၁၉သင္းဖန္ေတြအတြက္ အိပ္မက္ဆိုးျဖစ္ေနတဲ့ ယူႏိုက္တက္ရဲ႕ အဓိကတိုက္စစ္မႉးကို အတုယူဖို႔ လီဗာပူးကစားသမားေတြကို ဆုံး‌မလိုက္တဲ့ က‌ေလာ့္

ရပ္တန႔္မရတဲ့ တိုက္စစ္မႉးျဖစ္ေနတဲ့ ေဒါက္တာရက္ရွ္ဖို႔ဒ္ကို အတုယူၿပီး ႀကိဳးစားၾကဖို႔ လီဗာပူးကစားသမားေတြကို ဆုံးမခဲ့တဲ့ ကေလာ့ပ္
၁၉သင္းဖန္ေတြအတြက္ အိပ္မက္ဆိုးျဖစ္ေနတဲ့ ယူႏိုက္တက္ရဲ႕ အဓိကတိုက္စစ္မႉးကို အတုယူဖို႔ လီဗာပူးကစားသမားေတြကို ဆုံး‌မလိုက္တဲ့ က‌ေလာ့္

ရက္ဖို႔ဒ္ကို အတုယူကာ ႀကိဳးစားဖို႔ လီဗာပူးကစားသမားေတြကို ဆုံးမခဲ့တဲ့ ကေလာ့ပ္
ယခုႏွစ္ ေဘာလုံးရာသီမွာ ရလဒ္ေကာင္းေတြ ရရွိဖို႔ ႐ုန္းကန္ေနရတဲ့ လီဗာပူးရဲ႕ နည္းျပခ်ဳပ္ ျဖစ္သူ ယာဂင္ ကေလာ့ပ္က သူ႔ရဲ႕ ကစားသမားေတြဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ပုံမွန္ ေျခစြမ္းျပဖို႔ ႐ုန္းကန္ခဲ့ရေပမယ့္ စိတ္ထားမွန္မွန္နဲ႔ ႀကိဳးစားခဲ့လို႔ ဒီရာသီမွာ မန္ခ်က္စတာ ယူႏိုက္တက္ရဲ႕ အဓိက တိုက္စစ္မႉး အျဖစ္ ေျခစြမ္းေကာင္းေတြ ျပသထားႏိုင္တဲ့ မားကပ္ ရက္ဖို႔ဒ္ကို အတုယူကာ ႀကိဳးစား ကစားသင့္ေၾကာင္း ေနာက္ဆုံး ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ ေျပာၾကားသြားခဲ့ပါတယ္။

ကေလာ့ပ္ ဦးေဆာင္ေနတဲ့ လီဗာပူးက ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ဖလား ၄လုံး ေအာင္ျမင္မႈ ရဖို႔ ၂ပြဲသာ အႏိုင္ရဖို႔ လိုအပ္ခဲ့တဲ့ အထိ ေျခစြမ္းထက္ခဲ့ေပမယ့္ ယခုႏွစ္ ေဘာလုံးရာသီမွာေတာ့ အက္ဖ္ေအဖလားနဲ႔ ကာရာေဘာင္းဖလားတို႔ရဲ႕ ခ်န္ပီယံဘြဲ႕ေတြကို ကာကြယ္ႏိုင္ခဲ့ျခင္း မရွိသလို ပရီးမီးယားလိဂ္ၿပိဳင္ပြဲမွာလည္း အဆင့္၄ အတြင္း ဝင္ေရာက္ခြင့္ ရဖို႔ ႐ုန္းကန္ေနရပါတယ္။

လီဗာပူးက ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၁ အၿပီးမွာ အမွတ္ေပးဇယားရဲ႕ အဆင့္ ၁၀ေနရာ အထိ ေရာက္ရွိေနသလို အဓိက ကစားသမားေတြ ျဖစ္တဲ့ ဆာလာ ၊ ႏူနက္စ္ ၊ ဗန္ဒိုက္ ၊ အာႏိုးလ္ ၊ ဟန္ဒါဆန္ ၊ ဖာဘင္ဟိုတို႔ကလည္း ပုံမွန္ ေျခစြမ္းေအာက္ ေရာက္ေနၾကၿပီး အယ္လီဆန္ ၊ ေရာ္ဘတ္ဆန္နဲ႔ မာတစ္တို႔ေလာက္သာ နဂိုေျခစြမ္းကို ထိန္းသိမ္းထားႏိုင္ပါတယ္။

ဒါေၾကာင့္ပဲ ကေလာ့ပ္က ဝုလ္ဗ္နဲ႔ ပြဲစဥ္မတိုင္မီ ျပဳလုပ္ခဲ့တဲ့ ပြဲႀကိဳ အင္တာဗ်ဴးမွာ သူ႔ရဲ႕ ကစားသမားေတြဟာ ခက္ခဲတဲ့ အခ်ိန္ေတြကို ႀကဳံေတြ႕ခဲ့ရေပမယ့္ ဇြဲလုံ႔လ ရွိရွိ ႀကိဳးစားခဲ့တာေၾကာင့္ ယခုအခ်ိန္မွာ ေျခစြမ္းေကာင္းေတြ ျပန္ရေနတဲ့ မားကပ္ ရက္ဖို႔ဒ္ကို အတုယူသင့္ကာ ႀကိဳးစားသင့္ေၾကာင္း အႀကံေပး တိုက္တြန္းသြားခဲ့တာပါ။

ကေလာ့ပ္က – “ေျခစြမ္းက်ဆင္းတယ္ ဆိုတာဟာ ေဘာလုံးေလာကမွာ ျဖစ္ေလ့ျဖစ္ထ ရွိတဲ့ အရာတခုပါ။ ကြၽန္ေတာ္တို႔ရဲ႕ ကစားသမား တခ်ိဳ႕က သူတို႔ရဲ႕ အရင္ ေျခစြမ္းေတြကို ျပန္မရေသးတာ ေသခ်ာပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ရဲ႕ ကစားသမားေတြက ဒီအေျခအေနေတြကို ေက်ာ္ျဖတ္ႏိုင္ရပါမယ္။ မားကပ္ ရက္ဖို႔ဒ္က သူတို႔အတြက္ အေကာင္းဆုံး ဥပမာ တခုပါပဲ။

ရက္ဖို႔ဒ္ရဲ႕ ၿပီးခဲ့တဲ့ရာသီေျခစြမ္းနဲ႔ ဒီရာသီေျခစြမ္းက အေတာ္ေလး ကြာျခားပါတယ္။ ရက္ဖို႔ဒ္က သူ႔ရဲ႕ ေျခစြမ္းေကာင္းေတြ ဘယ္လို ျပန္ရလာလဲ ဆိုတာကို ေသခ်ာေလး ရွင္းျပႏိုင္မယ္လို႔ မထင္ေပမယ့္ ေဘာလုံးေလာကမွာ ဒီလိုမ်ိဳး အခိုက္အတန႔္ေတြက ျဖစ္တတ္ပါတယ္။ ခင္ဗ်ားက အနိမ့္က်ဆုံးနဲ႔ အျမင့္ဆုံး အခ်ိန္ေတြကို ေကာင္းေကာင္းႀကီး ျဖတ္ေက်ာ္ႏိုင္ရပါမယ္။ အဲ့ဒီလို အခ်ိန္ေတြမွာ တိုက္ပြဲဝင္စိတ္ အျပည့္နဲ႔ ႀကိဳးစားသြားဖို႔ လိုပါတယ္” ဆိုၿပီး သူ႔ရဲ႕ ကစားသမားေတြကို ဆုံးမသြားခဲ့တာပါ။
crd

Unicode
ရပ်တန့်မရတဲ့ တိုက်စစ်မှူးဖြစ်နေတဲ့ ဒေါက်တာရက်ရှ်ဖို့ဒ်ကို အတုယူပြီး ကြိုးစားကြဖို့ လီဗာပူးကစားသမားတွေကို ဆုံးမခဲ့တဲ့ ကလော့ပ်
၁၉သင်းဖန်တွေအတွက် အိပ်မက်ဆိုးဖြစ်နေတဲ့ ယူနိုက်တက်ရဲ့ အဓိကတိုက်စစ်မှူးကို အတုယူဖို့ လီဗာပူးကစားသမားတွေကို ဆုံး‌မလိုက်တဲ့ က‌လော့်

ရက်ဖို့ဒ်ကို အတုယူကာ ကြိုးစားဖို့ လီဗာပူးကစားသမားတွေကို ဆုံးမခဲ့တဲ့ ကလော့ပ်
ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ကောင်းတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ လီဗာပူးရဲ့ နည်းပြချုပ် ဖြစ်သူ ယာဂင် ကလော့ပ်က သူ့ရဲ့ ကစားသမားတွေဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပုံမှန် ခြေစွမ်းပြဖို့ ရုန်းကန်ခဲ့ရပေမယ့် စိတ်ထားမှန်မှန်နဲ့ ကြိုးစားခဲ့လို့ ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်တဲ့ မားကပ် ရက်ဖို့ဒ်ကို အတုယူကာ ကြိုးစား ကစားသင့်ကြောင်း နောက်ဆုံး ပြုလုပ်တဲ့ အင်တာဗျူးမှာ ပြောကြားသွားခဲ့ပါတယ်။

ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဖလား ၄လုံး အောင်မြင်မှု ရဖို့ ၂ပွဲသာ အနိုင်ရဖို့ လိုအပ်ခဲ့တဲ့ အထိ ခြေစွမ်းထက်ခဲ့ပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ အက်ဖ်အေဖလားနဲ့ ကာရာဘောင်းဖလားတို့ရဲ့ ချန်ပီယံဘွဲ့တွေကို ကာကွယ်နိုင်ခဲ့ခြင်း မရှိသလို ပရီးမီးယားလိဂ်ပြိုင်ပွဲမှာလည်း အဆင့်၄ အတွင်း ဝင်ရောက်ခွင့် ရဖို့ ရုန်းကန်နေရပါတယ်။

လီဗာပူးက ပရီးမီးယားလိဂ် ပွဲစဉ် ၂၁ အပြီးမှာ အမှတ်ပေးဇယားရဲ့ အဆင့် ၁၀နေရာ အထိ ရောက်ရှိနေသလို အဓိက ကစားသမားတွေ ဖြစ်တဲ့ ဆာလာ ၊ နူနက်စ် ၊ ဗန်ဒိုက် ၊ အာနိုးလ် ၊ ဟန်ဒါဆန် ၊ ဖာဘင်ဟိုတို့ကလည်း ပုံမှန် ခြေစွမ်းအောက် ရောက်နေကြပြီး အယ်လီဆန် ၊ ရော်ဘတ်ဆန်နဲ့ မာတစ်တို့လောက်သာ နဂိုခြေစွမ်းကို ထိန်းသိမ်းထားနိုင်ပါတယ်။

ဒါကြောင့်ပဲ ကလော့ပ်က ဝုလ်ဗ်နဲ့ ပွဲစဉ်မတိုင်မီ ပြုလုပ်ခဲ့တဲ့ ပွဲကြို အင်တာဗျူးမှာ သူ့ရဲ့ ကစားသမားတွေဟာ ခက်ခဲတဲ့ အချိန်တွေကို ကြုံတွေ့ခဲ့ရပေမယ့် ဇွဲလုံ့လ ရှိရှိ ကြိုးစားခဲ့တာကြောင့် ယခုအချိန်မှာ ခြေစွမ်းကောင်းတွေ ပြန်ရနေတဲ့ မားကပ် ရက်ဖို့ဒ်ကို အတုယူသင့်ကာ ကြိုးစားသင့်ကြောင်း အကြံပေး တိုက်တွန်းသွားခဲ့တာပါ။

ကလော့ပ်က – “ခြေစွမ်းကျဆင်းတယ် ဆိုတာဟာ ဘောလုံးလောကမှာ ဖြစ်လေ့ဖြစ်ထ ရှိတဲ့ အရာတခုပါ။ ကျွန်တော်တို့ရဲ့ ကစားသမား တချို့က သူတို့ရဲ့ အရင် ခြေစွမ်းတွေကို ပြန်မရသေးတာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ရဲ့ ကစားသမားတွေက ဒီအခြေအနေတွေကို ကျော်ဖြတ်နိုင်ရပါမယ်။ မားကပ် ရက်ဖို့ဒ်က သူတို့အတွက် အကောင်းဆုံး ဥပမာ တခုပါပဲ။

ရက်ဖို့ဒ်ရဲ့ ပြီးခဲ့တဲ့ရာသီခြေစွမ်းနဲ့ ဒီရာသီခြေစွမ်းက အတော်လေး ကွာခြားပါတယ်။ ရက်ဖို့ဒ်က သူ့ရဲ့ ခြေစွမ်းကောင်းတွေ ဘယ်လို ပြန်ရလာလဲ ဆိုတာကို သေချာလေး ရှင်းပြနိုင်မယ်လို့ မထင်ပေမယ့် ဘောလုံးလောကမှာ ဒီလိုမျိုး အခိုက်အတန့်တွေက ဖြစ်တတ်ပါတယ်။ ခင်ဗျားက အနိမ့်ကျဆုံးနဲ့ အမြင့်ဆုံး အချိန်တွေကို ကောင်းကောင်းကြီး ဖြတ်ကျော်နိုင်ရပါမယ်။ အဲ့ဒီလို အချိန်တွေမှာ တိုက်ပွဲဝင်စိတ် အပြည့်နဲ့ ကြိုးစားသွားဖို့ လိုပါတယ်” ဆိုပြီး သူ့ရဲ့ ကစားသမားတွေကို ဆုံးမသွားခဲ့တာပါ။
crd

Add a Comment

Your email address will not be published. Required fields are marked *