ေအာင္ျမင္တဲ့ အိုးထရက္ဖို႔ဒ္ပထမရာသီကို ပိုင္ဆိုင္ထားေပမယ့္ သရဲနီေတြရဲ႕ကစားပုံကို အားရေက်နပ္မႈမရွိေသးတဲ့ နည္းျပတန္ဟက္ဂ်္
|ေအာင္ျမင္တဲ့ အိုးထရက္ဖို႔ဒ္ပထမရာသီကို ပိုင္ဆိုင္ထားေပမယ့္ သရဲနီေတြရဲ႕ကစားပုံကို အားရေက်နပ္မႈမရွိေသးတဲ့ နည္းျပတန္ဟက္ဂ်္
ျဖစ္လာတဲ့ အေျခအေနအေပၚမွာ တုံ႔ျပန္တာမ်ိဳးထက္ ပိုေကာင္းတဲ့ အေျခအေနကို ဖန္တီးၿပီး ကစားတတ္ေအာင္ လုပ္ေပးေနေပမဲ့လည္း မန္ယူကစားသမားေတြအကုန္လုံးဟာ ႏႈတ္တိုက္ခ်ေပးထားတဲ့အတိုင္း တစ္ခြန္းမက်န္ လိုက္လုပ္ေနၾကတဲ့ အဆင့္သာ ရွိေနေသးတယ္လို႔ နည္းျပ အဲရစ္တန္ဟတ္က သူ႔အသင္းနဲ႔ ပတ္သက္ၿပီး ေထာက္ျပလိုက္ပါတယ္။
ေအဂ်က္ဇ္ကေန ယူႏိုက္တက္ကို ေရာက္လာၿပီးတဲ့ေနာက္ တန္ဟတ္ဟာ ပထမဆုံးရာသီမွာတင္ အဓိက ဆုဖလားတစ္လုံး ရယူႏိုင္ခဲ့ၿပီး ယူ႐ိုပါလိဂ္မွာလည္း ကြာတားဖိုင္နယ္အဆင့္ကို ေရာက္ေနသလို အက္ဖ္ေအဖလားမွာ ဆိုရင္လည္း အသက္ဆက္ခြင့္ရွိေနတုန္းျဖစ္ပါတယ္။ ဒါေၾကာင့္ သူ႔ရဲ႕ အိုးလ္ထရက္ဖို႔ဒ္ ပထမရာသီဟာ ေအာင္ျမင္မႈရွိတယ္လို႔ ေျပာလို႔ရေနပါၿပီ။
ဒါေပမဲ့ လည္း လက္ရွိမန္ယူအေနနဲ႔ ကြင္းထဲမွာ ရွိေနတဲ့ ကစားသမား ၁၁ ေယာက္လုံးဟာ တိုက္စစ္ကစားတတ္ဖို႔ လိုေနေသးၿပီး အဲဒီ ၁၁ ေယာက္စလုံးကလည္း ခံစစ္ကစားတတ္ဖို႔လည္း လိုအပ္တယ္လို႔ ေျပာပါတယ္။ အသင္းရဲ႕ ကာရင္တန္ ေလ့က်င့္ေရးကြင္းကို BT Sport ႐ုပ္သံလိုင္းနဲ႔အတူ အင္တာဗ်ဴး လာလုပ္ခဲ့တဲ့ သရဲနီတိုက္စစ္မႉးေဟာင္း ဗန္ပါစီနဲ႔ ေတြ႕တဲ့အခ်ိန္မွာ တန္ဟတ္က အခုလို ေျပာခဲ့တာျဖစ္ပါတယ္။
‘’ဟုတ္တယ္။ ငါ့မွာ ငါကိုယ္တိုင္ ျမင္ခ်င္တဲ့ ေဘာလုံး ဒႆနမ်ိဳးေတြ ရွိေနတယ္။ တစ္ခုက တိုက္စစ္ကို အႀကိဳက္ ကစားခ်င္တာ။ ပိုေကာင္းတဲ့ အေျခအေနတစ္ခုကို ဖန္တီးၿပီး ကစားခ်င္တာ။ အဲဒါက လက္ရွိ ကစားခ်င္ေနတဲ့ ပုံစံရယ္လို႔ မဟုတ္ပါဘူး။ ကစားသမားတြကိုယ္တိုင္ကိုယ္က် ဆုံးျဖတ္တာမ်ိဳး ရွိေစခ်င္တယ္။ သူတို႔ဟာ ေျပာထားတဲ့ ပုံစံအတိုင္းပဲ လိုက္ကစားေနၾကတာ။ ေသခ်ာတာက ထပ္ၿပီး တိုးလုပ္ရမွာ။ ငါ့ အျမင္ ေျပာရရင္ေတာ့ ကစားသမား ၁၁ ေယာက္စလုံးက ခံစစ္ ကစားႏိုင္ရမွာ ျဖစ္သလို ၁၁ ေယာက္စလုံးကလည္း တိုက္စစ္ကို အပိုင္ ျဖစ္ေနရမယ္။ ဒါေၾကာင့္ ေနာက္ခံလူေတြအေၾကာင္း ေျပာၾကေၾကးဆိုရင္လည္း တစ္ခါတေလမွာ သူတို႔ကို ေမွ်ာ္လင့္မထားတဲ့ ေနရာမ်ိဳးေတြမွာ ေတြ႕ရ ပါလိမ့္မယ္။ အဲဒါကို ငါက ႀကိဳက္တာ။ အဲဒီလို ကစားသမားမ်ိဳးေတြကို ငါ ရွာေနတာ’’ လို႔ တန္ဟတ္က ဗန္ပါစီနဲ႔ အင္တာဗ်ဴးမွာ ေျပာသြားခဲ့တာပါ။
crd
unicode
အောင်မြင်တဲ့ အိုးထရက်ဖို့ဒ်ပထမရာသီကို ပိုင်ဆိုင်ထားပေမယ့် သရဲနီတွေရဲ့ကစားပုံကို အားရကျေနပ်မှုမရှိသေးတဲ့ နည်းပြတန်ဟက်ဂျ်
ဖြစ်လာတဲ့ အခြေအနေအပေါ်မှာ တုံ့ပြန်တာမျိုးထက် ပိုကောင်းတဲ့ အခြေအနေကို ဖန်တီးပြီး ကစားတတ်အောင် လုပ်ပေးနေပေမဲ့လည်း မန်ယူကစားသမားတွေအကုန်လုံးဟာ နှုတ်တိုက်ချပေးထားတဲ့အတိုင်း တစ်ခွန်းမကျန် လိုက်လုပ်နေကြတဲ့ အဆင့်သာ ရှိနေသေးတယ်လို့ နည်းပြ အဲရစ်တန်ဟတ်က သူ့အသင်းနဲ့ ပတ်သက်ပြီး ထောက်ပြလိုက်ပါတယ်။
အေဂျက်ဇ်ကနေ ယူနိုက်တက်ကို ရောက်လာပြီးတဲ့နောက် တန်ဟတ်ဟာ ပထမဆုံးရာသီမှာတင် အဓိက ဆုဖလားတစ်လုံး ရယူနိုင်ခဲ့ပြီး ယူရိုပါလိဂ်မှာလည်း ကွာတားဖိုင်နယ်အဆင့်ကို ရောက်နေသလို အက်ဖ်အေဖလားမှာ ဆိုရင်လည်း အသက်ဆက်ခွင့်ရှိနေတုန်းဖြစ်ပါတယ်။
ဒါကြောင့် သူ့ရဲ့ အိုးလ်ထရက်ဖို့ဒ် ပထမရာသီဟာ အောင်မြင်မှုရှိတယ်လို့ ပြောလို့ရနေပါပြီ။
ဒါပေမဲ့ လည်း လက်ရှိမန်ယူအနေနဲ့ ကွင်းထဲမှာ ရှိနေတဲ့ ကစားသမား ၁၁ ယောက်လုံးဟာ တိုက်စစ်ကစားတတ်ဖို့ လိုနေသေးပြီး အဲဒီ ၁၁ ယောက်စလုံးကလည်း ခံစစ်ကစားတတ်ဖို့လည်း လိုအပ်တယ်လို့ ပြောပါတယ်။ အသင်းရဲ့ ကာရင်တန် လေ့ကျင့်ရေးကွင်းကို BT Sport ရုပ်သံလိုင်းနဲ့အတူ အင်တာဗျူး လာလုပ်ခဲ့တဲ့ သရဲနီတိုက်စစ်မှူးဟောင်း ဗန်ပါစီနဲ့ တွေ့တဲ့အချိန်မှာ တန်ဟတ်က အခုလို ပြောခဲ့တာဖြစ်ပါတယ်။
‘’ဟုတ်တယ်။ ငါ့မှာ ငါကိုယ်တိုင် မြင်ချင်တဲ့ ဘောလုံး ဒဿနမျိုးတွေ ရှိနေတယ်။ တစ်ခုက တိုက်စစ်ကို အကြိုက် ကစားချင်တာ။ ပိုကောင်းတဲ့ အခြေအနေတစ်ခုကို ဖန်တီးပြီး ကစားချင်တာ။ အဲဒါက လက်ရှိ ကစားချင်နေတဲ့ ပုံစံရယ်လို့ မဟုတ်ပါဘူး။ ကစားသမားတွကိုယ်တိုင်ကိုယ်ကျ ဆုံးဖြတ်တာမျိုး ရှိစေချင်တယ်။ သူတို့ဟာ ပြောထားတဲ့ ပုံစံအတိုင်းပဲ လိုက်ကစားနေကြတာ။ သေချာတာက ထပ်ပြီး တိုးလုပ်ရမှာ။ ငါ့ အမြင် ပြောရရင်တော့ ကစားသမား ၁၁ ယောက်စလုံးက ခံစစ် ကစားနိုင်ရမှာ ဖြစ်သလို ၁၁ ယောက်စလုံးကလည်း တိုက်စစ်ကို အပိုင် ဖြစ်နေရမယ်။ ဒါကြောင့် နောက်ခံလူတွေအကြောင်း ပြောကြကြေးဆိုရင်လည်း တစ်ခါတလေမှာ သူတို့ကို မျှော်လင့်မထားတဲ့ နေရာမျိုးတွေမှာ တွေ့ရ ပါလိမ့်မယ်။ အဲဒါကို ငါက ကြိုက်တာ။ အဲဒီလို ကစားသမားမျိုးတွေကို ငါ ရှာနေတာ’’ လို့ တန်ဟတ်က ဗန်ပါစီနဲ့ အင်တာဗျူးမှာ ပြောသွားခဲ့တာပါ။
crd