အေကာင္ေသးေပမယ့္ ဇျပင္းတဲ့ လူငယ္ၾကယ္ပြင့္ ပယ္လီစထရီရဲ႕ေျခစြမ္းအေပၚ မွတ္ခ်က္ေပးလာတဲ့ သရဲနီဂႏၲဝင္ ေပါလ္စခိုး

အေကာင္ေသးေပမယ့္ ဇျပင္းတဲ့ လူငယ္ၾကယ္ပြင့္ ပယ္လီစထရီရဲ႕ေျခစြမ္းအေပၚ မွတ္ခ်က္ေပးလာတဲ့ သရဲနီဂႏၲဝင္ ေပါလ္စခိုး

ေပါလ္စခိုးလ္ဟာ မေန႔ညက ရီးရဲလ္ဘက္တစ္အသင္းကို အႏိုင္ရခဲ့တဲ့ ယူ႐ိုပါလိဂ္ ၁၆ သင္းအဆင့္ ဒုတိယအေက်ာ့ပြဲမွာ ပြဲထြက္လူစာရင္း ေနရာက ပါဝင္ကစားခဲ့တဲ့ လူငယ္ကစားသမားျဖစ္သူ ဖာကြန္ဒို ပယ္လီစထရီရဲ႕ ေျခစြမ္းအေပၚ အားရေက်နပ္လ်က္ရွိပါတယ္။ တန္ဟန႔္ဟာ ပထမအေက်ာ့မွာတုန္း ဂိုးျပတ္အႏိုင္ရထားၿပီးျဖစ္ေပမယ့္၊ ဒီေန႔ပြဲမွာ ေတာင့္တင္းတဲ့လူစာရင္းကိုပဲ အသုံးျပဳလာခဲ့ေပမယ့္၊ အသက္ ၂၁ ႏွစ္သား ပယ္လီစထရီကိုေတာ့ အသင္းအတြက္ ပထမဆုံးအႀကိမ္ ပြဲဦးထြက္လူစာရင္းမွာ သုံးခဲ့ပါတယ္။

 

ပယ္လီစထရီကလည္း အခြင့္အေရးကို အေကာင္းဆုံးအသုံးခ်ခဲ့ၿပီး၊ ပထမပိုင္းၿပီးခါနီးမွာ အဖြင့္ဂိုးသြင္းႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္ ကံဆိုးစြာနဲ႔ပဲ ဂိုးတိုင္နဲ႔ ထိသြားခဲ့ပါတယ္။ ထို႔အတြက္ေၾကာင့္ ေပါလ္စခိုးလ္က ဥ႐ု‌ေဂြးလက္ေ႐ြးင္ကစားသမားဟာ မန္ယူအသင္းအတြက္ အေရးပါတဲ့အခန္းကေန ကစားႏိုင္ေၾကာင္း ဆိုလာပါတယ္။

