ေျခတစ္ဖက္ဆုံးရႈံးရမယ့္ အေျခအေနကေန အျမင့္ပ်ံျပခဲ့တဲ့ သရဲနီစစ္သည္ေတာ္ လုခ္ေရွာ
|ေျခတစ္ဖက္ဆုံးရႈံးရမယ့္ အေျခအေနကေန အျမင့္ပ်ံျပခဲ့တဲ့ သရဲနီစစ္သည္ေတာ္ လုခ္ေရွာ
မန္ခ်က္စတာယူႏိုက္တက္အသင္းကေတာ့ ေနာက္ခံလူ လုခ္ေရွာနဲ႔ ၄ ႏွစ္သက္တမ္းရွိတဲ့ စာခ်ဳပ္သစ္ခ်ဳပ္ဆိုဖို႔ သေဘာတူညီမႈရရွိသြားခဲ့ပါၿပီ။ အသက္ ၂၇ ႏွစ္အ႐ြယ္ လုခ္ေရွာက တန္ဟက္ဂ်္လက္ေအာက္မွာ သူ႔ရဲ႕ အေကာင္းဆုံးပုံစံေတြကို ရရွိေအာင္ ႀကိဳးစားႏိုင္ခဲ့ၿပီး ပုံမွန္ေနရာရယူႏိုင္ခဲ့သလို ေျခစြမ္းျပကစားႏိုင္ခဲ့လို႔ ေနာက္ထပ္ ၄ ႏွစ္အထိ အိုးထရက္ဖို႔ဒ္မွာ ဆက္ရွိဖို႔ ျဖစ္လာခဲ့တာပါ။ ၿပီးခဲ့တဲ့ႏွစ္ေတြမွာ အသင္းကေန ေရာင္းထုတ္ခံရမယ့္စာရင္းထဲထိ ပါဝင္ခဲ့ၿပီး သူ႔ေျခစြမ္းအေပၚ အႀကီးအက်ယ္ေဝဖန္ခံရမႈေတြကေန လုခ္ေရွာက ႐ုန္းထြက္ျပႏိုင္ခဲ့တာပါ။ လြန္ခဲ့တဲ့ ၄ ႏွစ္ေလာက္က PSV နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲမွာ ေျခေထာက္က်ိဳးတဲ့အထိ ဒဏ္ရာႀကီးႀကီးမားမားရခဲ့ၿပီး ကစားသမားဘ၀ကို စြန႔္လႊတ္ရဖို႔ေတာင္ နီးစပ္ခဲ့တဲ့ လုခ္ေရွာက အခက္အခဲေတြအားလုံးကို ေက်ာ္ျဖတ္ျပႏိုင္ခဲ့သူတဦးအျဖစ္ ရွိလာခဲ့ပါတယ္။
အဆိုပါေျခေထာက္ဒဏ္ရာနဲ႔ ပတ္သက္ၿပီး လုခ္ေရွာက “က်ေနာ့္ ေျခေထာက္ကို ဆုံးရႈံးရလုနီးပါးအထိျဖစ္ခဲ့တာပါ၊ အဲဒါကိုေတာင္မွ ေနာက္ ၆ လေလာက္ေနမွ ဆရာဝန္ကေျပာလို႔ သိရတာပါ၊ အဲဒီအခ်ိန္တုန္းက သူတို႔က က်ေနာ့္ကို ျပန္ပို႔ဖို႔ေတာင္မွ စဥ္းစားခဲ့ၾကေသးတယ္၊ ဒါေပမယ့္ က်ေနာ့္ကို ခ်က္ခ်င္းျပန္ပို႔လိုက္ရင္ ေသြးခဲေတြေၾကာင့္ ေျခေထာက္ဆုံးရႈံးသြားႏိုင္လို႔ သူတို႔ အဲဒီစိတ္ကူးကို ပယ္ဖ်က္ခဲ့ၾကတာပါ” လို႔ ဖြင့္ဟခဲ့ဖူးပါတယ္။
