မှော်ဝင်နေတဲ့ ရက်ရှ်ဖို့ဒ် ရဲ့ခြေစွမ်းကောင်းတွေအတွက် ဘယ်အရာက အဓိကကျသလဲဆိုတာ ရှင်းပြလိုက်တဲ့ နည်းပြတန်ဟက်ဂ်ျ
crd
unicode
မှော်ဝင်နေတဲ့ ရက်ရှ်ဖို့ဒ် ရဲ့ခြေစွမ်းကောင်းတွေအတွက် ဘယ်အရာက အဓိကကျသလဲဆိုတာ ရှင်းပြလိုက်တဲ့ နည်းပြတန်ဟက်ဂျ်
ယူနိုက်တက်တို့ရဲ့ပဲ့ကိုင်ရှင် အဲရစ်ခ်တန်ဟက်ဂ်က ဒီရာသီ သူ့ရဲ့လက်အောက်မှာ ခြေစွမ်းပြနေတဲ့ရက်ရှ်ဖို့ နဲ့ပတ်သက်ပြီး ဖွင့်ဟပြောဆိုမှုတွေ ပြုလုပ်ခဲ့ပါတယ်။ ရက်ရှ်ဖို့‌ဒ်ဟာ ပြီးခဲ့တဲ့ရာသီ နည်းပြဟောင်း ဆိုးရှားရဲ့‌လက်အောက်မှာ ကစားသမားဘဝရဲ့ အဆိုးဝါးဆုံးရာသီကို ဖြတ်ကျော်ခဲ့ရပါတယ်။ သူဟာ ပြိုင်ပွဲစုံ (၃၂) ပွဲမှာ သွင်းဂိုး (၅) ဂိုးသာသွင်းယူပေးခဲ့ပြီး ဂိုးဖန်တီးမှုအနေနဲ့ (၂) ကြိမ်သာပြုလုပ်ပေးခဲ့တာ ဖြစ်ပါတယ်။
သို့ပေမဲ့ အင်္ဂလန်သားဟာ တန်ဟက်ဂ်ရောက်လာခဲ့တဲ့ နွေရာသီနောက်ပိုင်းကစလို့ ခြေစွမ်းတွေ တဟုန်ထိုးတိုးတက်လာခဲ့ပါတယ်။ ဒါပေမဲ့လဲ နည်းပြတန်ဟက်ဂ်က ရက်ရှ်ဖို့ခြေစွမ်းကောင်းမွန်လာတာဟာ သူ့ကြောင့်လို့ပြောဆိုနေမှုတွေကို ငြင်းဆန်လိုက်ပြီး သူက မှော်ဆရာမဟုတ်ပါဘူးလို့ ဆိုလိုက်ပါတယ်။ ဒတ်ခ်ျလူမျိုးနည်းပြက ဒီရာသီ‌မှာ အသင်းရဲ့ခြေစွမ်းပိုင်း တည်ငြိမ်နေတာဟာ ရက်ရှ်ဖို့ဒ်အပါအဝင် အသင်းရဲ့ကစားသမားတစ်ဦးတစ်ယောက်ချင်းစီကြောင့်သာ ဖြစ်တယ်လို့ အခိုင်အမာဆိုလိုက်ပါတယ်။ နယူးကာဆယ်အိမ်ကွင်းမှာ ယှဉ်ပြိုင်ကစားမယ့် ပရီးမီးယားလိဂ်ပွဲမတိုင်မီ ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ တန်ဟက်ဂ်က ခုလိုပြောပြလာခဲ့ပါတယ် ။
“(ရက်ရှ်ဖို့ခြေစွမ်း‌တိုးတက်လာမှုအပေါ်) ဒါကို အပြောတစ်ခုတည်းနဲ့ သတ်မှတ်လို့မရပါဘူး။ ကျွန်တော်က ဟယ်ရီပေါ်တာ မဟုတ်ဘူးလေ။ ” ” ဒါက လုပ်ငန်းစဉ်တစ်ခုနဲ့အလားသဏ္ဍာန်တူပါတယ်။ ကစားသမားတွေရဲ့ အကောင်းဆုံးပုံစံကိုရဖို့ သေသေချာချာစီမံခန့်ခွဲရတာ၊ အသင်းရဲ့တောင့်တင်းဆုံးကစားဟန်ရဖို့ ပွဲထွက်လူစာရင်းရွေးချယ်မှုတွေ၊ ကွင်းထဲမှာ ဘယ်လိုကစားလဲဆိုတဲ့ ကိရိယာတွေပေါင်းစပ်ထားတာနဲ့တူပါတယ်။”
” နည်းစနစ်ပိုင်းဆိုင်ရာ ဗျူဟာတွေ၊ အဝတ်လဲခန်းထဲမှာပြောတဲ့စကားတွေ၊ ရက်ရှ်ဖို့ကို လမ်းညွှန်ပေးတဲ့ နည်းပြ‌ေတွရဲ့ လုပ်ငန်းစဉ်တွေရှိတယ်ဆိုပေမဲ့ အဓိကကတော့ ကစားသမားနဲ့ပဲသက်ဆိုင်ပါတယ်။ ဘာလို့လဲဆိုတော့ သူ့မှာရှိတဲ့ ကျွမ်းကျင်မှုတွေကသာ သူကိုတိုက်စစ်ပိုင်းမှာရော စိတ်ဓါတ်ပိုင်းဆိုင်ရာမှာပါ အကောင်းဆုံးဖြစ်အောင် လုပ်‌ပေးနိုင်တာပါ” ရက်ရှ်ဖို့ဒ်ဟာ ဒီရာသီသရဲနီတွေအတွက် ပြိုင်ပွဲစုံ (၄၄) ပွဲကစားပေးထားပြီး သွင်းဂိုး (၂၇) ဂိုးနဲ့ ဂိုးဖန်တီးမှု (၉) ကြိမ်ပြုလုပ်ပေးထားပါတယ်။
Add a Comment
Your email address will not be published. Required fields are marked *