ရန္းဂ္နစ္နဲ႔ေရာ္နယ္ဒိုအလြန္လိုက္ဖက္ပါေပတယ္

ရန္းဂ္နစ္နဲ႔ေရာ္နယ္ဒိုအလြန္လိုက္ဖက္ပါေပတယ္

ခရစၥတီယာႏို ေရာ္နယ္ဒို ႏွင့္ မန္ခ်က္စတာယူႏိုက္တက္ ၾကားျဖတ္နည္းျပရာဖ္ ရန္းနစ္ခ္ တို႔ၾကားမွာ ကြင္းတြင္းကစားပုံကအစ ၊ ဆက္ဆံေရးအဆုံးအဆင္ေျပႏိုင္ျခင္း ရွိ၊မရွိအ‌ေပၚ ျငင္းခုန္မႈေတြကို ျမင္ေတြ႕လာရပါတယ္။ရန္းနစ္ခ္ရဲ႕ high pressing ကစားဟန္က ေရာ္နယ္ဒိုအတြက္ စိုးရိမ္စရာျဖစ္ႏိုင္ပါတယ္။ ေဘာလုံးေဒတာဝက္ဆိုဒ္ျဖစ္တဲ့ FBRef အရ ေရာ္နယ္ဒိုဟာပရီးမီးယားလိဂ္ ( ၈.၅ ) ပြဲမွာ ဖိအားေပးမႈ ( ၄၄ ) ႀကိမ္ ျပဳလုပ္ခဲ့ၿပီးအက္ဒီဆင္ ကာဗာနီက ( ၂.၅ ) ပြဲမွာ အႀကိမ္ ( ၃၀ ) ျပဳလုပ္ခဲ့ပါတယ္။ေဂ်ဒန္ ဆန္ခ်ိဳက ( ၅.၅ ) ပြဲမွာ ၿပိဳင္ဘက္ကစားသမားေတြကို ဖိအားေပးမႈအႀကိမ္ ( ၉၀ ) ထိ ျပဳလုပ္ထားတာေတြ႕ရပါတယ္။

 

ဒါေၾကာင့္ ေရာ္နယ္ဒိုအေနနဲ႔ ရန္းနစ္လက္ေအာက္မွာ ေအာင္ျမင္ခ်င္တယ္ဆိုရင္ သူ႔ရဲ႕ ကစားပုံကို အနည္းငယ္ျပဳျပင္ဖို႔ လိုအပ္ေနတယ္လို႔ဆိုႏိုင္ေပေပမယ့္ တကယ္ေတာ့ သူက ဒီအခြင့္အေရးကို ေစာင့္ဆိုင္းေနခဲ့တာၾကာပါၿပီ။မန္ခ်က္စတာ ယူႏိုက္တက္ ၾကားျဖတ္နည္းျပ ရာဖ္ ရန္းနစ္ ဟာ( ၂၀၁၉ ) ခုႏွစ္ကတည္းက ေရာ္နယ္ဒို လက္တြဲခဲ့ဖူးတဲ့ နည္းျပေတြထဲမွာအေကာင္းဆုံး ျဖစ္ပါလိမ့္မယ္။ အိုေလ ဂန္းနား ဆိုးရွားနဲ႔ မတိုင္မီေရာ္နယ္ဒိုဟာ ပီယာလိုရဲ႕ ဂ်ဴဗင္တပ္အသင္းမွာ ကစားခဲ့တာျဖစ္ပါတယ္။ပီယာလိုအတြက္ ပထမဆုံး နည္းျပအေတြ႕အႀကဳံျဖစ္သလို သူ႔ရဲ႕ ဂ်ဴဗင္တပ္အသင္းဟာလည္း ၿပီးခဲ့တဲ့ ( ၁၀ ) စုႏွစ္အတြင္း အဆိုး႐ြားဆုံး အမွတ္ေပးဇယားရပ္တည္မႈကို ပိုင္ဆိုင္ခဲ့ပါတယ္။

ပီယာလို မတိုင္မီ ေရာ္နယ္ဒိုက ဆာရီရဲ႕ လက္ေအာက္မွာ ကစားခဲ့တာပါ။ဆာရီက သူေလးစားရတဲ့ ပုဂၢိဳလ္ျဖစ္ေပမယ့္ ဂ်ဴဗင္တပ္အသင္းကတစ္ရာသီအၿပီးမွာ သူနဲ႔လက္တြဲျဖဳတ္ခဲ့ပါတယ္။ေရာ္နယ္ဒိုက ကစားသမားဘဝ ေနဝင္ခ်ိန္ကာလကို ေရာက္ရွိေနၿပီျဖစ္တာေၾကာင့္ ေမွ်ာ္မွန္းထားသေလာက္ မစြမ္္းေဆာင္ႏိုင္တဲ့ပီယာလို ၊ ဆိုးရွားတို႔လို နည္းျပေတြေအာက္မွာ ကစားဖို႔ မသင့္ေတာ့ပါဘူး။ေပၚတူဂီၾကယ္ပြင့္က ကမာၻ႔အေကာင္းဆုံးကစားသမားတစ္ဦးျဖစ္သလိုအေကာင္းဆုံး နည္းျပေတြ လက္ေအာက္မွာ ကစားခြင့္ရဖို႔ ထိုက္တန္ပါတယ္။ရန္းနစ္ခ္က ၿပီးခဲ့တဲ့ ဆယ္စုႏွစ္အတြင္း ေဟာ့ဖန္ဟိန္း ၊ လိုက္ဇစ္အသင္းေတြနဲ႔အတူ revolutionary နည္းျပတစ္ဦးျဖစ္ေၾကာင္းသက္ေသျပခဲ့ၿပီး ျဖစ္ပါတယ္။

 

ေရာ္နယ္ဒိုအေနနဲ႔ လြန္ခဲ့တဲ့ ႏွစ္အနည္းငယ္အတြင္းမွာ အေတြ႕အႀကံမရွိေသးတဲ့ ၊ သူ႔အေပၚ ၾသဇာလႊမ္းမိုးႏိုင္ျခင္း မရွိတဲ့နည္းျပေတြေအာက္မွာ အလုပ္လုပ္ခဲ့ရေပမယ့္ ရန္းနစ္ခ္ကေတာ့သူတို႔နဲ႔ ဆန္႔က်င္ဘက္ျဖစ္ပါလိမ့္မယ္။ ေရာ္နယ္ဒိုကလည္း စမ္းသပ္မႈႀကီးတစ္ခုရင္ဆိုင္ေနရၿပီး pressing ကိန္းဂဏန္းေတြက သူ႔ရဲ႕ အသက္အ႐ြယ္နဲ႔ဆက္စပ္မႈရွိတယ္လို႔ ဆိုႏိုင္ေပမယ့္လည္း အေကာင္းဆုံးျဖစ္ေအာင္ဘယ္လိုလုပ္ေဆာင္ရမယ္ဆိုတာ သူ႔ကို ျပသႏိုင္မယ့္ နည္းျပတစ္ဦးလိုအပ္ေနတာလည္း ျဖစ္ႏိုင္ပါတယ္။ ေရာ္နယ္ဒို မလုပ္ႏိုင္ဘူးလို႔ဘယ္ေတာ့မွ မယူဆလိုက္ပါနဲ႔ ။ သူလည္း ဒီဆူညံသံေတြကို ၾကားေနမွာျဖစ္ၿပီးေဝဖန္သူေတြကို မွားယြင္းေၾကာင္း သပ္ေသျပလာပါလိမ့္မယ္။
crd

unicode

ရန်းဂ်နစ်နဲ့ရော်နယ်ဒိုအလွန်လိုက်ဖက်ပါပေတယ်

ခရစ္စတီယာနို ရော်နယ်ဒို နှင့် မန်ချက်စတာယူနိုက်တက် ကြားဖြတ်နည်းပြရာဖ် ရန်းနစ်ခ် တို့ကြားမှာ ကွင်းတွင်းကစားပုံကအစ ၊ ဆက်ဆံရေးအဆုံးအဆင်ပြေနိုင်ခြင်း ရှိ၊မရှိအ‌ပေါ် ငြင်းခုန်မှုတွေကို မြင်တွေ့လာရပါတယ်။ရန်းနစ်ခ်ရဲ့ high pressing ကစားဟန်က ရော်နယ်ဒိုအတွက် စိုးရိမ်စရာဖြစ်နိုင်ပါတယ်။ ဘောလုံးဒေတာဝက်ဆိုဒ်ဖြစ်တဲ့ FBRef အရ ရော်နယ်ဒိုဟာပရီးမီးယားလိဂ် ( ၈.၅ ) ပွဲမှာ ဖိအားပေးမှု ( ၄၄ ) ကြိမ် ပြုလုပ်ခဲ့ပြီးအက်ဒီဆင် ကာဗာနီက ( ၂.၅ ) ပွဲမှာ အကြိမ် ( ၃၀ ) ပြုလုပ်ခဲ့ပါတယ်။ဂျေဒန် ဆန်ချိုက ( ၅.၅ ) ပွဲမှာ ပြိုင်ဘက်ကစားသမားတွေကို ဖိအားပေးမှုအကြိမ် ( ၉၀ ) ထိ ပြုလုပ်ထားတာတွေ့ရပါတယ်။

ဒါကြောင့် ရော်နယ်ဒိုအနေနဲ့ ရန်းနစ်လက်အောက်မှာ အောင်မြင်ချင်တယ်ဆိုရင် သူ့ရဲ့ ကစားပုံကို အနည်းငယ်ပြုပြင်ဖို့ လိုအပ်နေတယ်လို့ဆိုနိုင်ပေပေမယ့် တကယ်တော့ သူက ဒီအခွင့်အရေးကို စောင့်ဆိုင်းနေခဲ့တာကြာပါပြီ။မန်ချက်စတာ ယူနိုက်တက် ကြားဖြတ်နည်းပြ ရာဖ် ရန်းနစ် ဟာ( ၂၀၁၉ ) ခုနှစ်ကတည်းက ရော်နယ်ဒို လက်တွဲခဲ့ဖူးတဲ့ နည်းပြတွေထဲမှာအကောင်းဆုံး ဖြစ်ပါလိမ့်မယ်။ အိုလေ ဂန်းနား ဆိုးရှားနဲ့ မတိုင်မီရော်နယ်ဒိုဟာ ပီယာလိုရဲ့ ဂျူဗင်တပ်အသင်းမှာ ကစားခဲ့တာဖြစ်ပါတယ်။ပီယာလိုအတွက် ပထမဆုံး နည်းပြအတွေ့အကြုံဖြစ်သလို သူ့ရဲ့ ဂျူဗင်တပ်အသင်းဟာလည်း ပြီးခဲ့တဲ့ ( ၁၀ ) စုနှစ်အတွင်း အဆိုးရွားဆုံး အမှတ်ပေးဇယားရပ်တည်မှုကို ပိုင်ဆိုင်ခဲ့ပါတယ်။

ပီယာလို မတိုင်မီ ရော်နယ်ဒိုက ဆာရီရဲ့ လက်အောက်မှာ ကစားခဲ့တာပါ။ဆာရီက သူလေးစားရတဲ့ ပုဂ္ဂိုလ်ဖြစ်ပေမယ့် ဂျူဗင်တပ်အသင်းကတစ်ရာသီအပြီးမှာ သူနဲ့လက်တွဲဖြုတ်ခဲ့ပါတယ်။ရော်နယ်ဒိုက ကစားသမားဘဝ နေဝင်ချိန်ကာလကို ရောက်ရှိနေပြီဖြစ်တာကြောင့် မျှော်မှန်းထားသလောက် မစွမ်းဆောင်နိုင်တဲ့ပီယာလို ၊ ဆိုးရှားတို့လို နည်းပြတွေအောက်မှာ ကစားဖို့ မသင့်တော့ပါဘူး။ပေါ်တူဂီကြယ်ပွင့်က ကမ္ဘာ့အကောင်းဆုံးကစားသမားတစ်ဦးဖြစ်သလိုအကောင်းဆုံး နည်းပြတွေ လက်အောက်မှာ ကစားခွင့်ရဖို့ ထိုက်တန်ပါတယ်။ရန်းနစ်ခ်က ပြီးခဲ့တဲ့ ဆယ်စုနှစ်အတွင်း ဟော့ဖန်ဟိန်း ၊ လိုက်ဇစ်
အသင်းတွေနဲ့အတူ revolutionary နည်းပြတစ်ဦးဖြစ်ကြောင်းသက်သေပြခဲ့ပြီး ဖြစ်ပါတယ်။

ရော်နယ်ဒိုအနေနဲ့ လွန်ခဲ့တဲ့ နှစ်အနည်းငယ်အတွင်းမှာ အတွေ့အကြံမရှိသေးတဲ့ ၊ သူ့အပေါ် သြဇာလွှမ်းမိုးနိုင်ခြင်း မရှိတဲ့နည်းပြတွေအောက်မှာ အလုပ်လုပ်ခဲ့ရပေမယ့် ရန်းနစ်ခ်ကတော့သူတို့နဲ့ ဆန့်ကျင်ဘက်ဖြစ်ပါလိမ့်မယ်။ ရော်နယ်ဒိုကလည်း စမ်းသပ်မှုကြီးတစ်ခုရင်ဆိုင်နေရပြီး pressing ကိန်းဂဏန်းတွေက သူ့ရဲ့ အသက်အရွယ်နဲ့ဆက်စပ်မှုရှိတယ်လို့ ဆိုနိုင်ပေမယ့်လည်း အကောင်းဆုံးဖြစ်အောင်ဘယ်လိုလုပ်ဆောင်ရမယ်ဆိုတာ သူ့ကို ပြသနိုင်မယ့် နည်းပြတစ်ဦးလိုအပ်နေတာလည်း ဖြစ်နိုင်ပါတယ်။ ရော်နယ်ဒို မလုပ်နိုင်ဘူးလို့ဘယ်တော့မှ မယူဆလိုက်ပါနဲ့ ။ သူလည်း ဒီဆူညံသံတွေကို ကြားနေမှာဖြစ်ပြီးဝေဖန်သူတွေကို မှားယွင်းကြောင်း သပ်သေပြလာပါလိမ့်မယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *