သရဲနီဂ်ာစီနဲ႔ ျမက္ခင္းစိမ္းေပၚကိုျပန္လည္ေရာက္ရွိလာဖို႔ ဂရင္းဝုဒ္အတြက္ ဆုံးျဖတ္ခ်က္ ခ်မွတ္လိုက္တဲ့ မန္ယူႏိုက္တက္

သရဲနီဂ်ာစီနဲ႔ ျမက္ခင္းစိမ္းေပၚကိုျပန္လည္ေရာက္ရွိလာဖို႔ ဂရင္းဝုဒ္အတြက္ ဆုံးျဖတ္ခ်က္ ခ်မွတ္လိုက္တဲ့ မန္ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္ဟာ တူရကီကလပ္အသင္းေတြရဲ႕ ေမဆန္ဂရင္းဝုဒ္အတြက္ ကမ္းလွမ္းမႈမ်ားစြာလက္ခံရရွိခဲ့ေသာ္လည္း ကလပ္၏အတြင္းပိုင္းစုံစမ္းစစ္ေဆးမႈမ်ား ဆက္လက္ျပဳလုပ္ေနေသာေၾကာင့္ ကမ္းလွမ္းမႈမ်ားကို ပယ္ခ်ခဲ့တယ္လို႔သိရပါတယ္။ အသက္ ၂၁ ႏွစ္အ႐ြယ္ အဂၤလန္သားဟာ လက္ရွိအခ်ိန္မွာ အမႈအားလုံး ႐ုပ္သိမ္းခံလိုက္ရတဲ့သူျဖစ္သလို အတူေနခ်စ္သူနဲ႔လည္း ျပန္ေပါင္းထုပ္ဖို႔ ျပင္ဆင္ေနၿပီး ပထမဆုံး ရင္ေသြးေလးကိုလည္း ပိုင္ဆိုင္ေတာ့မယ့္သူတစ္ေယာက္ ျဖစ္ေနပါၿပီ။

 

ဆိုင္းငံ့ခံထားရေသာ တိုက္စစ္မႉး ဂရင္းဝုဒ္ဟာ သူ႔အေနနဲ႔ ယခုအခ်ိန္မွာ ယူႏိုက္တက္အတြက္ ျပန္လည္ကစားခြင့္ရမယ္ဆိုရင္ အုတ္နံရံကိုလည္း ေခါင္းနဲ႔ေျပးေဆာင့္ရဲေၾကာင္း ဝန္ခံထားပါတယ္။ အဂၤလန္သားဟာ ယူႏိုက္တက္ အတြက္ ၿပီးခဲ့တဲ့ ၂၀၂၂ ခုႏွစ္၊ ဇန္နဝါရီလ ၂၂ ရက္ကတည္းက ကစားခြင့္ မရခဲ့တာ လက္ရွိအခ်ိန္အထိပါပဲ။ ထိုလေႏွာင္းပိုင္းတြင္ ဖမ္းဆီးခံခဲ့ရၿပီး ေအာက္တိုဘာလတြင္ မုဒိမ္းက်င့္ရန္ ႀကိဳးပမ္းမႈ၊ ကိုယ္ထိလက္ေရာက္ ထိခိုက္နစ္နာေစသည့္ က်ဴးလြန္မႈ၊ ခ်ဳပ္ကိုင္မႈ ႏွင့္ အတင္းအၾကပ္ ျပဳမူမႈတို႔ျဖင့္ တရားစြဲဆိုခံခဲ့ရသည္။

 

ထို႔ေနာက္တြင္ အဆိုပါ စြဲခ်က္မ်ားအား ႐ုပ္သိမ္းခဲ့ၿပီး အဓိကသက္ေသမ်ား ႐ုပ္သိမ္းျခင္းႏွင့္ အမႈတြဲအသစ္မ်ား ေပၚေပါက္လာျခင္းကို ကိုးကား၍ Crown Prosecution Service မွ ႐ုပ္သိမ္းခဲ့ပါသည္။ ယူႏိုက္တက္နည္းျပ အဲရစ္တန္ဟက္ဟာ ကစားသမားရဲ႕စိတ္ပိုင္းဆိုင္ရာနဲ႔ ႐ုပ္ပိုင္းဆိုင္ရာအေျခအေနကို စစ္ေဆးဖို႔ ဂရင္းဝုဒ္နဲ႔ စကားေျပာခဲ့ၿပီး စြဲခ်က္ေတြကို ႐ုပ္သိမ္းလိုက္တဲ့အတြက္ ဝမ္းသာေၾကာင္း ေျပာၾကားခဲ့ပါတယ္။

 

အသင္းနဲ႔နီးစပ္တဲ့သတင္းရင္းျမစ္မ်ားက လက္ရွိႀကဳံေတြခဲ့ရတဲ့ျပႆနာေတြေၾကာင့္ Mason ဟာပိုၿပီးရင့္က်က္လာတယ္လို႔ ရႈျမင္ထားၾကၿပီး သူ႔အေနနဲ႔ အခက္အခဲမ်ားကိုေက်ာ္ျဖတ္၍ အသင္းမွာျပန္ကစားခြင့္ရရန္ထိုက္တန္ေၾကာင္း သက္ေသျပႏိုင္လိမ့္မယ္လို႔ ယုံၾကည္ထားၾကပါတယ္။ ယူႏိုက္တက္အေနနဲ႔ သူတို႔ရဲ႕အကယ္ဒမီၾကယ္ပြင့္ေလး ဂရင္းဝုဒ္ကို တျခားကလပ္အသင္းေတြဆီ လက္လႊတ္မခံပဲ လာမယ့္ရာသီမွာ ျပန္လည္ကစားခြင့္ေပးဖို႔ ျပင္ဆင္ေနၿပီး ဂရင္းဝုဒ္သာ ျပန္လာခဲ့မယ္ဆိုရင္ေတာ့ ယူႏိုက္တက္တိုက္စစ္အတြက္ အားရစရာအေျခအေနတစ္ခုပါပဲ။
crd

