ေရာ္နယ္ဒိုရဲ႕ ဂႏၲဝင္ေက်ာနံပါတ္(၇)ကို ဆက္ခံဖို႔ ထိုက္တန္သူကို ဖြင့္ဟ ေျပာဆိုလိုက္တဲ့ သရဲနီေနာက္ခံလူေဟာင္း ဝက္စ္ဘေရာင္း
|ယူႏိုက္တက္အသင္းရဲ႕ ဂႏၲဝင္ေက်ာနံပါတ္(၇)ကို ဆက္ခံဖို႔ ထိုက္တန္သူကို ဒဲ့ေျပာလိုက္တဲ့ သရဲနီေနာက္ခံလူေဟာင္း ဝက္စ္ဘေရာင္း
မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနာက္တန္းခံစစ္ေၾကာင္းမွာ ေကာင္းမြန္တဲ့ အခ်ိန္အခိုက္အတန႔္ေတြကို ပိုင္ဆိုင္ခဲ့ဖူးတဲ့ ခရစ္ဘေရာင္းက ေရာ္နယ္ဒိုကို ထုတ္ပယ္လိုက္မႈနဲ႔အတူ လြတ္လပ္လာတဲ့ ယူႏိုက္တက္အသင္းရဲ႕ ဂႏၲဝင္ေက်ာနံပါတ္ ၇ ပါဂ်ာစီအား အကယ္ဒမီထြက္ တိုက္စစ္ကစားသမား ဂါနာခ်ိဳကို ေပးအပ္ဝတ္ဆင္ဖို႔ေစမယ္ဆိုရင္ ထိုက္တန္မႈရွိတဲ့အေၾကာင္းကို ဖြင့္ဟ ေျပာဆိုလိုက္ပါတယ္။
ပီးယားစ္ေမာ္ဂန္နဲ႔ ျပဳလုပ္တဲ့ အင္တာဗ်ဴးစီအစဥ္အတြင္း ယူႏိုက္တက္အသင္း တာဝန္ရွိသူေတြနဲ႔ နည္းျပတန္ဟတ္ကိုပါတည့္တိုး ေဝဖန္ခဲ့တာေၾကာင့္ ကမာၻ႔အေကာင္းဆုံး ေ႐ႊေဘာလုံး ၅ဆုရွင္ ေရာ္နယ္ဒိုကို အို႔ထရက္ဖို႔ဒ္အေျခစိုက္အသင္းကေန ထုတ္ပယ္လိုက္အၿပီးမွာ ယူႏိုက္တက္အသင္းရဲ႕ အျခားဂႏၲဝင္ကစားသမားႀကီးေတြျဖစ္တဲ့ ဘ႐ိုင္ယန္ေရာ့ဘ္ဆင္၊ အဲရစ္ကန္တိုနာနဲ႔ ေဒးဗစ္ဘက္ခမ္းတို႔ ဝတ္ဆင္ကစားခဲ့ၾကတဲ့ ဂႏၶဝင္ေက်ာနံပါတ္ ၇ ဝတ္ဆင္မယ့္ ကစားသမားမရွိဘဲ လစ္လပ္ေနခဲ့ၿပီ ျဖစ္ပါတယ္။
ယူႏိုက္တက္အကယ္ဒမီထြက္ ျဖစ္တဲ့ အသက္ ၁၈ႏွစ္အ႐ြယ္ အာဂ်င္တီးနား တိုက္စစ္ကစားသမားအေနျဖင့္ ယခုႏွစ္ ၂၀၂၂ – ၂၃ ခုႏွစ္ေဘာလုံးရာသီအတြင္း ၉ပြဲ ပါဝင္ကစားၿပီး ၂ ဂိုး သြင္းကာ ၂ ဂိုး ဖန္တီးေပး ထားႏိုင္ခဲ့တာေၾကာင့္ ဂႏၶဝင္ ေက်ာနံပါတ္ ၇ ဂ်ာစီဝတ္ဆင္ ကစားႏိုင္ေရးအတြက္ နည္းျပအဲရစ္တန္ဟတ္ရဲ႕ ေ႐ြးခ်ယ္စရာတစ္ရပ္အျဖစ္ ရွိေနတာလည္း ျဖစ္ပါတယ္။
တက္သစ္စ ကစားသမား ဂါနာခ်ိဳကို ဂႏၲဝင္ေက်ာနံပါတ္ ၇ ဂ်ာစီေပးကာ ဝတ္ဆင္ကစားေစသင့္သလားဆိုတဲ့ ေမးျမန္းမႈအေပၚ ဘေရာင္းက “အခုခ်က္ခ်င္းႀကီးမဟုတ္ေတာင္ ဂါနာခ်ိဳအေနနဲ႔ နံပါတ္ ၇ ဂ်ာစီနဲ႔ ထိုက္တန္တဲ့ ကစားသမားတစ္ဦးျဖစ္လာႏိုင္တာေၾကာင့္ ေပးဝတ္ေစမယ္ဆိုလည္း မဆိုးလွပါဘူး။ သူက တကယ္ေကာင္း တကယ္ေတာ္တဲ့ ကစားသမားတစ္ေယာက္ပါ။ ကြင္းထဲမွာဆို တိုက္စစ္ကစားဖို႔သာ အားသန္ေနတတ္သလို သူ႔ရဲ႕ စိတ္ေနစိတ္ထားနဲ႔ ပတ္သက္လို႔လည္း ႏွစ္သက္မႈရွိပါတယ္”
“လူငယ္ကစားသမားေတြရဲ႕ သေဘာသဘာဝအတိုင္း ကိုယ့္ကို ေဘာလုံးေပးလာတဲ့အခါ ေထြေထြထူးထူးလုပ္ေဆာင္မေနဘဲ အမွားနည္းကင္းေအာင္ ေဘာလုံးျပန္ေပးေလ့ရွိတာမ်ိဳးကို ဂါနာခ်ိဳက လုပ္ေလ့လုပ္ထ မရွိပါဘူး။ နည္းျပအေနနဲ႔လည္း ကစားသမားကို ေကာင္းေကာင္းသင္ျပ ကစားႏိုင္ခဲ့တယ္လို႔ ထင္ပါတယ္” “စိတ္ဓာတ္ျပင္းျပင္းနဲ႔ ကစားတတ္တာေၾကာင့္ ယူႏိုက္တက္အသင္းႀကီးမွာ ကစားဖို႔ လုံေလာက္မႈရွိေနၿပီး သူ႔အေနနဲ႔ ေပါက္ကြဲကစားဟန္ကို အေကာင္းဘက္က အသုံးခ်ကစားဖို႔ လိုအပ္ပါတယ္”လို႔ရွင္းျပ ေျပာဆိုသြားခဲ့တာပဲ ျဖစ္ပါတယ္။
ေရာ္နယ္ဒို ထြက္ခြာၿပီးတဲ့ေနာက္မွာေတာ့ အဆိုပါ ေက်ာနံပါတ္ ၇ ကို ဘယ္ကစားသမား ဆက္ခံမလဲဆိုတာကလည္း စိတ္ဝင္စားစရာ အျဖစ္ ရွိေနပါတယ္။ လက္ရွိအခ်ိန္မွာေတာ့ ယူႏိုက္တက္ေတာင္ပံကစားသမားေတြျဖစ္တဲ့ ဆန္ခ်ိဳ နဲ႔ ဂါနာခ်ိဳတို႔က နံပတ္(၇)ကို ဆက္ခံႏိုင္တယ္လို႔ ထင္ေၾကးေပးခံေနရပါတယ္။credit
Unicode
ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကျောနံပါတ်(၇)ကို ဆက်ခံဖို့ ထိုက်တန်သူကို ဒဲ့ပြောလိုက်တဲ့ သရဲနီနောက်ခံလူဟောင်း ဝက်စ်ဘရောင်း
မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်တန်းခံစစ်ကြောင်းမှာ ကောင်းမွန်တဲ့ အချိန်အခိုက်အတန့်တွေကို ပိုင်ဆိုင်ခဲ့ဖူးတဲ့ ခရစ်ဘရောင်းက ရော်နယ်ဒိုကို ထုတ်ပယ်လိုက်မှုနဲ့အတူ လွတ်လပ်လာတဲ့ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင်ကျောနံပါတ် ၇ ပါဂျာစီအား အကယ်ဒမီထွက် တိုက်စစ်ကစားသမား ဂါနာချိုကို ပေးအပ်ဝတ်ဆင်ဖို့စေမယ်ဆိုရင် ထိုက်တန်မှုရှိတဲ့အကြောင်းကို ဖွင့်ဟ ပြောဆိုလိုက်ပါတယ်။
ပီးယားစ်မော်ဂန်နဲ့ ပြုလုပ်တဲ့ အင်တာဗျူးစီအစဉ်အတွင်း ယူနိုက်တက်အသင်း တာဝန်ရှိသူတွေနဲ့ နည်းပြတန်ဟတ်ကိုပါတည့်တိုး ဝေဖန်ခဲ့တာကြောင့် ကမ္ဘာ့အကောင်းဆုံး ရွှေဘောလုံး ၅ဆုရှင် ရော်နယ်ဒိုကို အို့ထရက်ဖို့ဒ်အခြေစိုက်အသင်းကနေ ထုတ်ပယ်လိုက်အပြီးမှာ ယူနိုက်တက်အသင်းရဲ့ အခြားဂန္တဝင်ကစားသမားကြီးတွေဖြစ်တဲ့ ဘရိုင်ယန်ရော့ဘ်ဆင်၊ အဲရစ်ကန်တိုနာနဲ့ ဒေးဗစ်ဘက်ခမ်းတို့ ဝတ်ဆင်ကစားခဲ့ကြတဲ့ ဂန္ဓဝင်ကျောနံပါတ် ၇ ဝတ်ဆင်မယ့် ကစားသမားမရှိဘဲ လစ်လပ်နေခဲ့ပြီ ဖြစ်ပါတယ်။
ယူနိုက်တက်အကယ်ဒမီထွက် ဖြစ်တဲ့ အသက် ၁၈နှစ်အရွယ် အာဂျင်တီးနား တိုက်စစ်ကစားသမားအနေဖြင့် ယခုနှစ် ၂၀၂၂ – ၂၃ ခုနှစ်ဘောလုံးရာသီအတွင်း ၉ပွဲ ပါဝင်ကစားပြီး ၂ ဂိုး သွင်းကာ ၂ ဂိုး ဖန်တီးပေး ထားနိုင်ခဲ့တာကြောင့် ဂန္ဓဝင် ကျောနံပါတ် ၇ ဂျာစီဝတ်ဆင် ကစားနိုင်ရေးအတွက် နည်းပြအဲရစ်တန်ဟတ်ရဲ့ ရွေးချယ်စရာတစ်ရပ်အဖြစ် ရှိနေတာလည်း ဖြစ်ပါတယ်။
တက်သစ်စ ကစားသမား ဂါနာချိုကို ဂန္တဝင်ကျောနံပါတ် ၇ ဂျာစီပေးကာ ဝတ်ဆင်ကစားစေသင့်သလားဆိုတဲ့ မေးမြန်းမှုအပေါ် ဘရောင်းက “အခုချက်ချင်းကြီးမဟုတ်တောင် ဂါနာချိုအနေနဲ့ နံပါတ် ၇ ဂျာစီနဲ့ ထိုက်တန်တဲ့ ကစားသမားတစ်ဦးဖြစ်လာနိုင်တာကြောင့် ပေးဝတ်စေမယ်ဆိုလည်း မဆိုးလှပါဘူး။ သူက တကယ်ကောင်း တကယ်တော်တဲ့ ကစားသမားတစ်ယောက်ပါ။ ကွင်းထဲမှာဆို တိုက်စစ်ကစားဖို့သာ အားသန်နေတတ်သလို သူ့ရဲ့ စိတ်နေစိတ်ထားနဲ့ ပတ်သက်လို့လည်း နှစ်သက်မှုရှိပါတယ်”
“လူငယ်ကစားသမားတွေရဲ့ သဘောသဘာဝအတိုင်း ကိုယ့်ကို ဘောလုံးပေးလာတဲ့အခါ ထွေထွေထူးထူးလုပ်ဆောင်မနေဘဲ အမှားနည်းကင်းအောင် ဘောလုံးပြန်ပေးလေ့ရှိတာမျိုးကို ဂါနာချိုက လုပ်လေ့လုပ်ထ မရှိပါဘူး။ နည်းပြအနေနဲ့လည်း ကစားသမားကို ကောင်းကောင်းသင်ပြ ကစားနိုင်ခဲ့တယ်လို့ ထင်ပါတယ်” “စိတ်ဓာတ်ပြင်းပြင်းနဲ့ ကစားတတ်တာကြောင့် ယူနိုက်တက်အသင်းကြီးမှာ ကစားဖို့ လုံလောက်မှုရှိနေပြီး သူ့အနေနဲ့ ပေါက်ကွဲကစားဟန်ကို အကောင်းဘက်က အသုံးချကစားဖို့ လိုအပ်ပါတယ်”လို့ရှင်းပြ ပြောဆိုသွားခဲ့တာပဲ ဖြစ်ပါတယ်။
ရော်နယ်ဒို ထွက်ခွာပြီးတဲ့နောက်မှာတော့ အဆိုပါ ကျောနံပါတ် ၇ ကို ဘယ်ကစားသမား ဆက်ခံမလဲဆိုတာကလည်း စိတ်ဝင်စားစရာ အဖြစ် ရှိနေပါတယ်။ လက်ရှိအချိန်မှာတော့ ယူနိုက်တက်တောင်ပံကစားသမားတွေဖြစ်တဲ့ ဆန်ချို နဲ့ ဂါနာချိုတို့က နံပတ်(၇)ကို ဆက်ခံနိုင်တယ်လို့ ထင်ကြေးပေးခံနေရပါတယ်။credit