” သူက အသုံးဝင္တဲ့သူ ျဖစ္လာႏိုင္တယ္။ ဂါနာခ်ိဳက ဒဏ္ရာရေနတယ္၊ အန္တိုနီကလည္း ဖ်ားေနတယ္၊ သူက တကယ့္အသုံးဝင္တဲ့ကစားသမား ျဖစ္လာႏိုင္ပါတယ္။ အရန္ခုံတန္းကေနတင္ မဟုတ္ပဲ၊ ပြဲထြက္လူစာရင္းကေနပါ အသုံးဝင္ႏိုင္ပါတယ္။ အဲ့ဒါက ၾကမ္းတမ္းတဲ့ ယူ႐ိုပါလိဂ္အေဝးကြင္း ” ပြဲျဖစ္ပါတယ္၊ အထူးသျဖင့္ စပိန္မွာ အေဝးကြင္းဆိုေတာ့ ပိုဆိုးပါတယ္။ ဒီေတာ့ သူ႔ရဲ႕ ပထမပြဲဦးထြက္မွာ သူ ေျခစြမ္း အေကာင္းဆုံး ျပႏိုင္ခဲ့တယ္လို႔ ထင္တယ္။ သူက အမ်ားႀကီးကစားထားရတာ မဟုတ္ပါဘူး၊ ဒါေပမယ့္ ဧရိယာအျပင္ဘက္မွာ သူ အရမ္းေကာင္းတယ္လို႔ ထင္တယ္၊ ေစာေစာစီးစီး သူ ျဖတ္တင္ေဘာေတြ ႏွစ္ႀကိမ္ေလာက္လုပ္ျပခဲ့တယ္၊ သူက တကယ့္ကို ၿခိမ္းေျခာက္ႏိုင္တဲ့သူပါပဲ။ သူက ဖန္တီးေပးဖို႔နဲ႔ ၾကည့္ရတာ အႏၲရာယ္ရွိတဲ့သူပါပဲ။ သူက တိုက္႐ိုက္အရမ္းဆန္ၿပီး၊ သူ႔ဆီကေန မလိုတဲ့ အရာေတြ ျမင္ရလိမ့္မယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ သူက တိုက္႐ိုက္ပဲ ကစားလိမ့္မယ္၊ ၿပီးရင္ ဧရိယာထဲက တိုက္စစ္မႉးေတြဆီကို ေဘာလုံးေတြ ျဖတ္တင္ေပးလိမ့္မယ္။ ခ်ဳံၾကည့္ရင္ေတာ့ သူက အဆင္ေျပပါတယ္ ” လို႔ ေျပာဆိုခဲ့ပါတယ္။

 

ပြဲအၿပီးတြင္ BT Sport ႏွင့္ စကားေျပာရာတြင္ တန္ဟက္က ရီးရဲလ္ဘက္တစ္နဲ႔ပြဲက ပယ္လီစထရီရဲ႕စြမ္းေဆာင္ရည္ကို သေဘာက်ေၾကာင္း ရွင္းျပခဲ့ပါတယ္။ တန္ဟက္က “သူ ဝင္လာတာ အရမ္းေကာင္းပါတယ္၊ သူ႔မွာ ေကာင္းမြန္တဲ့ အခိုက္အတန႔္ေတြ ရွိတယ္၊ ေလ့က်င့္ေရးမွာ စြမ္းေဆာင္ရည္ေကာင္းေတြ ရွိေပမယ့္ တကယ္ပြဲမွာကစားတဲ့အခါ မတူပါဘူး။”“အစပိုင္းမွာေတာ့ သူနည္းနည္းရွက္‌ေၾကာက္ေနေပမယ့္ မိနစ္အနည္းငယ္အၾကာမွာေတာ့ ယုံၾကည္မႈရွိလာၿပီး သူ႔မွာ တကယ္ေကာင္းတဲ့လုပ္ေဆာင္ခ်က္ေတြရွိတယ္ဆိုတာ ေသခ်ာေပါက္ ျပသႏိုင္ခဲ့တယ္။သူ႔ရဲ႕ စြမ္းေဆာင္ရည္ကို ကြၽန္ေတာ္ တကယ္ေက်နပ္မိပါတယ္။”

 

နည္းျပအဲရစ္တန္ဟက္ရဲ႕ သေဘာက်မႈေၾကာင့္ လာမယ့္ ရက္သတၱပတ္‌ေတြမွာ ပယ္ရီစထရီအတြက္ ကစားခ်ိန္ပိုရႏိုင္လိမ့္မယ္လို႔ ထင္ပါတယ္။မၾကာေသးမီက သတင္းေတြအရေတာ့ သူဟာ အန္တိုနီ အလန္ဂါနဲ႔အတူ လာမယ့္ရာသီမွာ အငွားနဲ႔ ထြက္ခြာဖြယ္ရွိေနတယ္လို႔ ဆိုပါတယ္။သို႔ေပမယ့္ လူငယ္ေတြကိုေျမေတာင္ေျမႇာက္ေပးရာမွာ နာမည္ႀကီးတဲ့ အဲရစ္တန္ဟက္ကေတာ့ ဂါနာခ်ိဳရဲ႕ေရရွည္ဒဏ္ရာျပသနာေတြေၾကာင့္ ပယ္ရီစထရီကို ယူႏိုက္တက္မွာပဲ ဆက္ထိန္းသိမ္းထားဖို႔မ်ားပါတယ္။
crd

unicode

အကောင်သေးပေမယ့် ဇပြင်းတဲ့ လူငယ်ကြယ်ပွင့် ပယ်လီစထရီရဲ့ခြေစွမ်းအပေါ် မှတ်ချက်ပေးလာတဲ့ သရဲနီဂန္တဝင် ပေါလ်စခိုး

ပေါလ်စခိုးလ်ဟာ မနေ့ညက ရီးရဲလ်ဘက်တစ်အသင်းကို အနိုင်ရခဲ့တဲ့ ယူရိုပါလိဂ် ၁၆ သင်းအဆင့် ဒုတိယအကျော့ပွဲမှာ ပွဲထွက်လူစာရင်း နေရာက ပါဝင်ကစားခဲ့တဲ့ လူငယ်ကစားသမားဖြစ်သူ ဖာကွန်ဒို ပယ်လီစထရီရဲ့ ခြေစွမ်းအပေါ် အားရကျေနပ်လျက်ရှိပါတယ်။ တန်ဟန့်ဟာ ပထမအကျော့မှာတုန်း ဂိုးပြတ်အနိုင်ရထားပြီးဖြစ်ပေမယ့်၊ ဒီနေ့ပွဲမှာ တောင့်တင်းတဲ့လူစာရင်းကိုပဲ အသုံးပြုလာခဲ့ပေမယ့်၊ အသက် ၂၁ နှစ်သား ပယ်လီစထရီကိုတော့ အသင်းအတွက် ပထမဆုံးအကြိမ် ပွဲဦးထွက်လူစာရင်းမှာ သုံးခဲ့ပါတယ်။

ပယ်လီစထရီကလည်း အခွင့်အရေးကို အကောင်းဆုံးအသုံးချခဲ့ပြီး၊ ပထမပိုင်းပြီးခါနီးမှာ အဖွင့်ဂိုးသွင်းနိုင်ဖို့ နီးစပ်ခဲ့ပေမယ့် ကံဆိုးစွာနဲ့ပဲ ဂိုးတိုင်နဲ့ ထိသွားခဲ့ပါတယ်။ ထို့အတွက်ကြောင့် ပေါလ်စခိုးလ်က ဥရု‌ဂွေးလက်ရွေးင်ကစားသမားဟာ မန်ယူအသင်းအတွက် အရေးပါတဲ့အခန်းကနေ ကစားနိုင်ကြောင်း ဆိုလာပါတယ်။

” သူက အသုံးဝင်တဲ့သူ ဖြစ်လာနိုင်တယ်။ ဂါနာချိုက ဒဏ်ရာရနေတယ်၊ အန်တိုနီကလည်း ဖျားနေတယ်၊ သူက တကယ့်အသုံးဝင်တဲ့ကစားသမား ဖြစ်လာနိုင်ပါတယ်။ အရန်ခုံတန်းကနေတင် မဟုတ်ပဲ၊ ပွဲထွက်လူစာရင်းကနေပါ အသုံးဝင်နိုင်ပါတယ်။ အဲ့ဒါက ကြမ်းတမ်းတဲ့ ယူရိုပါလိဂ်အဝေးကွင်း ” ပွဲဖြစ်ပါတယ်၊ အထူးသဖြင့် စပိန်မှာ အဝေးကွင်းဆိုတော့ ပိုဆိုးပါတယ်။ ဒီတော့ သူ့ရဲ့ ပထမပွဲဦးထွက်မှာ သူ ခြေစွမ်း အကောင်းဆုံး ပြနိုင်ခဲ့တယ်လို့ ထင်တယ်။ သူက အများကြီးကစားထားရတာ မဟုတ်ပါဘူး၊ ဒါပေမယ့် ဧရိယာအပြင်ဘက်မှာ သူ အရမ်းကောင်းတယ်လို့ ထင်တယ်၊ စောစောစီးစီး သူ ဖြတ်တင်ဘောတွေ နှစ်ကြိမ်လောက်လုပ်ပြခဲ့တယ်၊ သူက တကယ့်ကို ခြိမ်းခြောက်နိုင်တဲ့သူပါပဲ။ သူက ဖန်တီးပေးဖို့နဲ့ ကြည့်ရတာ အန္တရာယ်ရှိတဲ့သူပါပဲ။ သူက တိုက်ရိုက်အရမ်းဆန်ပြီး၊ သူ့ဆီကနေ မလိုတဲ့ အရာတွေ မြင်ရလိမ့်မယ်လို့ ကျွန်တော် မထင်ပါဘူး။ သူက တိုက်ရိုက်ပဲ ကစားလိမ့်မယ်၊ ပြီးရင် ဧရိယာထဲက တိုက်စစ်မှူးတွေဆီကို ဘောလုံးတွေ ဖြတ်တင်ပေးလိမ့်မယ်။ ချုံကြည့်ရင်တော့ သူက အဆင်ပြေပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။

ပွဲအပြီးတွင် BT Sport နှင့် စကားပြောရာတွင် တန်ဟက်က ရီးရဲလ်ဘက်တစ်နဲ့ပွဲက ပယ်လီစထရီရဲ့စွမ်းဆောင်ရည်ကို သဘောကျကြောင်း ရှင်းပြခဲ့ပါတယ်။ တန်ဟက်က “သူ ဝင်လာတာ အရမ်းကောင်းပါတယ်၊ သူ့မှာ ကောင်းမွန်တဲ့ အခိုက်အတန့်တွေ ရှိတယ်၊ လေ့ကျင့်ရေးမှာ စွမ်းဆောင်ရည်ကောင်းတွေ ရှိပေမယ့် တကယ်ပွဲမှာကစားတဲ့အခါ မတူပါဘူး။”“အစပိုင်းမှာတော့ သူနည်းနည်းရှက်‌ကြောက်နေပေမယ့် မိနစ်အနည်းငယ်အကြာမှာတော့ ယုံကြည်မှုရှိလာပြီး သူ့မှာ တကယ်ကောင်းတဲ့လုပ်ဆောင်ချက်တွေရှိတယ်ဆိုတာ သေချာပေါက် ပြသနိုင်ခဲ့တယ်။သူ့ရဲ့ စွမ်းဆောင်ရည်ကို ကျွန်တော် တကယ်ကျေနပ်မိပါတယ်။”

နည်းပြအဲရစ်တန်ဟက်ရဲ့ သဘောကျမှုကြောင့် လာမယ့် ရက်သတ္တပတ်‌တွေမှာ ပယ်ရီစထရီအတွက် ကစားချိန်ပိုရနိုင်လိမ့်မယ်လို့ ထင်ပါတယ်။မကြာသေးမီက သတင်းတွေအရတော့ သူဟာ အန်တိုနီ အလန်ဂါနဲ့အတူ လာမယ့်ရာသီမှာ အငှားနဲ့ ထွက်ခွာဖွယ်ရှိနေတယ်လို့ ဆိုပါတယ်။သို့ပေမယ့် လူငယ်တွေကိုမြေတောင်မြှောက်ပေးရာမှာ နာမည်ကြီးတဲ့ အဲရစ်တန်ဟက်ကတော့ ဂါနာချိုရဲ့ရေရှည်ဒဏ်ရာပြသနာတွေကြောင့် ပယ်ရီစထရီကို ယူနိုက်တက်မှာပဲ ဆက်ထိန်းသိမ်းထားဖို့များပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *