crd
unicode
ဘောလုံးသာမကစားခဲ့ပါကလက်ရှိချိန်မှာတံငါသည်ဘဝရောက်ပြီးငါးမျှားနေရလိမ့်မယ်လို့ ဆိုလိုက်တဲ့ အသက် ၃၇ နှစ်ပြည့်မွေးနေ့ရှင် GOAT ရော်နယ်ဒို
ရော်နယ်လ်ဒိုက သူဟာ အခုလိုအောင်မြင်မှုတွေ၊ ဆုတံဆိပ်တွေအပြည့်နဲ့ ဘောလုံးလောကရဲ့အကြီးကျယ်ဆုံးကစားသမားတွေထဲက တဦးဖြစ်လာလိမ့်မယ်လို့ ဘယ်တုန်းကမှ ပုံဖော်မတွေးမိခဲ့ဘဲ အသက်ကြီးတဲ့အခါ တံငါသည်ပဲဖြစ်လာမယ်လို့ ထင်ခဲ့ကြောင်း ဖွင့်ဟခဲ့ပါတယ်။ ဖေဖော်ဝါရီ၅ရက်နေ့မှာ အသက်၃၇နှစ်တင်းတင်းပြည့်ခဲ့ပြီဖြစ်တဲ့ ခရစ်စတီယာနိုဟာ သူ့အသက်၃၅နှစ်ပြည့်ခဲ့စဉ်က သူ့ရဲ့ကစားသမားဘဝကို နောက်ကြောင်းပြန်လှည့်ကြည့်ရင်း ခံစားချက်တွေကို ထုတ်ဖော်ခဲ့တာဖြစ်ပါတယ်။
သူ့ရဲ့ကစားသမားဘဝဆိုတာကတော့ ဘောလုံးလောကထဲက ဘောလုံးသမားတယောက်ယူလို့ရနိုင်သမျှ တဦးချင်း၊ အသင်းလိုက်ဆုဖလား၊ ဆုတံဆိပ်မျိုးစုံကို ရရှိထားတဲ့ဘဝတခုဖြစ်ပါတယ်။ဒီနေ့မှာတော့ သူငယ်ငယ်တုန်းက အိပ်မက်တောင်မမက်ခဲ့ဖူးတဲ့ အရှိတရားတခုဖြစ်နေပါတယ်။ သူဟာ အခုလိုဘဝမျိုးရောက်ဖို့အသာထားလို့ ဒီအရွယ်လောက်ဆိုရင် သူမွေးဖွားကြီးပြင်းခဲ့တဲ့ကျွန်းငယ်လေးပေါ်က ကမ်းရိုးတန်းတလျှောက်မှာပဲ နေ့စဉ်ဘဝဖြတ်သန်းနေလိမ့်မယ်လို့ ယုံကြည်ခဲ့တာဖြစ်ပါတယ်။သူကလေးဘဝတုန်းက အသက် ၃၅နှစ်လောက်ရောက်ရင် ဘာတွေဖြစ်နေမယ်လို့ တွေးခဲ့ဖူးသလဲလို့ ကန်နဲအလဲဗင်းက မေးတဲ့အခါ ရော်နယ်လ်ဒိုက အခုလိုဖြေပါတယ်။
“ကျနော်က မက်ဒီးရာမှာ ငါးမျှားနေလိမ့်မယ်လို့ ထင်ခဲ့မိတာပါ။”“ဒီအရာတွေက ကျနော့်စိတ်ထဲကို ဘယ်တုန်းကမှ ရောက်မလာခဲ့ဖူးပါဘူး။ ကျနော်က ပရော်ဖက်ရှင်နယ်ဘောလုံးသမားတဦးဖြစ်ချင်ခဲ့တာပေါ့။ ဒါပေမဲ့ ကျနော်အခုအောင်မြင်ပြီးခဲ့တဲ့အရာအားလုံးကို ရပါလိမ့်မယ်လို့တော့ မထင်ခဲ့မိပါဘူး။” တဲ့။အခုဆိုရင် ကစားသမားဘဝရဲ့ဆည်းဆာချိန်ကိုရောက်နေပြီဖြစ်ပေမဲ့ ရော်နယ်လ်ဒိုကတော့ သူ့ရဲ့အမွေအနှစ်သမိုင်းကြောင်းကို ရှေ့ဆက်နိုင်ဖို့ အမြဲတမ်းအတိုင်း ဆာလောင်မြဲဆာလောင်နေဆဲဖြစ်ပြီး ပေါ်တူဂီအသင်းနဲ့အတူ ကမ္ဘာ့ဖလားအိပ်မက်ကိုမက်နေဆဲပါ။
ရော်နယ်လ်ဒိုဟာ ဘလွန်းဒီယော ၅ကြိမ်၇ထားပြီး အင်္ဂလိပ် စပိန်နဲ့ အီတလီ ပြည်တွင်းလိဂ်ချန်ပီယံဖြစ်ခဲ့ပါတယ်။ နိုင်ငံအသင်းအတွက်လည်း ယူရို ၂၀၁၆ချန်ပီယံဖြစ်ဖို့ ဦးဆောင်ပေးခဲ့သလို တနှစ်ကနွေတုန်းက ယူအီးအက်ဖ်အေနေရှင်းလိဂ်ဖလားကိုလည်း ရရှိခဲ့ပါတယ်။အခုလို ကလပ်နဲ့ရောနိုင်ငံအသင်းနဲ့ပါ တဦးချင်း အသင်းလိုက်ဆုမျိုးစုံရထားရုံမက ဘောလုံးသမားထဲမှပထမဆုံးဘီလျံနာဖြစ်လာခဲ့သလို အင်စတာဂရမ်မှာလည်း ကမ္ဘာ့ဖော်လိုဝါအများဆုံးနဲ့ ဂလိုဘယ်အိုင်ကွန်ဖြစ်လာခဲ့ပါတယ်။ခရစ်တီယာနိုရော်နယ်ဒိုဟာ Instagram မှာ follower 400M ပြည့်မြောက်ခဲ့တဲ့ ပထမဆုံးလူသားဖြစ်ပြီး ရော်နယ်ဒိုဟာ 300M ကနေ 400M ကို ၇ လအတွင်း ရောက်ရှိခဲ့တာပါ ။
Add a Comment
Your email address will not be published. Required fields are marked *