ေရာ္နယ္လ္ဒို အိုးလ္ထရက္ဖို႔ဒ္မွ ထြက္ခြာခဲ့လို႔ အသင္းရဲ႕အသက္ေသြးေၾကာ ျပန္လည္ျဖစ္လာမယ့္ ကစားသမားကို ေဖာ္ျပေပးလိုက္တဲ့ ပက္ထရစ္ အီဗရာ

ေရာ္နယ္လ္ဒို အိုးလ္ထရက္ဖို႔ဒ္မွ ထြက္ခြာခဲ့လို႔ အသင္းရဲ႕အသက္ေသြးေၾကာ ျပန္လည္ျဖစ္လာမယ့္ ကစားသမားကို ေဖာ္ျပေပးလိုက္တဲ့ ပက္ထရစ္ အီဗရာ
ေရာ္နယ္လ္ဒို ထြက္ခြါသြားလို႔ ေလာင္းရိပ္ေအာက္ကလြတ္ၿပီး တဖန္ျပန္လည္ထြန္းေတာက္လာေတာ့မယ့္ သူရဲနီစစ္သူႀကီး ဘ႐ူႏို

ခရစၥတီယာႏို ေရာ္နယ္လ္ဒို တေယာက္ အိုးလ္ထရက္ဖို႔ဒ္မွ ထြက္ခြာခဲ့တာဟာ ကြင္းလယ္လူ ဘ႐ူႏို ဖာနန္ဒက္စ္ကို သရဲနီတို႔ရဲ႕ အသက္ေသြးေၾကာ ျဖစ္လားေစခဲ့တယ္လို႔ ယုံၾကည္ေၾကာင္း မန္ခ်က္စတာ ယူႏိုက္တက္ ဂႏၲဝင္ ေနာက္ခံလူ ပက္ထရစ္ အီဗရာက ေျပာလိုက္ပါတယ္။

ဒါ့အျပင္ ေပၚတူဂီ ၾကယ္ပြင့္ ဘ႐ူႏို ဖာနန္ဒက္စ္ဟာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းရဲ႕ အဓိက ကြင္းလယ္ ဖန္တီးရွင္ ျဖစ္သင့္တယ္လို႔လည္း ျပင္သစ္ လက္ေ႐ြးစင္ အသင္းေခါင္းေဆာင္ေဟာင္း အီဗရာက ေျပာခဲ့ပါတယ္။

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ အသင္းနဲ႔ အႀကီးအက်ယ္ ျပႆနာ ျဖစ္ခဲ့ၿပီးေနာက္ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းနဲ႔ ႏိုဝင္ဘာလက လမ္းခြဲခဲ့တာ ျဖစ္ၿပီး၊ ေပၚတူဂီ စူပါစတားဟာ ၿဗိတိန္ ႐ုပ္သံတင္ဆက္သူ ပီယာ့စ္ေမာ္ဂန္နဲ႔ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ အျငင္းပြားစရာေတြ ထုတ္ေျပာခဲ့ပါတယ္။

သူဟာ အဆိုပါ အင္တာဗ်ဴးမွာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္း တာဝန္ရွိသူေတြ အပါအဝင္ နည္းျပ အဲရစ္တန္ဟဂ္၊ အသင္းေဖာ္ေဟာင္းေတြ ျဖစ္ၾကတဲ့ ဂယ္ရီနဗီးလ္နဲ႔ ဝိန္း႐ြန္းနီတို႔ကို အျပင္းအထန္ ေဝဖန္ခဲ့ၿပီး အသင္းကေန ထြက္ခြာရတဲ့အထိ ျဖစ္သြားခဲ့ပါတယ္။

ေရာ္နယ္လ္ဒိုနဲ႔ ဖာနန္ဒက္စ္တို႔ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ အသင္းရဲ႕ ပယ္နယ္တီ ကန္သြင္းခြင့္ကို အလွည့္က် ရယူခဲ့သူေတြျဖစ္ၿပီး၊ ဖာနန္ဒက္စ္ဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ ပယ္နယ္တီ ၂ႀကိမ္လြဲေခ်ာ္ခဲ့တာေၾကာင့္ ေရာ္နယ္လ္ဒိုနဲ႔ အလွည့္က် ပယ္နယ္တီ ကန္သြင္းခဲ့ရတာ ျဖစ္ပါတယ္။

