ေခ်ာက္ထဲက်ေနတဲ့ မန္ယူကို ကယ္တင္ႏိုင္ဖို႔ ဂေလဇာစိတ္ႀကိဳက္ ေငြလမ္းခင္းေပးသြားေတာ့မယ့္ ကာတာေစာ္ဘြား အယ္သနီ

မန္ယူႏိုက္တဒ္အသင္းနဲ႔ပိုင္ရွင္ ဆိုတာ ျပဒါးတစ္လမ္း သံတစ္လမ္းလို႔ ဆိုႏိုင္ၿပီး ပရိတ္သတ္ေတြအတြက္လည္း တကယ့္ကို စိတ္ပ်က္စရာေကာင္းလြန္းတဲ့ ဆယ္စုႏွစ္ ႏွစ္ခုကို ပိုင္ဆိုင္ခဲ့ရတာပဲ ျဖစ္ပါတယ္။ ဂေလဇာမိသားစုဟာ အသင္းကို အေႂကြးနဲ႔ဝယ္ယူၿပီး အတိုးပါမဆပ္တဲ့အျပင္ အသင္းကရတဲ့အျမတ္ေငြကိုပါ ခြဲေဝသုံးစြဲေနၾကၿပီး စီမံခန႔္ခြဲမႈေတြမွာလည္း အလြဲလြဲအေခ်ာ္ေခ်ာ္ျဖစ္ခဲ့လို႔ မိဘဆီကလက္ျဖန႔္မေတာင္းရပဲ ကိုယ္ပိုင္ေငြေၾကးနဲ႔ရပ္တည္ႏိုင္သည့္တိုင္ ၿပိဳင္ဘက္ေတြထက္ ေခါင္းတစ္လုံးမကနိမ့္ပါးတဲ့အေျခအေနကို ရင္ဆိုင္ခဲ့ရတာပဲ ျဖစ္ပါတယ္။

မန္ခ်က္စတာ ယူႏိုက္တက္ကို ေရာင္းခ်ေတာ့မယ္လို႔ တရားဝင္ ေၾကညာခဲ့ၿပီး ဂေလဇာမိသားစုရဲ႕ ေၾကညာခ်က္ အၿပီးမွာ ကာတာေစာ္ဘြား အယ္ သနီ ၊ ၿဗိတိန္ရဲ႕ အခ်မ္းသာဆုံး ပုဂၢိဳလ္ ရက္ကလစ္ဖ္တို႔က မန္ခ်က္စတာ ယူႏိုက္တက္ကို ဝယ္ယူႏိုင္ဖို႔ ကမ္းလွမ္းမႈေတြ အသီးသီး ျပဳလုပ္ခဲ့ၾကပါတယ္။ အယ္ သနီနဲ႔ ရက္ကလစ္ဖ္တို႔က မန္ခ်က္စတာ ယူႏိုက္တက္ အတြက္ ပထမဦးဆုံးအႀကိမ္ ကမ္းလွမ္းမႈေတြ အျဖစ္ ေပါင္ ၄.၅ ဘီလီယံနဲ႔ ေပါင္ ၅ဘီလီယံၾကား ကမ္းလွမ္းမႈေတြကို အသီးသီး ျပဳလုပ္ခဲ့ၾကၿပီး ဂေလဇာမိသားစုက သူတို႔ရဲ႕ ကမ္းလွမ္းမႈေတြကို လက္ခံခဲ့သလို ၿပီးခဲ့တဲ့ ရက္ပိုင္းအတြင္းမွာပဲ အယ္ သနီနဲ႔ ရက္ကလစ္ဖ္တို႔ကို အိုးထရက္ဖို႔ဒ္ဆီ ေခၚကာ သူတို႔ရဲ႕ အေတြးအေခၚေတြ ၊ အနာဂတ္ စီမံကိန္းေတြ အေၾကာင္းကို နားေထာင္ခဲ့ပါတယ္။

မန္ယူႏိုက္တဒ္အတြက္ ပိုင္ရွင္သစ္ရရွိေရးဟာ အိမ္မက္ျဖစ္သလို ပိုင္ရွင္ေတြဟာ ေငြေၾကးစိုက္ထုတ္မႈမျပဳလုပ္ပဲ အသင္းရဲ႕ကိုယ္ပိုင္ေငြေၾကးနဲ႔ လည္ပတ္ေနရင္ကို ပရိတ္သတ္ေတြက ေက်နပ္ၿပီလို႔ဆိုေနၾကခ်ိန္မွာ ေရနံသူေဌးေတြ ျဖစ္သလို ၂၀၂၂ကမာၻ႔ဖလားကို ေငြေၾကးအကုန္က်ခံ က်င္းပၿပီး အားကစားကမာၻကို ကိုင္လႈပ္ခဲ့တဲ့ ကာတာအစိုးရ က ပိုင္ဆိုင္ေတာ့မယ္ဆိုတာကေတာ့ နတ္သမီးေရးတဲ့အိမ္မက္ထက္ ပိုလွတဲ့ ဇာတ္ၫႊန္းပဲ ျဖစ္ပါတယ္။

ၾကာသပေတး နဲ႔ ေသာၾကာ ႏွစ္ရက္ဆက္တိုက္ မန္ယူႏိုက္တဒ္ ရဲ႕ ေလ့က်င့္ေရး၊အိမ္ကြင္း ေတြကို ကာတာ ေက်ာေထာက္ေနာက္ခံျပဳထားတဲ့ Nine-Two Foundation ရဲ႕ ဥကၠဌ နဲ႔ INEOS ရဲ႕ CEO SJR တို႔ လာေရာက္ခဲ့ၿပီးေနာက္ ယေန႔ ထြက္ေပၚလာတဲ့သတင္းေတြအရ အသင္းပိုင္ရွင္သစ္ေတြဟာ ကာတာအုပ္စုျဖစ္လာႏိုင္ေခ် အလြန္ျမင့္မားေနၿပီလို႔ သိရပါတယ္။

လက္ရွိမွာေတာ့ အယ္ သနီနဲ႔ ရက္ကလစ္ဖ္တို႔က မန္ခ်က္စတာ ယူႏိုက္တက္ အတြက္ သူတို႔ရဲ႕ ဒုတိယအႀကိမ္ ကမ္းလွမ္းမႈေတြကို ဂေလဇာမိသားစုထံ ေပးပို႔ရေတာ့မွာ ျဖစ္ၿပီး ကာတာေစာ္ဘြား ျဖစ္တဲ့ အယ္ သနီက မန္ခ်က္စတာ ယူႏိုက္တက္ အတြက္ ေငြပုံေပးဖို႔ ဆုံးျဖတ္ထားေၾကာင္း နီးစပ္သူေတြက ဆိုၾကပါတယ္။ Sky Sports သတင္းဌာနရဲ႕ ပင္တိုင္ သတင္းေထာက္ ဆိုလ္ဟယ္ကိုရဲ႕ ေဖာ္ျပခ်က္အရ အယ္ သနီက ဂေလဇာမိသားစုနဲ႔ ေဆြးေႏြးမႈေတြ ျပဳလုပ္အၿပီးမွာ မန္ခ်က္စတာ ယူႏိုက္တက္ကို ေငြေၾကး ပုံေပးကာ ဝယ္ယူဖို႔ ဆုံးျဖတ္ခဲ့ၿပီး အယ္ သနီက မန္ခ်က္စတာ ယူႏိုက္တက္ အတြက္ ဒုတိယအႀကိမ္ ကမ္းလွမ္းမႈ အျဖစ္ ေပါင္ ၆ဘီလီယံနဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနေၾကာင္း သိရပါတယ္။
crd

unicode

ချောက်ထဲကျနေတဲ့ မန်ယူကို ကယ်တင်နိုင်ဖို့ ဂလေဇာစိတ်ကြိုက် ငွေလမ်းခင်းပေးသွားတော့မယ့် ကာတာစော်ဘွား အယ်သနီ

မန်ယူနိုက်တဒ်အသင်းနဲ့ပိုင်ရှင် ဆိုတာ ပြဒါးတစ်လမ်း သံတစ်လမ်းလို့ ဆိုနိုင်ပြီး ပရိတ်သတ်တွေအတွက်လည်း တကယ့်ကို စိတ်ပျက်စရာကောင်းလွန်းတဲ့ ဆယ်စုနှစ် နှစ်ခုကို ပိုင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။ ဂလေဇာမိသားစုဟာ အသင်းကို အကြွေးနဲ့ဝယ်ယူပြီး အတိုးပါမဆပ်တဲ့အပြင် အသင်းကရတဲ့အမြတ်ငွေကိုပါ ခွဲဝေသုံးစွဲနေကြပြီး စီမံခန့်ခွဲမှုတွေမှာလည်း အလွဲလွဲအချော်ချော်ဖြစ်ခဲ့လို့ မိဘဆီကလက်ဖြန့်မတောင်းရပဲ ကိုယ်ပိုင်ငွေကြေးနဲ့ရပ်တည်နိုင်သည့်တိုင် ပြိုင်ဘက်တွေထက် ခေါင်းတစ်လုံးမကနိမ့်ပါးတဲ့အခြေအနေကို ရင်ဆိုင်ခဲ့ရတာပဲ ဖြစ်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်ကို ရောင်းချတော့မယ်လို့ တရားဝင် ကြေညာခဲ့ပြီး ဂလေဇာမိသားစုရဲ့ ကြေညာချက် အပြီးမှာ ကာတာစော်ဘွား အယ် သနီ ၊ ဗြိတိန်ရဲ့ အချမ်းသာဆုံး ပုဂ္ဂိုလ် ရက်ကလစ်ဖ်တို့က မန်ချက်စတာ ယူနိုက်တက်ကို ဝယ်ယူနိုင်ဖို့ ကမ်းလှမ်းမှုတွေ အသီးသီး ပြုလုပ်ခဲ့ကြပါတယ်။ အယ် သနီနဲ့ ရက်ကလစ်ဖ်တို့က မန်ချက်စတာ ယူနိုက်တက် အတွက် ပထမဦးဆုံးအကြိမ် ကမ်းလှမ်းမှုတွေ အဖြစ် ပေါင် ၄.၅ ဘီလီယံနဲ့ ပေါင် ၅ဘီလီယံကြား ကမ်းလှမ်းမှုတွေကို အသီးသီး ပြုလုပ်ခဲ့ကြပြီး ဂလေဇာမိသားစုက သူတို့ရဲ့ ကမ်းလှမ်းမှုတွေကို လက်ခံခဲ့သလို ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ အယ် သနီနဲ့ ရက်ကလစ်ဖ်တို့ကို အိုးထရက်ဖို့ဒ်ဆီ ခေါ်ကာ သူတို့ရဲ့ အတွေးအခေါ်တွေ ၊ အနာဂတ် စီမံကိန်းတွေ အကြောင်းကို နားထောင်ခဲ့ပါတယ်။

မန်ယူနိုက်တဒ်အတွက် ပိုင်ရှင်သစ်ရရှိရေးဟာ အိမ်မက်ဖြစ်သလို ပိုင်ရှင်တွေဟာ ငွေကြေးစိုက်ထုတ်မှုမပြုလုပ်ပဲ အသင်းရဲ့ကိုယ်ပိုင်ငွေကြေးနဲ့ လည်ပတ်နေရင်ကို ပရိတ်သတ်တွေက ကျေနပ်ပြီလို့ဆိုနေကြချိန်မှာ ရေနံသူဌေးတွေ ဖြစ်သလို ၂၀၂၂ကမ္ဘာ့ဖလားကို ငွေကြေးအကုန်ကျခံ ကျင်းပပြီး အားကစားကမ္ဘာကို ကိုင်လှုပ်ခဲ့တဲ့ ကာတာအစိုးရ က ပိုင်ဆိုင်တော့မယ်ဆိုတာကတော့ နတ်သမီးရေးတဲ့အိမ်မက်ထက် ပိုလှတဲ့ ဇာတ်ညွှန်းပဲ ဖြစ်ပါတယ်။

ကြာသပတေး နဲ့ သောကြာ နှစ်ရက်ဆက်တိုက် မန်ယူနိုက်တဒ် ရဲ့ လေ့ကျင့်ရေး၊အိမ်ကွင်း တွေကို ကာတာ ကျောထောက်နောက်ခံပြုထားတဲ့ Nine-Two Foundation ရဲ့ ဥက္ကဌ နဲ့ INEOS ရဲ့ CEO SJR တို့ လာရောက်ခဲ့ပြီးနောက် ယနေ့ ထွက်ပေါ်လာတဲ့သတင်းတွေအရ အသင်းပိုင်ရှင်သစ်တွေဟာ ကာတာအုပ်စုဖြစ်လာနိုင်ချေ အလွန်မြင့်မားနေပြီလို့ သိရပါတယ်။

လက်ရှိမှာတော့ အယ် သနီနဲ့ ရက်ကလစ်ဖ်တို့က မန်ချက်စတာ ယူနိုက်တက် အတွက် သူတို့ရဲ့ ဒုတိယအကြိမ် ကမ်းလှမ်းမှုတွေကို ဂလေဇာမိသားစုထံ ပေးပို့ရတော့မှာ ဖြစ်ပြီး ကာတာစော်ဘွား ဖြစ်တဲ့ အယ် သနီက မန်ချက်စတာ ယူနိုက်တက် အတွက် ငွေပုံပေးဖို့ ဆုံးဖြတ်ထားကြောင်း နီးစပ်သူတွေက ဆိုကြပါတယ်။ Sky Sports သတင်းဌာနရဲ့ ပင်တိုင် သတင်းထောက် ဆိုလ်ဟယ်ကိုရဲ့ ဖော်ပြချက်အရ အယ် သနီက ဂလေဇာမိသားစုနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်အပြီးမှာ မန်ချက်စတာ ယူနိုက်တက်ကို ငွေကြေး ပုံပေးကာ ဝယ်ယူဖို့ ဆုံးဖြတ်ခဲ့ပြီး အယ် သနီက မန်ချက်စတာ ယူနိုက်တက် အတွက် ဒုတိယအကြိမ် ကမ်းလှမ်းမှု အဖြစ် ပေါင် ၆ဘီလီယံနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေကြောင်း သိရပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *