ေႏြေစ်းကြက္မွာေခၚယူမယ့္ ကြင္းလယ္လူေနရာအတြက္ ပစ္မွတ္ေျပာင္းလဲလာတဲ့ မန္ခ်က္စတာ ယူႏိုက္တက္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ လာမယ့္ ေႏြရာသီ အေျပာင္းအေ႐ႊ႕ ေစ်းကြက္အတြင္းမွာ အသင္းရဲ႕ ကြင္းလယ္ပိုင္း အားျဖည့္တင္းသြားဖို႔အတြက္ လက္စတာအသင္းရဲ႕ ဘယ္လ္ဂ်ီယံ ကြင္းလယ္ကစားသမား တီေလမန္းစ္ကို အသင္းရဲ႕ အဓိကပစ္မွတ္အျဖစ္ သတ္မွတ္ထားလ်က္ ရွိေနတယ္လို႔ ၿဗိတိန္အေျခစိုက္ သတင္းမီဒီယာေတြကေန ေဖာ္ျပလာခဲ့ပါတယ္။ယူႏိုက္တက္အသင္းဟာ လတ္တေလာ အသင္းမွာ အားအနည္းဆုံး ျဖစ္လို႔ေနတဲ့ ကြင္းလယ္ပိုင္းအတြက္ လာမယ့္ေႏြမွာပဲ ကစားသမားသစ္ ျဖည့္တင္းမႈေတြ လုပ္ေဆာင္သြားဖို႔ စီစဥ္ေနရာ လတ္တေလာမွာေတာ့ အဂၤလန္ ကြင္းလယ္လူေတြျဖစ္တဲ့ ဒက္ကလန္႐ိုက္စ္နဲ႔ ကယ္လ္ဗင္ဖီးလစ္တို႔ကို ပစ္မွတ္ထားေနေပမယ့္ဒီကစားသမားေတြရဲ႕ တန္ေၾကးေတြက အလြန္ ျမင့္မားလြန္းေနတာေၾကာင့္ ဒီကစားသမားေတြထက္ ေျပာင္းေ႐ႊ႕ေၾကး ထက္ဝက္ေလာက္ သက္သာေနရတဲ့ လက္စတာ ကြင္းလယ္လူ တီေလမန္းစ္ကို ေျပာင္းလဲပစ္မွတ္ထားလာတာ ျဖစ္ပါတယ္။

ယူႏိုက္တက္အသင္းဟာ ၿပီးခဲ့တဲ့ ေႏြရာသီတုန္းက ကစားသမား ေခၚယူမႈအတြက္ ေငြေၾကး သုံးစြဲမႈေတြ ခပ္ၾကမ္းၾကမ္း လုပ္ေဆာင္ထားခဲ့ၿပီး အသင္းအတြက္ ထိေရာက္မႈ မရွိခဲ့ရျခင္းအေပၚ သင္ခန္းစာ ယူသြားမယ့္ အေနနဲ႔လာမယ့္ ေစ်းကြက္မွာေတာ့ လိုအပ္တဲ့ ေနရာအတြက္ ဒိတ္ဒိတ္ႀကဲ ကစားသမားေတြထက္ အရည္အေသြးျမင့္ၿပီး ေျပာင္းေ႐ႊ႕ေၾကး အသင့္အတင့္သာ ရွိေနမယ့္ ကစားသမားေတြကိုသာ ေခၚယူဖြယ္ ရွိႏိုင္ပါတယ္။

ဒါေၾကာင့္ ေျပာင္းေ႐ႊ႕ေၾကး ေပါင္သန္း(၁၀၀)ေလာက္ သတ္မွတ္ထားၾကတဲ့ ႐ိုက္စ္နဲ႔ ဖီးလစ္တို႔ထက္ တန္ေၾကး ေပါင္သန္း(၄၀)ေလာက္သာ ရွိေနႏိုင္မယ့္ လက္စတာအသင္းရဲ႕ ဘယ္လ္ဂ်ီယံ လက္ေ႐ြးစင္ ကြင္းလယ္ကစားသမား တီေလမန္းစ္ကို အလိုရွိလာခဲ့ရတာ ျဖစ္ပါတယ္။အသက္(၂၄)ႏွစ္အ႐ႊယ္ရွိ ကြင္းလယ္လူ တီေလမန္းစ္ဟာ လက္စတာအသင္းရဲ႕ အဓိက ကစားသမားတစ္ဦး ျဖစ္သလို ကြင္းလယ္တိုက္စစ္ေရာ ကြင္းလယ္ခံစစ္ေနရာမွာပါ အေကာင္းဆုံး ကစားႏိုင္သူျဖစ္လို႔ ဥေရာပ ထိပ္တန္းကလပ္အသင္းေတြကပါ တီေလမန္းစ္ကို ေခၚယူသြားခ်င္ေနတာ ျဖစ္ပါတယ္။

လက္စတာဘက္ကေတာ့ သူတို႔ရဲ႕ အဓိက ကစားသမားကို အသင္းကေန ေရာင္းထုတ္သြားဖို႔ ဆႏၵမရွိေပမယ့္လည္း လက္စတာက လက္ရွိမွာ အမွတ္ေပးဇယားရဲ႕ အဆင့္(၁၀)ေနရာ ေရာက္ရွိေနတာေၾကာင့္ လာမယ့္ႏွစ္ ဥေရာပဝင္ခြင့္ လြဲေခ်ာ္ရႏိုင္ေျခ ရွိေနတဲ့အတြက္ တီေလမန္းစ္ကိုပါ လက္လြတ္ရႏိုင္ဖြယ္ မ်ားေနရပါတယ္။ဒီလို အေျခအေနေတြေၾကာင့္လည္း ယူႏိုက္တက္ဘက္က တီေလမန္းစ္ကို ပစ္မွတ္ထားေနတာ ျဖစ္သလို အျခားကလပ္အသင္းေတြနဲ႔ပါ အၿပိဳင္ကမ္းလွမ္းရဖြယ္ ရွိေနပါတယ္။
crd

unicode

နွေစျေးကွက်မှာခေါ်ယူမယ့် ကွင်းလယ်လူနေရာအတွက် ပစ်မှတ်ပြောင်းလဲလာတဲ့ မန်ချက်စတာ ယူနိုက်တက်

မန်ချက်စတာယူနိုက်တက်အသင်းဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့ စျေးကွက်အတွင်းမှာ အသင်းရဲ့ ကွင်းလယ်ပိုင်း အားဖြည့်တင်းသွားဖို့အတွက် လက်စတာအသင်းရဲ့ ဘယ်လ်ဂျီယံ ကွင်းလယ်ကစားသမား တီလေမန်းစ်ကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားလျက် ရှိနေတယ်လို့ ဗြိတိန်အခြေစိုက် သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပါတယ်။ယူနိုက်တက်အသင်းဟာ လတ်တလော အသင်းမှာ အားအနည်းဆုံး ဖြစ်လို့နေတဲ့ ကွင်းလယ်ပိုင်းအတွက် လာမယ့်နွေမှာပဲ ကစားသမားသစ် ဖြည့်တင်းမှုတွေ လုပ်ဆောင်သွားဖို့ စီစဉ်နေရာ လတ်တလောမှာတော့ အင်္ဂလန် ကွင်းလယ်လူတွေဖြစ်တဲ့ ဒက်ကလန်ရိုက်စ်နဲ့ ကယ်လ်ဗင်ဖီးလစ်တို့ကို ပစ်မှတ်ထားနေပေမယ့်ဒီကစားသမားတွေရဲ့ တန်ကြေးတွေက အလွန် မြင့်မားလွန်းနေတာကြောင့် ဒီကစားသမားတွေထက် ပြောင်းရွှေ့ကြေး ထက်ဝက်လောက် သက်သာနေရတဲ့ လက်စတာ ကွင်းလယ်လူ တီလေမန်းစ်ကို ပြောင်းလဲပစ်မှတ်ထားလာတာ ဖြစ်ပါတယ်။

ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက ကစားသမား ခေါ်ယူမှုအတွက် ငွေကြေး သုံးစွဲမှုတွေ ခပ်ကြမ်းကြမ်း လုပ်ဆောင်ထားခဲ့ပြီး အသင်းအတွက် ထိရောက်မှု မရှိခဲ့ရခြင်းအပေါ် သင်ခန်းစာ ယူသွားမယ့် အနေနဲ့လာမယ့် စျေးကွက်မှာတော့ လိုအပ်တဲ့ နေရာအတွက် ဒိတ်ဒိတ်ကြဲ ကစားသမားတွေထက် အရည်အသွေးမြင့်ပြီး ပြောင်းရွှေ့ကြေး အသင့်အတင့်သာ ရှိနေမယ့် ကစားသမားတွေကိုသာ ခေါ်ယူဖွယ် ရှိနိုင်ပါတယ်။

ဒါကြောင့် ပြောင်းရွှေ့ကြေး ပေါင်သန်း(၁၀၀)လောက် သတ်မှတ်ထားကြတဲ့ ရိုက်စ်နဲ့ ဖီးလစ်တို့ထက် တန်ကြေး ပေါင်သန်း(၄၀)လောက်သာ ရှိနေနိုင်မယ့် လက်စတာအသင်းရဲ့ ဘယ်လ်ဂျီယံ လက်ရွေးစင် ကွင်းလယ်ကစားသမား တီလေမန်းစ်ကို အလိုရှိလာခဲ့ရတာ ဖြစ်ပါတယ်။အသက်(၂၄)နှစ်အရွှယ်ရှိ ကွင်းလယ်လူ တီလေမန်းစ်ဟာ လက်စတာအသင်းရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်သလို ကွင်းလယ်တိုက်စစ်ရော ကွင်းလယ်ခံစစ်နေရာမှာပါ အကောင်းဆုံး ကစားနိုင်သူဖြစ်လို့ ဥရောပ ထိပ်တန်းကလပ်အသင်းတွေကပါ တီလေမန်းစ်ကို ခေါ်ယူသွားချင်နေတာ ဖြစ်ပါတယ်။

လက်စတာဘက်ကတော့ သူတို့ရဲ့ အဓိက ကစားသမားကို အသင်းကနေ ရောင်းထုတ်သွားဖို့ ဆန္ဒမရှိပေမယ့်လည်း လက်စတာက လက်ရှိမှာ အမှတ်ပေးဇယားရဲ့ အဆင့်(၁၀)နေရာ ရောက်ရှိနေတာကြောင့် လာမယ့်နှစ် ဥရောပဝင်ခွင့် လွဲချော်ရနိုင်ခြေ ရှိနေတဲ့အတွက် တီလေမန်းစ်ကိုပါ လက်လွတ်ရနိုင်ဖွယ် များနေရပါတယ်။ဒီလို အခြေအနေတွေကြောင့်လည်း ယူနိုက်တက်ဘက်က တီလေမန်းစ်ကို ပစ်မှတ်ထားနေတာ ဖြစ်သလို အခြားကလပ်အသင်းတွေနဲ့ပါ အပြိုင်ကမ်းလှမ်းရဖွယ် ရှိနေပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *