





crd
#Myanmargoal

Unicode
ပြင်သစ် တိုက်စစ်မှူး အမ်ဘတ်ပီအတွက် ဆုတောင်းစကားဆိုပေးခဲ့တဲ့ သရဲနီရက်ဖို့ဒ်
ပီအက်စ်ဂျီ အုပ်ကြီး အမ်ဘာပေအတွက် ကမ္ဘာ့ဖလား ရပါစေလို့ ဆုတောင်းပေးလိုက်တဲ့ သရဲနီရက်ဖို့ဒ်

မန်ယူအသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ တိုက်စစ်မှူး ဖြစ်တဲ့ မားကပ် ရက်ဖို့ဒ်ကတော့ သူတို့ကို ကွာတားမှာအနိုင်ယူသွားခဲ့တဲ့ ပြင်သစ် တိုက်စစ်မှူး အမ်ဘတ်ပီကို သူ့ရဲ့ လူမှုကွန်ယက်အကောင့် ကနေ တဆင့် ကမ္ဘာ့ဖလား ရပါစေလို့ ဆုတောင်းပေးသွားခဲ့ပါတယ်။

ရက်ဖို့ဒ်အနေနဲ့ ဒီကမ္ဘာ့ဖလားမှာ အင်္ဂလန်အတွက် သွင်းဂိုး ၃ဂိုး အထိ သွင်းယူပေးနိုင်ခဲ့ပြီး ကံမကောင်းစွာနဲ့ပဲ ကွာတားဖိုင်နယ်မှာ သူ့ရဲ့အသင်းကခြေစွမ်းပိုကောင်းခဲ့ပေမယ့် ကံတရားကမျက်နှာသာမပေးခဲ့တာကြောင့် ပြင်သစ်အသင်းကို ၂-၁ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပါတယ်။

ပြင်သစ် ၂-၁ အင်္ဂလန် ပွဲစဉ်မှာ အမ်ဘာပေက ပြင်သစ်ရဲ့ တိုက်စစ်ကို ဦးဆောင် ကစားခွင့် ရခဲ့ပေမယ့် ရက်ဖို့ဒ်ကတော့ လူစားဝင် တိုက်စစ်မှူး အဖြစ်သာ ကစားခွင့် ရခဲ့ပြီး သူ့ရဲ့ နောက်ဆုံး ပြစ်ဒဏ်ဘော ကန်သွင်းမှုကလည်း ဂိုးဘားတန်းပေါ် ကနေ အနည်းငယ် ကျော်သွားခဲ့တာကြောင့် ကွာတားကနေပဲ ကမ္ဘာ့ဖလားကို လက်ပြနှူတ်ဆက်ခဲ့ရတာပါ။

ကမ္ဘာ့ဖလားပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ရပြီးနောက် ရက်ဖို့ဒ်က သူ့ရဲ့ လူမှုကွန်ယက်ပေါ်မှာ “သူတို့ကို အားပေးခဲ့တဲ့ အင်္ဂလန် ပရိသတ်တွေကို ကျေးဇူးတင်ကြောင်းနဲ့ လာမယ့်ပြိုင်ပွဲတွေမှာ အကောင်းဆုံး ပုံစံတွေနဲ့ ပြန်လာနိုင်အောင် ကြိုးစားပါ့မယ်” လို့ ရေးသားခဲ့ပြီး အမ်ဘတ်ပီက အဆိုပါပို့စ်ကို အသည်းပေးသွားခဲ့ကာ ရက်ဖို့ဒ်ကို နှိမ့်သိမ့်ပေးခဲ့တာဖြစ်ပါတယ်။

သူ့ကိုနှိမ့်သိမ့်ပေးခဲ့တဲ့ အတ်ဘတ်ပီကို ရက်ဖို့ဒ်ကလည်း“ပြိုင်ပွဲမှာ ဆက်ပြီး ကံကောင်းပါစေ ။ ဘုရင်တပါးလိုမျိုး ကမ္ဘာ့ဖလားပြိုင်ပွဲကို အနိုင်ယူလိုက်ပါ” လို့ ပြန်လည်ရေးသားခဲ့ပြီး အမ်ဘတ်ပီ အတွက် ဆုတောင်းပေးသွားခဲ့တာဖြစ်ပါတယ်။
crd
#Myanmargoal

Add a Comment

Your email address will not be published. Required fields are marked *