ဒါေပမယ့္ ယခုအခါ ေရာ္နယ္လ္ဒို ထြက္ခြာသြားတာေၾကာင့္ အသင္းရဲ႕ ပယ္နယ္တီ ကန္သြင္းခြင့္ကို တာဝန္ယူရမယ့္ အဓိက ကစားသမားက ဖာနန္ဒက္စ္ ျဖစ္လာခဲ့ၿပီး၊ ဒီအေျခအေနအေပၚ မန္ခ်က္စတာ ယူႏိုက္တက္ ေနာက္ခံလူေဟာင္း ပက္ထရစ္ အီဗရာက သူ႔ရဲ႕အျမင္ကို အခုလို ေျပာထားပါတယ္။

“ဘ႐ူႏို ဖာနန္ဒက္စ္ဟာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းရဲ႕ အဓိက ကစားသမား အေနနဲ႔ ရွိေနရမွာျဖစ္ၿပီး၊ အခုခ်ိန္မွာ ေရာ္နယ္လ္ဒို ထြက္သြားတာေၾကာင့္ ဘ႐ူႏိုက အသင္းမွာ ဆရာႀကီး ျပန္ျဖစ္လာၿပီလို႔ ခင္ဗ်ား ခံစားမိပါလိမ့္မယ္။”

“အခုဆိုရင္ သူက မန္ခ်က္စတာ ယူႏိုက္တက္ အသင္းမွာ အလြတ္ တည္ကန္ေဘာေတြ ကန္ခြင့္ရမယ့္သူ၊ ေထာင့္ကန္ေဘာေတြ ကန္ခြင့္ရမယ့္သူ ျဖစ္လာခဲ့ပါၿပီ။ ဒီအရာေတြက ဖာနန္ဒက္စ္ လိုအပ္ေနတာ ျဖစ္ၿပီး၊ သူက အရင္ထက္ ယုံၾကည္မႈ ပိုေကာင္းလာပါလိမ့္မယ္။”

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ ဒီဇင္ဘာလ ၂၇ရက္ေန႔က ကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ပြဲစဥ္မွာ ေနာ္တင္ဟမ္ေဖာရက္စ္ အသင္းကို ၃-၀ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီး အသင္းအတြက္ အႏိုင္ဂိုးေတြကို မားကပ္စ္ရပ္ခ္်ဖို႔ဒ္၊ အန္သိုနီမာရွယ္နဲ႔ ဖရက္ဒ္တို႔က သြင္းယူ ေပးခဲ့ပါတယ္။

တဖက္မွာ ၿပီးခဲ့တဲ့လက အိုးလ္ထရက္ဖို႔ဒ္မွ ထြက္ခြာခဲ့တဲ့ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေဆာ္ဒီအာေရဗီးယား ကလပ္အသင္း တသင္းျဖစ္တဲ့ ေအအယ္လ္နာဆာ အသင္းက ကမ္းလွမ္းမႈေတြ ျပဳလုပ္ထားေၾကာင္း သိရေပမယ့္ လက္ရွိမွာေတာ့ သူဟာ အသင္းလက္မဲ့ ကစားသမားအျဖစ္ ရွိေနဆဲပါပဲ။

မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ေနာ္တင္ဟမ္ေဖာရက္စ္ အသင္းကို ၃-၀ဂိုးနဲ႔ အႏိုင္ရခဲ့ၿပီးေနာက္၊ ပရီးမီးယားလိဂ္ အမွတ္ေပးဇယား အဆင့္၅ေနရာ ရပ္တည္ေနၿပီး သရဲနီတို႔ဟာ ရာသီအကုန္မွာ ခ်န္ပီယံလိဂ္ ဝင္ခြင့္တေနရာ ရရွိဖို႔အတြက္ ေမွ်ာ္မွန္းေနပါတယ္။

အဲရစ္ တန္ဟဂ္ရဲ႕ အသင္းဟာ လာမယ့္ ဒီဇင္ဘာလ ၃၁ရက္ေန႔မွာ ပရီးမီးယားလိဂ္ ပြဲစဥ္အျဖစ္ ဝုဗ္ဗာဟမ္တန္ အသင္းနဲ႔ အေဝးကြင္းမွာ ရင္ဆိုင္ ကစားရဖို႔ ရွိေနၿပီး၊ သရဲနီတို႔ဟာ ႏွစ္ေဟာင္းကို ႏိုင္ပြဲနဲ႔ ႏႈတ္ဆက္ႏိုင္မလား ဆိုတာ ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။
crd

Unicode
ရော်နယ်လ်ဒို အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာခဲ့လို့ အသင်းရဲ့အသက်သွေးကြော ပြန်လည်ဖြစ်လာမယ့် ကစားသမားကို ဖော်ပြပေးလိုက်တဲ့ ပက်ထရစ် အီဗရာ
ရော်နယ်လ်ဒို ထွက်ခွါသွားလို့ လောင်းရိပ်အောက်ကလွတ်ပြီး တဖန်ပြန်လည်ထွန်းတောက်လာတော့မယ့် သူရဲနီစစ်သူကြီး ဘရူနို

ခရစ္စတီယာနို ရော်နယ်လ်ဒို တယောက် အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာခဲ့တာဟာ ကွင်းလယ်လူ ဘရူနို ဖာနန်ဒက်စ်ကို သရဲနီတို့ရဲ့ အသက်သွေးကြော ဖြစ်လားစေခဲ့တယ်လို့ ယုံကြည်ကြောင်း မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် နောက်ခံလူ ပက်ထရစ် အီဗရာက ပြောလိုက်ပါတယ်။

ဒါ့အပြင် ပေါ်တူဂီ ကြယ်ပွင့် ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကွင်းလယ် ဖန်တီးရှင် ဖြစ်သင့်တယ်လို့လည်း ပြင်သစ် လက်ရွေးစင် အသင်းခေါင်းဆောင်ဟောင်း အီဗရာက ပြောခဲ့ပါတယ်။

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ အသင်းနဲ့ အကြီးအကျယ် ပြဿနာ ဖြစ်ခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ နိုဝင်ဘာလက လမ်းခွဲခဲ့တာ ဖြစ်ပြီး၊ ပေါ်တူဂီ စူပါစတားဟာ ဗြိတိန် ရုပ်သံတင်ဆက်သူ ပီယာ့စ်မော်ဂန်နဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အငြင်းပွားစရာတွေ ထုတ်ပြောခဲ့ပါတယ်။

သူဟာ အဆိုပါ အင်တာဗျူးမှာ မန်ချက်စတာ ယူနိုက်တက် အသင်း တာဝန်ရှိသူတွေ အပါအဝင် နည်းပြ အဲရစ်တန်ဟဂ်၊ အသင်းဖော်ဟောင်းတွေ ဖြစ်ကြတဲ့ ဂယ်ရီနဗီးလ်နဲ့ ဝိန်းရွန်းနီတို့ကို အပြင်းအထန် ဝေဖန်ခဲ့ပြီး အသင်းကနေ ထွက်ခွာရတဲ့အထိ ဖြစ်သွားခဲ့ပါတယ်။

ရော်နယ်လ်ဒိုနဲ့ ဖာနန်ဒက်စ်တို့ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အသင်းရဲ့ ပယ်နယ်တီ ကန်သွင်းခွင့်ကို အလှည့်ကျ ရယူခဲ့သူတွေဖြစ်ပြီး၊ ဖာနန်ဒက်စ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ပယ်နယ်တီ ၂ကြိမ်လွဲချော်ခဲ့တာကြောင့် ရော်နယ်လ်ဒိုနဲ့ အလှည့်ကျ ပယ်နယ်တီ ကန်သွင်းခဲ့ရတာ ဖြစ်ပါတယ်။

ဒါပေမယ့် ယခုအခါ ရော်နယ်လ်ဒို ထွက်ခွာသွားတာကြောင့် အသင်းရဲ့ ပယ်နယ်တီ ကန်သွင်းခွင့်ကို တာဝန်ယူရမယ့် အဓိက ကစားသမားက ဖာနန်ဒက်စ် ဖြစ်လာခဲ့ပြီး၊ ဒီအခြေအနေအပေါ် မန်ချက်စတာ ယူနိုက်တက် နောက်ခံလူဟောင်း ပက်ထရစ် အီဗရာက သူ့ရဲ့အမြင်ကို အခုလို ပြောထားပါတယ်။

“ဘရူနို ဖာနန်ဒက်စ်ဟာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ အဓိက ကစားသမား အနေနဲ့ ရှိနေရမှာဖြစ်ပြီး၊ အခုချိန်မှာ ရော်နယ်လ်ဒို ထွက်သွားတာကြောင့် ဘရူနိုက အသင်းမှာ ဆရာကြီး ပြန်ဖြစ်လာပြီလို့ ခင်ဗျား ခံစားမိပါလိမ့်မယ်။”

“အခုဆိုရင် သူက မန်ချက်စတာ ယူနိုက်တက် အသင်းမှာ အလွတ် တည်ကန်ဘောတွေ ကန်ခွင့်ရမယ့်သူ၊ ထောင့်ကန်ဘောတွေ ကန်ခွင့်ရမယ့်သူ ဖြစ်လာခဲ့ပါပြီ။ ဒီအရာတွေက ဖာနန်ဒက်စ် လိုအပ်နေတာ ဖြစ်ပြီး၊ သူက အရင်ထက် ယုံကြည်မှု ပိုကောင်းလာပါလိမ့်မယ်။”

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၇ရက်နေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ် အသင်းကို ၃-၀ဂိုးနဲ့ အနိုင်ရခဲ့ပြီး အသင်းအတွက် အနိုင်ဂိုးတွေကို မားကပ်စ်ရပ်ခ်ျဖို့ဒ်၊ အန်သိုနီမာရှယ်နဲ့ ဖရက်ဒ်တို့က သွင်းယူ ပေးခဲ့ပါတယ်။

တဖက်မှာ ပြီးခဲ့တဲ့လက အိုးလ်ထရက်ဖို့ဒ်မှ ထွက်ခွာခဲ့တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ဆော်ဒီအာရေဗီးယား ကလပ်အသင်း တသင်းဖြစ်တဲ့ အေအယ်လ်နာဆာ အသင်းက ကမ်းလှမ်းမှုတွေ ပြုလုပ်ထားကြောင်း သိရပေမယ့် လက်ရှိမှာတော့ သူဟာ အသင်းလက်မဲ့ ကစားသမားအဖြစ် ရှိနေဆဲပါပဲ။

မန်ချက်စတာ ယူနိုက်တက် အသင်းဟာ နော်တင်ဟမ်ဖောရက်စ် အသင်းကို ၃-၀ဂိုးနဲ့ အနိုင်ရခဲ့ပြီးနောက်၊ ပရီးမီးယားလိဂ် အမှတ်ပေးဇယား အဆင့်၅နေရာ ရပ်တည်နေပြီး သရဲနီတို့ဟာ ရာသီအကုန်မှာ ချန်ပီယံလိဂ် ဝင်ခွင့်တနေရာ ရရှိဖို့အတွက် မျှော်မှန်းနေပါတယ်။

အဲရစ် တန်ဟဂ်ရဲ့ အသင်းဟာ လာမယ့် ဒီဇင်ဘာလ ၃၁ရက်နေ့မှာ ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ဝုဗ်ဗာဟမ်တန် အသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင် ကစားရဖို့ ရှိနေပြီး၊ သရဲနီတို့ဟာ နှစ်ဟောင်းကို နိုင်ပွဲနဲ့ နှုတ်ဆက်နိုင်မလား ဆိုတာ စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *