



crd

unicode

ပရီးမီယားလိဂ်နဲ့ အသားမကျမှာစိတ်ပူနေစရာမလိုတဲ့သရဲနီပစ်မှတ် ရူဗန်နာဗက်

ယူနိုက်တတ်အသင်းဟာအသက်အရွယ်ကြီးမြင့်လာမှုကြောင့်ပွဲချိန်ပြည့်ကစားနိုင်ရန်ရုန်းကန်နေရသည့်ဆားဗီးယားကွင်းလယ်ခံစစ်ကစားသမားမာတစ်ရဲ့နေရာရိုက်ရိုက်အစားထိုးနိုင်ဖို့အတွက်ပစ်မှတ်ဟောင်းကစားသမားဖြစ်တဲ့ဝုဗ်အသင်းမှကွင်းလယ်ခံစစ်ကစားသမားရူဗန်နာဗက်ကို ပြန်လည်ချဉ်းကပ်နေပါတယ်။နာဗက်ဟာယူနိုက်တတ်အသင်းရဲ့ကင်းထောက်တွေရဲ့ရေဒါမှာတချိန်လုံးရှိနေတဲ့ကစားသမားဖြစ်ပြီးပြီးခဲ့တဲ့နွေရာသီကခေါ်ယူဖို့စီစဉ်ခဲ့ပေမယ့်အခြားကစားသမားအများအပြားကိုဦးစားပေးခေါ်ယူခဲ့တာကြောင့်ကွင်းလယ်ခံစစ်ကိုအားဖြည့်ဖို့အစီအစဉ်ကိုနောက်ဆုတ်ခဲ့တာပါ။

အဆိုပါကွင်းလယ်ခံစစ်အားနည်းချက်ကနေနည်းပြဆိုးရှားအသင်းကနေထုတ်ပယ်ခံရသည်အထိဆိုးရွားသွားခဲ့ပြီးအသစ်ရောက်လာတဲ့နည်းပြရန်းနစ်ကတော့အခုဇန်နဝါရီမှာအဆိုပါနေရာကိုမဖြစ်မနေဖြည့်တင်းဖို့စီစဉ်နေပါတယ်။ယူနိက်တတ်အသင်းအနေနဲ့နာဗက်ကိုခေါ်ယူဖို့အတွက်ပြီးခဲ့တဲ့နွေရာသီကလိုပြုင်ဘက်ကင်းမဲ့တဲ့အခြေနေမျိုးမဟုတ်တော့ဘဲပရီးမီးယားလိဂ်ပြိုင်ဘက်ချဲယ်ဆီးအသင်းနဲ့ထိပ်တိုက်ရင်ဆိုင်ရမယ့်အနေထားဖြစ်နေပါပြီ။

ကွင်းလယ်ခံစစ်ကစားသမားကွန်တေတစ်ယောက်အသက်အရွယ်ကြီးမြင့်လာပြီးဒဏ်ရာမကြာခဏရရှိနေတဲ့အပေးချဲယ်ဆီးနည်းပြတူချယ်က နာဗက်နဲ့အစားထိုးဖို့စီစဉ်နေတာဖြစ်ပြီးဝုဗ်အသင်းနဲ့၂၀၂၄အထိသာစာချုပ်သက်တမ်းရှိတဲ့ကစားသမားကိုပေါင်သန်း၃၀လောက်နဲ့ရရှိနိုင်တဲ့အနေထားမှာရှိနေပါတယ်။၂၀၁၇ခုနှစ်ထဲကဝုဗ်အသင်းကိုရောက်ရှိနေတဲ့အသက်၂၄နှစ်အရွယ်ကွင်းလယ်လူဟာပရီးမီးယားလိဂ်အတွေ့အကြုံအလွန်ကြွယ်ဝပြီး၎င်းကိုခေါ်ယူနိုင်တဲ့အသင်းအနေနဲ့ပရီးမီးယားလိဂ်မှာအသားမကျမှာကိုစိတ်ပူစရာမလိုတဲ့အားသာချက်ကအလွန်ကြီးမားပါတယ်။

ယူနိုက်တတ်အသင်းရဲ့အဓီကကစားသမားဖာနန်ဒက်ကလည်းသူ့ရဲ့ပေါ်တူဂီလက်ရွေးစင်အသင်းဖေါ်နာဗက်ကိုခေါ်ယူဖို့ယူနိုက်တတ်ကိုတိုက်တွန်းမှုတွေရှိနေသလို လရ်ရှိပေါ်တူဂီလက်ရွေးစင်သုံးဦးထိကစားနေတဲ့မန်ယူအသင်းကိုလည်းနာဗက်ကပြောင်းရွှေ့ချင်ကြောင်းသိရပါတယ်။မန်ယူရဲ့တချိန်ကဂန္ဓဝင်ကွင်းလယ်ကစားသမားကာရစ်လိုဘဲအရမ်းကိုနာမည်မကျော်ကြားပေမယ့်အသင်းအတွက်အလွန်အကျိုးရှိတဲ့ကစားပုံကိုပိုင်ဆိုင်ထားတဲ့နာဗက်ဟာမာတစ်နေရာကိုကောင်းစွာအစားထိုးနိုင်တဲ့ကစားသမားတစ်ဦးလည်းဖြစ်ပါတယ်။ယူနိုက်တတ်ဟာနာဗက်အပြင်မာဆေးကွင်းလယ်ခံစစ်ကစားသမားဘိုဘာကာကာမာရာနဲ့လက်ဇစ်ကွင်းလယ်ခံစစ်ကစားသမားဟိုက်ဒရာတို့ကိုလည်းစောင့်ကြည့်နေပြီး ထိုကစားသမားတွေထဲ့နှစ်ဦးအထိလာမယ့်ဇန်နဝါရီမှာခေါ်ယူသွားနိုင်တယ်လို့Mail Onlineသတင်းမှာဖေါ်ပြထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *