ေရာ္နယ္ဒိုထံမွသြင္းဂိုးေတြပိုမိုျမင္ေတြ႕ရဖို႔ လွ်ိဳ႕ဝွက္အႀကံစည္ေတြရွိေနတဲ့နည္းျပသစ္ရန္းဂ္နစ္

ေရာ္နယ္ဒိုထံမွသြင္းဂိုးေတြပိုမိုျမင္ေတြ႕ရဖို႔ လွ်ိဳ႕ဝွက္အႀကံစည္ေတြရွိေနတဲ့နည္းျပသစ္ရန္းဂ္နစ္

ယူႏိုက္တက္အသင္း ရဲ႕ယာယီနည္းျပ သစ္ျဖစ္လာသူ ရန္းနစ္ ဟာ pressing သိပ္ ကစားတာ ေၾကာင့္အသက္အ႐ြယ္ႀကီး ျမင့္ ေနၿပီ ျဖစ္တဲ့ ယူႏိုက္တက္ အသင္း ရဲ႕တိုက္စစ္မႈး ျဖစ္သူ ေရာ္နယ္ဒို တစ္ေယာက္ အဆင္မွေျပပါ့မလားလို႔ ပရိတ္သတ္ အမ်ားစု ကေတာ့ စိုးရိမ္ေနၾကပါတယ္။ဒါေပမယ့္ လက္ရွိအခ်ိန္ထြက္ေပၚ လာတဲ့ သတင္း မ်ား အရေတာ့
ဂ်ာမာန္သားနည္းျပႀကီးဟာအေတြ႕အႀကဳံနဲ႔နည္းစနစ္ႂကြယ္၀ သူ တစ္ဦး ျဖစ္တဲ့ အေလ်ာက္ ေရာ္နယ္ဒို အတြက္ ၎မွာ လ်ိဳ႕ ဝွက္သီး သန႔္ အစီအစဥ္ေတြ ကို စဥ္းစားထားၿပီး ျဖစ္တယ္လို႔ သိရပါတယ္။

 

 

 

အဆိုပါ နည္းစနစ္ ဟာ တိုက္စစ္မႈး ျဖစ္သူ ေရာ္နယ္ဒို အတြက္ အရင္ထက္ ဂိုး သြင္း ခြင့္ ေတြ ပိုမို ရရွိမယ့္ အျပင္ ေရာ္နယ္ဒို ကိုယ္တိုင္လည္းတစ္ဖက္အသင္းကို Pressure အလြန္အႄကြံ ဖိအားေပးေနစရာ မလို ဟု သိရပါတယ္။ အဆိုပါ နည္းစနစ္ အသစ္ မွာ ဗန္ဒီဘီ နဲ႔ ဖာနန္ဒက္ တို႔ က အဓိ က က်လာႏိုင္ တယ္လို႔ သိရၿပီး ရန္းနစ္ဟာ ကြင္းလယ္ ကစားသမားေတြရဲ႕ လုပ္အားကို ပိုမို အားထုတ္ကာ counter pass ေတြနဲ႔ ေရာ္နယ္ဒို ရဲ႕ သြင္းဂိုး ေတြ ကို ပိုမို ရရွိဖို႔ရန္ အစီအစဥ္ စြဲေနတာလို႔ သိရပါတယ္။

ေရာ္နယ္ဒိုဟာ မန္ယူအသင္းရဲ႕ခ်န္ပီယံလိဂ္အုပ္စုအဆင့္ ၅ ပြဲစလုံးမွာဂိုးသြင္းယူထားႏိုင္ၿပီးမန္ယူရခဲ့တဲ့ ၁၀ ဂိုးအနက္ ၆ ဂိုးကိုသူကသြင္းေပးထားတာျဖစ္ပါတယ္။ လက္ရွိမွာသူဟာ မန္ယူအတြက္ ၁၄ ပြဲကစားၿပီး ၁၀ ဂိုးသြင္းယူထားလို႔အဓိကက်သူျဖစ္ေနေပမယ့္ေဘာလုံးဆုံးရႈံးခ်ိန္မွာဖိအားလိုက္ေပးျခင္းမရွိလို႔ ေခတ္သစ္ေဘာလုံးကစားဟန္နဲ႔
အံမဝင္ေတာ့တဲ့ သူအျဖစ္ေရာ မန္ယူကိုဟန္ခ်က္မညီေစသူအျဖစ္ပါ အျငင္းပြားေနၾကပါတယ္။ ပေရာ္ဖက္ရွင္နယ္ဘဝ ၁၉ ႏွစ္ၾကာခဲ့တဲ့အခ်ိန္မွာ မယုံႏိုင္စရာေကာင္းေလာက္ေအာင္ ၇၉၉ ဂိုးသြင္းထားတဲ့ စီေရာ္နယ္ဒိုရဲ႕ ဂိုးသြင္းေကာင္းမြန္မႈနဲ႔ ေခါင္းတိုက္စြမ္းရည္ေတြကေတာ့ သူမတူေအာင္ပါဘဲ။ အသင္းအတြက္ဂိုးလိုအပ္ေနခ်ိန္မွာ စီေရာ္နယ္ဒိုဟာအၿမဲအသင့္ရွိေနတဲ့သူလို႔ နည္းျပတိုင္းကလည္း ခ်ီးက်ဴးခဲ့ၾကရတာပါ။

 

ေဒလ္းလီးဂရပ္ရဲ႕ အဆိုအရ ေတာ့ ရန္းနစ္ရဲ႕ ကစားကြက္မွာ ကြင္းလယ္ လူ မ်ားနဲ႔ အေထာင္တိုက္စစ္မႈး တစ္ဉီးတို႔ ရဲ႕ လုပ္အားႏႈန္း ကအေရးပါၿပီး ေရာ္နယ္ဒို ကို ဘယ္ေတာင္ပံ ေနရာ မွေနတစ္ဆင့္ အခြင့္ အေရးေတြဖန္တီးကာ သြင္း ဂိုးေတြ ရယူ ဖို႔ စီစဥ္ေနတာ ျဖစ္တယ္လို႔ သိရၿပီး လာမယ့္ အာဆင္နယ္နဲ႔ ပြဲ ၎တာဝန္ယူ ခ်ိန္ကစတင္လို႔ အဆိုပါနည္းစနစ္ကို အသုံးျပဳ သြားဖို႔ရန္ရွိေနတယ္လို႔ သိရပါတယ္။ဒါ့အျပင္ အဆိုပါနည္းနစ္ဟာ ေရာ္နယ္ဒိုကိုသာ မက ရက္ဖိုဒ့္ အတြက္ပါအဆင္ေျပမယ္လို႔ ၎က ယုံၾကည္ေနၿပီး ေရာ္နယ္ဒို ရဲ႕ အသက္အ႐ြယ္ အရ ၎တို႔ ႏွစ္ဦးကို မွ်မွ်တတ သုံးစြဲသြားရန္လည္း ရန္းနစ္တစ္ေယာက္ရည္ရယ္ေနတယ္လို႔ သိရပါတယ္။
crd

unicode

ရော်နယ်ဒိုထံမှသွင်းဂိုးတွေပိုမိုမြင်တွေ့ရဖို့ လျှို့ဝှက်အကြံစည်တွေရှိနေတဲ့နည်းပြသစ်ရန်းဂ်နစ်

ယူနိုက်တက်အသင်း ရဲ့ယာယီနည်းပြ သစ်ဖြစ်လာသူ ရန်းနစ် ဟာ pressing သိပ် ကစားတာ ကြောင့်အသက်အရွယ်ကြီး မြင့် နေပြီ ဖြစ်တဲ့ ယူနိုက်တက် အသင်း ရဲ့တိုက်စစ်မှုး ဖြစ်သူ ရော်နယ်ဒို တစ်ယောက် အဆင်မှပြေပါ့မလားလို့ ပရိတ်သတ် အများစု ကတော့ စိုးရိမ်နေကြပါတယ်။ဒါပေမယ့် လက်ရှိအချိန်ထွက်ပေါ် လာတဲ့ သတင်း များ အရတော့
ဂျာမာန်သားနည်းပြကြီးဟာအတွေ့အကြုံနဲ့နည်းစနစ်ကြွယ်၀ သူ တစ်ဦး ဖြစ်တဲ့ အလျောက် ရော်နယ်ဒို အတွက် ၎င်းမှာ လျို့ ဝှက်သီး သန့် အစီအစဉ်တွေ ကို စဉ်းစားထားပြီး ဖြစ်တယ်လို့ သိရပါတယ်။

အဆိုပါ နည်းစနစ် ဟာ တိုက်စစ်မှုး ဖြစ်သူ ရော်နယ်ဒို အတွက် အရင်ထက် ဂိုး သွင်း ခွင့် တွေ ပိုမို ရရှိမယ့် အပြင် ရော်နယ်ဒို ကိုယ်တိုင်လည်းတစ်ဖက်အသင်းကို Pressure အလွန်အကြွံ ဖိအားပေးနေစရာ မလို ဟု သိရပါတယ်။ အဆိုပါ နည်းစနစ် အသစ် မှာ ဗန်ဒီဘီ နဲ့ ဖာနန်ဒက် တို့ က အဓိ က ကျလာနိုင် တယ်လို့ သိရပြီး ရန်းနစ်ဟာ ကွင်းလယ် ကစားသမားတွေရဲ့ လုပ်အားကို ပိုမို အားထုတ်ကာ counter pass တွေနဲ့ ရော်နယ်ဒို ရဲ့ သွင်းဂိုး တွေ ကို ပိုမို ရရှိဖို့ရန် အစီအစဉ် စွဲနေတာလို့ သိရပါတယ်။

ရော်နယ်ဒိုဟာ မန်ယူအသင်းရဲ့ချန်ပီယံလိဂ်အုပ်စုအဆင့် ၅ ပွဲစလုံးမှာဂိုးသွင်းယူထားနိုင်ပြီးမန်ယူရခဲ့တဲ့ ၁၀ ဂိုးအနက် ၆ ဂိုးကိုသူကသွင်းပေးထားတာဖြစ်ပါတယ်။ လက်ရှိမှာသူဟာ မန်ယူအတွက် ၁၄ ပွဲကစားပြီး ၁၀ ဂိုးသွင်းယူထားလို့အဓိကကျသူဖြစ်နေပေမယ့်ဘောလုံးဆုံးရှုံးချိန်မှာဖိအားလိုက်ပေးခြင်းမရှိလို့ ခေတ်သစ်ဘောလုံးကစားဟန်နဲ့အံမဝင်တော့တဲ့ သူအဖြစ်ရော မန်ယူကိုဟန်ချက်မညီစေသူအဖြစ်ပါ အငြင်းပွားနေကြပါတယ်။ ပရော်ဖက်ရှင်နယ်ဘဝ ၁၉ နှစ်ကြာခဲ့တဲ့အချိန်မှာ မယုံနိုင်စရာကောင်းလောက်အောင် ၇၉၉ ဂိုးသွင်းထားတဲ့ စီရော်နယ်ဒိုရဲ့ ဂိုးသွင်းကောင်းမွန်မှုနဲ့ ခေါင်းတိုက်စွမ်းရည်တွေကတော့ သူမတူအောင်ပါဘဲ။ အသင်းအတွက်ဂိုးလိုအပ်နေချိန်မှာ စီရော်နယ်ဒိုဟာအမြဲအသင့်ရှိနေတဲ့သူလို့ နည်းပြတိုင်းကလည်း ချီးကျူးခဲ့ကြရတာပါ။

ဒေလ်းလီးဂရပ်ရဲ့ အဆိုအရ တော့ ရန်းနစ်ရဲ့ ကစားကွက်မှာ ကွင်းလယ် လူ များနဲ့ အထောင်တိုက်စစ်မှုး တစ်ဉီးတို့ ရဲ့ လုပ်အားနှုန်း ကအရေးပါပြီး ရော်နယ်ဒို ကို ဘယ်တောင်ပံ နေရာ မှနေတစ်ဆင့် အခွင့် အရေးတွေဖန်တီးကာ သွင်း ဂိုးတွေ ရယူ ဖို့ စီစဉ်နေတာ ဖြစ်တယ်လို့ သိရပြီး လာမယ့် အာဆင်နယ်နဲ့ ပွဲ ၎င်းတာဝန်ယူ ချိန်ကစတင်လို့ အဆိုပါနည်းစနစ်ကို အသုံးပြု သွားဖို့ရန်ရှိနေတယ်လို့ သိရပါတယ်။ဒါ့အပြင် အဆိုပါနည်းနစ်ဟာ ရော်နယ်ဒိုကိုသာ မက ရက်ဖိုဒ့် အတွက်ပါအဆင်ပြေမယ်လို့ ၎င်းက ယုံကြည်နေပြီး ရော်နယ်ဒို ရဲ့ အသက်အရွယ် အရ ၎င်းတို့ နှစ်ဦးကို မျှမျှတတ သုံးစွဲသွားရန်လည်း ရန်းနစ်တစ်ယောက်ရည်ရယ်နေတယ်လို့ သိရပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *