ျပင္သစ္ ၂-၁ အဂၤလန္ ပြဲအၿပီးတြင္ ရက္ရွ္ဖို႔ကို မက္ေဆ့ခ်္တစ္ေစာင္ပို႔၍ ေျခစြမ္းကို ခ်ီးက်ဴးခဲ့ၿပီး အသင္းေျပာင္းလာေအာင္ ခ်ဳပ္ခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းအုပ္ႀကီး အမ္ဘာေပ

ရက္ရွ္ဖို႔ကို ေခၚယူခ်င္ေနတဲ့ ပီအက္စ္ဂ်ီအသင္းနဲ႔ မလာ လာေအာင္ခ်ဳပ္ေနတဲ့ ပီအက္စ္ဂ်ီအသင္းအုပ္ႀကီး အမ္ဘာေပ

ျပင္သစ္ ၂-၁ အဂၤလန္ ပြဲအၿပီးတြင္ ရက္ရွ္ဖို႔ကို မက္ေဆ့ခ်္တစ္ေစာင္ပို႔၍ ေျခစြမ္းကို ခ်ီးက်ဴးခဲ့ၿပီး အသင္းေျပာင္းလာေအာင္ ခ်ဳပ္ခဲ့တဲ့ ပီအက္စ္ဂ်ီအသင္းအုပ္ႀကီး အမ္ဘာေပ

ပီအက္စ္ဂ်ီအသင္းသည္ တိုက္စစ္တြင္ ဘာေပႏွင့္တြဲကစားရန္ မန္ယူအသင္းတိုက္စစ္မႉး ရက္ရွ္ဖို႔ကို လိုခ်င္ေနသည္။ အဂၤလန္ကို ျပင္သစ္က ၂-၁ ျဖင့္အႏိုင္ရရွိေသာ ပြဲအၿပီးတြင္ ဘာေပက ရက္ရွ္ဖို႔ကို မက္ေဆ့ခ်္တစ္ေစာင္ပို႔၍ ၎၏ေျခစြမ္းကို ခ်ီးက်ဴးခဲ့ေၾကာင္း ၿဗိတိန္မီဒီယာတစ္ခုကေရးသား ေဖာ္ျပသည္။

ထိုပြဲတြင္ အဂၤလန္သည္ ကိုင္လ္ေဝၚလ္ကာကိုအသုံးျပဳ၍ ဘာေပကို အတတ္ႏိုင္ဆုံးထိန္းခ်ဳပ္ခဲ့ေသာ္လည္း ခ်ဳအာမာနီႏွင့္ ဂ်႐ူးတို႔၏သြင္းဂိုးမ်ားျဖင့္ ျပင္သစ္က အဂၤလန္ကို အႏိုင္ရခဲ့သည္။ ထိုပြဲတြင္ ပင္နယ္တီႏွစ္လုံးကန္ခြင့္ရၿပီး တစ္လုံးဝင္ကာ တစ္လုံးလြဲေခ်ာ္ခဲ့ေသာ ဟယ္ရီကိန္းအတြက္ ရင္ကြဲနာက်စရာလည္းျဖစ္ခဲ့ရသည္။

ရက္ရွ္ဖို႔သည္ မန္ယူႏွင့္စာခ်ဳပ္သက္တမ္း ၆ လသာက်န္ရွိေတာ့ေသာ္လည္း မန္ယူဘက္မွ အလိုအေလ်ာက္ သက္တမ္းတိုးခြင့္တစ္ႏွစ္ရွိထားသည္။ မန္ယူသည္ အဆိုပါသက္တမ္းတိုးခြင့္ကို အသုံးျပဳသြားမည္ျဖစ္သလို ရက္ရွ္ဖို႔ကို လစာတိုးၿပီးစာခ်ဳပ္ ခ်ဳပ္ဆိုရန္လည္းျပင္ဆင္ေနသည္။

ဒါေပမဲ့ရက္ဖို႔ဒ္ႏွင့္ေလးလၾကာအလုပ္လုပ္ရေသးတဲ့အဲရစ္တန္ဟက္က”စေတြ႕ကတည္းကအလားအလာအမ်ားႀကီးရွိတာေတြ႕လိုက္ရတယ္။အခုဆိုသူ႔အလားအလာကိုျမင္ေနရပါၿပီ။မားကပ္စ္ရဲ႕အေကာင္းဆုံးေနရာကခံစစ္လိုင္းရဲ႕ေနာက္ကေနရာပါ။အဲဒီေနရာမွာသူ႔ေလာက္ေကာင္းသူရွားတယ္။အခုေတာ့ဘက္ေပးကအေကာင္းဆုံးေပါ့။သူ႔လိုမ်ိဳးကစားသမားပဲ။ဒါေပမဲ့အခုသူ႔ရဲ႕ေဘာလုံးပိုင္ဆိုင္မႈမရွိတဲ့အခ်ိန္မွာေနရာယူမႈပါအရမ္းေကာင္းေနတယ္။

အဲဒီေနရာမွာပိုေကာင္းလာေနတယ္။ေဝးလ္နဲ႔ပြဲမွာဒုတိယဂိုးကိုၾကည့္လိုက္။သူေဘာလုံးရယူတယ္ၿပီးရင္ဖီးလ္ဖိုဒန္ကအဆုံးသတ္တယ္။သူအဲဒီလုပ္တာအၿမဲေတြ႕တယ္။ပထမဖိအားေပးမႈနဲ႔ေပါ့။အဂၤလန္အတြက္လည္းေကာင္းေကာင္းကစားေပးခဲ့တယ္။ကြၽန္ေတာ္တို႔အတြက္ဆိုရင္ဝက္စ္ဟမ္းနဲ႔ပြဲမွာေခါင္းတိုက္ဂိုးလိုမ်ိဳးသြင္းလာႏိုင္မယ္ေတာင္မထင္ထားဘူး။

သူ႔အျမင့္ေဘာေခါင္းတိုက္မႈမွာေလ့က်င့္ေနတယ္။သူကခံစစ္လိုင္းရဲ႕ပုခုံးမွာစားေနသူပါ။အေျခအေနႀကဳံရင္ခ်က္ခ်င္းသူေရာက္လာတတ္တယ္။သူ႔ကိုတားဖို႔အရမ္းခက္တယ္”လို႔ေျပာၾကားသြားပါတယ္။
crd

Unicode
ရက်ရှ်ဖို့ကို ခေါ်ယူချင်နေတဲ့ ပီအက်စ်ဂျီအသင်းနဲ့ မလာ လာအောင်ချုပ်နေတဲ့ ပီအက်စ်ဂျီအသင်းအုပ်ကြီး အမ်ဘာပေ

ပြင်သစ် ၂-၁ အင်္ဂလန် ပွဲအပြီးတွင် ရက်ရှ်ဖို့ကို မက်ဆေ့ချ်တစ်စောင်ပို့၍ ခြေစွမ်းကို ချီးကျူးခဲ့ပြီး အသင်းပြောင်းလာအောင် ချုပ်ခဲ့တဲ့ ပီအက်စ်ဂျီအသင်းအုပ်ကြီး အမ်ဘာပေ

ပီအက်စ်ဂျီအသင်းသည် တိုက်စစ်တွင် ဘာပေနှင့်တွဲကစားရန် မန်ယူအသင်းတိုက်စစ်မှူး ရက်ရှ်ဖို့ကို လိုချင်နေသည်။ အင်္ဂလန်ကို ပြင်သစ်က ၂-၁ ဖြင့်အနိုင်ရရှိသော ပွဲအပြီးတွင် ဘာပေက ရက်ရှ်ဖို့ကို မက်ဆေ့ချ်တစ်စောင်ပို့၍ ၎င်း၏ခြေစွမ်းကို ချီးကျူးခဲ့ကြောင်း ဗြိတိန်မီဒီယာတစ်ခုကရေးသား ဖော်ပြသည်။

ထိုပွဲတွင် အင်္ဂလန်သည် ကိုင်လ်ဝေါ်လ်ကာကိုအသုံးပြု၍ ဘာပေကို အတတ်နိုင်ဆုံးထိန်းချုပ်ခဲ့သော်လည်း ချုအာမာနီနှင့် ဂျရူးတို့၏သွင်းဂိုးများဖြင့် ပြင်သစ်က အင်္ဂလန်ကို အနိုင်ရခဲ့သည်။ ထိုပွဲတွင် ပင်နယ်တီနှစ်လုံးကန်ခွင့်ရပြီး တစ်လုံးဝင်ကာ တစ်လုံးလွဲချော်ခဲ့သော ဟယ်ရီကိန်းအတွက် ရင်ကွဲနာကျစရာလည်းဖြစ်ခဲ့ရသည်။

ရက်ရှ်ဖို့သည် မန်ယူနှင့်စာချုပ်သက်တမ်း ၆ လသာကျန်ရှိတော့သော်လည်း မန်ယူဘက်မှ အလိုအလျောက် သက်တမ်းတိုးခွင့်တစ်နှစ်ရှိထားသည်။ မန်ယူသည် အဆိုပါသက်တမ်းတိုးခွင့်ကို အသုံးပြုသွားမည်ဖြစ်သလို ရက်ရှ်ဖို့ကို လစာတိုးပြီးစာချုပ် ချုပ်ဆိုရန်လည်းပြင်ဆင်နေသည်။

ဒါပေမဲ့ရက်ဖို့ဒ်နှင့်လေးလကြာအလုပ်လုပ်ရသေးတဲ့အဲရစ်တန်ဟက်က”စတွေ့ကတည်းကအလားအလာအများကြီးရှိတာတွေ့လိုက်ရတယ်။အခုဆိုသူ့အလားအလာကိုမြင်နေရပါပြီ။မားကပ်စ်ရဲ့အကောင်းဆုံးနေရာကခံစစ်လိုင်းရဲ့နောက်ကနေရာပါ။အဲဒီနေရာမှာသူ့လောက်ကောင်းသူရှားတယ်။အခုတော့ဘက်ပေးကအကောင်းဆုံးပေါ့။သူ့လိုမျိုးကစားသမားပဲ။ဒါပေမဲ့အခုသူ့ရဲ့ဘောလုံးပိုင်ဆိုင်မှုမရှိတဲ့အချိန်မှာနေရာယူမှုပါအရမ်းကောင်းနေတယ်။

အဲဒီနေရာမှာပိုကောင်းလာနေတယ်။ဝေးလ်နဲ့ပွဲမှာဒုတိယဂိုးကိုကြည့်လိုက်။သူဘောလုံးရယူတယ်ပြီးရင်ဖီးလ်ဖိုဒန်ကအဆုံးသတ်တယ်။သူအဲဒီလုပ်တာအမြဲတွေ့တယ်။ပထမဖိအားပေးမှုနဲ့ပေါ့။အင်္ဂလန်အတွက်လည်းကောင်းကောင်းကစားပေးခဲ့တယ်။ကျွန်တော်တို့အတွက်ဆိုရင်ဝက်စ်ဟမ်းနဲ့ပွဲမှာခေါင်းတိုက်ဂိုးလိုမျိုးသွင်းလာနိုင်မယ်တောင်မထင်ထားဘူး။

သူ့အမြင့်ဘောခေါင်းတိုက်မှုမှာလေ့ကျင့်နေတယ်။သူကခံစစ်လိုင်းရဲ့ပုခုံးမှာစားနေသူပါ။အခြေအနေကြုံရင်ချက်ချင်းသူရောက်လာတတ်တယ်။သူ့ကိုတားဖို့အရမ်းခက်တယ်”လို့ပြောကြားသွားပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *