crd
unicode
ရော်နယ်ဒိုကိုအသင်းမှာပိုင်ဆိုင်ထားရတဲ့အတွက်ကျေနပ်ပျော်ရွှင်မိတယ်လို့ ထုတ်ဖော်ပြောဆိုလာတဲ့ နည်းပြတန်ဟဂ်
မန်ချက်စတာယူနိုက်တက်အသင်းနည်းပြ အဲရစ်တန်ဟက်က အိုးထရက်ဖို့ဒ်တွင် ဘရိုက်တန်နဲ့ ယှဉ်ပြိုင်ကစားတဲ့ ပရီးမီးယားလိဂ်အဖွင့်ပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ မိန့်ခွန်းပြောကြားခဲ့တာဖြစ်ပါတယ်။ အဲရစ်တန်ဟတ်က ယူနိုက်တက်နည်းပြဘဝ ရာသီကြိုပွဲစဉ်ခြောက်ပွဲကစားထားကာသုံးပွဲနိုင်၊ နှစ်ပွဲသရေရလဒ်ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ မန်ချက်စတာ ယူနိုက်တက် မန်နေဂျာ အဲရစ် တင်ဟာ့ခ်က သူ့အနေနဲ့ ခရစ္စတီယာနို ရော်နယ်ဒို အသင်းမှာ ရှိနေတဲ့အပေါ် တကယ်ပဲ ပျော်ရွှင်မိကြောင်း ပြောကြားလိုက်ပါတယ်။ အသက် ( ၃၇ ) နှစ်အရွယ် ရော်နယ်ဒိုဟာ ယခုနွေရာသီတစ်လျှောက်လုံး ချန်ပီယံလိဂ်ဝင်ခွင့်ရအသင်းထံ ပြောင်းရွေ့လိုကြောင်း သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပါတယ်။
အန်သိုနီ မာရှယ်က ဒဏ်ရာပြဿနာကြောင့် တနင်္ဂနွေနေ့ ဘရိုက်တန်နဲ့ ပွဲစဥ်ကို လွဲချော်ဖို့ ရှိတဲ့အတွက် တင်ဟာ့ခ်အနေနဲ့ ပေါ်တူဂီလက်ရွေးစင်ကို အသင်းတိုက်စစ်မှာ ဦးဆောင်ကစားစေဖို့ တာဝန်ပေးရနိုင်ပါတယ်။ တင်ဟာ့ခ်က ယနေ့ ပြုလုပ်တဲ့ သတင်းစာ ရှင်းလင်းပွဲမှာ “” ပွဲမပြီးလို့ ပြန်သွားခဲ့ကြတဲ့ ကစားသမားတွေအများကြီးပဲရှိပါတယ်။ လူတိုင်းကတော့ စီရော်နယ်ဒိုကိုပဲ ပြောနေကြတယ်။ ဒါကတော့ မျှတမှုမရှိပါဘူး။ ကျွန်တော်ကတော့ သူအသင်းမှာရှိနေတဲ့အပေါ်ပျော်ရွှင် ပါတယ်။ ကျွန်တော်တို့မှာ အကောင်းဆုံးဂိုးသွင်းနိုင်တဲ့ ကစားသမားရှိထားတယ်။ ကျွန်တော်တို့ အစီအစဥ်အတိုင်း လုပ်သွားပါမယ်။” အခု သူဟာ အသင်းရဲ့အရေးပါတဲ့အစိတ်အပိုင်းမှာရှိတယ်။” ကျွန်တော်အနေနဲ့ သူ ( ရော်နယ်ဒို ) ဒီမှာ ရှိနေတဲ့အတွက် တကယ် ပျော်ရွှင်မိပါတယ်။” လို့ ပြောဆိုခဲ့ပါတယ်။ “
လက်ရှိလူစာရင်းနှင့်ပတ်သတ်၍ နောက်ပြီး အေဂျက်နည်းပြဟောင်းက အိုးထရတ်ဖို့ဒ်ကလပ်ဟာ ဒီနွေရာသီအတွင်း ကစားသမားသစ်တွေ ရှာဖွေနေဆဲဖြစ်ကြောင်း ‌ေပြာဆိုခဲ့ပါတယ်။ ကျနော် အသင်းမှာ ရှိပြီးသားလူစာရင်းအပေါ်မှာရော၊ အသစ်ခေါ်ယူထားတဲ့ ကစားသမားအသစ်တွေနဲ့ ပတ်သတ်ပြီးတော့ရော ကျေနပ်ပါတယ်။ ကျနော်တို့ အားလုံး အတူတူကြိုးစား​နေပါတယ်။ ဒီလူစာရင်းကို ကျေနပ်ပေမယ့် နောက်ထပ် သင့်တော်တဲ့ကစားသမားတွေ ခေါ်ဖို့ လိုအပ်ပါတယ်။ အသင်းနဲ့ အံဝင်တဲ့ကစားသမားတွေ ခေါ်နိုင်ဖို့လိုတယ်။ ဒီအချက်က အရေးကြီးပါတယ်။ “
အသင်းက ကစားသမားတိုင်းဟာ ပုံမှန်နေရာအတွက် တိုက်ပွဲဝင်ဖို့လိုပါတယ်။ အခုကနေစပြီး ပွဲတွေအများကြီးကစားရမယ့် ဘောလုံးရာသီ ခရီးရှည်တစ်ခု စတင်ရတော့မှာပါ။ တောင့်တင်းတဲ့ အသင်းဖြစ်ဖို့ ကစားသမားကောင်းတွေ ထပ်ပြီးလိုအပ်ပါသေးတယ်။ ရာသီသစ်တစ်ခုရဲ့ အဖွင့်ပွဲစဉ်တိုင်းက စိတ်လှုပ်ရှားစရာကောင်းပါတယ်။ အသင်းသစ်နဲ့ လိဂ်အသစ်တစ်ခုကို စတင်ရတဲ့အခါ ပိုပြီးခက်ခဲပါတယ်။ ဒါပေမယ့် ကျနော်တို့ တနင်္ဂနွေနေ့မှာ ရလဒ်ကောင်းတွေရယူနိုင်ဖို့ မျှော်လင့်ပါတယ်။ Brighton က အသင်းကောင်းတစ်သင်းပါ။ သူတို့ရဲ့ ကစားပုံက တကယ်ဆွဲဆောင်မှုရှိပါတယ်။ ပထမဆုံးပွဲမှာ အကောင်းဆုံးယှဉ်ပြိုင်သွားဖို့ မျှော်လင့်ထားပါတယ်။ ပွဲတိုင်းကို အနိုင်ယူချင်ပါတယ်။ တနင်္ဂနွေနေ့မှာ ကစားရမယ့်ပွဲကစပြီး ပွဲတိုင်းကို အကောင်းဆုံးကြိုးစားယှဉ်ပြိုင်သွားမှာပါ။ လို့ တန်ဟဂ်က ပြောကြားသွားခဲ့ပါတယ်။
Add a Comment
Your email address will not be published. Required fields are marked *