


 

 



 

crd

unicode

ဝေဖန်လေကန်နေမယ့်အစား အသင်းရဲ့အဓိကလိုအပ်ချက်ကိုပြင်ဆင်ဖို့ မီးမောင်းထိုးပြလိုက်တဲ့ သရဲနီဒေါသအိုးကြီး ရွိုင်ကိန်း

မန်ချက်စတာယူနိက်တက်ရဲ့ ဒီရက်ပိုင်း ခေါင်းကြီးပိုင်းသတင်းတော်တော်များများမှာ ရော်နယ်ဒိုကို အပြစ်တင်သူတွေ နဲ့ ပြည့်နှက်နေပါတယ်….မန်ချက်စတာယူနိက်တက်ကိုတစ်ကျော့ပြန်ရောက်လာတဲ့ရော်နယ်ဒိုဟာ အသင်းအတွက် သွင်းဂိုးအများဆုံးသွင်းယူပေးထားပေမယ့် လက်ရှိမှာ ဝေဖန်မှုတွေခံနေရပါတယ်။တကယ်ဘဲ ရော်နယ်ဒိုက မန်ချက်စတာယူနိက်တက်အတွက်ဆိုးကျိုးတွေဖြစ်နေတာလား…..ရော်နယ်ဒို က ကယ်တင်ရှင်လားဆိုတာတော့ သဲသဲကွဲကွဲ မသိရသေးပါဘူး…ရာသီကုန်ရင် အဖြေထွက်လာပါလိမ့်မယ်…ယခုရော်နယ်ဒိုကို အပြစ်တင်နေသူတွေ ဝေဖန်နေသူတွေကို မန်ချက်စတာယူနိက်တက် Legend ကြီးတဦးဖြစ်တဲ့ ရွိင်ကိန်းက မယောင်ရာဆီလူး အာရုံစိုက်နေကြတယ်ဆိုပြီး ဆူပူကြိမ်မောင်းခဲ့ပါတယ်….

ရွိင်ကိန်းက ” မန်ချက်စတာမှာ ဘာတွေဖြစ်နေကြတာလဲ…တခါလာလည်း ရော်နယ်ဒိုကို အပြစ်တင်လိုက် ဝေဖန်လိုက် ရန်တိုက်လိုက် လုပ်နေတဲ့မီဒီယာတွေနဲ့ ပရိတ်သတ်တွေဘဲတွေ့နေရတယ်…အသင်းမှာရှိတဲ့ ကောင်တွေ ကစားသမားဆိုတဲ့ ကောင်တွေကရော ဒီလို အသက် ၃၀ကျော်နေတဲ့ ကစားသမားကို ဘာတွေလိုက်ပြိုင်နေကြတာလဲ…အသင်းမှာပျက်စီးနေတာဘာလဲ မသိဘူးလား….အသင်းမှာ အရေးတကြီးလိုအပ်နေတာကို မသိကြဘူးလား….အသင်းမှာ ကွင်းလယ်ပိုင်းလိုအပ်ချက်ရှိနေတယိ…ဒါကိုပြင်ရမယ်…မမြင်ကြတာလား..မသိချင်ယောင်ဆောင်နေကြတာလား….

အသက် ၃၀ကျော်နေတဲ့ ကစားသမားကို ဘာတွေလိုက်ပြိုင်နေကြတာလဲ…အသင်းမှာပျက်စီးနေတာဘာလဲ မသိဘူးလား….အသင်းမှာ အရေးတကြီးလိုအပ်နေတာကို မသိကြဘူးလား….အသင်းမှာ ကွင်းလယ်ပိုင်းလိုအပ်ချက်ရှိနေတယိ…ဒါကိုပြင်ရမယ်…မမြင်ကြတာလား..မသိချင်ယောင်ဆောင်နေကြတာလား….အဲ့ဒီဟာကိုဘဲ အာရုံစိုက်စမ်းပါ …ဘာလို့ တခြားအကြောင်းအရာတွေကို အာရုံစိုက်ပြီး ရော်နယ်ဒိုကို အပြစ်တင်နေကြတာလဲ…လာမယ့် ပွဲ ဘယ်သူ DMF Role နေရာကစားမလဲ အာရုံစိုက်ကြစမ်းပါ ” ဟု ဆူသွားခဲ့ပါတယ်….

ရော်နယ်ဒိုက အက်စတွန်ဗီလာနှင့်ပွဲအတွက် ယခုလိုပြောကြားသွားခဲ့ပါတယ်။” အက်စတွန်ဗီလာနဲ့ ပွဲမတိုင်ခင် ကျွန်တော့် ကြံ့ခိုင်မှုလား? ပါဝင်ကစားနိုင်ဖို့ ကျွန်တော်မျှော်လင့်ထားပါတယ်။ ကြာသပတေးနေ့(ဒီနေ့) မှာ ကျွန်တော်တို့အပြင်း အထန်လေ့ကျင့်ရပါမယ်။ ကျွန်တော်တို့ အားလုံး အကောင်းဆုံးကြိုးစားသွားပါမယ်။ နောက်ပြီး ကျွန်တော် ကိုယ်တိုင်လည်း အကောင်းဆုံးဖြစ်အောင်ကြိုးစားသွားပါမယ်။ ခန္ဓာကိုယ်ရဲ့တုံ့ပြန်မှုက ဘယ်လိုဖြစ်မလဲဆိုတာ ကိုလည်း ကျွန်တော်တို့စောင့်ကြည့်ရပါဦးမယ်။ ကျွန်တော်ကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားပါမယ်။ နောက်ပြီး ကျွန်တော့်ဘက်က ယုံကြည်မှုလည်း အပြည့်ရှိပါတယ်။ ကျွန်တော့် ခန္ဓာကိုယ်အခြေအနေကို ကျွန်တော်သိတာပေါ့။ အတွေ့အကြုံကနေ ကျွန်တော့် ခန္ဓာကိုယ်အကြောင်းကို သိခဲ့တာပါ။ ကျွန်တော်က တစ်ခြားကစားသမားတွေနဲ့မတူဘူး။ ကျွန်တော် ငယ်ငယ်တုန်းက ပုံစံနဲ့လည်း မတူပါဘူး။ ဒါပေမယ့် အသင်းမှာရှိကြတဲ့ ကစားသမားတွေနဲ့တော့ တူညီတဲ့ရည်မှန်းချက် တွေရှိပါတယ်။ အသင်းအတွက် ကစားပေးချင်ပြီး အကူအညီဖြစ်အောင်ကြိုးစားလိုပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *