




Unicode
‌ရော်နယ်လ်ဒို ကွက်လပ်ကိုဖြည့်ဖို့ ကာတာ ကမ္ဘာ့ဖလားရဲ့ပထမဆုံးဟက်ထရစ်ရှင်ကို ဇန်နဝါရီမှာပဲခေါ်ယူဖို့ ချိတ်ဆက်လိုက်တဲ့ မန်ယူအသင်း

မန်ချက်စတာယူနိုက်တက်အသင်းသည် မကြာသေးမှီက ၎င်းတို့အသင်းနှင့်လမ်းခွဲထားခဲ့သည့် ပေါ်တူဂီတိုက်စစ်မှူး ခရစ္စတီယာနိုရော်နယ်ဒိုရဲ့နေရာကို အစားထိုးဖို့အတွက် ယခုကမ္ဘာ့ဖလားရဲ့ပထမဆုံးဟက်ထရစ်ရှင် ဂွန်ဆာလိုရာမို့စ်ကို ခေါ်ယူရန် ပစ်မှတ်ထား စောင့်ကြည့်‌နေကြောင်း သိရပါတယ်။

ရာမို့စ်သည် ယခုနှစ်အတွင်းမှာ ကလပ်အသင်းနှင့် နိုင်ငံအတွက် အထင်ကြီးလောက်စရာ ပုံစံမျိုးပြသထားနိုင်ပြီး ကမ္ဘာ့ဖလား ၁၆ သင်းရှုံးထွက်အဆင့်တွင် ဆွစ်ဇာလန်နှင့်တွေ့ဆုံခဲ့တဲ့ပွဲတွင် ‌ပွဲထွက်ခွင့်ရရှိခဲ့ပြီး အံဩလောက်စရာခြေစွမ်းမျိုး ပြသနိုင်ခဲ့ပါတယ်။

ရာမို့စ်ဟာ ရော်နယ်ဒိုရဲ့ပွဲထွက်ခွင့်နေရာကို သိမ်းပိုက်နိုင်ခဲ့ပြီး ပေါ်တူဂီနည်းပြ ဖာနန်ဒို ဆန်းတို့စ်ရဲ့ယုံကြည်မှုကို ဟက်ထရစ်သွင်းယူကာ သက်သေပြခဲ့ပါတယ်။ ဒါကြောင့် သူဟာ ရော်နယ်ဒိုရဲ့ ပွဲထွက်ခွင့်တစ်နေရာမှာ သိမ်းပိုက်နိုင်ခဲ့ပြီး မနေ့ညကပွဲမှာလည်း နည်းပြက သူ့ကို ဦးစားပေး ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။

ယူနိုက်တက်နည်းပြ တန်ဟဂ်ကတော့ အ‌ထောင်တိုက်စစ်မှူး ရှာပုံတော်ဖွင့်နေတာဖြစ်ပြီး ဇန်နဝါရီမှာပဲ ထိုကစားသမားကို ခေါ်ယူဖွယ်ရှိနေတာဖြစ်ပါတယ် တိုက်စစ်နေရာ‌အတွက် လောလောဆယ်မှာ အရမ်းကြီး အားကိုးလို့မရတဲ့ မာရှယ်သာရှိနေတာကြောင့် ရာမို့စ်တစ်ယောက် ယူနိုက်တက်ရဲ့ လိုအပ်နေတဲ့ ပုံမှန်သွင်းဂိုးတွေကို ကွက်လပ်ဖြည့်သွားနိုင်မလားဆိုတာကတော့…..

Add a Comment

Your email address will not be published. Required fields are marked *