ျမန္မာေနရွင္နယ္လိဂ္က ကလပ္အသင္းေတြနဲ႔ေတာင္ ရင္ဆိုင္ယွဥ္ၿပိဳင္ရႏိုင္တဲ့ အယ္လ္နာဆာအသင္းေရာက္ ခရစၥတီယာႏို ေရာ္နယ္ဒို

ျမန္မာေနရွင္နယ္လိဂ္က ကလပ္အသင္းေတြနဲ႔ေတာင္ ရင္ဆိုင္ယွဥ္ၿပိဳင္ရႏိုင္တဲ့ အယ္လ္နာဆာအသင္းေရာက္ ခရစၥတီယာႏို ေရာ္နယ္ဒို
ျမန္မာကစားသမားေတြနဲ႔ ထိပ္တိုက္ရင္ဆိုင္လာရႏိုင္တဲ့ အယ္လ္နာဆာအသင္းေရာက္ ေဘာလုံးဘုရင္ႀကီး ေရာ္နယ္ဒို

ခရစၥတီယာႏို ေရာ္နယ္ဒိုဟာ မေန႔တုန္းကပဲ ေဆာ္ဒီ အာေရဗ်ကလပ္ အယ္လ္နာဆာအသင္းထံ တရားဝင္ေျပာင္းေ႐ြ႕သြားခဲ့ပါတယ္။
ေရာ္နယ္ဒိုအေနနဲ႔ တစ္ႏွစ္လုပ္ခ ယူ႐ိုသန္း ( ၂၀၀ ) ဝန္းက်င္ျဖင့္ ( ၂ ) ႏွစ္ ခြဲ ကစားေပးမွာျဖစ္ပါတယ္။

အယ္လ္နာဆာအသင္းနဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးမွာ မန္ခ်က္စတာ ယူႏိုက္တက္ တိုက္စစ္မႉးေဟာင္းက သူ႔ရဲ႕ အေတြ႕အႀကဳံေတြကို အာရွေဘာလုံးေလာကမွာ မွ်ေဝသြားဖို႔ အသင့္ရွိေနေၾကာင္း ေျပာဆိုခဲ့ပါတယ္။

ေရာ္နယ္ဒိုရဲ႕ ေဆာ္ဒီလိဂ္ကို ေျပာင္းေ႐ြ႕လာမႈနဲ႔အတူ ျမန္မာလိဂ္မွ ကစားသမားေတြေတာင္ ေရာ္နယ္ဒိုနဲ႔ ကစားႏိုင္မယ့္ အခြင့္အေရး ရွိလာႏိုင္ပါတယ္။

ဘလြန္းဒီေအာ ( ၅ ) ႀကိမ္ ဆုရွင္ဟာ ယူအီးအက္ဖ္ေအ ခ်န္ပီယံလိဂ္မွာ ကစားလို႔မရေတာ့ေပမယ့္ အာရွရဲ႕ အျမင့္မားဆုံး ၿပိဳင္ပြဲျဖစ္တဲ့ အာရွခ်န္ပီယံလိဂ္မွာ‌ေတာ့ ကစားခြင့္ရႏိုင္ပါေသးတယ္။

အယ္လ္နာဆာအသင္းဟာ ဒီရာသီ ခ်န္ပီယံလိဂ္မွာ ဝင္ခြင့္မရခဲ့ေပမယ့္ ေရာ္နယ္ဒိုအေနနဲ႔ လာမယ့္ရာသီ ဝင္ခြင့္ရေအာင္ ကူညီေပးႏိုင္ပါတယ္။
လက္ရွိမွာလည္း ( ၁၀ ) ပြဲကစားၿပီးခ်ိန္ ခ်န္ပီယံလိဂ္ ဝင္ခြင့္ရမယ့္ အဆင့္ ( ၂ ) ေနရာတြင္ ရပ္တည္ေနပါတယ္။

ဒါေၾကာင့္ ျမန္မာေနရွင္နယ္လိဂ္မွာ ကလပ္အသင္းတစ္ခုသာ အာရွခ်န္ပီယံလိဂ္ အုပ္စုအဆင့္ထိ ေျခစစ္ပြဲေအာင္ျမင္သြားပါက ေရာ္နယ္ဒိုရဲ႕ အယ္လ္နာဆာအသင္းနဲ႔ေတာင္ ထိပ္တိုက္ရင္ဆိုင္လာရႏိုင္ပါတယ္။
crd

Unicode
မြန်မာနေရှင်နယ်လိဂ်က ကလပ်အသင်းတွေနဲ့တောင် ရင်ဆိုင်ယှဥ်ပြိုင်ရနိုင်တဲ့ အယ်လ်နာဆာအသင်းရောက် ခရစ္စတီယာနို ရော်နယ်ဒို
မြန်မာကစားသမားတွေနဲ့ ထိပ်တိုက်ရင်ဆိုင်လာရနိုင်တဲ့ အယ်လ်နာဆာအသင်းရောက် ဘောလုံးဘုရင်ကြီး ရော်နယ်ဒို

ခရစ္စတီယာနို ရော်နယ်ဒိုဟာ မနေ့တုန်းကပဲ ဆော်ဒီ အာရေဗျကလပ် အယ်လ်နာဆာအသင်းထံ တရားဝင်ပြောင်းရွေ့သွားခဲ့ပါတယ်။
ရော်နယ်ဒိုအနေနဲ့ တစ်နှစ်လုပ်ခ ယူရိုသန်း ( ၂၀၀ ) ဝန်းကျင်ဖြင့် ( ၂ ) နှစ် ခွဲ ကစားပေးမှာဖြစ်ပါတယ်။

အယ်လ်နာဆာအသင်းနဲ့ ပြုလုပ်တဲ့ အင်တာဗျူးမှာ မန်ချက်စတာ ယူနိုက်တက် တိုက်စစ်မှူးဟောင်းက သူ့ရဲ့ အတွေ့အကြုံတွေကို အာရှဘောလုံးလောကမှာ မျှဝေသွားဖို့ အသင့်ရှိနေကြောင်း ပြောဆိုခဲ့ပါတယ်။

ရော်နယ်ဒိုရဲ့ ဆော်ဒီလိဂ်ကို ပြောင်းရွေ့လာမှုနဲ့အတူ မြန်မာလိဂ်မှ ကစားသမားတွေတောင် ရော်နယ်ဒိုနဲ့ ကစားနိုင်မယ့် အခွင့်အရေး ရှိလာနိုင်ပါတယ်။

ဘလွန်းဒီအော ( ၅ ) ကြိမ် ဆုရှင်ဟာ ယူအီးအက်ဖ်အေ ချန်ပီယံလိဂ်မှာ ကစားလို့မရတော့ပေမယ့် အာရှရဲ့ အမြင့်မားဆုံး ပြိုင်ပွဲဖြစ်တဲ့ အာရှချန်ပီယံလိဂ်မှာ‌တော့ ကစားခွင့်ရနိုင်ပါသေးတယ်။

အယ်လ်နာဆာအသင်းဟာ ဒီရာသီ ချန်ပီယံလိဂ်မှာ ဝင်ခွင့်မရခဲ့ပေမယ့် ရော်နယ်ဒိုအနေနဲ့ လာမယ့်ရာသီ ဝင်ခွင့်ရအောင် ကူညီပေးနိုင်ပါတယ်။
လက်ရှိမှာလည်း ( ၁၀ ) ပွဲကစားပြီးချိန် ချန်ပီယံလိဂ် ဝင်ခွင့်ရမယ့် အဆင့် ( ၂ ) နေရာတွင် ရပ်တည်နေပါတယ်။

ဒါကြောင့် မြန်မာနေရှင်နယ်လိဂ်မှာ ကလပ်အသင်းတစ်ခုသာ အာရှချန်ပီယံလိဂ် အုပ်စုအဆင့်ထိ ခြေစစ်ပွဲအောင်မြင်သွားပါက ရော်နယ်ဒိုရဲ့ အယ်လ်နာဆာအသင်းနဲ့တောင် ထိပ်တိုက်ရင်ဆိုင်လာရနိုင်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *