို႔ ဒီလိုဟာေတြကိုသာ ဖယ္ရွားႏိုင္လိုက္မယ္ဆိုရင္ေတာ့ အသင္းအေပၚ သူရဲ႕အက်ိဳးသက္ေရာက္မႈေတြက မ်ားစြာ တိုးတတ္လာမွာပါ။ တကယ္လို႔ ၿပိဳင္ဘက္ ကစားသမားေတြကို ဆြၿပီး ကစားမယ္ဆိုရင္ ဒါက အႏၲရာယ္မ်ားပါတယ္။ ကိုယ္နဲ႔ ယွဥ္ကစားမယ့္ ၿပိဳင္ဘက္တိုင္းကလည္း ကိုယ့္ကို ေလးစားမႈ ကင္းမဲ့လာပါလိမ့္မယ္။ ဒီအခ်က္ေတြကို ဖယ္လိုက္ႏိုင္ရင္ေတာ့ သူ ဒီထက္မက တိုးတတ္လာလိမ့္မယ္။ ဘာလို႔ဆိုေတာ့ သူ႔မွာက ေကာင္းမြန္တဲ့ အရည္အေသြးေတြ အရည္အခ်င္းေတြ ရွိတယ္။ ဂိုးေတြ ေကာင္းေကာင္းလည္း ကန္သြင္းယူႏိုင္တတ္တယ္” လို႔ မွတ္ခ်က္ျပဳ ေျပာဆိုသြားခဲ့ပါတယ္။
crd
unicode
ခြေစွမ်းပိုင်းတိုးတက်လာဖို့ အန်တိုနီကို ဆောင်ရန် ၊ ရှောင်ရန်တွေ အကြုံပြုလိုက်တဲ့ သရဲနီဟောင်း ဘာဘာတော့ဗ်
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ဒီမီတာဘာဘာတော့ဗ်က အသင်းရဲ့ တောင်ပံကစားသမား အန်တိုနီနဲ့ ပတ်သတ်ပြီး ပြိုင်ဘက်ကစားသမားတွေအပေါ် မလိုအပ်တဲ့ ခြေယောင်ပြမှုတွေ လှည့်ဖျား ကစားမှုတွေ မလုပ်ဆောင်ပဲ ကိုယ်ရဲ့ခြေစွမ်းပိုင်းကိုသာ အာရုံစိုက်ထားဖို့ အကြုံပြု ပြောဆိုသွားခဲ့ပါတယ်။
ဘရာဇီးလ် တောင်ပံကစားသမား အန်တိုနီဟာ ဒီရာသီမှ အေဂျက်စ်ကနေ ယူနိုက်တက်အသင်းဆီ ပေါင်(၈၂)သန်းနဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိအချိန်ထိ အသင်းအတွက် (၇)ဂိုး သွင်းယူထားပြီး ဂိုးဖန်တီးမှုတော့ မလုပ်ဆောင်ထားနိုင်သေးပါဘူး။ အသက်(၂၃)နှစ်အရွယ် winger ဟာ သူနဲ့ ယှဥ်ကစားတဲ့ ပြိုင်ဘက် ကစားသမားတွေကို မလိုအပ်တဲ့ လှည့်ကွက်တွေ လုပ်ဆောင်တတ်သူဖြစ်ပြီး ဒါမျိုးတွေကို လျော့ချပစ်နိုင်မယ်ဆိုရင် အသင်းအတွက်ကိုလည်း ပိုပြီး အကျိုးရှိလာနိုင်မယ်လို့ ဘာဘာတော့ဗ်က ပြောဆိုသွားခဲ့ပါတယ်။
အန်တိုနီနဲ့ ပတ်သတ်ပြီး ဘာဘာတော့ဗ်က “သူ့ကို ခေါ်ယူခဲ့တာက ကောင်းမွန်တဲ့ ခေါ်ယူမှုတစ်ခုလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော့်အမြင်အရတော့ သူက တစ်ခါတစ်လေ ထိုက်တန်တဲ့ ဝေဖန်မှုတွေ ခံရတတ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ သူက ကွင်းထဲမှာ ဝင့်ကြွားတဲ့ ပုံစံတွေ ထုတ်ပြတတ်ပြီးတော့ ပြိုင်ဘက်တွေကို အဆိုးမြင်စိတ် ဖြစ်လာအောင် မိုက်မိုက်မဲမဲတွေ လုပ်ဆောင်တတ်လို့ပါပဲ။ တစ်ခါတစ်လေ သူရဲ့အလိမ်အခေါက်တွေက အသင်းအတွက် ဘာမှ အကျိုးမရှိနေတတ်ပါဘူး”
“တကယ်လို့ ဒီလိုဟာတွေကိုသာ ဖယ်ရှားနိုင်လိုက်မယ်ဆိုရင်တော့ အသင်းအပေါ် သူရဲ့အကျိုးသက်ရောက်မှုတွေက များစွာ တိုးတတ်လာမှာပါ။ တကယ်လို့ ပြိုင်ဘက် ကစားသမားတွေကို ဆွပြီး ကစားမယ်ဆိုရင် ဒါက အန္တရာယ်များပါတယ်။ ကိုယ်နဲ့ ယှဥ်ကစားမယ့် ပြိုင်ဘက်တိုင်းကလည်း ကိုယ့်ကို လေးစားမှု ကင်းမဲ့လာပါလိမ့်မယ်။ ဒီအချက်တွေကို ဖယ်လိုက်နိုင်ရင်တော့ သူ ဒီထက်မက တိုးတတ်လာလိမ့်မယ်။ ဘာလို့ဆိုတော့ သူ့မှာက ကောင်းမွန်တဲ့ အရည်အသွေးတွေ အရည်အချင်းတွေ ရှိတယ်။ ဂိုးတွေ ကောင်းကောင်းလည်း ကန်သွင်းယူနိုင်တတ်တယ်” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။
crd