ေရာ္နယ္ကိုလက္လႊတ္မိရင္ မန္ယူအသင္းအမွားႀကီးမွားသြားလိမ့္မယ္လို႔ သတိေပးလာတဲ့ ႏိုးလ္ဝီလန္

မန္ခ်က္စတာယူႏိုက္တက္အေနနဲ႔ ဒီေႏြရာသီမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေရာင္းခ်ခဲ့မယ္ဆိုရင္ ေစ်းကြက္စီးပြားေရးအရ မွားယြင္းတဲ့ဆုံးျဖတ္ခ်က္ ျဖစ္သြားႏိုင္တဲ့အျပင္ ေဘာလုံးနဲ႔ ပတ္သက္ၿပီး စီမံခန္႔ခြဲမႈ အမွားတခုက်ဴးလြန္တာမ်ိဳးလည္း ျဖစ္သြားႏိုင္တယ္လို႔ ႏိုးလ္ဝီလန္က အခိုင္အမာ ေျပာထားပါတယ္။ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ ၿပီးခဲ့တဲ့ ေႏြရာသီမွာ ဂ်ဴဗင္တပ္စ္အသင္းကေန မန္ခ်က္စတာ ယူႏိုက္တက္အသင္းထံ ျပန္လည္ေရာက္ရွိလာခဲ့ၿပီး၊ ဒီေပၚတူဂီစူပါစတားဟာ အထင္ႀကီးစရာေကာင္းတဲ့ တဦးခ်င္း စြမ္းေဆာင္ရည္ေတြ ျပသႏိုင္ခဲ့ပါတယ္။ ဒါေပမယ့္ သရဲနီတို႔ကေတာ့ စိတ္ပ်က္စရာေဘာလုံးရာသီ တခုနဲ႔ အဆုံးသတ္ခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္ေတာင္မရခဲ့ပါဘူး။ သူ႔ရဲ႕ လက္ရွိစာခ်ဳပ္သက္တမ္းဟာ တႏွစ္သာက်န္ရွိေတာ့တာေၾကာင့္ အဲရစ္တန္းဟဂ္ လက္ထက္မွာ ေရာ္နယ္လ္ဒိုရဲ႕ အနာဂတ္နဲ႔ ပတ္သက္ၿပီး၊ ထင္ေၾကးေပးမႈေတြ ရွိလာခဲ့ပါတယ္။ အီတလီကလာတဲ့ သတင္းေတြအရ အဆိုပါ ဝါရင့္ တိုက္စစ္မႉးႀကီးဟာ ဆရာေဟာင္း ေမာ္ရင္ဟို ကိုင္တြယ္ေနတဲ့ စီးရီးေအ ထိပ္သီးကလပ္႐ိုးမားနဲ႔ သူ႔ရဲ႕ ငယ္ဘဝကလပ္ စပို႔တင္းလစၥဘြန္း အသင္းတို႔ထံ ေျပာင္းေ႐ႊ႕ဖို႔ စဥ္းစားေနတယ္လို႔ သိရပါတယ္။ ဒီလို သတင္းေတြေၾကာင့္ လိဒ္စ္ယူႏိုက္တက္ တိုက္စစ္မႉးေဟာင္း ႏိုးလ္ဝီလန္က ယခုႏွစ္ ေႏြရာသီမွာ ခရစၥတီယာႏို ေရာ္နယ္လ္ဒိုကို ေရာင္းထုတ္ခဲ့မယ္ဆိုရင္ သရဲနီတို႔ အတြက္ ဘယ္လို ဆုံးရႈံးမႈေတြ ရွိလာႏိုင္လဲ ဆိုတာကို အခုလို ေျပာထားပါတယ္။

“ေရာ္နယ္လ္ဒိုကို ထြက္ခြာခြင့္ ျပဳခဲ့မယ္ဆိုရင္ သူတို႔အသင္းဟာ အခုထက္ ေနာက္က်က်န္ရစ္ခဲ့မွာ ျဖစ္ၿပီး၊ ကလပ္ရဲ႕ စီးပြားေရး အေျခအေနကိုလည္း ထိခိုက္ေစပါလိမ့္မယ္။ သူတို႔ ပထမဆုံး နစ္နာသြားမွာက ေရာ္နယ္လ္ဒိုရဲ႕ ဂ်ာစီေတြ ေရာင္းခ်ရာကေန ရရွိေနတဲ့ ပိုက္ဆံေတြ ဆုံးရႈံးသြားမွာပါ။” “ၿပီးခဲ့တဲ့ ေဘာလုံးရာသီဟာ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းအတြက္ အံ့အားသင့္စရာ ေကာင္းေလာက္ေအာင္ စိတ္ပ်က္စရာ ေဘာလုံးရာသီတခု ျဖစ္ခဲ့ေပမယ့္ ေရာ္နယ္လ္ဒိုက အသင္းရဲ႕ ဂိုးသြင္းအမ်ားဆုံး ကစားသမား ျဖစ္ခဲ့ပါတယ္။”

ဆက္လက္ၿပီး ႏိုးလ္ဝီလန္က ေရာ္နယ္လ္ဒိုဟာ အသက္ ၃၇ႏွစ္အ႐ြယ္မွာေတာင္ ထိပ္တန္းအဆင့္ ေျခစြမ္းေတြ ျပသေနႏိုင္ဆဲ ျဖစ္တာေၾကာင့္ မန္ခ်က္စတာ ယူႏိုက္တက္ အေနနဲ႔ သူတို႔ရဲ႕ ထိပ္တန္း ဂိုးသြင္းရွင္ကို ဆက္ထိန္းထားသင့္တယ္လို႔ အခုလို တိုက္တြန္းထားပါတယ္။ “ယူႏိုက္တက္ အသင္းဟာ သူတို႔ရဲ႕ ထိပ္တန္း ဂိုးသြင္းရွင္ တေယာက္ကို ဘယ္လို အေတြးမ်ိဳးနဲ႔ စြန္႔လႊတ္ႏိုင္မလဲ ဆိုတာကို ကြၽန္ေတာ္ စဥ္းစားလို႔မရပါဘူး။ သူက အသက္ ၃၇ႏွစ္အ႐ြယ္မွာေတာင္ ထိပ္တန္းအဆင့္ အရည္အေသြးေတြ ရွိေနတဲ့သူပါ။” “ေနာက္ၿပီး သူက ကိန္းဂဏန္း အခ်က္အလက္ေတြ တခုၿပီးတခု ျဖတ္ေက်ာ္ျပေနတဲ့ ကစားသမား တေယာက္ေလ။ သူတို႔ ေရာ္နယ္လ္ဒိုကို လက္လႊတ္ခဲ့မယ္ဆိုရင္ စီးပြားေရးအရေရာ ေဘာလုံးနဲ႔ ပတ္သက္တဲ့ စီမံခန္႔ခြဲမႈ အမွားတခုပါ က်ဴးလြန္သလို ျဖစ္သြားပါလိမ့္မယ္။”

ခရစၥတီယာႏို ေရာ္နယ္လ္ဒိုဟာ လက္ရွိမွာ ငယ္စဥ္ကလို ေျခစြမ္းေတြ ျပသႏိုင္ျခင္း မရွိေတာ့ေပမယ့္ အသက္ ၃၇ႏွစ္အ႐ြယ္မွာေတာင္ ကမာၻ႔ ေဘာလုံးေလာကရဲ႕ ထိပ္တန္း ကစားသမား ေတြထဲက တဦးအျဖစ္ ရပ္တည္ေနႏိုင္တာ ေတြ႕ရပါတယ္။ မန္ခ်က္စတာ ယူႏိုက္တက္ အသင္းဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီမွာ စိတ္ပ်က္စရာ ျဖစ္ခဲ့ေပမယ့္ ဘလြန္းဒီေအာ္ ၅ဆုရွင္ ေရာ္နယ္လ္ဒိုသာ သူတို႔အသင္းမွာ မရွိခဲ့ရင္ ပိုမိုဆိုး႐ြားတဲ့ အေျခအေနေတြနဲ႔ ႀကဳံေတြ႕သြားရႏိုင္တာ အမွန္ပါပဲ။ ဒီေပၚတူဂီသားဟာ ၿပီးခဲ့တဲ့ ေဘာလုံးရာသီက သရဲနီတို႔ အတြက္ ၿပိဳင္ပြဲစုံ ၃၉ပြဲကစားခဲ့ရာမွာ ၂၄ဂိုးထိ သြင္းယူ ေပးႏိုင္ခဲ့ၿပီး၊ သူ႔ရဲ႕ သြင္းဂိုးေတြထဲမွာ ပရီးမီးယားလိဂ္ သြင္းဂိုး၁၈ဂိုးနဲ႔ ခ်န္ပီယံလိဂ္ သြင္းဂိုး၆ဂိုး ပါဝင္ေနခဲ့ပါတယ္။
crd

unicode

ရော်နယ်ကိုလက်လွှတ်မိရင် မန်ယူအသင်းအမှားကြီးမှားသွားလိမ့်မယ်လို့ သတိပေးလာတဲ့ နိုးလ်ဝီလန်

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီနွေရာသီမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ရောင်းချခဲ့မယ်ဆိုရင် စျေးကွက်စီးပွားရေးအရ မှားယွင်းတဲ့ဆုံးဖြတ်ချက် ဖြစ်သွားနိုင်တဲ့အပြင် ဘောလုံးနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှု အမှားတခုကျူးလွန်တာမျိုးလည်း ဖြစ်သွားနိုင်တယ်လို့ နိုးလ်ဝီလန်က အခိုင်အမာ ပြောထားပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ ဒီပေါ်တူဂီစူပါစတားဟာ အထင်ကြီးစရာကောင်းတဲ့ တဦးချင်း စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သရဲနီတို့ကတော့ စိတ်ပျက်စရာဘောလုံးရာသီ တခုနဲ့ အဆုံးသတ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်တောင်မရခဲ့ပါဘူး။ သူ့ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ တနှစ်သာကျန်ရှိတော့တာကြောင့် အဲရစ်တန်းဟဂ် လက်ထက်မှာ ရော်နယ်လ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး၊ ထင်ကြေးပေးမှုတွေ ရှိလာခဲ့ပါတယ်။အီတလီကလာတဲ့ သတင်းတွေအရ အဆိုပါ ဝါရင့် တိုက်စစ်မှူးကြီးဟာ ဆရာဟောင်း မော်ရင်ဟို ကိုင်တွယ်နေတဲ့ စီးရီးအေ ထိပ်သီးကလပ်ရိုးမားနဲ့ သူ့ရဲ့ ငယ်ဘဝကလပ် စပို့တင်းလစ္စဘွန်း အသင်းတို့ထံ ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒီလို သတင်းတွေကြောင့် လိဒ်စ်ယူနိုက်တက် တိုက်စစ်မှူးဟောင်း နိုးလ်ဝီလန်က ယခုနှစ် နွေရာသီမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ရောင်းထုတ်ခဲ့မယ်ဆိုရင် သရဲနီတို့ အတွက် ဘယ်လို ဆုံးရှုံးမှုတွေ ရှိလာနိုင်လဲ ဆိုတာကို အခုလို ပြောထားပါတယ်။

“ရော်နယ်လ်ဒိုကို ထွက်ခွာခွင့် ပြုခဲ့မယ်ဆိုရင် သူတို့အသင်းဟာ အခုထက် နောက်ကျကျန်ရစ်ခဲ့မှာ ဖြစ်ပြီး၊ ကလပ်ရဲ့ စီးပွားရေး အခြေအနေကိုလည်း ထိခိုက်စေပါလိမ့်မယ်။ သူတို့ ပထမဆုံး နစ်နာသွားမှာက ရော်နယ်လ်ဒိုရဲ့ ဂျာစီတွေ ရောင်းချရာကနေ ရရှိနေတဲ့ ပိုက်ဆံတွေ ဆုံးရှုံးသွားမှာပါ။” “ပြီးခဲ့တဲ့ ဘောလုံးရာသီဟာ မန်ချက်စတာ ယူနိုက်တက် အသင်းအတွက် အံ့အားသင့်စရာ ကောင်းလောက်အောင် စိတ်ပျက်စရာ ဘောလုံးရာသီတခု ဖြစ်ခဲ့ပေမယ့် ရော်နယ်လ်ဒိုက အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပါတယ်။”

ဆက်လက်ပြီး နိုးလ်ဝီလန်က ရော်နယ်လ်ဒိုဟာ အသက် ၃၇နှစ်အရွယ်မှာတောင် ထိပ်တန်းအဆင့် ခြေစွမ်းတွေ ပြသနေနိုင်ဆဲ ဖြစ်တာကြောင့် မန်ချက်စတာ ယူနိုက်တက် အနေနဲ့ သူတို့ရဲ့ ထိပ်တန်း ဂိုးသွင်းရှင်ကို ဆက်ထိန်းထားသင့်တယ်လို့ အခုလို တိုက်တွန်းထားပါတယ်။ “ယူနိုက်တက် အသင်းဟာ သူတို့ရဲ့ ထိပ်တန်း ဂိုးသွင်းရှင် တယောက်ကို ဘယ်လို အတွေးမျိုးနဲ့ စွန့်လွှတ်နိုင်မလဲ ဆိုတာကို ကျွန်တော် စဉ်းစားလို့မရပါဘူး။ သူက အသက် ၃၇နှစ်အရွယ်မှာတောင် ထိပ်တန်းအဆင့် အရည်အသွေးတွေ ရှိနေတဲ့သူပါ။” “နောက်ပြီး သူက ကိန်းဂဏန်း အချက်အလက်တွေ တခုပြီးတခု ဖြတ်ကျော်ပြနေတဲ့ ကစားသမား တယောက်လေ။ သူတို့ ရော်နယ်လ်ဒိုကို လက်လွှတ်ခဲ့မယ်ဆိုရင် စီးပွားရေးအရရော ဘောလုံးနဲ့ ပတ်သက်တဲ့ စီမံခန့်ခွဲမှု အမှားတခုပါ ကျူးလွန်သလို ဖြစ်သွားပါလိမ့်မယ်။”

ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ လက်ရှိမှာ ငယ်စဉ်ကလို ခြေစွမ်းတွေ ပြသနိုင်ခြင်း မရှိတော့ပေမယ့် အသက် ၃၇နှစ်အရွယ်မှာတောင် ကမ္ဘာ့ ဘောလုံးလောကရဲ့ ထိပ်တန်း ကစားသမား တွေထဲက တဦးအဖြစ် ရပ်တည်နေနိုင်တာ တွေ့ရပါတယ်။ မန်ချက်စတာ ယူနိုက်တက် အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ စိတ်ပျက်စရာ ဖြစ်ခဲ့ပေမယ့် ဘလွန်းဒီအော် ၅ဆုရှင် ရော်နယ်လ်ဒိုသာ သူတို့အသင်းမှာ မရှိခဲ့ရင် ပိုမိုဆိုးရွားတဲ့ အခြေအနေတွေနဲ့ ကြုံတွေ့သွားရနိုင်တာ အမှန်ပါပဲ။ ဒီပေါ်တူဂီသားဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီက သရဲနီတို့ အတွက် ပြိုင်ပွဲစုံ ၃၉ပွဲကစားခဲ့ရာမှာ ၂၄ဂိုးထိ သွင်းယူ ပေးနိုင်ခဲ့ပြီး၊ သူ့ရဲ့ သွင်းဂိုးတွေထဲမှာ ပရီးမီးယားလိဂ် သွင်းဂိုး၁၈ဂိုးနဲ့ ချန်ပီယံလိဂ် သွင်းဂိုး၆ဂိုး ပါဝင်နေခဲ့ပါတယ်။
crd

ရော်နယ်ကိုလက်လွှတ်မိရင် မန်ယူအသင်းအမှားကြီးမှားသွားလိမ့်မယ်လို့ သတိပေးလာတဲ့ နိုးလ်ဝီလန်

မန်ချက်စတာယူနိုက်တက်အနေနဲ့ ဒီနွေရာသီမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ရောင်းချခဲ့မယ်ဆိုရင် စျေးကွက်စီးပွားရေးအရ မှားယွင်းတဲ့ဆုံးဖြတ်ချက် ဖြစ်သွားနိုင်တဲ့အပြင် ဘောလုံးနဲ့ ပတ်သက်ပြီး စီမံခန့်ခွဲမှု အမှားတခုကျူးလွန်တာမျိုးလည်း ဖြစ်သွားနိုင်တယ်လို့ နိုးလ်ဝီလန်က အခိုင်အမာ ပြောထားပါတယ်။ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ ပြီးခဲ့တဲ့ နွေရာသီမှာ ဂျူဗင်တပ်စ်အသင်းကနေ မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြန်လည်ရောက်ရှိလာခဲ့ပြီး၊ ဒီပေါ်တူဂီစူပါစတားဟာ အထင်ကြီးစရာကောင်းတဲ့ တဦးချင်း စွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့ပါတယ်။ ဒါပေမယ့် သရဲနီတို့ကတော့ စိတ်ပျက်စရာဘောလုံးရာသီ တခုနဲ့ အဆုံးသတ်ခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်တောင်မရခဲ့ပါဘူး။ သူ့ရဲ့ လက်ရှိစာချုပ်သက်တမ်းဟာ တနှစ်သာကျန်ရှိတော့တာကြောင့် အဲရစ်တန်းဟဂ် လက်ထက်မှာ ရော်နယ်လ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သက်ပြီး၊ ထင်ကြေးပေးမှုတွေ ရှိလာခဲ့ပါတယ်။

အီတလီကလာတဲ့ သတင်းတွေအရ အဆိုပါ ဝါရင့် တိုက်စစ်မှူးကြီးဟာ ဆရာဟောင်း မော်ရင်ဟို ကိုင်တွယ်နေတဲ့ စီးရီးအေ ထိပ်သီးကလပ်ရိုးမားနဲ့ သူ့ရဲ့ ငယ်ဘဝကလပ် စပို့တင်းလစ္စဘွန်း အသင်းတို့ထံ ပြောင်းရွှေ့ဖို့ စဉ်းစားနေတယ်လို့ သိရပါတယ်။ ဒီလို သတင်းတွေကြောင့် လိဒ်စ်ယူနိုက်တက် တိုက်စစ်မှူးဟောင်း နိုးလ်ဝီလန်က ယခုနှစ် နွေရာသီမှာ ခရစ္စတီယာနို ရော်နယ်လ်ဒိုကို ရောင်းထုတ်ခဲ့မယ်ဆိုရင် သရဲနီတို့ အတွက် ဘယ်လို ဆုံးရှုံးမှုတွေ ရှိလာနိုင်လဲ ဆိုတာကို အခုလို ပြောထားပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *