



crd

unicode

ရော်နယ်ဒိုဟာသူ့ရဲ့နည်းစနစ်မှာခြေစွမ်းပြကစားနိုင်မယ်လို့ ရဲရဲကြီးအာမခံလိုက်တဲ့ ယူနိုက်တက်နည်းပြ အဲရစ်တန်ဟဂ်

မန်ယူမန်နေဂျာသစ် တန်းဟက်က မန်ယူတွင် ရော်နယ်ဒိုအတွက် နေရာတစ်နေရာ ရှိနေသေးကြောင်း သို့ရာတွင် ရော်နယ်ဒိုကသာ မန်ယူနှင့် ထိုက်တန်ကြောင်းသက်သေပြရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။ ရော်နယ်ဒိုသည် ချန်ပီယံလိဂ်ဝင်ခွင့်မရခြင်းကြောင့် အသင်းပြောင်းလိုကြောင်း ထုတ်ဖော်ပြောဆိုပြီး အသင်းသစ်ရှာနေသော်လည်း လက်ရှိအချိန်အထိ ၎င်းကိုခေါ်ယူလိုသော အသင်းတစ်သင်းမျှ ထွက်ပေါ်လာခြင်းမရှိသေးချေ။ ရော်နယ်ဒိုသည် မန်ယူ၏ရာသီအကြိုခြေစမ်းခရီးစဉ်ကို ပုဂ္ဂိုလ်ရေး အကြောင်းပြချက်ဖြင့် လိုက်ပါခြင်းမရှိပဲ ပြီးခဲ့သည့်လကုန်ကမျှ မန်ယူသို့ပြန်ရောက်လာခြင်း ဖြစ်သည်။

ရော်နယ်ဒိုသည် ဗယ်လီကာနိုနှင့်ပွဲတွင် ပွဲထွက်ကစားသမားအဖြစ်ပါဝင်ခွင့်ရသော်လည်း ပထမပိုင်းအပြီးတွင် လူစားလဲခံရသည့် တစ်ဦးတည်းသောကစားသမားဖြစ်ခဲ့သည်။ ရော်နယ်ဒိုသည် ဗယ်လီကာနိုပွဲမပြီးမီတွင် အိုးထရက်ဖို့မှထွက်ခွာ၍ အိမ်ပြန်သွားသောကြောင့် တန်းဟက်က မကျေမနပ်ဖြစ်ခဲ့သည်။ တန်းဟက်က ထိုသို့သော အပြုအမူကို လက်ခံ၍မရကြောင်း ဘောလုံးကစားနည်းသည် အသင်းလိုက်ကစားနည်းဖြစ်ပြီး ပွဲသည်အထိ အသင်းနှင့်အတူရှိနေရန် လိုအပ်ကြောင်း ထုတ်ဖော်ပြောဆိုလိုက်သည်။လက်ရှိအခြေအနေများအရ ရော်နယ်ဒိုသည် မန်ယူတွင်ဆက်နေရရန်ရှိနေသည်။ တန်းဟက်က ရော်နယ်ဒိုသည် နာမည်ကြီးကစားသမားတစ်ဦးဖြစ်နေခြင်းကြောင့် အသင်းတွင် နေရာရမည်ဟု အာမခံချက်မရှိကြောင်း သတိပေးပြောဆိုလိုက်သည်။

ယူနိုက်တက်တွင် ဆယ်ဟက်ဒ်လုပ်ဆောင်လေ့ရှိသည့် ခေတ်မီစနစ်တစ်ခုတွင် ရော်နယ်ဒိုသည် ရှေ့တန်းမှ ဖိကစားနိုင်စွမ်းရှိပြီး မန်ယူနည်းပြ အဲရစ်ဆယ်ဟက်က တိုက်စစ်မှူး ခရစ်စတီယာနို ရော်နယ်ဒိုဟာ သူ့စနစ်နဲ့သူ အံဝင်ခွင်ကျဖြစ်တယ်ဆိုတာကို အခိုင်မာပြောဆိုသွားခဲ့ပါတယ်။ အေဂျက်စ်မန်နေဂျာဟောင်းက သူ့အသင်းမှာ နေရာတစ်နေရာရှိမှာ သေချာတယ်လို့ ယုံကြည်နေပေမယ့် အထူးသဖြင့် ရာသီကြိုကာလမှာ အန်တိုနီမာရှယ်၊ Marcus Rashford နဲ့ Jadon Sancho တို့လို တိုက်စစ်မှုးသုံးဦးစလုံးဟာ အထင်ကြီးစရာ ခြေစွမ်းကောင်းတွေကို ပြသထားနိုင်ခဲ့တာကြောင့် ရော်နယ်ဒိုအနေနှင့် ထိုက်တန်ကြောင်း သက်သေပြနိုင်ဖို့ ပိုကြိုးစားဖို့လိုအပ်ကြောင်း တန်ဟဂ်က တိုက်တွန်းလာခဲ့ပါတယ်။

ရော်နယ်ဒိုအနေနဲ့ အသင်းနဲ့အတူ ခြေစွမ်းပြနိုင်အောင် စွမ်းဆောင်နိုင်မယ်လို့ ကျွန်တော်ထင်ပါတယ်။ သူ့မှာ ကြံ့ခိုင်မှုရှိတယ်ဆိုရင် ပွဲထွက်နိုင်ဖို့ အဆင်သင့်ပါပဲ။ သူက အရမ်းကောင်းတဲ့ ကစားသမားတစ်ယောက်ပါ။ ဘာလို့လဲဆိုတော့ သူ့အနေနဲ့ အကြိမ်ပေါင်းများစွာ သက်သေပြခဲ့ပါတယ်။ အခုတော့ ရော်နယ်ဒိုအနေနဲ့ ကျွန်တော်တို့နဲ့အတူ ပူးပေါင်းပြီး ခြေစွမ်းပြနိုင်ဖို့ သက်သေပြရပါတော့မယ်”

Add a Comment

Your email address will not be published. Required fields are marked *