ေနာ့တင္ဟမ္ ေဖာရက္စ္ကို ဂိုးမိုး႐ြာခဲ့ၿပီး ဂတ္ပိုမလို မာရွယ္လ္အစစ္သာလိုေၾကာင္း ျပသခဲ့တဲ့ ယူႏိုက္တက္ရဲ႕ ခ်ိဳၿမိန္တဲ့ ႏိုင္ပြဲ(ပြဲၿပီး သုံးသပ္ခ်က္)
|ေနာ့တင္ဟမ္ ေဖာရက္စ္ကို ဂိုးမိုး႐ြာခဲ့ၿပီး ဂတ္ပိုမလို မာရွယ္လ္အစစ္သာလိုေၾကာင္း ျပသခဲ့တဲ့ ယူႏိုက္တက္ရဲ႕ ခ်ိဳၿမိန္တဲ့ ႏိုင္ပြဲ(ပြဲၿပီး သုံးသပ္ခ်က္)
ကြင္းလယ္Tankႀကီး ကတ္စမဲ႐ိုးနဲ႔ ေဒါက္တာရက္ရွ္ဖို႔ဒ္တို႔ ေျခစြမ္းျပခဲ့ၿပီး ခ်န္ပီယံလိဂ္ဝင္ခြင့္နဲ႔ တစ္ပြဲေလ်ာ့ တစ္မွတ္သာကြာေတာ့တဲ့ ယူႏိုက္တက္ ၃-၀ ေဖာရက္စ္ ပြဲၿပီးသုံးသပ္ခ်က္
မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ ဗာ႐ြန္း၊ လုခ္ေရွာ၊ ဝန္ဘစ္ဆာကာနဲ႔ မာလာစီယာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ ရက္ရွ္ဖို႔ဒ္၊ အန္တိုနီနဲ႔ မာစီယယ္လ္တို႔ အတြဲကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။
ဧည့္သည္ ေနာ့တင္ဟမ္ ေဖာရက္စ္တို႔ကေတာ့ ဂိုးသမား ဟန္နက္ဆီ၊ ခံစစ္မွာ ေဝါရဲလ္၊ ဘိုလီ၊ အူရီေယးနဲ႔ ရီနန္ လိုဒီတို႔ကို ကစားေစခဲ့ၿပီး ကြင္းလယ္မွာေတာ့ ယိတ္စ္၊ ဖ႐ြိဳင္လာနဲ႔ မန္ဂါလာတို႔ကို ခင္းက်င္းလာခဲ့သလို တိုက္စစ္မွာေတာ့ လင္ဂတ္၊ အဝိုနီယီနဲ႔ ဘရင္နန္ ဂြၽန္ဆန္တို႔ကို အသုံးျပဳလာခဲ့တာပါ။
မိခင္အသင္းကို ျပန္လည္ရင္ဆိုင္တဲ့ ပြဲမွာ အငွားခ်ထားတဲ့ ဂိုးသမား ဟန္ဒါဆန္ ကစားခြင့္ မရတာေၾကာင့္ အသက္ႀကီးႀကီး ေဝးလ္စ္ဂိုးသမား ဟန္နက္ဆီကို သစ္ပင္ေတြအေနနဲ႔ ေ႐ြးခ်ယ္ခဲ့ရသလို ယူႏိုက္တက္နည္းျပ တန္ဟတ္ကေတာ့ ခံစစ္မွာ လူမရွိခ်ိန္မွာ မက္ဂြိဳင္းယားကို ေ႐ြးခ်ယ္ရမယ့္အစား လုခ္ေရွာကို ဗဟိုမွာ သုံးစြဲသြားခဲ့တာကေတာ့ ပရိသတ္ေတြအတြက္ ပြဲက်စရာလည္းျဖစ္ခဲ့ရပါတယ္။
ပြဲခ်ိန္ ၆ မိနစ္မွာ ေဖာရက္စ္ခံစစ္အမွားကေန မာလာစီယာက ဧရိယာထဲမွာ Volley ကန္သြင္းခဲ့ေပမယ့္ ဂိုးသမား ဟန္နက္ဆီ ပုတ္ထုတ္ႏိုင္ခဲ့လို႔ ယူႏိုက္တက္တို႔ရဲ႕ ၿခိမ္းေျခာက္မႈက ဂိုးမျဖစ္ခဲ့ဘဲ ရင္ခံခဲ့ရသလို အဲရစ္ဆန္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ရဲ႕ ေ႐ြ႕လ်ားမႈေတြကိုေတာ့ ဧည့္သည္နည္းျပ စတိဗ္ ကူးပါးအေနနဲ႔ တားဆီးဖို႔ ဉာဏ္မမီခဲ့လို႔ ပြဲကို အိမ္ရွင္ေတြပဲ စိုးမိုးထားႏိုင္ခဲ့တာပါ။
ပြဲခ်ိန္ ၁၉ မိနစ္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔ အဖြင့္ဂိုး ရွာေဖြသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဒုတိယေျမာက္ရတဲ့ ေထာင့္ကန္ေဘာကို ညာျခမ္းကေန ကြင္းလယ္လူ အဲရစ္ဆန္က အနိမ့္ေဘာ အျမန္ကန္တင္ေပးခဲ့ရာမွာ ေဖာရက္စ္ခံစစ္ၾကားကေန ေျပးထြက္လာတဲ့ ရက္ရွ္ဖို႔ဒ္က အနီးကပ္ အျပင္းကန္သြင္းသြားႏိုင္ခဲ့လို႔ ဂိုးသမား ဟန္နက္ဆီ လႈပ္ေတာင္မလႈပ္ႏိုင္ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။
သုံးမိနစ္အၾကာ ပြဲခ်ိန္ ၂၂ မိနစ္မွာ ယူႏိုက္တက္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုး ထပ္မံသြင္းယူႏိုင္ခဲ့သလို ဘယ္ျခမ္းကေန စတင္ခဲ့တဲ့ တန္ျပန္တိုက္စစ္ကေန ဘ႐ူႏို ဖာနန္ဒက္စ္ ကန္တင္ေပးလိုက္တာကို ေတာင္ပံကေန လိုက္လံရယူႏိုင္ခဲ့တဲ့ ရက္ရွ္ဖို႔ဒ္က အလယ္ကို ျပန္ခင္းေပးရာမွာ မာစီယယ္လ္က ဧရိယာထိပ္ကေန အနိမ့္ေဘာ ကန္သြင္းခဲ့ၿပီး ဂိုးသမား ဟန္နက္ဆီ ကာကြယ္ပုံ ညံ့ဖ်င္းခဲ့လို႔ ဂိုးဝင္သြားခဲ့တာျဖစ္ပါတယ္။
ပရီးမီးယားလိဂ္အဆင့္မွာ ရွိမေနဘဲ ဆီးသီးဗန္း လာေမွာက္ေနတဲ့ ေဖာရက္စ္ရဲ႕ အူေၾကာင္ေၾကာင္ နည္းျပ စတိဗ္ ကူးပါးအေနနဲ႔ အိုးလ္ထရက္ဖို႔ဒ္မွာ မန္ယူကို ရင္ဆိုင္ဖို႔ ဘာပလန္မွ ရွိမေနခဲ့သလို သူ႔ရဲ႕ အရန္ဂိုးသမား ဟန္နက္ဆီကလည္း ဂိုးသမားမဟုတ္ဘဲ လူ႐ႊင္ေတာ္တစ္ေယာက္ျဖစ္ေနခဲ့လို႔ မရွိတဲ့ အရွက္က ထပ္ကြဲခဲ့ရတာပါ။
ပြဲခ်ိန္ ၃၂ မိနစ္မွာ ယိတ္စ္ရဲ႕ ဧရိယာထိပ္ကန္ ကန္ခ်က္ျပင္းျပင္းနဲ႔ ၿခိမ္းေျခာက္မႈကိုေတာ့ ဒေဟးယားအေနနဲ႔ လက္နဲ႔ ပုတ္ထုတ္ႏိုင္ခဲ့သင့္ေပမယ့္ ရင္ဘတ္နဲ႔ တိုက္ထုတ္ခဲ့ရတာက စပိန္သားရဲ႕ စိုးရိမ္စရာ လက္စြမ္းက်ဆင္းမႈကို ျပသေနခဲ့သလို အသင္းႀကီးေတြနဲ႔ ပြဲမ်ိဳးမွာဆိုရင္ ဒီလိုပုံစံမ်ိဳးေတြက ေပးဆပ္မႈ ႀကီးမားသြားႏိုင္တာကိုေတာ့ နည္းျပ တန္ဟတ္အေနနဲ႔ ႀကိဳတင္သိရွိၿပီး ျပင္ဆင္ထားရမွာလည္းျဖစ္ပါတယ္။
ပြဲခ်ိန္ မိနစ္ ၄၀ မွာ ယိတ္စ္ရဲ႕ ေခါင္းတိုက္ခ်က္ကေန ေဖာရက္စ္တို႔ ဂိုးသြင္းႏိုင္ခဲ့ေပမယ့္ လူကြၽံအေနအထားမွာ ရွိတဲ့ ဘိုလီရဲ႕ ေျခေထာက္ကို ရွပ္ထိသြားခဲ့လို႔ ငုတ္တုတ္ေမ့ေနတဲ့ ဒေဟးယားနဲ႔ ယူႏိုက္တက္တို႔ ကံေကာင္းခဲ့ရၿပီး အန္တိုနီကေတာ့ ေျပာင္းေ႐ႊ႕ေၾကး ေပါင္ ၈၅ သန္းနဲ႔ ဘယ္လိုမွ မအပ္စပ္တဲ့ ေျခစြမ္းမ်ိဳး ဆရာသာ ေခၚလိုက္၊ ကြၽန္ေတာ္ လာကစားေပးမယ္ဆိုတာက ၿပဳံးခ်င္စရာျဖစ္ခဲ့ရတာပါ။
ပထမပိုင္းမွာ ယူႏိုက္တက္တို႔ ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ခဲ့ၾကၿပီး ဒုတိယပိုင္း ျပန္စရာမွာေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ျဖတ္တင္ေဘာက အလန႔္တၾကားျဖစ္ခဲ့သလို ပြဲခ်ိန္ ၅၃ မိနစ္မွာေတာ့ ဒဏ္ရာရၿပီး လူလဲရေတာ့မွ ကြင္းမွာ ရွိေၾကာင္း ေတြ႕ခဲ့ရတဲ့ မန္ယူလူေဟာင္း လင္ဂတ္အစား အိုဘ႐ိုင္ယန္ကို ေဖာရက္စ္တို႔ ထည့္သြင္းသြားခဲ့ပါတယ္။
ပြဲခ်ိန္ ၅၆ မိနစ္မွာ ဘ႐ူႏို ဖာနန္ဒက္စ္ရဲ႕ ခူးၿပီးခပ္ၿပီး ဖန္တီးေပးမႈကို အန္တိုနီက အလယ္တည့္တည့္ကို ကန္ခဲ့လို႔ ဂိုးသမား ပုတ္ထုတ္သြားခဲ့ၿပီး မိနစ္ ၆၀ မွာေတာ့ ေပၚတူဂီဖန္တီးရွင္ရဲ႕ ေနာက္ထပ္ခ်ေကြၽးမႈတစ္ခုကို မာစီယယ္လ္က ဂိုးသမားေျခေထာက္တည့္တည့္ ကန္သြင္းခဲ့လို႔ အိမ္ရွင္ပရိသတ္ေတြ စိတ္ပ်က္စရာျဖစ္ခဲ့ရတာပါ။
မိနစ္ ၆၀ ေက်ာ္မွာ ေဖာရက္စ္ဘက္က အဝိုနီယီ၊ ရီနန္ လိုဒီနဲ႔ မန္ဂါလာတို႔အစား ဆာရစ္ခ်္၊ ေတာ့ဖိုလိုနဲ႔ ဒင္းနစ္တို႔ကို သုံးေယာက္တြဲ လဲထည့္ခဲ့သလို ယူႏိုက္တက္တို႔ကေတာ့ မာစီယယ္လ္နဲ႔ အန္တိုနီတို႔အစား ဗန္ဒဘိခ္နဲ႔ ဂါနာခ်ိဳတို႔ကို ထည့္သြင္းခဲ့ၿပီး ပြဲခ်ိန္ ၆၈ မိနစ္မွာ လူစားဝင္ႏွစ္ဦးရဲ႕ ပူးေပါင္းဖန္တီး ေပးမႈကေန ရက္ရွ္ဖို႔ဒ္ ကန္သြင္းခဲ့ရာမွာ ဂိုးသမား ဟန္နက္ဆီ ကာကြယ္သြားႏိုင္ခဲ့လို႔ တတိယဂိုးနဲ႔ေတာ့ ေဝးေနခဲ့ရပါတယ္။
ဒီေနာက္မွာေတာ့ ယူႏိုက္တက္တို႔ဘက္က အဲရစ္ဆန္၊ ဗာ႐ြန္းနဲ႔ ရက္ရွ္ဖို႔ဒ္တို႔အစား ဖရက္ဒ္၊ မက္ဂြိဳင္းယားနဲ႔ အီလန္ဂါတို႔ ဝင္လာခဲ့ၾကၿပီး ပြဲခ်ိန္ ၈၇ မိနစ္မွာေတာ့ ေဖာရက္စ္တို႔ ေကာင္တာကေန လူေပးမွားတာကို ျဖတ္ယူႏိုင္ခဲ့တဲ့ ကာစီမီ႐ိုက ဧရိယာထဲကို လွမ္းခ်ေပးခဲ့ရာမွာ ဘယ္ျခမ္းကေန ေျပးဝင္လာတဲ့ ဖရက္ဒ္က ပညာသားပါပါ ပိတ္သြင္းၿပီး ဟန္နက္ဆီကို အႏိုင္ယူသြားခဲ့တာပါ။
ပြဲခ်ိန္အျပည့္မွာေတာ့ မန္ခ်က္စတာယူႏိုက္တက္တို႔က ေနာ့တင္ဟမ္ ေဖာရက္စ္တို႔ကို သုံးဂိုး-ဂိုးမရွိနဲ႔ အႏိုင္ရသြားခဲ့ၿပီး ဒီပြဲရလဒ္ေၾကာင့္ ၁၅ ပြဲ ကစားရာမွာ ရမွတ္ ၂၉ မွတ္နဲ႔ တစ္ပြဲပိုကစားထားၿပီး တစ္မွတ္သာ ကြာေတာ့တဲ့ စပါးစ္တို႔ရဲ႕ အဆင့္ ၄ ကို သိမ္းပိုက္ဖို႔ ခ်ိန္႐ြယ္ႏိုင္ခဲ့သလို ခ်န္ပီယံလိဂ္ ဝင္ခြင့္လမ္းေၾကာင္းေပၚကို ျပန္လည္ေရာက္ရွိလာႏိုင္ခဲ့ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
crd
Unicode
နော့တင်ဟမ် ဖောရက်စ်ကို ဂိုးမိုးရွာခဲ့ပြီး ဂတ်ပိုမလို မာရှယ်လ်အစစ်သာလိုကြောင်း ပြသခဲ့တဲ့ ယူနိုက်တက်ရဲ့ ချိုမြိန်တဲ့ နိုင်ပွဲ(ပွဲပြီး သုံးသပ်ချက်)
ကွင်းလယ်Tankကြီး ကတ်စမဲရိုးနဲ့ ဒေါက်တာရက်ရှ်ဖို့ဒ်တို့ ခြေစွမ်းပြခဲ့ပြီး ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ တစ်ပွဲလျော့ တစ်မှတ်သာကွာတော့တဲ့ ယူနိုက်တက် ၃-၀ ဖောရက်စ် ပွဲပြီးသုံးသပ်ချက်
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ လုခ်ရှော၊ ဝန်ဘစ်ဆာကာနဲ့ မာလာစီယာတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ ရက်ရှ်ဖို့ဒ်၊ အန်တိုနီနဲ့ မာစီယယ်လ်တို့ အတွဲကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။
ဧည့်သည် နော့တင်ဟမ် ဖောရက်စ်တို့ကတော့ ဂိုးသမား ဟန်နက်ဆီ၊ ခံစစ်မှာ ဝေါရဲလ်၊ ဘိုလီ၊ အူရီယေးနဲ့ ရီနန် လိုဒီတို့ကို ကစားစေခဲ့ပြီး ကွင်းလယ်မှာတော့ ယိတ်စ်၊ ဖရွိုင်လာနဲ့ မန်ဂါလာတို့ကို ခင်းကျင်းလာခဲ့သလို တိုက်စစ်မှာတော့ လင်ဂတ်၊ အဝိုနီယီနဲ့ ဘရင်နန် ဂျွန်ဆန်တို့ကို အသုံးပြုလာခဲ့တာပါ။
မိခင်အသင်းကို ပြန်လည်ရင်ဆိုင်တဲ့ ပွဲမှာ အငှားချထားတဲ့ ဂိုးသမား ဟန်ဒါဆန် ကစားခွင့် မရတာကြောင့် အသက်ကြီးကြီး ဝေးလ်စ်ဂိုးသမား ဟန်နက်ဆီကို သစ်ပင်တွေအနေနဲ့ ရွေးချယ်ခဲ့ရသလို ယူနိုက်တက်နည်းပြ တန်ဟတ်ကတော့ ခံစစ်မှာ လူမရှိချိန်မှာ မက်ဂွိုင်းယားကို ရွေးချယ်ရမယ့်အစား လုခ်ရှောကို ဗဟိုမှာ သုံးစွဲသွားခဲ့တာကတော့ ပရိသတ်တွေအတွက် ပွဲကျစရာလည်းဖြစ်ခဲ့ရပါတယ်။
ပွဲချိန် ၆ မိနစ်မှာ ဖောရက်စ်ခံစစ်အမှားကနေ မာလာစီယာက ဧရိယာထဲမှာ Volley ကန်သွင်းခဲ့ပေမယ့် ဂိုးသမား ဟန်နက်ဆီ ပုတ်ထုတ်နိုင်ခဲ့လို့ ယူနိုက်တက်တို့ရဲ့ ခြိမ်းခြောက်မှုက ဂိုးမဖြစ်ခဲ့ဘဲ ရင်ခံခဲ့ရသလို အဲရစ်ဆန်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ရဲ့ ရွေ့လျားမှုတွေကိုတော့ ဧည့်သည်နည်းပြ စတိဗ် ကူးပါးအနေနဲ့ တားဆီးဖို့ ဉာဏ်မမီခဲ့လို့ ပွဲကို အိမ်ရှင်တွေပဲ စိုးမိုးထားနိုင်ခဲ့တာပါ။
ပွဲချိန် ၁၉ မိနစ်မှာတော့ မန်ချက်စတာယူနိုက်တက်တို့ အဖွင့်ဂိုး ရှာဖွေသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဒုတိယမြောက်ရတဲ့ ထောင့်ကန်ဘောကို ညာခြမ်းကနေ ကွင်းလယ်လူ အဲရစ်ဆန်က အနိမ့်ဘော အမြန်ကန်တင်ပေးခဲ့ရာမှာ ဖောရက်စ်ခံစစ်ကြားကနေ ပြေးထွက်လာတဲ့ ရက်ရှ်ဖို့ဒ်က အနီးကပ် အပြင်းကန်သွင်းသွားနိုင်ခဲ့လို့ ဂိုးသမား ဟန်နက်ဆီ လှုပ်တောင်မလှုပ်နိုင်ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။
သုံးမိနစ်အကြာ ပွဲချိန် ၂၂ မိနစ်မှာ ယူနိုက်တက်တို့ပဲ ဒုတိယ ဦးဆောင်ဂိုး ထပ်မံသွင်းယူနိုင်ခဲ့သလို ဘယ်ခြမ်းကနေ စတင်ခဲ့တဲ့ တန်ပြန်တိုက်စစ်ကနေ ဘရူနို ဖာနန်ဒက်စ် ကန်တင်ပေးလိုက်တာကို တောင်ပံကနေ လိုက်လံရယူနိုင်ခဲ့တဲ့ ရက်ရှ်ဖို့ဒ်က အလယ်ကို ပြန်ခင်းပေးရာမှာ မာစီယယ်လ်က ဧရိယာထိပ်ကနေ အနိမ့်ဘော ကန်သွင်းခဲ့ပြီး ဂိုးသမား ဟန်နက်ဆီ ကာကွယ်ပုံ ညံ့ဖျင်းခဲ့လို့ ဂိုးဝင်သွားခဲ့တာဖြစ်ပါတယ်။
ပရီးမီးယားလိဂ်အဆင့်မှာ ရှိမနေဘဲ ဆီးသီးဗန်း လာမှောက်နေတဲ့ ဖောရက်စ်ရဲ့ အူကြောင်ကြောင် နည်းပြ စတိဗ် ကူးပါးအနေနဲ့ အိုးလ်ထရက်ဖို့ဒ်မှာ မန်ယူကို ရင်ဆိုင်ဖို့ ဘာပလန်မှ ရှိမနေခဲ့သလို သူ့ရဲ့ အရန်ဂိုးသမား ဟန်နက်ဆီကလည်း ဂိုးသမားမဟုတ်ဘဲ လူရွှင်တော်တစ်ယောက်ဖြစ်နေခဲ့လို့ မရှိတဲ့ အရှက်က ထပ်ကွဲခဲ့ရတာပါ။
ပွဲချိန် ၃၂ မိနစ်မှာ ယိတ်စ်ရဲ့ ဧရိယာထိပ်ကန် ကန်ချက်ပြင်းပြင်းနဲ့ ခြိမ်းခြောက်မှုကိုတော့ ဒဟေးယားအနေနဲ့ လက်နဲ့ ပုတ်ထုတ်နိုင်ခဲ့သင့်ပေမယ့် ရင်ဘတ်နဲ့ တိုက်ထုတ်ခဲ့ရတာက စပိန်သားရဲ့ စိုးရိမ်စရာ လက်စွမ်းကျဆင်းမှုကို ပြသနေခဲ့သလို အသင်းကြီးတွေနဲ့ ပွဲမျိုးမှာဆိုရင် ဒီလိုပုံစံမျိုးတွေက ပေးဆပ်မှု ကြီးမားသွားနိုင်တာကိုတော့ နည်းပြ တန်ဟတ်အနေနဲ့ ကြိုတင်သိရှိပြီး ပြင်ဆင်ထားရမှာလည်းဖြစ်ပါတယ်။
ပွဲချိန် မိနစ် ၄၀ မှာ ယိတ်စ်ရဲ့ ခေါင်းတိုက်ချက်ကနေ ဖောရက်စ်တို့ ဂိုးသွင်းနိုင်ခဲ့ပေမယ့် လူကျွံအနေအထားမှာ ရှိတဲ့ ဘိုလီရဲ့ ခြေထောက်ကို ရှပ်ထိသွားခဲ့လို့ ငုတ်တုတ်မေ့နေတဲ့ ဒဟေးယားနဲ့ ယူနိုက်တက်တို့ ကံကောင်းခဲ့ရပြီး အန်တိုနီကတော့ ပြောင်းရွှေ့ကြေး ပေါင် ၈၅ သန်းနဲ့ ဘယ်လိုမှ မအပ်စပ်တဲ့ ခြေစွမ်းမျိုး ဆရာသာ ခေါ်လိုက်၊ ကျွန်တော် လာကစားပေးမယ်ဆိုတာက ပြုံးချင်စရာဖြစ်ခဲ့ရတာပါ။
ပထမပိုင်းမှာ ယူနိုက်တက်တို့ နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်ခဲ့ကြပြီး ဒုတိယပိုင်း ပြန်စရာမှာတော့ ဘရူနို ဖာနန်ဒက်စ်ရဲ့ ဖြတ်တင်ဘောက အလန့်တကြားဖြစ်ခဲ့သလို ပွဲချိန် ၅၃ မိနစ်မှာတော့ ဒဏ်ရာရပြီး လူလဲရတော့မှ ကွင်းမှာ ရှိကြောင်း တွေ့ခဲ့ရတဲ့ မန်ယူလူဟောင်း လင်ဂတ်အစား အိုဘရိုင်ယန်ကို ဖောရက်စ်တို့ ထည့်သွင်းသွားခဲ့ပါတယ်။
ပွဲချိန် ၅၆ မိနစ်မှာ ဘရူနို ဖာနန်ဒက်စ်ရဲ့ ခူးပြီးခပ်ပြီး ဖန်တီးပေးမှုကို အန်တိုနီက အလယ်တည့်တည့်ကို ကန်ခဲ့လို့ ဂိုးသမား ပုတ်ထုတ်သွားခဲ့ပြီး မိနစ် ၆၀ မှာတော့ ပေါ်တူဂီဖန်တီးရှင်ရဲ့ နောက်ထပ်ချကျွေးမှုတစ်ခုကို မာစီယယ်လ်က ဂိုးသမားခြေထောက်တည့်တည့် ကန်သွင်းခဲ့လို့ အိမ်ရှင်ပရိသတ်တွေ စိတ်ပျက်စရာဖြစ်ခဲ့ရတာပါ။
မိနစ် ၆၀ ကျော်မှာ ဖောရက်စ်ဘက်က အဝိုနီယီ၊ ရီနန် လိုဒီနဲ့ မန်ဂါလာတို့အစား ဆာရစ်ချ်၊ တော့ဖိုလိုနဲ့ ဒင်းနစ်တို့ကို သုံးယောက်တွဲ လဲထည့်ခဲ့သလို ယူနိုက်တက်တို့ကတော့ မာစီယယ်လ်နဲ့ အန်တိုနီတို့အစား ဗန်ဒဘိခ်နဲ့ ဂါနာချိုတို့ကို ထည့်သွင်းခဲ့ပြီး ပွဲချိန် ၆၈ မိနစ်မှာ လူစားဝင်နှစ်ဦးရဲ့ ပူးပေါင်းဖန်တီး ပေးမှုကနေ ရက်ရှ်ဖို့ဒ် ကန်သွင်းခဲ့ရာမှာ ဂိုးသမား ဟန်နက်ဆီ ကာကွယ်သွားနိုင်ခဲ့လို့ တတိယဂိုးနဲ့တော့ ဝေးနေခဲ့ရပါတယ်။
ဒီနောက်မှာတော့ ယူနိုက်တက်တို့ဘက်က အဲရစ်ဆန်၊ ဗာရွန်းနဲ့ ရက်ရှ်ဖို့ဒ်တို့အစား ဖရက်ဒ်၊ မက်ဂွိုင်းယားနဲ့ အီလန်ဂါတို့ ဝင်လာခဲ့ကြပြီး ပွဲချိန် ၈၇ မိနစ်မှာတော့ ဖောရက်စ်တို့ ကောင်တာကနေ လူပေးမှားတာကို ဖြတ်ယူနိုင်ခဲ့တဲ့ ကာစီမီရိုက ဧရိယာထဲကို လှမ်းချပေးခဲ့ရာမှာ ဘယ်ခြမ်းကနေ ပြေးဝင်လာတဲ့ ဖရက်ဒ်က ပညာသားပါပါ ပိတ်သွင်းပြီး ဟန်နက်ဆီကို အနိုင်ယူသွားခဲ့တာပါ။
ပွဲချိန်အပြည့်မှာတော့ မန်ချက်စတာယူနိုက်တက်တို့က နော့တင်ဟမ် ဖောရက်စ်တို့ကို သုံးဂိုး-ဂိုးမရှိနဲ့ အနိုင်ရသွားခဲ့ပြီး ဒီပွဲရလဒ်ကြောင့် ၁၅ ပွဲ ကစားရာမှာ ရမှတ် ၂၉ မှတ်နဲ့ တစ်ပွဲပိုကစားထားပြီး တစ်မှတ်သာ ကွာတော့တဲ့ စပါးစ်တို့ရဲ့ အဆင့် ၄ ကို သိမ်းပိုက်ဖို့ ချိန်ရွယ်နိုင်ခဲ့သလို ချန်ပီယံလိဂ် ဝင်ခွင့်လမ်းကြောင်းပေါ်ကို ပြန်လည်ရောက်ရှိလာနိုင်ခဲ့ပါကြောင်း ဖော်ပြလိုက်ရပါတယ်။
crd