Month: November 2021

နောင်တော်ကြီးရော်နယ်ဒိုရဲ့ကျိန်စာဆိုးကို သွင်းဂိုးနှင့်ချေဖျက်ပြလိုက်တဲ့ သရဲနီတပ်မှူးလေးဆန်ချို

နောင်တော်ကြီးရော်နယ်ဒိုရဲ့ကျိန်စာဆိုးကို သွင်းဂိုးနှင့်ချေဖျက်ပြလိုက်တဲ့ သရဲနီတပ်မှူးလေးဆန်ချို ပရီးမီးယားလိဂ်ပွဲစဉ်(၁၃) ပွဲကြီးပွဲကောင်းဖြစ်တဲ့ ချယ်လ်ဆီးနဲ့မန်ချက်စတာယူနိုက်တက်အသင်းတို့ရဲ့ပွဲက (၁-၁)ဂိုးစီသရေကျခဲ့ပြီးမန်ချက်စတာယူနိုက်တက်အသင်းဟာ အဝေးကွင်းမှာ သရေတစ်မှတ်ခွဲယူနိုင်ခဲ့သလို ပိုပြီးကျေနပ်စရာကောင်းတာကတောင်ပံတိုက်စစ်ကစားသမားဆန်ချို ပရီးမီးယားလိဂ်မှာ ပထမဆုံးဂိုးသွင်းနိုင်ခဲ့တာပါပဲ။ပြီးခဲ့တဲ့နွေရာသီတုန်းက ဒေါ့မွန်အသင်းကနေ ပေါင်(၇၃)သန်းနဲ့ပြောင်းရွှေ့ခဲ့ပြီး ယူနိုက်တက်အသင်းအတွက် သွင်းဂိုးမရှိ၊ဂိုးဖန်တီးမှုမရှိဆိုတဲ့မှတ်တမ်းဆိုးနဲ့ရင်ဆိုင်ခဲ့ရသူ ဆန်ချိုဟာ ပြီးခဲ့တဲ့ကြားရက်က ဗီလာရီးယဲလ်နဲ့ပွဲမှာယူနိုက်တက်ကစားသမားဘဝပထမဆုံးဂိုးသွင်းယူခဲ့သလိုအခု ချယ်လ်ဆီးနဲ့ပွဲမှာလည်း ပရီးမီးယားလိဂ်ပွဲဦးထွက်ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။   နည်းပြ ဆိုးလ်ရှား လက်ထက် တစ်ရာသီလုံး တစ်ဂိုးမှ မသွင်းခဲ့တဲ့
Read More

မန်ယူကိုအနိုင်ယူဖို့မလွယ်ကူကြောင်းလန်ဒန်မြေမှာ သက်သေပြနိုင်ခဲ့တဲ့ မိုက်ကယ်ကာရစ်ရဲ့ သရဲနီတပ်ဖွဲ့

မန်ယူကိုအနိုင်ယူဖို့မလွယ်ကူကြောင်းလန်ဒန်မြေမှာ သက်သေပြနိုင်ခဲ့တဲ့ မိုက်ကယ်ကာရစ်ရဲ့သရဲနီတပ်ဖွဲ့ အားလုံး စောင့်မျှော်နေကြတဲ့ ဇယားထိပ်မှာနေရာယူထားတဲ့ ချဲလ်ဆီးအသင်းနဲ့ ယူနိုက်တက်တို့ရဲ့ ပွဲဟာတော့ ၁ ဂိုးစီ သရေရလဒ်နဲ့သာ ကျေနပ်ခဲ့ရပါတယ်။ဒါပေမယ့် ဒီပွဲမှာ သရဲနီတွေအသက်ပြန်ဝင်လာတယ်လို့ ထင်ရလောက်အောင် ကောင်းခဲ့ပါတယ်။ယာယီနည်းပြမိုက်ကယ်ကာရစ်ဟာ တူချယ်ရဲ့ချဲလ်ဆီးကို ရင်ဆိုင်ဖို့ အစီအစဉ်ဆွဲထားတယ်လို့ ပြောခဲ့တဲ့အတိုင်း ကတိတည်ခဲ့ပါတယ်။ခံစစ်ကိုအသားပေးပြီး တန်ပြန်တိုက်စစ်နဲ့ ဂိုးရယူဖို့စီစဉ်ထားတဲ့အတိုင်း ဖြစ်လာခဲ့ပါတယ်။ကာရစ်ဟာ ရော်နယ်ဒိုနဲ့ ဗန်ဒီဘီခ်ကို ပထမပိုင်းမှာ
Read More

နည်းပြသစ်ရန်းဂ်နစ်လက်ထက် ပထမဆုံးခေါ်ယူမှုဖြစ်လာနိုင်တဲ့အဂ်လန်ကြယ်ပွင့်

နည်းပြသစ်ရန်းဂ်နစ်လက်ထက် ပထမဆုံးခေါ်ယူမှုဖြစ်လာနိုင်တဲ့အဂ်လန်ကြယ်ပွင့် မန်ယူနိုက်တဒ် အသင်းဟာ နည်းပြအပြောင်းလဲကို ပြုလုပ်နေတဲ့ တပြိုင်နက်ထဲမှာ မထင်မှတ်ထားတဲ့ အပြောင်းရွှေ့တစ်ခု ကို ပြုလုပ်ရန် စီစဉ်လာပြီး ဝက်စ်ဟမ်း အသင်းရဲ့ အဂ်လန်ကွင်းလယ်လူ ဒီကလန်ရိုက်စ် ကို ခေါ်ယူဖို့ ပြင်ဆင်နေပါတယ်။ ယူနိုက်တဒ် အနေနဲ့ ရိုက်စ် ကို ၂၀၁၉ နွေရာသီထဲက ခေါ်ယူလိုခဲ့တာဖြစ်ပြီး နည်းပြဟောင်းဆိုးလ်ရှား ရဲ့
Read More

သရဲနီ ဂန္တဝင်ခံစစ်မှူးကြီးဗီဒစ် ရင်ဆိုင်ရခက်လှပါတယ်ဆိုတဲ့ တိုက်စစ်မှူးလေးဦး

သရဲနီ ဂန္တဝင်ခံစစ်မှူးကြီးဗီဒစ် ရင်ဆိုင်ရခက်လှပါတယ်ဆိုတဲ့ တိုက်စစ်မှူးလေးဦး ယူနိုက်တက်အသင်းခေါင်းဆောင်ဟောင်း နီမန်ဗျာဗီဒစ်ဟာ သူ့ရဲ့ကစားသမားဘဝတစ် လျှောက် ရင်ဆိုင်ခဲ့ဖူးတဲ့ ပရီးမီးယားလိဂ်တိုက်စစ်မှူးတွေအနက် အကောင်းဆုံး ၄ဦးအထိ ရွေးထုတ်ခဲ့ရာ စိတ်ဝင်စားစရကောင်း တာက လီဗာပူးနဲ့ ချဲလ်ဆီးတိုက်စစ်မှူးဟောင်း ဖာနန်ဒိုတောရက်စ် ပါဝင်မလာတာကို တွေ့ရပါတယ်။စပိန်နိုင်ငံသား တောရက်စ်ဟာ လီဗာပူးနဲ့ ယူနိုက်တက်တို့ တွေ့ဆုံတဲ့ပွဲတွေမှာ ဗီဒစ်ကိုကြိမ် ဖန်များစွာ လှည့်စားကျော်ဖြတ်နိုင်ခဲ့ပေမယ့် ဗီဒစ်ကတော့
Read More

ဗန်ဒိဘိခ်ရဲ့အများနဲ့မတူတဲ့စွမ်းရည်အပေါ် ချီးကျူးသွားခဲ့တဲ့ မိုက်ကယ်ကာရစ်

ဗန်ဒိဘိခ်ရဲ့အများနဲ့မတူတဲ့စွမ်းရည်အပေါ် ချီးကျူးသွားခဲ့တဲ့ မိုက်ကယ်ကာရစ် အိုလေ ဂန်းနား ဆိုးရှားဟာ သူ့ရဲ့ မန်ချက်စတာ ယူနိုက်တက် နည်းပြသက်တမ်းတစ်လျှောက်မှာ ဒွန်နီ ဗန်ဒီဘိနဲ့ ပတ်သက်လို့ ဆုံးဖြတ်ချက်ချဖို့ခက်ခဲတဲ့အ‌ခြေအနေတွေ ရင်ဆိုင်ခဲ့ရပါတယ်။ဆိုးရှားကို ထုတ်ပယ်ပြီး ပထမဆုံး ပွဲစဉ်မှာပဲ ဗန်ဒီဘိက ဘရူနို ဖာနန်ဒက်စ်ကိုကျော်လွန်ပြီး ပွဲကစားခွင့်ရခဲ့ပါတယ်။ မိုက်ကယ် ကားရစ်က အင်္ဂါနေ့ညကပွဲစဉ်မှာ ကျစ်လျစ်မှုရှိတဲ့ ( ၄-၃-၃
Read More

ရော်နယ်ဒိုထံမှသွင်းဂိုးတွေပိုမိုမြင်တွေ့ရဖို့ လျှို့ဝှက်အကြံစည်တွေရှိနေတဲ့နည်းပြသစ်ရန်းဂ်နစ်

