


 



 

crd

unicode

ရော်နယ်ဒိုမပါဝင်တဲ့ယူနိုက်တက်အသင်းရဲ့ squad အပေါ်ဝေဖန်ထောက်ပြလိုက်တဲ့ ဆိုင်မွန်ဂျော်ဒန်

မန်ချက်စတာယူနိက်တက်ကို အိမ်ပြန်ခရီးနှင်လာခဲ့တဲ့ ရော်နယ်ဒိုကတော့ ရောက်ခါစပွဲတွေမှာ ပရိတ်သတ်အချစ်ကို လက်ခံယူနေလျက်ရှိတာကိုတွေ့ခဲ့ရပါတယ်…နိုဝင်ဘာလတွင် ရလဒ်များဆိုးရွားခဲ့ပြီး ဆိုးရှားကို ထုတ်ပယ်ပြီးနောက် ရန့်နစ်ခ်ကို ရာသီကုန်အထိ ခေါ်ယူခဲ့ရတာပါ။ဂျာမန်သားသည် အတိုင်းအတာတစ်ခုအထိ တည်ငြိမ်နေသော်လည်း အသင်း၏ကစားတဲ့ပုံစံသည် ဝေဖန်မှုများကို ဖိတ်ခေါ်နေဆဲဖြစ်ပြီး အသင်းအတွက် စိတ်ပျက်စရာသတင်းများ ထွက်ပေါ်လျက်ရှိပါသည်။မန်ယူသည် ရန်းနစ် တာဝန်ယူပြီးနောက် ပရီးမီးယားလိဂ်တွင် ဝုဖ်ကို ရှုံးနိမ့်ခဲ့သလို အက်ဖ်အေဖလားတွင်လည်း အက်စ်တွန်ဗီလာကို ခက်ခက်ခဲခဲကစားပြီးမှ အနိုင်ရရှိခဲ့သည်။ မန်ယူ၏ အဝတ်လဲခန်းအတွင်း စိတ်ဝမ်းကွဲပြားမှုရှိကြောင်း၊ အဓိကကစားသမားအချို့ အသင်းမှထွက်ခွာနိုင်ကြောင်းလည်း သတင်းများထွက်ပေါ်လာသည်။

နောက်ဆုံးဝုဗ်ကိုရှုံးနိမ့်မှုအပြီးမှာတော့ ယူနိုက်တက်တို့ဟာ အမှတ်ပေးဇယားရဲ့ အဆင့်7နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။Sky Sportနဲ့ အင်တာဗျူးမှာ ရော်နယ်ဒိုက”ကျွန်တော်တို့အသင်းဟာ ပရီးမီးယားလိဂ်ဖလားရရင်ရ ဒါမှမဟုတ် အဆင့်၂နဲ့၃ ရသင့်ပြီး ဒီထက်ရော့မဲ့ပုံတော့ ကျနော်မမြင်ပါဘူးလို့ ပြောကြားခဲ့ပါတယ်။အိုလေ ထွက်သွားပြီးနောက်ပိုင်းမှာ နည်းပြသစ် ရန်းနက်စ် လက်ထက်မှာ ရော်နယ်ဒို ဟာ ခြေစွမ်းပြဖို့ရုန်းကန်နေခဲ့ရပြီး အသင်းရဲ့လူငယ်ကစားသမားတွေကြား ရုန်းကန်နေရတာကိုတွေ့ရပါတယ်…TalkSport မှာ ဆိုင်မွန် ဂျော်ဒန်က မန်ချက်စတာယူနိက်တက်မှာ Goat ရဲ့လွမ်းမိုးမှုတွေ နဲ့ Goat မပါတဲ့ Squad အကြောင်းကို ယခုလို ဝေဖန်ထောက်ပြပြောဆိုခဲ့ပါတယ်…

ဆိုင်မွန် ဂျော်ဒန်က ” လွမ်းမိုးမှုရှိပါတယ်….Goat ရဲ့လွမ်းမိုးမှုဟာ လူငယ်တွေအပေါ်မှာ သက်ရောက်နေတာကို တွေ့ရပါတယ်…. Goat ကြောင့် လူငယ်တွေခြေစွမ်းပျောက်ကုန်တာ မဟုတ်ပါဘူး… ရော်နယ်ဒို အပေါ်ကို မှီခိုလွန်းတာပါ…ရော်နယ်ဒို ဟာ ဒီရာသီ ယူနိက်တက်အတွက် အဓိကကျတဲ့ကစားသမားတဦးဖြစ်ပေမဲ့ သူ့အသက်ကိုကြည့်ပါအုံး…..နေဝင်ချိန်နီးနေတဲ့ ကစားသမားတယောက်ကို ဒီလောက်ဝန်တွေထမ်းခိုင်းတာ မိုက်မဲရာကျပါတယ်…ရတ်ဖို့စ်လိုလူငယ်တဦး ရော်နယ်ဒို နဲ့အပြိုင် နေရာလုပွဲဆင်နွဲနေရတော့မယ်ဆိုတာ သိရတော့ သူဟာ ပွဲထွက်ခွင့်၇တိုင်း ကြိုးစားပြီး ပေးဆပ်ကစားရမယ်ဆိုတာကို သဘောပေါက်သင့်ပါတယ်။

လူငယ်တွေသင်ယူဖို့ အိုလေကခေါ်ခဲ့သလို မကောင်းတဲ့အနုတ်ပြနေတဲ့ အရာတွေရှိပေမဲ့ ယူနိက်တက်ဟာရော်နယ်ဒို ကို ခေါ်ယူလိုက်တာ အကောင်းဘက်ကဖြစ်ပေါ်စေပါတယ်…အခုဆို လမ်းကြောင်းတခုပေါ်ရောက်လာတဲ့ ဂရင်းဝုဒ်ကိုမြင်နိုင်ပါပြီ….ဒီအချက်တွေ နဲ့တင် Goat တယောက်ဖြစ်တဲ့ ရော်နယ်ဒို လွမ်းမိုးမှုကိုတွေ့နိုင်ပြီး….ရော်နယ်ဒိုမပါတဲ့ Squad ကို ခင်းလိုက်ချိန်မှာ လူငယ်ကစားသမားတွေဟာ ကူရာမဲ့အနေထားနဲ့ ရုန်းကန်ကစားနေကြတာကိုတွေ့မြင်ရပါတယ်….” ဟု ဝေဖန်ထောက်ပြသွားခဲ့ပါတယ်…
crd

Add a Comment

Your email address will not be published. Required fields are marked *