crd
unicode
နှလုံးစက်တပ်ဆင်ထားသူတစ်ယောက် ယူနိုက်တက်မှာမယုံနိုင်လောက်အောင်ထွန်းလောက်လာလို့ အံ့အားသင့်မိကြောင်းပြောပြလိုက်တဲ့ ရီယိုဖာဒီနန်
မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီရို ဖာဒီနန်က ကွင်းလယ်ကစားသမားဖြစ်သူ ခရစ္စတန်ဆန် အဲရစ်ဆန်အနေနဲ့ ဒီရာသီမှာ မန်ယူအသင်းအတွက် ကောင်းလွန်းနေတာနဲ့ပတ်သက်ပြီး မယုံကြည်နိုင်ဖြစ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ အဲရစ်ဆန်ဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ ရေတိုစာချုပ်ကုန်ဆုံးပြီးနောက် နွေ ရာသီတုန်းက မန်ယူအသင်းကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
အသက် ၃၀ ရှိပြီဖြစ်တဲ့ အဲရစ်ဆန်ဟာ ဒီရာသီမှာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၁၂ ပွဲအထိ ပွဲထွက် ကစားပေးခွင့်ရထားခဲ့သလို၊ ယူရိုပါလိဂ်မှာလည်း ၆ ပွဲမှာ ၅ ပွဲ ပွဲထွက်ခွင့်ရထားခဲ့ပါတယ်။ အဲရစ်ဆန်ဟာ ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံးကစားရတဲ့ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာတစ်ဂိုးသွင်းယူပြီး၊ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်သွားခဲ့ပါတယ်။
ယခုလက်ရှိမှာဆိုရင် အဲရစ်ဆန်ဟာ မန်ယူအသင်းအတွက် ဂိုးဖန်တီးမှု ခြောက်ကြိမ် ပြုလုပ်ထားပြီး အသင်းရဲ့ ဂိုးဖန်တီးမှုအများဆုံးလည်း ဖြစ်နေပါတယ်။ ထို့အတွက်ကြောင့် ဖာဒီနန် က အဲရစ်ဆန်ကို ချီးကျုးလာခဲ့ပြီး၊ သူ့အနေနဲ့ အဲရစ်ဆန်က အခုလိုကြီးမားတဲ့ သက်ရောက်မှုမျိုးကိုလုပ် နိုင်လိမ့်မယ်လို့ မယုံကြည်ခဲ့ကြောင်းနဲ့ အဲရစ်ဆန်ကို အသင်းနဲ့ကိုက်ညီတဲ့ ကစားသမားပိုဖြစ်လာဖို့ မျှော်လင့်ကြောင်း ဆိုခဲ့ပါတယ်။
“ သူ့ရဲ့ ပေးပို့တဲ့ပုံစံတွေက မယုံနိုင်စရာပါပဲ။ သူဟာ ဒီအသင်းမှာ ပုံမှန်ပွဲထွက် ကစားခွင့်ရလောက်အောင် ကောင်းလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မထားခဲ့ပါဘူး။ သူနဲ့ ပတ်သက်တဲ့ သ
မိုင်းကြောင်းတွေနဲ့ အချက်အလက်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင်၊ ဒိလိုဖြစ်လိမ့်မယ်လို့ကို ကျွန်တော် မထင်ခဲ့တာပါ။ အဲရစ်ဆန်ကို အသုံးပြုနေတဲ့နည်းလမ်း၊ ဒီအသင်းမှာ သူ့ရဲ့ အချိန်တွေကို ရယူနေတဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့ အခု ရရှိထားတဲ့ စိတ်ချအယုံကြည်ရဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာတဲ့အတွက် ကျွန်တော် လုံးဝ ကျေနပ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
crd
နှလုံးစက်တပ်ဆင်ထားသူတစ်ယောက် ယူနိုက်တက်မှာမယုံနိုင်လောက်အောင်ထွန်းလောက်လာလို့ အံ့အားသင့်မိကြောင်းပြောပြလိုက်တဲ့ ရီယိုဖာဒီနန်
မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရီရို ဖာဒီနန်က ကွင်းလယ်ကစားသမားဖြစ်သူ ခရစ္စတန်ဆန် အဲရစ်ဆန်အနေနဲ့ ဒီရာသီမှာ မန်ယူအသင်းအတွက် ကောင်းလွန်းနေတာနဲ့ပတ်သက်ပြီး မယုံကြည်နိုင်ဖြစ်နေတယ်လို့ ပြောဆိုလိုက်ပါတယ်။ အဲရစ်ဆန်ဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ ရေတိုစာချုပ်ကုန်ဆုံးပြီးနောက် နွေ ရာသီတုန်းက မန်ယူအသင်းကိုအလွတ်ပြောင်းရွှေ့ကြေးနဲ့ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပါတယ်။
အသက် ၃၀ ရှိပြီဖြစ်တဲ့ အဲရစ်ဆန်ဟာ ဒီရာသီမှာ မန်ယူအသင်းအတွက် ပရီးမီးယားလိဂ် ၁၄ ပွဲမှာ ၁၂ ပွဲအထိ ပွဲထွက် ကစားပေးခွင့်ရထားခဲ့သလို၊ ယူရိုပါလိဂ်မှာလည်း ၆ ပွဲမှာ ၅ ပွဲ ပွဲထွက်ခွင့်ရထားခဲ့ပါတယ်။ အဲရစ်ဆန်ဟာ ကမ္ဘာ့ဖလားမတိုင်ခင် နောက်ဆုံးကစားရတဲ့ ဖူလ်ဟမ်အသင်းနဲ့ပွဲမှာတစ်ဂိုးသွင်းယူပြီး၊ ဂိုးဖန်တီးမှုတစ်ကြိမ် ပြုလုပ်သွားခဲ့ပါတယ်။
ယခုလက်ရှိမှာဆိုရင် အဲရစ်ဆန်ဟာ မန်ယူအသင်းအတွက် ဂိုးဖန်တီးမှု ခြောက်ကြိမ် ပြုလုပ်ထားပြီး အသင်းရဲ့ ဂိုးဖန်တီးမှုအများဆုံးလည်း ဖြစ်နေပါတယ်။ ထို့အတွက်ကြောင့် ဖာဒီနန် က အဲရစ်ဆန်ကို ချီးကျုးလာခဲ့ပြီး၊ သူ့အနေနဲ့ အဲရစ်ဆန်က အခုလိုကြီးမားတဲ့ သက်ရောက်မှုမျိုးကိုလုပ် နိုင်လိမ့်မယ်လို့ မယုံကြည်ခဲ့ကြောင်းနဲ့ အဲရစ်ဆန်ကို အသင်းနဲ့ကိုက်ညီတဲ့ ကစားသမားပိုဖြစ်လာဖို့ မျှော်လင့်ကြောင်း ဆိုခဲ့ပါတယ်။
“ သူ့ရဲ့ ပေးပို့တဲ့ပုံစံတွေက မယုံနိုင်စရာပါပဲ။ သူဟာ ဒီအသင်းမှာ ပုံမှန်ပွဲထွက် ကစားခွင့်ရလောက်အောင် ကောင်းလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်မထားခဲ့ပါဘူး။ သူနဲ့ ပတ်သက်တဲ့ သမိုင်းကြောင်းတွေနဲ့ အချက်အလက်တွေကို ပြန်ကြည့်လိုက်မယ်ဆိုရင်၊ ဒိလိုဖြစ်လိမ့်မယ်လို့ကို ကျွန်တော် မထင်ခဲ့တာပါ။ အဲရစ်ဆန်ကို အသုံးပြုနေတဲ့နည်းလမ်း၊ ဒီအသင်းမှာ သူ့ရဲ့ အချိန်တွေကို ရယူနေတဲ့ နည်းလမ်းနဲ့ ကျွန်တော်တို့ အခု ရရှိထားတဲ့ စိတ်ချအယုံကြည်ရဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်လာတဲ့အတွက် ကျွန်တော် လုံးဝ ကျေနပ်ပါတယ် ” လို့ ပြောဆိုခဲ့ပါတယ်။
crd