ေရာ္နယ္ဒိုရဲ႕ ေနရာကို ဆက္ခံဖို႔ ေနာက္ထပ္ေပၚတူဂီၾကယ္ပြင့္ကို အငွား+အၿပီးသတ္ဝယ္ယူခြင့္ စာခ်ဳပ္နဲ႔ကမ္းလွမ္းေတာ့မယ့္ မန္ယူႏိုက္တက္
|ေရာ္နယ္ဒိုရဲ႕ ေနရာကို ဆက္ခံဖို႔ ေနာက္ထပ္ေပၚတူဂီၾကယ္ပြင့္ကို အငွား+အၿပီးသတ္ဝယ္ယူခြင့္ စာခ်ဳပ္နဲ႔ကမ္းလွမ္းေတာ့မယ့္ မန္ယူႏိုက္တက္
အသင္းရဲ႕ တိုက္စစ္ပိုင္းကို ျဖည့္တင္းဖို႔ ေပၚတူဂီၾကယ္ပြင့္ ဂ်ာအိုဖီးလစ္ကို ဇန္နဝါရီမွာပဲ အငွား+အၿပီးသတ္ဝယ္ယူခြင့္ စာခ်ဳပ္နဲ႔ကမ္းလွမ္းေတာ့မယ့္ မန္ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္အသင္းသည္ ေရာ္နယ္ဒိုထြက္ခြာသြားတဲ့ အသင္းရဲ႕တိုက္စစ္ပိုင္းအတြက္ လာမည့္အေျပာင္းအေ႐ႊ႕ကာလတြင္ အင္အားျပန္လည္ျဖည့္တင္းဖို႔ ႀကိဳးပမ္းေနၿပီး အက္သလက္တီကိုမက္ဒရစ္အသင္းမွ ထြက္ခြာဖြယ္ရွိတဲ့ ေပၚတူဂီလက္ေ႐ြးစင္ တိုက္စစ္မႉး ဂ်ာအိုဖီးလစ္ကို ေခၚယူရန္ စိတ္ဝင္စားေနေၾကာင္း သိရွိရသည္။
ဖီးလစ္သည္ ယခုရာသီတြင္ အက္သလက္တီကိုမက္ဒရစ္အသင္းႏွင့္အတူ ျပႆနာတစ္စုံတစ္ရာရွိေနၿပီး အသင္းမွထြက္ခြာဖို႔ ဆုံးျဖတ္ခ်က္ခ်မွတ္ထားသလို စပိန္ကလပ္ဘက္ကမွလည္း ၎တို႔ကစားသမားကို သင့္ေတာ္တဲ့ႏႈန္းထားမ်ိဳးျဖင့္ အၿပီးသတ္ေရာင္းခ်ဖို႔ ျပင္ဆင္လ်က္ရွိေၾကာင္း သတင္းမ်ားက အခိုင္အမာ ဆိုထားပါတယ္။
ေပၚတူဂီကစားသမား ဂ်ာအိုဖီးလစ္သည္ 2019 ခုႏွစ္ကတည္းက စပိန္ကလပ္ အက္သလက္တီကိုမက္ဒရစ္အသင္းထံ ဘင္ဖီကာအသင္းထံမွ ေျပာင္းေ႐ႊ႕လာၿပီး ၿပိဳင္ပြဲအရပ္ရပ္ 129 ပြဲထိ ကစားထားၿပီး စပိန္ကလပ္အသင္းအတြက္ သြင္းဂိုး 34 ဂိုး သြင္းယူေပးထားႏိုင္ပါတယ္။
လက္ရွိေဘာလုံးရာသီတြင္ အက္သလက္တီကိုအသင္းရဲ႕ ယိုင္း႐ိုင္လာမႈႏွင့္အတူ နည္းျပရဲ႕ ခံစစ္အားသန္ကစားဟန္အေပၚ စိတ္ပ်က္လက္ပ်က္ျဖစ္ေနသလို ပြဲကစားခ်ိန္မိနစ္မ်ားကို အခ်ိန္အကန႔္အသတ္ျဖင့္ ကစားေနရပုံကို မေက်မနပ္ျဖစ္ေနေၾကာင္း သတင္းမ်ားထြက္ေပၚခဲ့ၿပီးခ်ိန္မွာ ၎ကိုေရာင္းခ်ဖို႔ အက္သလက္တီကိုအသင္းက ဆုံးျဖတ္ခဲ့ပါသည္။
ေပၚတူဂီၾကယ္ပြင့္ João Filíx နဲ႔ပတ္သတ္ၿပီး တျခားေ႐ြးျခယ္စရာတခုအေနျဖင့္ ယူႏိုက္တက္အသင္းဟာ လာမည့္ေႏြရာသီအေျပာင္းအေ႐ႊ႕တြင္ အၿပီးသတ္ဝယ္ယူခြင့္ အခ်က္အလက္ပါရွိတဲ့စာခ်ဳပ္အပါအဝင္ လာမည့္ ဇန္နဝါရီအေျပာင္းအေ႐ႊ႕၌ ရာသီဝက္အငွားစာခ်ဳပ္ျဖင့္ ကမ္းလွမ္းရန္ ျပင္ဆင္ေနေၾကာင္း အဂၤလိပ္လူမ်ိဳးသတင္းေထာက္တစ္ဦးရဲ႕ ေဖာ္ျပခ်က္အရ သိရပါတယ္
crd
Unicode
ရော်နယ်ဒိုရဲ့ နေရာကို ဆက်ခံဖို့ နောက်ထပ်ပေါ်တူဂီကြယ်ပွင့်ကို အငှား+အပြီးသတ်ဝယ်ယူခွင့် စာချုပ်နဲ့ကမ်းလှမ်းတော့မယ့် မန်ယူနိုက်တက်
အသင်းရဲ့ တိုက်စစ်ပိုင်းကို ဖြည့်တင်းဖို့ ပေါ်တူဂီကြယ်ပွင့် ဂျာအိုဖီးလစ်ကို ဇန်နဝါရီမှာပဲ အငှား+အပြီးသတ်ဝယ်ယူခွင့် စာချုပ်နဲ့ကမ်းလှမ်းတော့မယ့် မန်ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းသည် ရော်နယ်ဒိုထွက်ခွာသွားတဲ့ အသင်းရဲ့တိုက်စစ်ပိုင်းအတွက် လာမည့်အပြောင်းအရွှေ့ကာလတွင် အင်အားပြန်လည်ဖြည့်တင်းဖို့ ကြိုးပမ်းနေပြီး အက်သလက်တီကိုမက်ဒရစ်အသင်းမှ ထွက်ခွာဖွယ်ရှိတဲ့ ပေါ်တူဂီလက်ရွေးစင် တိုက်စစ်မှူး ဂျာအိုဖီးလစ်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း သိရှိရသည်။
ဖီးလစ်သည် ယခုရာသီတွင် အက်သလက်တီကိုမက်ဒရစ်အသင်းနှင့်အတူ ပြဿနာတစ်စုံတစ်ရာရှိနေပြီး အသင်းမှထွက်ခွာဖို့ ဆုံးဖြတ်ချက်ချမှတ်ထားသလို စပိန်ကလပ်ဘက်ကမှလည်း ၎င်းတို့ကစားသမားကို သင့်တော်တဲ့နှုန်းထားမျိုးဖြင့် အပြီးသတ်ရောင်းချဖို့ ပြင်ဆင်လျက်ရှိကြောင်း သတင်းများက အခိုင်အမာ ဆိုထားပါတယ်။
ပေါ်တူဂီကစားသမား ဂျာအိုဖီးလစ်သည် 2019 ခုနှစ်ကတည်းက စပိန်ကလပ် အက်သလက်တီကိုမက်ဒရစ်အသင်းထံ ဘင်ဖီကာအသင်းထံမှ ပြောင်းရွှေ့လာပြီး ပြိုင်ပွဲအရပ်ရပ် 129 ပွဲထိ ကစားထားပြီး စပိန်ကလပ်အသင်းအတွက် သွင်းဂိုး 34 ဂိုး သွင်းယူပေးထားနိုင်ပါတယ်။
လက်ရှိဘောလုံးရာသီတွင် အက်သလက်တီကိုအသင်းရဲ့ ယိုင်းရိုင်လာမှုနှင့်အတူ နည်းပြရဲ့ ခံစစ်အားသန်ကစားဟန်အပေါ် စိတ်ပျက်လက်ပျက်ဖြစ်နေသလို ပွဲကစားချိန်မိနစ်များကို အချိန်အကန့်အသတ်ဖြင့် ကစားနေရပုံကို မကျေမနပ်ဖြစ်နေကြောင်း သတင်းများထွက်ပေါ်ခဲ့ပြီးချိန်မှာ ၎င်းကိုရောင်းချဖို့ အက်သလက်တီကိုအသင်းက ဆုံးဖြတ်ခဲ့ပါသည်။
ပေါ်တူဂီကြယ်ပွင့် João Filíx နဲ့ပတ်သတ်ပြီး တခြားရွေးခြယ်စရာတခုအနေဖြင့် ယူနိုက်တက်အသင်းဟာ လာမည့်နွေရာသီအပြောင်းအရွှေ့တွင် အပြီးသတ်ဝယ်ယူခွင့် အချက်အလက်ပါရှိတဲ့စာချုပ်အပါအဝင် လာမည့် ဇန်နဝါရီအပြောင်းအရွှေ့၌ ရာသီဝက်အငှားစာချုပ်ဖြင့် ကမ်းလှမ်းရန် ပြင်ဆင်နေကြောင်း အင်္ဂလိပ်လူမျိုးသတင်းထောက်တစ်ဦးရဲ့ ဖော်ပြချက်အရ သိရပါတယ်
crd