လုခ္ေရွာရဲ႕ ေျခေထာက္မွာ အဆိုပါဒဏ္ရာေၾကာင့္ ျဖစ္ခဲ့တဲ့ အမာ႐ြတ္အႀကီးႀကီးက အခုထိရွိေနတုန္းပါ။ အခုေတာ့ သူ႔ရဲ႕ ေျခေထာက္က ပုံမွန္အတိုင္းျဖစ္ေနၿပီး အရင္လိုပဲ သန္မာေနခဲ့ပါၿပီ။ တန္ဟက္ဂ်္ေရာက္လာၿပီးေနာက္မွာ အရန္ခုံမွာ ထိုင္ေနခဲ့ရေသးေပမယ့္ လုခ္ေရွာက သူ႔အတြက္ ေနရာတခုရဖို႔ အေကာင္းဆုံးႀကိဳးစားျပႏိုင္ခဲ့ၿပီး ပြဲထြက္လူစာရင္းမွာ အာမခံခ်က္ရွိလာခဲ့ပါတယ္။
အဂၤလန္မွာလည္း ျပန္လည္ေ႐ြးခ်ယ္ခံထားရၿပီး ေဆာက္ဂိတ္ရဲ႕ ဦးစားေပးမႈကို ရရွိထားတဲ့ လုခ္ေရွာက ယူႏိုက္တက္မွာ ၂၀၂၇ အထိ ဆက္ရွိေနေတာ့မွာလည္းျဖစ္ပါတယ္။ သူ႔ေနရာအတြက္ မာလာစီယာနဲ႔ အၿပိဳင္ျဖစ္ေနခဲ့ၿပီး အခုေတာ့ မာလာစီယာကို သူက အရန္ခုံျပန္ပို႔ႏိုင္တဲ့အထိလည္း စြမ္းေဆာင္ျပႏိုင္ခဲ့ပါတယ္။ ျပင္းထန္လြန္းတဲ့ ဒဏ္ရာျပသနာ၊ ေဝဖန္ျပစ္တင္မႈေတြကေန ခဏခဏ ႐ုန္းထြက္ျပခဲ့တဲ့ လုခ္ေရွာက ခ်ီးက်ဴးစရာကစားသမားတဦးအျဖစ္နဲ႔လည္း ရွိေနခဲ့ပါၿပီ။
crd
unicode
ခြေတစ်ဖက်ဆုံးရှုံးရမယ့် အခြေအနေကနေ အမြင့်ပျံပြခဲ့တဲ့ သရဲနီစစ်သည်တော် လုခ်ရှော
မန်ချက်စတာယူနိုက်တက်အသင်းကတော့ နောက်ခံလူ လုခ်ရှောနဲ့ ၄ နှစ်သက်တမ်းရှိတဲ့ စာချုပ်သစ်ချုပ်ဆိုဖို့ သဘောတူညီမှုရရှိသွားခဲ့ပါပြီ။ အသက် ၂၇ နှစ်အရွယ် လုခ်ရှောက တန်ဟက်ဂျ်လက်အောက်မှာ သူ့ရဲ့ အကောင်းဆုံးပုံစံတွေကို ရရှိအောင် ကြိုးစားနိုင်ခဲ့ပြီး ပုံမှန်နေရာရယူနိုင်ခဲ့သလို ခြေစွမ်းပြကစားနိုင်ခဲ့လို့ နောက်ထပ် ၄ နှစ်အထိ အိုးထရက်ဖို့ဒ်မှာ ဆက်ရှိဖို့ ဖြစ်လာခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်တွေမှာ အသင်းကနေ ရောင်းထုတ်ခံရမယ့်စာရင်းထဲထိ ပါဝင်ခဲ့ပြီး သူ့ခြေစွမ်းအပေါ် အကြီးအကျယ်ဝေဖန်ခံရမှုတွေကနေ လုခ်ရှောက ရုန်းထွက်ပြနိုင်ခဲ့တာပါ။ လွန်ခဲ့တဲ့ ၄ နှစ်လောက်က PSV နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ခြေထောက်ကျိုးတဲ့အထိ ဒဏ်ရာကြီးကြီးမားမားရခဲ့ပြီး ကစားသမားဘ၀ကို စွန့်လွှတ်ရဖို့တောင် နီးစပ်ခဲ့တဲ့ လုခ်ရှောက အခက်အခဲတွေအားလုံးကို ကျော်ဖြတ်ပြနိုင်ခဲ့သူတဦးအဖြစ် ရှိလာခဲ့ပါတယ်။
အဆိုပါခြေထောက်ဒဏ်ရာနဲ့ ပတ်သက်ပြီး လုခ်ရှောက “ကျနော့် ခြေထောက်ကို ဆုံးရှုံးရလုနီးပါးအထိဖြစ်ခဲ့တာပါ၊ အဲဒါကိုတောင်မှ နောက် ၆ လလောက်နေမှ ဆရာဝန်ကပြောလို့ သိရတာပါ၊ အဲဒီအချိန်တုန်းက သူတို့က ကျနော့်ကို ပြန်ပို့ဖို့တောင်မှ စဉ်းစားခဲ့ကြသေးတယ်၊ ဒါပေမယ့် ကျနော့်ကို ချက်ချင်းပြန်ပို့လိုက်ရင် သွေးခဲတွေကြောင့် ခြေထောက်ဆုံးရှုံးသွားနိုင်လို့ သူတို့ အဲဒီစိတ်ကူးကို ပယ်ဖျက်ခဲ့ကြတာပါ” လို့ ဖွင့်ဟခဲ့ဖူးပါတယ်။
လုခ်ရှောရဲ့ ခြေထောက်မှာ အဆိုပါဒဏ်ရာကြောင့် ဖြစ်ခဲ့တဲ့ အမာရွတ်အကြီးကြီးက အခုထိရှိနေတုန်းပါ။ အခုတော့ သူ့ရဲ့ ခြေထောက်က ပုံမှန်အတိုင်းဖြစ်နေပြီး အရင်လိုပဲ သန်မာနေခဲ့ပါပြီ။ တန်ဟက်ဂျ်ရောက်လာပြီးနောက်မှာ အရန်ခုံမှာ ထိုင်နေခဲ့ရသေးပေမယ့် လုခ်ရှောက သူ့အတွက် နေရာတခုရဖို့ အကောင်းဆုံးကြိုးစားပြနိုင်ခဲ့ပြီး ပွဲထွက်လူစာရင်းမှာ အာမခံချက်ရှိလာခဲ့ပါတယ်။
အင်္ဂလန်မှာလည်း ပြန်လည်ရွေးချယ်ခံထားရပြီး ဆောက်ဂိတ်ရဲ့ ဦးစားပေးမှုကို ရရှိထားတဲ့ လုခ်ရှောက ယူနိုက်တက်မှာ ၂၀၂၇ အထိ ဆက်ရှိနေတော့မှာလည်းဖြစ်ပါတယ်။ သူ့နေရာအတွက် မာလာစီယာနဲ့ အပြိုင်ဖြစ်နေခဲ့ပြီး အခုတော့ မာလာစီယာကို သူက အရန်ခုံပြန်ပို့နိုင်တဲ့အထိလည်း စွမ်းဆောင်ပြနိုင်ခဲ့ပါတယ်။ ပြင်းထန်လွန်းတဲ့ ဒဏ်ရာပြသနာ၊ ဝေဖန်ပြစ်တင်မှုတွေကနေ ခဏခဏ ရုန်းထွက်ပြခဲ့တဲ့ လုခ်ရှောက ချီးကျူးစရာကစားသမားတဦးအဖြစ်နဲ့လည်း ရှိနေခဲ့ပါပြီ။
crd