ၿပိဳင္ဘက္အသင္းေတြကိုေက်ာ္ျဖတ္ၿပီး အိုးထရက္ဖို႔ဒ္ကို ဘယ္လင္ဟမ္ ေရာက္မယ္လို႔ယုံၾကည္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္

ၿပိဳင္ဘက္အသင္းေတြကိုေက်ာ္ျဖတ္ၿပီး အိုးထရက္ဖို႔ဒ္ကို ဘယ္လင္ဟမ္ ေရာက္မယ္လို႔ယုံၾကည္ေနတဲ့ မန္ခ်က္စတာယူႏိုက္တက္

ပရီးမီးယားလိဂ္ရဲ႕ နာမည္ႀကီးအသင္း တသင္း ျဖစ္တဲ့ မန္ခ်က္စတာ ယူႏိုက္တက္က သူတို႔ရဲ႕ ခါးသီးၿပိဳင္ဘက္ေတြ ျဖစ္ၾကတဲ့ မန္ခ်က္စတာ စီးတီးနဲ႔ လီဗာပူးတို႔ကို ေက်ာ္ျဖတ္ကာ အဂၤလန္လူငယ္ၾကယ္ပြင့္ ဘယ္လင္ဟမ္ကို ေခၚယူႏိုင္မယ္လို႔ ယုံၾကည္ေနေၾကာင္း နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ ESPN သတင္းဌာနက အခိုင္အမာ ေဖာ္ျပလာခဲ့ပါတယ္။

 

အသက္ ၁၉ႏွစ္ အ႐ြယ္ ေဒါ့မြန္ၾကယ္ပြင့္ ကြင္းလယ္လူ ဘယ္လင္ဟမ္က လက္ရွိ ကမာၻ႔အေကာင္းဆုံး လူငယ္ ကစားသမားေတြထဲက တဦး အျဖစ္ သတ္မွတ္ခံထားရသူ ျဖစ္ၿပီး သူက လာမယ့္ ေႏြေဈးကြက္မွာ ေဒါ့မြန္ကေန အျခားအသင္း တသင္းဆီ ေျပာင္းေ႐ႊ႕ဖို႔ ဆုံးျဖတ္ထားသူပါ။ ဒါေၾကာင့္ပဲ ပရီးမီးယားလိဂ္ရဲ႕ အင္အားႀကီးအသင္းေတြ ျဖစ္ၾကတဲ့ မန္ခ်က္စတာ စီးတီး ၊ မန္ခ်က္စတာ ယူႏိုက္တက္နဲ႔ လီဗာပူး ၊ စပိန္အင္အားႀကီးကလပ္ ရီးရဲလ္မက္ဒရစ္ ၊ ျပင္သစ္အင္အားႀကီးကလပ္ ပီအက္စ္ဂ်ီ စတဲ့ ဥေရာပရဲ႕ နာမည္ႀကီးအသင္းေတြ အားလုံးက ဘယ္လင္ဟမ္ကို ေခၚယူဖို႔ အၿပိဳင္အဆိုင္ စိတ္ဝင္စားေနၾကတာပဲ ျဖစ္ပါတယ္။

လက္တေလာမွာ ထြက္ေပၚေနတဲ့ သတင္းေတြ အရ ရီးရဲလ္မက္ဒရစ္က ဘယ္လင္ဟမ္ကို ေခၚယူဖို႔ အေျခအေန အေကာင္းဆုံး ျဖစ္ေနေပမယ့္ မန္ခ်က္စတာၿမိဳ႕ခံ ႏွစ္သင္း ျဖစ္တဲ့ မန္ခ်က္စတာ စီးတီးနဲ႔ မန္ခ်က္စတာ ယူႏိုက္တက္တို႔က ဘယ္လင္ဟမ္ကို ေခၚယူဖို႔ အခုခ်ိန္အထိ လက္ေလွ်ာ့ျခင္း မရွိေသးပါဘူး။

 