ရော်နယ်ဒိုထံမှသွင်းဂိုးတွေပိုမိုမြင်တွေ့ရဖို့ လျှို့ဝှက်အကြံစည်တွေရှိနေတဲ့နည်းပြသစ်ရန်းဂ်နစ် ယူနိုက်တက်အသင်း ရဲ့ယာယီနည်းပြ သစ်ဖြစ်လာသူ ရန်းနစ် ဟာ pressing သိပ် ကစားတာ ကြောင့်အသက်အရွယ်ကြီး မြင့် နေပြီ ဖြစ်တဲ့ ယူနိုက်တက် အသင်း ရဲ့တိုက်စစ်မှုး ဖြစ်သူ ရော်နယ်ဒို တစ်ယောက် အဆင်မှပြေပါ့မလားလို့ ပရိတ်သတ် အများစု ကတော့ စိုးရိမ်နေကြပါတယ်။ဒါပေမယ့် လက်ရှိအချိန်ထွက်ပေါ် လာတဲ့ သတင်း
Read More

နည်းပြသစ် ရန်းဂ်နစ်လက်အောက်မှာနေရာပျောက်ဖွယ်ရှိနေကြောင်း ထင်ကြေးပေးခံနေရတဲ့ သရဲနီကစားသမား

နည်းပြသစ် ရန်းဂ်နစ်လက်အောက်မှာနေရာပျောက်ဖွယ်ရှိနေကြောင်း ထင်ကြေးပေးခံနေရတဲ့ သရဲနီကစားသမား မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ယာယီမန်နေဂျာသစ်ဖြစ်လာခဲ့တဲ့ ရာ့ဖ် ရန်းနစ်အနေနဲ့ အရင်တုန်းက ယူနိုက်တက်နောက်ခံလူ လုခ်ရှောအပေါ် ဝေဖန်မှုတွေပြုလုပ်ခဲ့ဖူးတာကြောင့် သရဲနီတပ်သား အင်္ဂလန်သား နောက်ခံလူအတွက်တော့ ယာယီမန်နေဂျာသစ် အသင်းကို ရောက်လာတဲ့အပေါ် ပျော်ရွှင်မှုရှိချင်မှရှိနေမှာပါ။ရန်းနစ်အနေနဲ့ လက်ရှိဘောလုံးရာသီအကုန်အထိ ယူနိုက်တက်ရဲ့ ယာယီမန်နေဂျာအဖြစ် ခန့်အပ်ခံရခဲ့တာဖြစ်ပြီး ရာသီကုန်ရင် အသင်းရဲ့ အတိုင်ပင်ခံရာထူးနဲ့ ၂ နှစ်ဆက်နေဖို့အတွက်
Read More

ချဲလ်ဆီးအသင်းနှင့်ကစားမည့်ပွဲထွက်လူစာရင်းမှာပါဝင်လာတဲ့ဖာဂီလက်ထက်မှတိမ်မြုပ်နေတဲ့ရတနာတစ်ပါး

ချဲလ်ဆီးအသင်းနှင့်ကစားမည့်ပွဲထွက်လူစာရင်းမှာပါဝင်လာတဲ့ဖာဂီလက်ထက်မှတိမ်မြုပ်နေတဲ့ရတနာတစ်ပါး ဖီးလ် ဂျုံးစ်ဟာဒဏ်ရာကြောင့် ယခုရာသီအသင်းရဲ့ပွဲစဉ်တစ်ပွဲမှာမှ ပါဝင်ကစားပေးရခြင်းမရှိသေးသူပါ။တနင်္ဂနွေနေ့မှာ ချဲလ်ဆီးအသင်းနဲ့ ယှဉ်ပြိုင်ကစားရမယ့် ပရီးမီးယားလိဂ်ပွဲစဉ်အတွက် မန်ချက်စတာယူနိုက်တက်အသင်းက ပွဲလူစာရင်းထဲမှာ ဒဏ်ရာကြောင့် ကာလရှည်အနားယူနေခဲ့ရတဲ့ ဖီးလ် ဂျုံးစ်ကို ထည့်သွင်းခဲ့ပါတယ်။အသက် ၂၉ နှစ်အရွယ်နောက်ခံကစားသမားဟာ ဒဏ်ရာပြဿနာကြောင့် ယခုရာသီမှာ မန်ချက်စတာယူနိုက်တက်အသင်းအတွက် ပါဝင်ကစားပေးရခြင်းမရှိသေးသူဖြစ်ပြီး ပြီးခဲ့တဲ့ ဒီဇင်ဘာလက ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ ကရာဘောင်းဖလားပွဲစဉ်မှာ အရန်လူစာရင်းထဲ ပါဝင်ခဲ့ပေမယ့်
Read More

ဘလွန်းဒီအော်၅ဆုရှင်ရော်နယ်ဒိုရဲ့သရဲနီကစားသမားဘဝအစကဖြစ်ရပ်တစ်ခုကိုဖောက်သည်ချခဲ့တဲ့ရီယိုဖာဒီနန်

