႐ိုနယ္ဒို ဟာ ေဘာလုံးအားကစားနည္းကို တိုးတက္ေျပာင္းလဲလာေစတယ္လို႔ ဆိုလိုက္တဲ့ဖာရန္ေတာရက္စ္

႐ိုနယ္ဒို ဟာ ေဘာလုံးအားကစားနည္းကို တိုးတက္ေျပာင္းလဲလာေစတယ္လို႔ ဆိုလိုက္တဲ့ဖာရန္ေတာရက္စ္

ပရီးမီးယားလိဂ္ အင္အားႀကီးအသင္း တသင္း ျဖစ္တဲ့ မန္ခ်က္စတာ စီးတီးအသင္းရဲ႕ လူငယ္ၾကယ္ပြင့္ ကစားသမား ျဖစ္သူ ဖာရန္း ေတာရက္စ္ ကေတာ့ သူ႔ရဲ႕ စံျပပုဂၢိဳလ္ဟာ ၿမိဳ႕ခံၿပိဳင္ဘက္ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းရဲ႕ အဓိက တိုက္စစ္မႉး ခရစၥတီယာႏို ႐ိုနယ္ဒို ျဖစ္ေၾကာင္း ေနာက္ဆုံး ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ဖြင့္ဟ ဝန္ခံသြားခဲ့ပါတယ္။
အသက္ ၂၁ႏွစ္ အ႐ြယ္ စပိန္လက္ေ႐ြးစင္ ေတာင္ပံတိုက္စစ္ ကစားသမား ျဖစ္သူ ဖာရန္း ေတာရက္စ္ဟာ ၂၀၂၀ခုႏွစ္ ဧၿပီလကမွ စပိန္လာလီဂါ နာမည္ႀကီးကလပ္ ဗလင္စီယာအသင္း ကေန မန္ခ်က္စတာ စီးတီး အသင္းထံ ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၂၃သန္းနဲ႔ ေျပာင္းေ႐ႊ႕လာသူ ျဖစ္ၿပီး အသင္းအတြက္ အနာဂတ္မွာ အားကိုးရမယ့္ ကစားသမား အျဖစ္ သတ္မွတ္ခံထားရသူပါ။

 

ဖာရန္း ေတာရက္စ္ဟာ ဗလင္စီယာအသင္းမွာ ေတာင္ပံကစားသမား အျဖစ္သာ ကစားခြင့္ ရခဲ့ေပမယ့္ မန္ခ်က္စတာ စီးတီးအသင္းထံ ေရာက္လာၿပီးခ်ိန္မွာေတာ့ ေတာင္ပံတိုက္စစ္ ကစားသမား အျဖစ္ ေျပာင္းလဲ ကစားခဲ့ရသလို တခါတရံ ကြင္းလယ္တိုက္စစ္နဲ႔ တခ်ိဳ႕အခ်ိန္ေတြမွာ ဆိုရင္ အသင္းရဲ႕ တိုက္စစ္မႉး အျဖစ္ပါ ကစားခဲ့ရပါတယ္။ဒါေၾကာင့္ပဲ ေတာရက္စ္ဟာ စပိန္လက္ေ႐ြးစင္ အသင္းမွာပါ တိုက္စစ္မႉး အျဖစ္ ရံဖန္ရံခါ ကစားခဲ့ရၿပီး ေတာရက္စ္ဟာ မန္ခ်က္စတာ စီးတီးအသင္း အတြက္ ၿပိဳင္ပြဲစုံမွာ ၄၃ပြဲ ပါဝင္ ကစားခြင့္ ရထားရာ သြင္းဂိုး ၁၆ဂိုး အထိ သြင္းယူထားႏိုင္ကာ ဂိုးဖန္တီးမႈ ၄ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါတယ္။

မန္စီးတီးအသင္းရဲ႕ စပိန္လူငယ္တိုက္စစ္ကစားသမားဖာရန္ေတာရက္စ္ကၿပိဳင္ဘက္မန္ခ်က္စတာယူႏိုက္တက္ နာမည္ေက်ာ္ကစားသမားစီေရာ္နယ္လ္ဒိုဟာေဘာလုံးေလာကကို အႀကီးအက်ယ္ေျပာင္းလဲပစ္ႏိုင္ခဲ့တယ္လို႔ ခ်ီးက်ဴးစကားဆိုလိုက္ပါတယ္။ စီေရာ္နယ္လ္ဒိုဟာ ေဘာလုံးသမားဘဝတစ္ေလွ်ာက္မွာႀကီးက်ယ္ခမ္းနားတဲ့ေအာင္ျမင္မႈေတြရယူခဲ့ၿပီး လူငယ္ေဘာလုံးသမားတိုင္းအတြက္စံျပဳေလးစားရမယ့္သူျဖစ္ေအာင္ ကိုယ့္ကိုယ္ကိုယ္တည္ေဆာက္ႏိုင္ခဲ့ပါတယ္။ၿပီးခဲ့တဲ့ေႏြရာသီတုန္းက အသင္းေဟာင္း ယူႏိုက္တက္ဆီျပန္လည္ေရာက္ရွိခဲ့ၿပီးဒီရာသီမွာ ယူႏိုက္တက္အသင္းရလဒ္ဆိုးေတြေၾကာင့္ ႐ုန္းကန္ေနရေပမယ့္လည္းစီေရာ္နယ္လ္ဒိုကေတာ့ စြမ္းေဆာင္ရည္ေကာင္းေတြ ဆက္လက္ျပသေနဆဲပါပဲ။ၿပိဳင္ပြဲစုံ(၁၂)ပြဲမွာ (၉)ဂိုးသြင္း၊ ဂိုးဖန္တီးမႈ(၁)ႀကိမ္ျပဳလုပ္ခဲ့တဲ့ စီေရာ္နယ္လ္ဒိုဟာအခုအခ်ိန္အထိ ေအာင္ျမင္မႈေတြကို ဆာေလာင္ေနဆဲျဖစ္ၿပီး ဖာရန္ေတာရက္စ္က“စီေရာ္နယ္လ္ဒိုဟာ ကြၽန္ေတာ္ေလးစားအတုယူရမယ့္ ကစားသမားတစ္ဦးပါပဲ။

 

လက္ရွိအခ်ိန္မွာ ေျခေထာက္ဒဏ္ရာေၾကာင့္ အနားယူေနရတဲ့ ဖာရန္း ေတာရက္စ္က ၿပီးခဲ့တဲ့ ရက္ပိုင္းမွာ စပိန္အေျခစိုက္ သတင္းဌာန တခုနဲ႔ အင္တာဗ်ဴး ျပဳလုပ္ခဲ့ရာ သူ႔ရဲ႕ စံျပပုဂၢိဳလ္က ႐ိုနယ္ဒို ျဖစ္ေၾကာင္း ေျပာျပသြားခဲ့ၿပီး ႐ိုနယ္ဒိုေၾကာင့္ပဲ ေဘာလုံးေလာကဟာ တိုးတက္ ေျပာင္းလဲလာတယ္လို႔ ယူဆေၾကာင္းလည္း ဆိုသြားပါတယ္။ေတာရက္စ္က – “ခရစၥတီယာႏို ႐ိုနယ္ဒိုက ကြၽန္ေတာ့္ရဲ႕ စံျပပုဂၢိဳလ္ပါ။ ၿပီးေတာ့ သူ႔ေၾကာင့္ပဲ ေဘာလုံးေလာကဟာ အမ်ားႀကီး ေျပာင္းလဲသြားတယ္လို႔ ထင္ပါတယ္။ သူ႔ေၾကာင့္ပဲ ေဘာလုံးေလာကမွာ အာဟာရက ဘယ္ေလာက္ အေရးႀကီးလဲ ၊ ၿပီးေတာ့ ကိုယ့္ကိုယ္ကိုယ္ ဘာလို႔ ဂ႐ုစိုက္သင့္လဲ ၊ ကိုယ့္ရဲ႕ ခႏၶာကိုယ္ကို အၿမဲတမ္း ဂ႐ုတစိုက္ ထိန္းသိမ္းသင့္တယ္ ဆိုတဲ့ အခ်က္ေတြကို လူေတြက ဂ႐ုျပဳမိလာတာပါ” လို႔ ထုတ္ေဖာ္ ေျပာၾကားသြားခဲ့ပါတယ္။
crd

unicode

ရိုနယ်ဒို ဟာ ဘောလုံးအားကစားနည်းကို တိုးတက်ပြောင်းလဲလာစေတယ်လို့ ဆိုလိုက်တဲ့ဖာရန်တောရက်စ်

ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးအသင်းရဲ့ လူငယ်ကြယ်ပွင့် ကစားသမား ဖြစ်သူ ဖာရန်း တောရက်စ် ကတော့ သူ့ရဲ့ စံပြပုဂ္ဂိုလ်ဟာ မြို့ခံပြိုင်ဘက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒို ဖြစ်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။
အသက် ၂၁နှစ် အရွယ် စပိန်လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမား ဖြစ်သူ ဖာရန်း တောရက်စ်ဟာ ၂၀၂၀ခုနှစ် ဧပြီလကမှ စပိန်လာလီဂါ နာမည်ကြီးကလပ် ဗလင်စီယာအသင်း ကနေ မန်ချက်စတာ စီးတီး အသင်းထံ ပြောင်းရွှေ့ကြေး ယူရို ၂၃သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး အသင်းအတွက် အနာဂတ်မှာ အားကိုးရမယ့် ကစားသမား အဖြစ် သတ်မှတ်ခံထားရသူပါ။

ဖာရန်း တောရက်စ်ဟာ ဗလင်စီယာအသင်းမှာ တောင်ပံကစားသမား အဖြစ်သာ ကစားခွင့် ရခဲ့ပေမယ့် မန်ချက်စတာ စီးတီးအသင်းထံ ရောက်လာပြီးချိန်မှာတော့ တောင်ပံတိုက်စစ် ကစားသမား အဖြစ် ပြောင်းလဲ ကစားခဲ့ရသလို တခါတရံ ကွင်းလယ်တိုက်စစ်နဲ့ တချို့အချိန်တွေမှာ ဆိုရင် အသင်းရဲ့ တိုက်စစ်မှူး အဖြစ်ပါ ကစားခဲ့ရပါတယ်။ဒါကြောင့်ပဲ တောရက်စ်ဟာ စပိန်လက်ရွေးစင် အသင်းမှာပါ တိုက်စစ်မှူး အဖြစ် ရံဖန်ရံခါ ကစားခဲ့ရပြီး တောရက်စ်ဟာ မန်ချက်စတာ စီးတီးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၄၃ပွဲ ပါဝင် ကစားခွင့် ရထားရာ သွင်းဂိုး ၁၆ဂိုး အထိ သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

မန်စီးတီးအသင်းရဲ့ စပိန်လူငယ်တိုက်စစ်ကစားသမားဖာရန်တောရက်စ်ကပြိုင်ဘက်မန်ချက်စတာယူနိုက်တက် နာမည်ကျော်ကစားသမားစီရော်နယ်လ်ဒိုဟာဘောလုံးလောကကို အကြီးအကျယ်ပြောင်းလဲပစ်နိုင်ခဲ့တယ်လို့ ချီးကျူးစကားဆိုလိုက်ပါတယ်။ စီရော်နယ်လ်ဒိုဟာ ဘောလုံးသမားဘဝတစ်လျှောက်မှာကြီးကျယ်ခမ်းနားတဲ့အောင်မြင်မှုတွေရယူခဲ့ပြီး လူငယ်ဘောလုံးသမားတိုင်းအတွက်စံပြုလေးစားရမယ့်သူဖြစ်အောင် ကိုယ့်ကိုယ်ကိုယ်တည်ဆောက်နိုင်ခဲ့ပါတယ်။ပြီးခဲ့တဲ့နွေရာသီတုန်းက အသင်းဟောင်း ယူနိုက်တက်ဆီပြန်လည်ရောက်ရှိခဲ့ပြီးဒီရာသီမှာ ယူနိုက်တက်အသင်းရလဒ်ဆိုးတွေကြောင့် ရုန်းကန်နေရပေမယ့်လည်းစီရော်နယ်လ်ဒိုကတော့ စွမ်းဆောင်ရည်ကောင်းတွေ ဆက်လက်ပြသနေဆဲပါပဲ။ပြိုင်ပွဲစုံ(၁၂)ပွဲမှာ (၉)ဂိုးသွင်း၊ ဂိုးဖန်တီးမှု(၁)ကြိမ်ပြုလုပ်ခဲ့တဲ့ စီရော်နယ်လ်ဒိုဟာအခုအချိန်အထိ အောင်မြင်မှုတွေကို ဆာလောင်နေဆဲဖြစ်ပြီး ဖာရန်တောရက်စ်က“စီရော်နယ်လ်ဒိုဟာ ကျွန်တော်လေးစားအတုယူရမယ့် ကစားသမားတစ်ဦးပါပဲ။

လက်ရှိအချိန်မှာ ခြေထောက်ဒဏ်ရာကြောင့် အနားယူနေရတဲ့ ဖာရန်း တောရက်စ်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာ စပိန်အခြေစိုက် သတင်းဌာန တခုနဲ့ အင်တာဗျူး ပြုလုပ်ခဲ့ရာ သူ့ရဲ့ စံပြပုဂ္ဂိုလ်က ရိုနယ်ဒို ဖြစ်ကြောင်း ပြောပြသွားခဲ့ပြီး ရိုနယ်ဒိုကြောင့်ပဲ ဘောလုံးလောကဟာ တိုးတက် ပြောင်းလဲလာတယ်လို့ ယူဆကြောင်းလည်း ဆိုသွားပါတယ်။တောရက်စ်က – “ခရစ္စတီယာနို ရိုနယ်ဒိုက ကျွန်တော့်ရဲ့ စံပြပုဂ္ဂိုလ်ပါ။ ပြီးတော့ သူ့ကြောင့်ပဲ ဘောလုံးလောကဟာ အများကြီး ပြောင်းလဲသွားတယ်လို့ ထင်ပါတယ်။ သူ့ကြောင့်ပဲ ဘောလုံးလောကမှာ အာဟာရက ဘယ်လောက် အရေးကြီးလဲ ၊ ပြီးတော့ ကိုယ့်ကိုယ်ကိုယ် ဘာလို့ ဂရုစိုက်သင့်လဲ ၊ ကိုယ့်ရဲ့ ခန္ဓာကိုယ်ကို အမြဲတမ်း ဂရုတစိုက် ထိန်းသိမ်းသင့်တယ် ဆိုတဲ့ အချက်တွေကို လူတွေက ဂရုပြုမိလာတာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။
crd

 

 

 

 

 

 

 

 

 

 

Add a Comment

Your email address will not be published. Required fields are marked *