unicode

သရဲနီဂျာစီနဲ့ မြက်ခင်းစိမ်းပေါ်ကိုပြန်လည်ရောက်ရှိလာဖို့ ဂရင်းဝုဒ်အတွက် ဆုံးဖြတ်ချက် ချမှတ်လိုက်တဲ့ မန်ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်ဟာ တူရကီကလပ်အသင်းတွေရဲ့ မေဆန်ဂရင်းဝုဒ်အတွက် ကမ်းလှမ်းမှုများစွာလက်ခံရရှိခဲ့သော်လည်း ကလပ်၏အတွင်းပိုင်းစုံစမ်းစစ်ဆေးမှုများ ဆက်လက်ပြုလုပ်နေသောကြောင့် ကမ်းလှမ်းမှုများကို ပယ်ချခဲ့တယ်လို့သိရပါတယ်။ အသက် ၂၁ နှစ်အရွယ် အင်္ဂလန်သားဟာ လက်ရှိအချိန်မှာ အမှုအားလုံး ရုပ်သိမ်းခံလိုက်ရတဲ့သူဖြစ်သလို အတူနေချစ်သူနဲ့လည်း ပြန်ပေါင်းထုပ်ဖို့ ပြင်ဆင်နေပြီး ပထမဆုံး ရင်သွေးလေးကိုလည်း ပိုင်ဆိုင်တော့မယ့်သူတစ်ယောက် ဖြစ်နေပါပြီ။

ဆိုင်းငံ့ခံထားရသော တိုက်စစ်မှူး ဂရင်းဝုဒ်ဟာ သူ့အနေနဲ့ ယခုအချိန်မှာ ယူနိုက်တက်အတွက် ပြန်လည်ကစားခွင့်ရမယ်ဆိုရင် အုတ်နံရံကိုလည်း ခေါင်းနဲ့ပြေးဆောင့်ရဲကြောင်း ဝန်ခံထားပါတယ်။ အင်္ဂလန်သားဟာ ယူနိုက်တက် အတွက် ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဇန်နဝါရီလ ၂၂ ရက်ကတည်းက ကစားခွင့် မရခဲ့တာ လက်ရှိအချိန်အထိပါပဲ။ ထိုလနှောင်းပိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီး အောက်တိုဘာလတွင် မုဒိမ်းကျင့်ရန် ကြိုးပမ်းမှု၊ ကိုယ်ထိလက်ရောက် ထိခိုက်နစ်နာစေသည့် ကျူးလွန်မှု၊ ချုပ်ကိုင်မှု နှင့် အတင်းအကြပ် ပြုမူမှုတို့ဖြင့် တရားစွဲဆိုခံခဲ့ရသည်။

ထို့နောက်တွင် အဆိုပါ စွဲချက်များအား ရုပ်သိမ်းခဲ့ပြီး အဓိကသက်သေများ ရုပ်သိမ်းခြင်းနှင့် အမှုတွဲအသစ်များ ပေါ်ပေါက်လာခြင်းကို ကိုးကား၍ Crown Prosecution Service မှ ရုပ်သိမ်းခဲ့ပါသည်။ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟက်ဟာ ကစားသမားရဲ့စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာအခြေအနေကို စစ်ဆေးဖို့ ဂရင်းဝုဒ်နဲ့ စကားပြောခဲ့ပြီး စွဲချက်တွေကို ရုပ်သိမ်းလိုက်တဲ့အတွက် ဝမ်းသာကြောင်း ပြောကြားခဲ့ပါတယ်။

အသင်းနဲ့နီးစပ်တဲ့သတင်းရင်းမြစ်များက လက်ရှိကြုံတွေခဲ့ရတဲ့ပြဿနာတွေကြောင့် Mason ဟာပိုပြီးရင့်ကျက်လာတယ်လို့ ရှုမြင်ထားကြပြီး သူ့အနေနဲ့ အခက်အခဲများကိုကျော်ဖြတ်၍ အသင်းမှာပြန်ကစားခွင့်ရရန်ထိုက်တန်ကြောင်း သက်သေပြနိုင်လိမ့်မယ်လို့ ယုံကြည်ထားကြပါတယ်။ ယူနိုက်တက်အနေနဲ့ သူတို့ရဲ့အကယ်ဒမီကြယ်ပွင့်လေး ဂရင်းဝုဒ်ကို တခြားကလပ်အသင်းတွေဆီ လက်လွှတ်မခံပဲ လာမယ့်ရာသီမှာ ပြန်လည်ကစားခွင့်ပေးဖို့ ပြင်ဆင်နေပြီး ဂရင်းဝုဒ်သာ ပြန်လာခဲ့မယ်ဆိုရင်တော့ ယူနိုက်တက်တိုက်စစ်အတွက် အားရစရာအခြေအနေတစ်ခုပါပဲ။
crd

 

Add a Comment

Your email address will not be published. Required fields are marked *