ဘလွန်းဒီအော်၅ဆုရှင်ရော်နယ်ဒိုရဲ့သရဲနီကစားသမားဘဝအစကဖြစ်ရပ်တစ်ခုကိုဖောက်သည်ချခဲ့တဲ့ရီယိုဖာဒီနန် ရော်နယ်လ်ဒိုနဲ့ရုဒ်ဗန်နစ္စတယ်ရွိုင်းတို့ရဲ့ မန်ယူ လေ့ကျင့်ရေးကွင်းကပြဿနာကို ရီယိုဖာဒီနန်ကဖွင့်ချခဲ့ပါတယ်။ ဆပ်ကပ်မြင်းလို ဖော်ရှိုးလုပ်ပြီးအလှပြနေတယ်ဆိုတဲ့စွပ်စွဲချက်ခံရအပြီးမှာ ပေါ်တူဂီစူပါစတားက သူ့ရဲ့စိတ်ဓါတ်ရေးရာကိုပြောင်းလဲခဲ့တာဖြစ်ကြောင်း ရီယိုဖာဒီနန်ကဖော်ထုတ်ခဲ့ပါတယ်။ ရော်နယ်လ်ဒိုရဲ့အံ့မခန်းတဲ့မြင့်တက်လာမှုမှာ နစ္စတယ်ရွိုင်းရဲ့စွပ်စွဲမှုကလည်း အကူအညီပေးခဲ့တယ်လို့ သူကမှတ်ချက်ပေးတာပါ။ထာဝရအကောင်းဆုံးဂရိတ်တဦးအဖြစ်ပေါ်ထွန်းလာတဲ့ အမျိုးသားတဦးဟာ အရင်တုန်းကတော့ မန်ချက်စတာယူနိုက်တက်မှာ သူ့အရင်စီနီယာကျပြီးသား၊ အခြေကျပြီးသား စတားကစားသမားများစွာနဲ့အတူ အလုပ်လုပ်ခဲ့ရတဲ့ မျက်စိသူငယ်နားသူငယ်နဲ့ဆယ်ကျော်သက်လေးတဦးဖြစ်ခဲ့ဖူးတာပါပဲ။ စပို့တင်းကနေ ဖာဂူဆန်တော်ကောက်ခဲ့တဲ့ကောင်လေးဟာ အဲဒီအချိန်တုန်းကတော့ မာယာများတဲ့တောင်ပံကစားသမားတဦးဖြစ်ခဲ့ပြီး သူ့ရဲ့အစွမ်းက အလိမ်အလှည့်အခေါက်တွေနဲ့
Read More

စတမ်းဖို့ဒ်ဘရစ်ခ်ျမှတ်တမ်ဆိုးကို ချိုးဖျက်ပီး စံချိန်သစ်တစ်ရပ်စိုက်ထူနိုင်ဖို့ အစွမ်းကုန်ကြိုးစားလာမယ့် GOAT ရော်နယ်ဒို

စတမ်းဖို့ဒ်ဘရစ်ခ်ျမှတ်တမ်ဆိုးကို ချိုးဖျက်ပီး စံချိန်သစ်တစ်ရပ်စိုက်ထူနိုင်ဖို့ အစွမ်းကုန်ကြိုးစားလာမယ့် GOAT ရော်နယ်ဒို မန်ယူအသင်းတိုက်စစ်မှူး စီရော်နယ်ဒိုဟာ တနင်္ဂနွေနေ့ ချဲလ်ဆီးနဲ့တွေ့မယ့်ပွဲမှာ ဂိုးသွင်းနိုင်တာနဲ့ ကလပ်နဲ့ နိုင်ငံအဆင့် သွင်းဂိုး ၈၀၀ပြည့်မှာဖြစ်ပါတယ်။ ဒီပွဲဟာမန်ယူအတွက်အဝေးကွင်းဖြစ်ပြီး နည်းပြအပြောင်းအလဲဖြစ်မှုနဲ့အတူ မန်ယူရဲ့အပြောင်းအလဲဘယ်လိုရှိမလဲဆိုတာ စိတ်ဝင်တစားစောင့်ကြည့်ရမယ့်နောက်ထပ်ပွဲကောင်းတစ်ခုပါဘဲ။ ချဲလ်ဆီးဟာ ပြည်တွင်းမှာရောဥရောပမှာပါ ခြေစွမ်းပြနေတာကြောင့် မန်ယူအတွက်ခက်ခဲမယ့်ပွဲဖြစ်ပြီးစီရော်နယ်ဒိုဟာလည်းပရီးမီးယားလိဂ်မှာ ချဲလ်ဆီးဘက်ကိုတစ်ကြိမ်မှ ဂိုးသွင်းယူနိုင်ခြင်းမရှိခဲ့လို့ သူ့အတွက်လည်း ခက်ခဲမယ့်ပွဲဖြစ်လာမှာပါ။  
Read More