Month: October 2022
News
ဝက်စ်ဟမ်းနှင့်နိုင်ပွဲအပြီး ဆရာဟောင်းဖြစ်သူမော်ရင်ဟိုကို သတိတရနဲ့ကျေးဇူးတင်စကားဆိုလာတဲ့ ဒီယေဂို ဒါလော့ဒ် မန်ချက်စတာယူနိုက်တက်အသင်းဟာ မနေ့ညက အိုးလ်ထရပ်ဖို့ဒ်ကွင်းထဲမှာ နည်းပြဟောင်း ဒေးဗစ် မိုယက်စ်ရဲ့ ဝက်စ်ဟမ်းယူနိုက်တက် အသင်းကို ဧည့်ခံ ကစားခဲ့ပြီး 1 – 0 ဆိုတဲ့ ရလဒ် နဲ့ အဖိုးတန် အနိုင် 3 မှတ်ကို ရှာဖွေသွားနိုင်ခဲ့ပါတယ် ။ ဒီပွဲမှာတော့
Read More
News
မှော်ဆန်တဲ့ဘယ်ခြေတစ်ပေါက်ကြောင့် အန်တိုနီကို ဘောလုံးဂန္တဝင်ကြီးနဲ့နှိုင်းယှဉ်ချီးကျူးလိုက်တဲ့ သရဲနီတပ်သားဟောင်း မန်ချက်စတာယူနိုက်တက်ရဲ့ တောင်ပံတိုက်စစ်သမား အန်တိုနီဟာ မှော်ဆန်တဲ့ ဘယ်ခြေတစ်ပေါက်ကြောင့် ဘောလုံး ဂန္တဝင်ကြီးတွေကို ကောင်းကောင်း ယှဉ်နိုင်ကြောင်း ယူနိုက်တက် ခံစစ်မှုးဟောင်း ဝက်စ် ဘရောင်းက ချီးကျူးလိုက်ပါတယ်။ အသက် ၂၂ နှစ် အရွယ် ကစားသမားဟာ ညာခြေနဲ့ ကစားပေမယ့် ဘောလုံးကို အတွင်း ချိုးယူတာ၊
Read More
News
စိုးရိမ်နေကြတဲ့ပရိသတ်တွေအတွက် clean sheet ရယူပေးခဲ့တဲ့ ကပ္ပတိန်မက်ဂွိုင်းယားရဲ့ခြေစွမ်းအပေါ်ချီးကျူးလိုက်တဲ့ တန်ဟဂ် ယူနိုက်တက်နည်းပြ အဲရစ်တန်ဟတ်ကတော့ ဝက်စ်ဟန်းအသင်းကို အနိုင်ရခဲ့ပြီးတဲ့နောက် အသင်းရဲ့ ကပ္ပတိန် လက်ပတ် ပိုင်ရှင် မက်ဂွိုင်းယားကို ချီးကျုးလိုက်ပါတယ်။ မက်ဂွိုင်းယား က ဘရန့်ဖို့ဒ်အသင်းကို ဂိုးပြတ်ရှုံးနိမ့်ပြီးနောက်ပိုင်း ဒီနေ့ပွဲမှာ ပြန်လည်စတင်ပွဲထွက်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။ မက်ဂွိုင်းယား သည် အရင်တုန်းကလို အမှားတွေမလုပ်တော့ပဲ ခြေစွမ်းပိုင်း
Read More
News
လက်ရှိရာသီပရီးမီးယားလိဂ်ရဲ့မြန်နှုန်းအမြင့်ဆုံး full back တစ်ဦးအဖြစ်မှတ်ကျောက်တင်ထားနိုင်ခဲ့တဲ့ သရဲနီ ဒါလော့ဒ် မန်ချက်စတာယူနိုက်တက်ခံစစ်ကစားသမားဖြစ်သူ ဒီယေဂို ဒါးလော့ဟာ ယခုလက်ရှိရာသီပရီးမီးယားလိဂ်ရဲ့ တိုးတက်မှုအရှိဆုံးကစားသမားတွေထဲကတစ်ဦးအပါအဝင်ဖြစ်နေပြီး၊ အလျှင်မြန်ဆုံးကစားသမားတွေထဲမှာလည်း ပါဝင်နေတယ်လို့ Opta သတင်းဌာနက ဖော်ပြခဲ့တဲ့အချက်အလက်တွေအရ သိရပါတယ်။ ဒါးလော့ရဲ့ အများဆုံးအမြန်နှုန်းဟာ တစ်နာရီကို ၃၅.၈ ကီလိုမီတာရှိပြီး၊ ၂၀၂၂-၂၃ ရာသီရဲ့ တတိယမြောက်အမြန်ဆုံးစံချိန်လည်း ဖြစ်ပါတယ်။ လီဗာပူးလ်တိုက်စစ်မှူး
Read More
News
ထရိန်နင်မှာအားလုံးရဲ့အထင်ကြီးလေးစားမှုကိုရယူထားနိုင်ခဲ့တဲ့ကစားသမားကိုထုတ်ဖော်ချီးကျူးလိုက်တဲ့ ခံစစ်မှူး လင်ဒီလော့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ဗဟိုခံစစ်မှူးဖြစ်သူ ဗစ်တာ လင်ဒီလော့ဖ် က လေ့ကျင့်ရေး ကွင်းထဲမှ အသင်းဖော် ကာဆီမီရိုရဲ့ စွမ်းဆောင်ရည် အပေါ် သူတို့တွေ အားလုံး အထင်ကြီးမိကြောင်း ထုတ်ဖော်ပြောကြားသွားခဲ့လိုက်ပါတယ် ။ မန်ချက်စတာယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့နွေတုန်းက ရီးယဲမက်ဒရစ် အသင်းမှ ကွင်းလယ်လူ ကာဆီမီရို ကို ပေါင်
Read More
News
ရက်ရှ်ဖို့ဒ်ကဒီလောက်နဲ့ကျေနပ်နေမယ့်ကစားသမားမျိုးမဟုတ်ဘူးလို့ဆိုလိုက်တဲ့ တန်ဟဂ် ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ အသင်းအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့တဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ဟာ ဒီထက်ပိုပြီး တိုးတက်လာတော့မယ့် ကစားသမားဖြစ်တယ်လို့ မန်ယူနည်းပြ အဲရစ်တန်ဟတ် က ချီးမွမ်းလိုက်ပါတယ်။ ဟမ်းမားတွေနဲ့ ယှဉ်ပြိုင်ခဲ့တဲ့ ပွဲစဉ်မှာ ရက်ရှ်ဖို့ဒ်ဟာ ယူနိုက်တက်အတွက် ပထမပိုင်းမှာတင် အဲရစ်ဆင်ရဲ့ ဖန်တီးပေးမှုကတစ် ဆင့် ခေါင်းတိုက်ဂိုးသွင်းယူပြီး
Read More
News
တုံးတိုက်တိုက်ကျားကိုက်ကိုက်ကစားဟန်နှင့်အတူ ပြိုင်ဘက်တိုက်စစ်မှူးတွေအတွက်သာမက ၁၉ သင်းဖန်တွေအတွက်ပါနတ်ဆိုးတစ်ပါးဖြစ်လာနေတဲ့ မာတီနက်ဇ် ဝက်စ်ဟမ်းကို အနိုင်ရခဲ့တဲ့ ပွဲစဉ်မှာ မန်ယူအတွက် ရင်ဘတ်ကြီးနဲ့ ရင်းပြီး ပေးဆပ်ကစားသွားခဲ့တဲ့ နောက်ခံလူ လီဆန်ဒရို မာတီနက်ဇ်ကတော့ သရဲနီ ပရိသတ်တိုင်းရဲ့ နှလုံးသားကို သိမ်းပိုက်သွားခဲ့ပါပြီ။ ပထမပိုင်းမှာ သွင်းယူခဲ့ တဲ့ တိုက်စစ်မှူးရက်ရှ်ဖို့ရဲ့ အနိုင်ဂိုးကြောင့် မန်ယူဟာ ၈ ပွဲဆက်တိုက် ရှုံးပွဲမရှိ
Read More
News
ဒဟေးယားလက်တော်မှာခိုနားခဲ့တဲ့ clean sheet နိုင်ပွဲနှင့်အတူ ပြိုင်ပွဲစုံ(၈)ပွဲဆက်ရှုံးပွဲမရှိဆိုတဲ့ မှတ်တမ်းကောင်းတစ်ခုကိုပိုင်ဆိုင်ခဲ့တဲ့ မန်ချက်စတာယူနိုက်တက် မန်ယူနိုက်တက် အတွက်တော့ ဒီတစ်ပတ်အိုးထရက်ဖို့မှာ ကစားခဲ့ရတဲ့ ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ် (၁၄)ဟာ တော်တော်လေး ခက်ခဲခဲ့တဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့တယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။ နောက်ခံလူ ဗာရန်းဒဏ်ရာကြောင့် ခံစစ်မှာ လွဲချော်ခဲ့ရသလို ညာတောင်ပံမှာလည်း အန်တိုနီက အသေးစား
Read More
News
ယူနိုက်တက်အသင်းရဲ့နံပါတ်တစ်ဦးစားပေးပစ်မှတ်ကပွဲတိုင်းကိုအနိုင်ကန်ဖို့ပဲလို့ ထုတ်ဖော်ပြောဆိုလိုက်တဲ့ တန်ဟဂ် ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ကတော့ သူတို့အသင်းရဲ့ နံပါတ်(၁) ရည်မှန်းချက်ဟာ ပွဲတိုင်းကို အနိုင်ကန်ဖို့ ဖြစ်ကြောင်း ယနေ့ည ၁၀နာရီ ၄၅မိနစ်မှာ ယှဉ်ပြိုင် ကစားရမယ့် ဝက်စ်ဟမ်းနဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို သတင်းစာ ရှင်းလင်းပွဲမှာ
Read More
News
နယ်သာလန်ဗျူဟာမှူးတန်ဟဂ်လက်ထက်မှာသိသိသာသာတိုးတက်ပြောင်းလဲလာတဲ့ ယူနိုက်တက်ရဲ့ စွမ်းဆောင်ရည်မှတ်တမ်း ပြီးခဲ့တဲ့ နွေအပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက် အသင်းထံ အဲရစ်တန်ဟက် တစ်ယောက် နည်းပြသစ် ရာထူးနဲ့ ရောက်ရှိလာခဲ့ပါတယ်။ မန်ချက်စတာ အနီရောင်တွေရဲ့ ထိုင်ခုံပူပေါ်ထိုင်ဖို့ဆိုတာ မလွယ်ကူပါဘူး။ အသင်းဟာ အဆင့် (၆)နဲ့ရာသီ သိမ်းထားတယ်။ သမိုင်းတလျှောက် ရမှတ်အနည်းဆုံး EPLရာသီကို ပိုင်ဆိုင်ခဲ့တယ်။ ကစားပုံ မကောင်းသလောက် တိုက်စစ်ပိုင်းမှာလည်း
Read More