ပေါ်တူဂီသားတို့ရဲ့ အောင်မြေ အိုးထရက်ဖို့ဒ်ထံသို့ တန်ဟဂ်က်ဂ်ျ ခေါ်ဆောင်သွားဖို့ရှိနေတဲ့ စီးတီးကြယ်ပွင့်ကစားသမား

ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွေ့ဈေးကွက်မှာ မက်ဂွဲယားနဲ့ လင်ဒီလော့ဖ်အပါအဝင်ကစားသမားအချို့ကိုပါရောင်းထုတ်သွားဖို့ရှိနေပြီး ကစားသမားအသစ်တွေ ထပ်မံခေါ်ယူသွားဖို့ရှိနေပါတယ်။



crd

unicode

ပေါ်တူဂီသားတို့ရဲ့ အောင်မြေ အိုးထရက်ဖို့ဒ်ထံသို့ တန်ဟဂ်က်ဂျ် ခေါ်ဆောင်သွားဖို့ရှိနေတဲ့ စီးတီးကြယ်ပွင့်ကစားသမား

ယူနိုက်တက်အသင်းဟာ နွေရာသီအပြောင်းအရွေ့စျေးကွက်မှာ မက်ဂွဲယားနဲ့ လင်ဒီလော့ဖ်အပါအဝင်ကစားသမားအချို့ကိုပါရောင်းထုတ်သွားဖို့ရှိနေပြီး ကစားသမားအသစ်တွေ ထပ်မံခေါ်ယူသွားဖို့ရှိနေပါတယ်။

လက်ရှိထွက်ပေါ်လာတဲ့ သတင်းတွေအရ ယူနိုက်တက်အသင်းဟာ မန်စီးတီးကနေ ဘိုင်ယန်မြူးနစ် ထံ အငှားသွားရောက်ကစားနေတဲ့ ပေါ်တူဂီညာနောက်ခံလူ ဂျာအိုကန်ဆယ်လိုကို ပစ်မှတ်ထားလာနိုင်တယ်လို့သိရပါတယ်။ ပေါ်တူဂီ အသင်းဖော်တွေဖြစ်တဲ့ ဘရူနို နဲ့ ဒါလော့ခ်တို့ရှိတဲ့အပြင် စည်းကမ်းပိုင်းအားနဲတယ်လို့ သတ်မှတ်ထားတာကြောင့် ဂွါဒီယိုလာနဲ့ပြန်လည်ပူးပေါင်းဖို့ အခွင့်ရေးနည်းနေသည်။

မန်စီးတီးနည်းပြဂွါဒီယိုလာရဲ့စည်းကမ်းပိုင်း တင်းကျပ်မှုအောက်မှာ အနည်းငယ်အမှားလုပ်မိခဲ့တာကြောင့်နည်းပြဖြစ်သူနဲ့ စကားများကာဘိုင်ယန်မြူးနစ် အသင်းမှာအငှားသွားကစားနေတဲ့ တောင်ပံကစားသမားဖြစ်သူ ဂျာအိုကန်ဆယ်လိုဟာ ဘိုင်ယန်မြူးနစ်အသင်းမှာပုံမှန်ပွဲထွက်ခွင့်မပေးတာကြောင့်အဆင်မပြေဖြစ်နေပြီးရာသီကုန်မှာ ပုံမှန်ပွဲထွက်ခွင့်ရမဲ့အသင်းတစ်ခုကိုပြောင်းဖို့စီစဥ်နေပါတယ် ။

ညာနောက်ခံလူနေရာ နောက်တန်းနေရာစုံကစားနိုင်သူဖြစ်ပြီး လိုအပ်ရင်တောင်ပံတိုက်စစ်နေရာတွေပါကစားနိုင်တာကြောင့် ရွေးချယ်စရာတစ်ခုဖြစ်လာသည်။ ယူနိုက်တက်အနေနဲ့လဲ ကန်ဆယ်လိုရဲ့အခြေအနေကိုစောင့်ကြည့်နေပြီး ကစားသမားဟာ ခြေစွမ်းခြေစတည်ငြိမ်မှုရှိပြီးယုံကြည့်မှုအပြည့်အဝသာပေးမယ်ဆိုရင် တောင်ပံတကျောနေရာအပိုင်စားယူနိုင်တဲ့ကစားသမားဖြစ်တာကြောင့် သင့်တော်တဲ့တန်ကြေးတစ်ခုသာ မန်ချက်စတာစီးတီးအသင်းကသတ်မှတ်ခဲ့မယ်ဆိုရင် ခေါ်ယူဖို့အဆင်သင့်ရှိနေတယ်လို့သိရပါတယ် ။

Add a Comment

Your email address will not be published. Required fields are marked *