Month: December 2020

စပို့တင်းလစ္စဘွန်းအသင်းက ၁၈နှစ်သား ပေါ်တူဂီလူငယ်ကြယ်ပွင့်ကို စာချုပ်ဖျက်သိမ်းကြေးနဲ့ ခေါ်ယူဖို့ ချိတ်ဆက်နေတဲ့ ယူနိုက်တက်

စပို့တင်းလစ္စဘွန်းအသင်းမှာ ခြေစွမ်းပြကစားနေတဲ့ ၁၈နှစ်သားပဲရှိသေးတဲ့ နူနိုမန်ဒက်စ်ဆိုတဲ့ အံ့ဘွယ်ချာတိတ်လေးရဲ့ သတင်းတွေက အခုရက်ပိုင်း ဥရောပမီဒီယာတွေရဲ့ စာမျက်နှာတွေထက်မှာ ကော်လံနေရာတော်တော်များများကို သိမ်းပိုက်ထားတဲ့ စတားတစ်ယောက်ဖြစ်နေပါတယ် အခုအချိန်မှာ ဘောလုံးလောကထဲက သတင်းအဟော့ဆုံးဖြစ်နေတဲ့ ၁၈နှစ်သားကိုပြပါဆိုရင် သူ့ကိုလက်ညှိုးဝိုင်းထိုးကြမှာ သေချာပါတယ် စီရော်နယ်လ်ဒိုနောက်ပိုင်း အသက်အငယ်ဆုံး ကစားသမားအနေနဲ့ ပေါ်တူဂီလိဂ်မှာ စပို့တင်းအတွက် ကစားခွင့်ရတဲ့သူပဲဖြစ်ပါတယ် အသက်၁၀နှစ်အရွယ်ကတည်းက စပို့တင်းအသင်းကိုရောက်ရှိနေခဲ့တဲ့ နူနိုမန်ဒက်စ်ဟာ ယခုနှစ်ဘောလုံးရာသီအစမှာ
Read More

ရင်ဆိုင်ရအခက်ဆုံးပြိုင်ဘက်ကို ဝန်ခံပြောကြားခဲ့တဲ့ ယူနိုက်တက်အသင်းနောက်ခံလူ တဲလက်စ်

ရင်ဆိုင်ရအခက်ဆုံးပြိုင်ဘက်ကို ဝန်ခံပြောကြားခဲ့တဲ့ ယူနိုက်တက်အသင်းနောက်ခံလူ တဲလက်စ် ယူနိုက်တက်အသင်းနဲ့ နောက်ဆုံးပြုလုပ်ခဲ့တဲ့ အင်တာဗျူးအစီအစဉ်မှာတော့ တဲလက်စ်က သူ့ဘဝရဲ့ လူသိနည်းတဲ့ အကြောင်းအရာတချို့ကို ပွင့်ပွင့်လင်းလင်း ပြောပြခဲ့ပါတယ် Caxias do Sul အရပ်ဒေသမှာ မွေးဖွားကြီးပြင်းခဲ့တဲ့ တဲလက်စ်ဟာ ဘောလုံးရေခံမြေခံကောင်းတဲ့ ဘရာဇီးသားတစ်ယောက်ပီပီ လူငယ်ကစားသမားဘဝမှာကတည်းက Juventude အသင်းမှာစတင်ကစားရင်း ဘောလုံးလောကထဲကို စတင်ဝင်ရောက်ခဲ့ပါတယ် ပြီးတော့ ဂရီမီယို
Read More

ယူနိုက်တက်နဲ့ အကြိုသဘောတူညီမှုရရှိထားပြီလို့ သတင်းတွေထွက်လာတဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် မက်စ်အာရွန်

ယူနိုက်တက်နဲ့ အကြိုသဘောတူညီမှုရရှိထားပြီလို့ သတင်းတွေထွက်လာတဲ့ အင်္ဂလန် လူငယ်ကြယ်ပွင့် မက်စ်အာရွန် ခရစ်စတယ်လ်ပဲလေ့စ်အသင်းကနေ ယူနိုက်တက်အသင်းကို ပြောင်းရွှေ့ရောက်ရှိလာခဲ့ပြီးချိန်မှာပဲ ညာနောက်ခံလူနေရာကို အပိုင်သိမ်းနိုင်ခဲ့တဲ့ ဝမ်ဘစ်ဆာကာဟာ အခုလက်ရှိအချိန်မှာတော့ အမှားတွေများလာတာနဲ့အတူ တိုက်စစ်လိုက်ပါပံ့ပိုးပေးတာ အားနည်းမှုတွေကြောင့် သူ့ရဲ့ ပွဲထွက်ကစားခွင့် နေရာတစ်နေရာအတွက် စိုးရိမ်ရတဲ့အနေအထားဖြစ်လာခဲ့ပါပြီ ပေါ်တူဂီနောက်ခံလူဒါးလော့ရော လူငယ်အသင်းက ဘရန်ဒန်ဝီလျံရောက ဝမ်ဘစ်ဆာကာရဲ့ ပြိုင်ဘက်ကောင်းတွေ အဆင့်မှာရှိမနေခဲ့ကြပါဘူး ဒါ့ကြောင့်ပဲယူနိုက်တက်အသင်းက ဝမ်ဘစ်ဆာကာကို
Read More

ဇန်နဝါရီ အပြောင်းအရွှေ့ကာလမှာ အင်တာမီလန်အသင်းကွင်းလယ်လူ အဲရစ်ဆင်ကို ခေါ်ယူမယ့် မန်ချက်စတာယူနိုက်တက်

အီတလီကလာတဲ့သတင်းတွေအရ အင်္ဂလန်အင်အားကြီးကလပ် မန်ချက်စတာယူနိုက်တက်အသင်းဟာ အီတလီစီးရီးအေကလပ် အင်တာမီလန်အသင်းက ဒိန်းမတ်ကွင်းလယ်လူ ခရစ်စတီယန်အဲရစ်ဆင်ကို လာမယ့်ဇန်နဝါရီ ဆောင်းရာသီ အပြောင်းအရွှေ့ကာလမှာ ခေါ်ယူဖို့အတွက် ပြင်သစ်ကလပ် ပီအက်စ်ဂျီ ပရီးမီးယားလိဂ်ပြိုင်ဘက် အာဆင်နယ်အသင်းတို့နဲ့ ယှဉ်ပြိုင်ရဖွယ်ရှိနေတယ်လို့ သိရပါတယ် ပီအက်စ်ဂျီအသင်းက သူတို့ရဲ့ကွင်းလယ်အင်အားကို နဂိုရှိရင်းစွဲထက် ပိုမိုတောင့်တင်းနေစေဖို့ အဲရစ်ဆင်လို ဥရောပဝါရင့် ကွင်းလယ်လူတစ်ယောက်ကို ခေါ်ယူချင်နေတာဖြစ်သလို အာဆင်နယ်အသင်းကလည်း ဆိုးရွားနေတဲ့ သူတို့အသင်းကို
Read More

ဥရောပယူရိုပါလိဂ်ရဲ့ ၃၂သင်းရှုံးထွက်အဆင့်မှာ စပိန်ကလပ် ရီးရဲလ်ဆိုစီဒက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မယ့် ယူနိုက်တက်အသင်း

ဥရောပယူရိုပါလိဂ်ရဲ့ ၃၂သင်းရှုံးထွက်အဆင့်မှာ စပိန်ကလပ် ရီးရဲလ်ဆိုစီဒက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မယ့် ယူနိုက်တက်အသင်း ဒီနေ့ညမှာ မဲခွဲဆုံးဖြတ်ခဲ့တဲ့ ရလဒ်တွေအရ ယခုနှစ်ဘောလုံးရာသီ ဥရောပယူရိုပါလိဂ်ရဲ့ ၃၂သင်းရှုံးထွက်အဆင့်မှာ ယူနိုက်တက်အသင်းက စပိန်ကလပ် ရီးရဲလ်ဆိုစီဒက်စ်အသင်းနဲ့ ယှဉ်ပြိုင်ကစားရတော့မှာပဲဖြစ်ပါတယ် ချန်ပီယံလိဂ်အုပ်စုအဆင့်မှာ တတိယနေရာပဲရရှိခဲ့တာကြောင့် ယူနိုက်တက်အသင်းက အခုလိုတစ်ဆင့်နိမ့်တဲ့ ယူရိုပါလိဂ်ပြိုင်ပွဲမှာ ကစားရတော့မှာပဲဖြစ်ပါတယ် သတ်မှတ်ချက်စည်းမျဉ်းတွေကြောင့်သာ တစ်ဆင့်နိမ့်တယ်လို့ သတ်မှတ်ထားကြပေမယ့် ယူရိုပါလိဂ်မှာ ယှဉ်ပြိုင်နေကြတဲ့ အသင်းတွေကလည်း
Read More

လိုအပ်နေတဲ့ နောက်တန်းနေရာအတွက် ရီးရဲလ်က ဗာရန်းကို အသင်းကထွက်ချင်နေတဲ့ ပေါ့ဘာနဲ့ အလဲအထပ်လုပ်မယ့် ယူနိုက်တက်

လိုအပ်နေတဲ့ နောက်တန်းနေရာအတွက် ရီးရဲလ်က ဗာရန်းကို အသင်းကထွက်ချင်နေတဲ့ ပေါ့ဘာနဲ့ အလဲအထပ်လုပ်မယ့် ယူနိုက်တက် အေးဂျင့်ရိုင်အိုလာရဲ့စကားကို ပေါ့ဘာကဖြေရှင်းချက်ပြန်ပေးခဲ့ပေမယ့် ကစားသမားနဲ့ ယူနိုက်တက်အသင်းတို့ရဲ့ ညောင်အိုပင်လမ်းခွဲချိန်ကတော့ တဖြည်းဖြည်းနီးကပ်လာနေပြီလို့ ခံစားနေကြရပါတယ် အက်ဝုဒ်ဝက်စ်နဲ့ ယူနိုက်တက်ဘုတ်အဖွဲ့ဝင်တွေက ပေါ့ဘာရဲ့အနာဂတ်ကို သေချာဖြေရှင်းနိုင်ဖို့ ခေါင်းချင်းဆိုင်နေကြပါပြီ ကြေးကြီးပေးဝယ်ထားရတဲ့ ကစားသမားတစ်ယောက်ကို ၂ပဲတစ်ပြားနဲ့တော့ ယူနိုက်တက်အသင်းဘက်က လက်လွတ်ဆုံးရှုံးခံဖို့မရှိပါဘူး ခက်တာက ကိုဗစ်ကပ်ဘေးကာလကြီးမှာ ငွေကြေးများများစားစားသုံးနိုင်တဲ့
Read More

ပေါ့ဘာနေရာအတွက် ဘရိုက်တန်အသင်းက မာလီကွင်းလယ်လူ Yves Bissouma အစားထိုးခေါ်ယူမယ့် ယူနိုက်တက်

အေးဂျင့်ရိုင်အိုလာရဲ့ စကားတစ်ခွန်းကြောင့် ပေါ့ဘာနဲ့ယူနိုက်တက်အသင်းတို့ရဲ့ အနာဂတ်ဇာတ်လမ်းတွေက ရေပေါ်မှာအရုပ်ရေးသလို ဖြစ်လာခဲ့ပါပြီ ကစားသမားရဲ့ အေးဂျင့်ကနောက်ကွယ်ကနေ ကြိုးဆွဲနေတယ်ပဲဆိုဆို ပေါ့ဘာကိုယ်တိုင်က အသင်းမှာမပျော်ရွှင်တော့တာ တကယ်ပဲဖြစ်ဖြစ် ယူနိုက်တက်အသင်းဘုတ်အဖွဲ့အနေနဲ့ကတော့ အသင်းအတွက် အကောင်းဆုံးဖြစ်စေမယ့် နည်းလမ်းတွေကို အခုအချိန်မှာ ကြိုတင်စဉ်းစား အဖြေရှာနေကြလောက်ပါပြီ ငွေတွေအများကြီး အကုန်အကျခံပြီး ခေါ်ယူခဲ့ရတဲ့ ကစားသမားတစ်ယောက်အတွက် တန်​ရာတန်ကြေးတစ်ခုပြန်ရဖို့တော့ ယူနိုက်တက်အသင်းဘက် ကြိုးစားလာမှာသေချာပါတယ် ဒါ့ကြောင့်ပေါ့ဘာကို တတ်နိုင်သလောက်
Read More