နာမည္ႀကီး သတင္းဌာန တခု ျဖစ္တဲ့ ESPN သတင္းဌာနရဲ႕ ေဖာ္ျပခ်က္အရ မၾကာခင္မွာ အသင္းပိုင္ရွင္ အေျပာင္းအလဲ ျဖစ္ဖို႔ မ်ားေနတဲ့ မန္ခ်က္စတာ ယူႏိုက္တက္က လိဂ္ၿပိဳင္ဘက္ေတြ ျဖစ္တဲ့ မန္ခ်က္စတာ စီးတီးနဲ႔ လီဗာပူးတို႔ကို ေက်ာ္ျဖတ္ကာ ဘယ္လင္ဟမ္ကို ေခၚယူႏိုင္မယ္လို႔ အျပည့္အဝ ယုံၾကည္ေနေၾကာင္း သိရပါတယ္။ ေဒါ့မြန္ကေတာ့ သူတို႔အသင္းရဲ႕ အဓိက ကြင္းလယ္လူ ဘယ္လင္ဟမ္ အတြက္ စုစုေပါင္း ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၃၀သန္း ဝန္းက်င္ လိုခ်င္ေနၿပီး ရီးရဲလ္မက္ဒရစ္က ဘယ္လင္ဟမ္ကို ကနဦး ေျပာင္းေ႐ႊ႕ေၾကး ယူ႐ို ၁၀၀သန္း + အပိုဆုေၾကး ယူ႐ို ၃၀သန္းနဲ႔ ကမ္းလွမ္းဖို႔ ျပင္ဆင္ေနပါတယ္။
crd

unicode

ပြိုင်ဘက်အသင်းတွေကိုကျော်ဖြတ်ပြီး အိုးထရက်ဖို့ဒ်ကို ဘယ်လင်ဟမ် ရောက်မယ်လို့ယုံကြည်နေတဲ့ မန်ချက်စတာယူနိုက်တက်

ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ခါးသီးပြိုင်ဘက်တွေ ဖြစ်ကြတဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ကို ကျော်ဖြတ်ကာ အင်္ဂလန်လူငယ်ကြယ်ပွင့် ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၁၉နှစ် အရွယ် ဒေါ့မွန်ကြယ်ပွင့် ကွင်းလယ်လူ ဘယ်လင်ဟမ်က လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် ကစားသမားတွေထဲက တဦး အဖြစ် သတ်မှတ်ခံထားရသူ ဖြစ်ပြီး သူက လာမယ့် နွေဈေးကွက်မှာ ဒေါ့မွန်ကနေ အခြားအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ ဆုံးဖြတ်ထားသူပါ။ ဒါကြောင့်ပဲ ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ မန်ချက်စတာ စီးတီး ၊ မန်ချက်စတာ ယူနိုက်တက်နဲ့ လီဗာပူး ၊ စပိန်အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ် ၊ ပြင်သစ်အင်အားကြီးကလပ် ပီအက်စ်ဂျီ စတဲ့ ဥရောပရဲ့ နာမည်ကြီးအသင်းတွေ အားလုံးက ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အပြိုင်အဆိုင် စိတ်ဝင်စားနေကြတာပဲ ဖြစ်ပါတယ်။

လက်တလောမှာ ထွက်ပေါ်နေတဲ့ သတင်းတွေ အရ ရီးရဲလ်မက်ဒရစ်က ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အခြေအနေ အကောင်းဆုံး ဖြစ်နေပေမယ့် မန်ချက်စတာမြို့ခံ နှစ်သင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က ဘယ်လင်ဟမ်ကို ခေါ်ယူဖို့ အခုချိန်အထိ လက်လျှော့ခြင်း မရှိသေးပါဘူး။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ ESPN သတင်းဌာနရဲ့ ဖော်ပြချက်အရ မကြာခင်မှာ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ဖို့ များနေတဲ့ မန်ချက်စတာ ယူနိုက်တက်က လိဂ်ပြိုင်ဘက်တွေ ဖြစ်တဲ့ မန်ချက်စတာ စီးတီးနဲ့ လီဗာပူးတို့ကို ကျော်ဖြတ်ကာ ဘယ်လင်ဟမ်ကို ခေါ်ယူနိုင်မယ်လို့ အပြည့်အဝ ယုံကြည်နေကြောင်း သိရပါတယ်။ ဒေါ့မွန်ကတော့ သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ ဘယ်လင်ဟမ် အတွက် စုစုပေါင်း ပြောင်းရွှေ့ကြေး ယူရို ၁၃၀သန်း ဝန်းကျင် လိုချင်နေပြီး ရီးရဲလ်မက်ဒရစ်က ဘယ်လင်ဟမ်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း + အပိုဆုကြေး ယူရို ၃၀သန်းနဲ့ ကမ်းလှမ်းဖို့ ပြင်ဆင်နေပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *