ေရာ္နယ္ဒို ဒုတိယေနရာမွ ဦးေဆာင္ေနတဲ့ လက္ရွိပရီးမီးယားလိဂ္free kick ဂိုးအမ်ားဆုံးကစားသမား၅ဦး

ေရာ္နယ္ဒို ဒုတိယေနရာမွ ဦးေဆာင္ေနတဲ့ လက္ရွိပရီးမီးယားလိဂ္free kick
ဂိုးအမ်ားဆုံးကစားသမား၅ဦး

ပရီးမီးယားလိဂ္ပြဲေတြမွာ လွပတဲ့ဖရီးကစ္သြင္းဂိုးေတြ ျမင္ေတြ႕ရေလ့ရွိတာက ထုံးစံလိုျဖစ္ေနၿပီး ၿပိဳင္ပြဲတစ္ေလွ်ာက္မွာလည္း ေဒးဗစ္ဘက္ခမ္၊ ဂ်ရတ္၊ လမ္းပတ္တို႔လို ထိတ္ထိတ္ႀကဲကစားသမားေတြဟာ ပၪၥလက္ဆန္တဲ့ဖရီးကစ္ဂိုးေတြကို သြင္းယူခဲ့ၾကပါတယ္။အခု နာမည္ေက်ာ္အားကစားဝက္ဘ္ဆိုက္တစ္ခုျဖစ္တဲ့ sportskeeda က အခုေလာေလာဆယ္ ပရီးမီးယားလိဂ္မွာကစားေနတဲ့ကစားသမားေတြထဲကသူတို႔ရဲ႕ပရီးမီးယားလိဂ္ကစားသမားဘဝတစ္ေလွ်ာက္ ဖရီးကစ္သြင္းဂိုးအမ်ားဆုံးသြင္းယူခဲ့တဲ့သူ(၅)ဦးကို ေဖာ္ျပခဲ့ၿပီး ထိပ္ဆုံးမွာ ဘယ္သူမွမထင္မွတ္ထားတဲ့ကစားသမားတစ္ဦး ရပ္တည္ေနတာျဖစ္ပါတယ္။

 

sportskeeda ရဲ႕ေဖာ္ျပခ်က္ထဲမွာ အဆင့္(၅)ေနရာရပ္တည္ေနတာက အက္စတြန္ဗီလာအသင္းမွာကစားေနတဲ့ မန္ခ်က္စတာယူႏိုက္တက္ကစားသမားေဟာင္း အက္ရွ္ေလယန္းပဲျဖစ္ပါတယ္။အသက္(၃၆)ႏွစ္အ႐ြယ္ရွိၿပီျဖစ္သူ အက္ရွ္ေလယန္းဟာ ေတာင္ပံကစားသမားအျဖစ္ ကစားသမားဘဝစတင္ခဲ့ၿပီး ဖရီးကစ္သြင္းဂိုးတခ်ိဳ႕ကိုလည္း သြင္းယူခဲ့သလို ပရီးမီးယားလိဂ္ကစားသမားဘဝတစ္ေလွ်ာက္ သူ႔ရဲ႕ဖရီးကစ္ဂိုးက (၆)ဂိုးရွိခဲ့ပါတယ္။အဆင့္(၄)ေနရာမွာ အဲဗာတန္နာမည္ေက်ာ္ကြင္းလယ္လူဆီဂတ္ဆင္က ရပ္တည္ေနၿပီး သူက Set Piece Specialist တစ္ေယာက္လို႔သတ္မွတ္ႏိုင္ေလာက္တဲ့အထိ ဖရီးကစ္သြင္းယူတဲ့ေနရာမွာ ဆရာက်သူတစ္ဦးပါ။

ဆြမ္ဆီးအသင္းနဲ႔အတူ နာမည္ထင္ရွားခဲ့တဲ့ဆီဂတ္ဆင္ဟာ အခုအခ်ိန္အထိ ပရီးမီးယားလိဂ္မွာ ဖရီးကစ္ကေန (၇)ဂိုးသြင္းယူထားပါတယ္။ပရိသတ္ေတြျမင္ကြင္းထဲကေန ကြယ္ေပ်ာက္ေနတာအေတာ္ၾကာေနၿပီျဖစ္တဲ့ ယူႏိုက္တက္ဝါရင့္ကြင္းလယ္လူမာတာက အဆင့္(၃)ေနရာမွာရပ္တည္ေနၿပီးမာတာဟာ ခ်ယ္လ္ဆီး၊ ယူႏိုက္တက္အသင္းတို႔အတြက္ လွပတဲ့ဖရီးကစ္သြင္းဂိုးေတြ သြင္းယူခဲ့သလို ဖရီးကစ္ကေန စုစုေပါင္း(၈)ဂိုးအထိသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ယူႏိုက္တက္အသင္းမွာ ပထမအႀကိမ္ကစားခဲ့ခ်ိန္တုန္းက ပို႔စ္ေမာက္အသင္းဘက္ကို မယုံႏိုင္ေလာက္တဲ့ ဖရီးကစ္ဂိုးသြင္းယူခဲ့တဲ့ စီေရာ္နယ္လ္ဒို အခုစာရင္းမွာ ထိပ္ဆုံးမရခဲ့ဘဲ စုစုေပါင္း(၉)ဂိုးနဲ႔ အဆင့္(၂)ေနရာသာရခဲ့ပါတယ္။

 

ယူႏိုက္တက္အသင္းမွာ ပထမအႀကိမ္ကစားခဲ့ခ်ိန္တုန္းက ပို႔စ္ေမာက္အသင္းဘက္ကို မယုံႏိုင္ေလာက္တဲ့ ဖရီးကစ္ဂိုးသြင္းယူခဲ့တဲ့ စီေရာ္နယ္လ္ဒို အခုစာရင္းမွာ ထိပ္ဆုံးမရခဲ့ဘဲ စုစုေပါင္း(၉)ဂိုးနဲ႔ အဆင့္(၂)ေနရာသာရခဲ့ပါတယ္။စီေရာ္နယ္လ္ဒိုထက္ ပရီးမီးယားလိဂ္မွာ ဖရီးကစ္သြင္းဂိုးပိုမ်ားတာက ေဆာက္သမ္တန္ကြင္းလယ္လူဝက္ဒ္ပေရာက္စ္ျဖစ္ၿပီးေဆာက္သမ္တန္တစ္သင္းတည္းမွာ (၁၁)ႏွစ္ၾကာကစားထားတဲ့ ဝက္ဒ္ပေရာက္စ္ဟာ ပရီးမီးယားလိဂ္မွာ ဖရီးကစ္ကေန(၁၀)ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။
crd

unicode

ရော်နယ်ဒို ဒုတိယနေရာမှ ဦးဆောင်နေတဲ့ လက်ရှိပရီးမီးယားလိဂ်free kick
ဂိုးအများဆုံးကစားသမား၅ဦး

ပရီးမီးယားလိဂ်ပွဲတွေမှာ လှပတဲ့ဖရီးကစ်သွင်းဂိုးတွေ မြင်တွေ့ရလေ့ရှိတာက ထုံးစံလိုဖြစ်နေပြီး ပြိုင်ပွဲတစ်လျှောက်မှာလည်း ဒေးဗစ်ဘက်ခမ်၊ ဂျရတ်၊ လမ်းပတ်တို့လို ထိတ်ထိတ်ကြဲကစားသမားတွေဟာ ပဥ္စလက်ဆန်တဲ့ဖရီးကစ်ဂိုးတွေကို သွင်းယူခဲ့ကြပါတယ်။အခု နာမည်ကျော်အားကစားဝက်ဘ်ဆိုက်တစ်ခုဖြစ်တဲ့ sportskeeda က အခုလောလောဆယ် ပရီးမီးယားလိဂ်မှာကစားနေတဲ့ကစားသမားတွေထဲကသူတို့ရဲ့ပရီးမီးယားလိဂ်ကစားသမားဘဝတစ်လျှောက် ဖရီးကစ်သွင်းဂိုးအများဆုံးသွင်းယူခဲ့တဲ့သူ(၅)ဦးကို ဖော်ပြခဲ့ပြီး ထိပ်ဆုံးမှာ ဘယ်သူမှမထင်မှတ်ထားတဲ့ကစားသမားတစ်ဦး ရပ်တည်နေတာဖြစ်ပါတယ်။

sportskeeda ရဲ့ဖော်ပြချက်ထဲမှာ အဆင့်(၅)နေရာရပ်တည်နေတာက အက်စတွန်ဗီလာအသင်းမှာကစားနေတဲ့ မန်ချက်စတာယူနိုက်တက်ကစားသမားဟောင်း အက်ရှ်လေယန်းပဲဖြစ်ပါတယ်။အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်သူ အက်ရှ်လေယန်းဟာ တောင်ပံကစားသမားအဖြစ် ကစားသမားဘဝစတင်ခဲ့ပြီး ဖရီးကစ်သွင်းဂိုးတချို့ကိုလည်း သွင်းယူခဲ့သလို ပရီးမီးယားလိဂ်ကစားသမားဘဝတစ်လျှောက် သူ့ရဲ့ဖရီးကစ်ဂိုးက (၆)ဂိုးရှိခဲ့ပါတယ်။အဆင့်(၄)နေရာမှာ အဲဗာတန်နာမည်ကျော်ကွင်းလယ်လူဆီဂတ်ဆင်က ရပ်တည်နေပြီး သူက Set Piece Specialist တစ်ယောက်လို့သတ်မှတ်နိုင်လောက်တဲ့အထိ ဖရီးကစ်သွင်းယူတဲ့နေရာမှာ ဆရာကျသူတစ်ဦးပါ။

ဆွမ်ဆီးအသင်းနဲ့အတူ နာမည်ထင်ရှားခဲ့တဲ့ဆီဂတ်ဆင်ဟာ အခုအချိန်အထိ ပရီးမီးယားလိဂ်မှာ ဖရီးကစ်ကနေ (၇)ဂိုးသွင်းယူထားပါတယ်။ပရိသတ်တွေမြင်ကွင်းထဲကနေ ကွယ်ပျောက်နေတာအတော်ကြာနေပြီဖြစ်တဲ့ ယူနိုက်တက်ဝါရင့်ကွင်းလယ်လူမာတာက အဆင့်(၃)နေရာမှာရပ်တည်နေပြီးမာတာဟာ ချယ်လ်ဆီး၊ ယူနိုက်တက်အသင်းတို့အတွက် လှပတဲ့ဖရီးကစ်သွင်းဂိုးတွေ သွင်းယူခဲ့သလို ဖရီးကစ်ကနေ စုစုပေါင်း(၈)ဂိုးအထိသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ယူနိုက်တက်အသင်းမှာ ပထမအကြိမ်ကစားခဲ့ချိန်တုန်းက ပို့စ်မောက်အသင်းဘက်ကို မယုံနိုင်လောက်တဲ့ ဖရီးကစ်ဂိုးသွင်းယူခဲ့တဲ့ စီရော်နယ်လ်ဒို အခုစာရင်းမှာ ထိပ်ဆုံးမရခဲ့ဘဲ စုစုပေါင်း(၉)ဂိုးနဲ့ အဆင့်(၂)နေရာသာရခဲ့ပါတယ်။

ယူနိုက်တက်အသင်းမှာ ပထမအကြိမ်ကစားခဲ့ချိန်တုန်းက ပို့စ်မောက်အသင်းဘက်ကို မယုံနိုင်လောက်တဲ့ ဖရီးကစ်ဂိုးသွင်းယူခဲ့တဲ့ စီရော်နယ်လ်ဒို အခုစာရင်းမှာ ထိပ်ဆုံးမရခဲ့ဘဲ စုစုပေါင်း(၉)ဂိုးနဲ့ အဆင့်(၂)နေရာသာရခဲ့ပါတယ်။စီရော်နယ်လ်ဒိုထက် ပရီးမီးယားလိဂ်မှာ ဖရီးကစ်သွင်းဂိုးပိုများတာက ဆောက်သမ်တန်ကွင်းလယ်လူဝက်ဒ်ပရောက်စ်ဖြစ်ပြီးဆောက်သမ်တန်တစ်သင်းတည်းမှာ (၁၁)နှစ်ကြာကစားထားတဲ့ ဝက်ဒ်ပရောက်စ်ဟာ ပရီးမီးယားလိဂ်မှာ ဖရီးကစ်ကနေ(၁၀)ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *