ေနရာလြတ္ေတြဖန္တီးေပးႏိုင္ၿပီးတိုက္စစ္ကိုပိုၿမိဳင္ဆိုင္ေစတဲ့ သရဲနီကစားသမားတစ္ဦးကို ေျပာျပလိုက္တဲ့ နည္းျပတန္ဟဂ္
|ေနရာလြတ္ေတြဖန္တီးေပးႏိုင္ၿပီးတိုက္စစ္ကိုပိုၿမိဳင္ဆိုင္ေစတဲ့ သရဲနီကစားသမားတစ္ဦးကို ေျပာျပလိုက္တဲ့ နည္းျပတန္ဟဂ္
မန္ယူက လက္စတာကို ၃-၀ ဂိုးနဲ႔ အႏိုင္ရခဲ့တဲ့ ပြဲမွာ မီးေမာင္းထိုးၿပီး ျပရမယ့္ အပိုင္းက ႏွစ္ပိုင္းရွိတယ္လို႔ မန္ခ်က္စတာ ညေနခင္းသတင္းရဲ႕ ပင္တိုင္ ေဆာင္းပါးရွင္ ရစ္ခ်တ္ေဖးက သုံးသပ္ပါတယ္။ ပထမတစ္ခ်က္က တိုက္စစ္မႉးရက္ရွ္ဖို႔ဒ္နဲ႔ ဂိုးသမား ဒီဂီယာတို႔ရဲ႕ အပိုင္းပါ။ အဲဒီပြဲရဲ႕ အစပိုင္းမွာ လက္စတာက မန္ယူကို ပခုံးခ်င္းယွဥ္ကစားခဲ့ၿပီး အပိုင္ေသခ်ာတဲ့ ဂိုးသြင္းခြင့္ ၂ ႀကိမ္ရွိခဲ့ပါတယ္။ ဒါေပမဲ့ စပိန္သားဂိုးသမားရဲ႕ လက္ဖ်ားခါေလာက္ေအာင္ ေကာင္းလြန္းတဲ့ ကာကြယ္မႈေတြက လက္စတာကို ဘဲဥမကြဲေစခဲ့တာပါ။
အလားတူ က်ရာတာဝန္ကို ဦးေဆြးဆံေျမ့ ထမ္း႐ြက္မယ္ဆိုတဲ့ တိုက္စစ္မႉး ရက္ရွ္ဖို႔ဒ္ကလည္း ဂိုးသမားနဲ႔ တစ္ေယာက္ခ်င္းေတြ႕တဲ့ အခြင့္အေရးကို လက္လြတ္မခံခဲ့တဲ့အတြက္ သရဲနီေတြဟာ ေျမေခြးေတြကို ပထမပိုင္း ပြဲခ်ိန္မွာပဲ က်ဳံးသြင္းႏိုင္ခဲ့ပါတယ္။ ဆိုရရင္ ရက္ရွ္ဖို႔ဒ္နဲ႔ ဒီဂီယာတို႔ဟာ ဒီပြဲအတြက္ ဂုဏ္ထူးေဆာင္ ကစားသမားေတြျဖစ္ခဲ့ၿပီး သူတို႔ရဲ႕ အက်ိဳးသက္ ေရာက္မႈက ခ်န္ပီယံဆုအတြက္ အားစိုက္ေနတဲ့ မန္ယူရဲ႕ လမ္းေၾကာင္း အတြက္ ေရွ႕ေျပး လမ္းျပပုလိပ္ေတြ ျဖစ္ခဲ့တာပါ။
အဲဒီကစားသမား ေတြလိုပဲ ေနာက္ထပ္ အေရးပါတဲ့ ကစားသမားတစ္ေယာက္လည္း ရွိေနပါ ေသးတယ္။ သူကေတာ့ နည္းျပအဲရစ္တန္ဟတ္ရဲ႕ လက္ရွိ ဝွက္ဖဲေလးျဖစ္တဲ့ ေဂ်ဒန္ဆန္ခ်ိဳပါ။ ယူႏိုက္တက္ရဲ႕ တိုက္စစ္အူတိုင္ ပတ္ခ်ာလည္နားက ေဘာလုံးစီးဆင္းမႈေတြကို အလိုက္သင့္ေလးျဖစ္ေအာင္ အလႈပ္ကစားေပးတဲ့ ဆန္ခ်ိဳရဲ႕ ကစားပုံဟာ နည္းျပ အဲရစ္တန္ဟတ္ရဲ႕ ဗ်ဴဟာနဲ႔လည္း အံဝင္မႈရွိေနသလို အသင္းေဖာ္ေတြအတြက္လည္း ေနရာလြတ္ေတြ အမ်ားႀကီး ထြက္လာ ေစပါတယ္။
လက္စတာနဲ႔ပြဲမွာ အဲရစ္တန္ဟတ္ဟာ ဂါနာခ်ိဳကိုထုတ္ၿပီး ဘယ္ေတာင္ပံမွာ ဆန္ခ်ိဳကို ကစားခိုင္းခဲ့တာဆိုေပမဲ့ တကယ္ေတာ့ ဆန္ခ်ိဳ လုပ္သြားတာက ဘယ္ေတာင္ပံ တိုက္စစ္မႉးတစ္ေယာက္ ဆိုတာထက္ကို ပိုပါတယ္။ သူဟာ တိုက္စစ္ျမားဦးမွာရွိေနတဲ့ ရက္ရွ္ဖို႔ဒ္၊ ညာေတာင္ပံမွာရွိေနတဲ့ ဖာနန္ဒက္စ္၊ ေနာက္ခ်န္တိုက္စစ္မႉးေနရာမွာ ရွိေနတဲ့ ဝက္ေဟာ့တို႔နဲ႔အတူ ေဘာလုံးစီးဆင္းတဲ့ လမ္းေၾကာင္းေတြကို အေခ်ာသပ္ေပးခဲ့တဲ့ အဂၤေတ ဆရာတစ္ေယာက္ျဖစ္ခဲ့တာပါ။
‘’ဆန္ခ်ိဳကြင္းထဲမွာရွိေနရင္ ကြင္းလယ္ပိုင္းမွာ ေနရာလြတ္ေတြအမ်ားႀကီးရလာတယ္။ အသင္းသားေတြဟာလည္း တိုက္စစ္ပိုင္းမွာ ပိုၿပီး လႈပ္ရွား ကစားခြင့္ရလာၾကတယ္။ ပိုၿပီးေတာ့ ဖိကစားလို႔ရတာမ်ိဳးေပါ့။ ဘ႐ူႏိုနဲ႔ အဲ့ေကာင္ေလးကို အဲဒီေနရာေတြမွာ ထားလိုက္တာ ေတာ္ေတာ္ေလးကို အလုပ္ျဖစ္တယ္’’ လို႔ နည္းျပတန္ဟတ္က လက္စတာနဲ႔ပြဲအၿပီးမွာ ေျပာခဲ့တာရွိပါတယ္။ ဒါေၾကာင့္ အသက္ ၂၂ ႏွစ္အ ႐ြယ္ ဆန္ခ်ိဳဟာ လက္ရွိမန္ယူအသင္းရဲ႕ ဝွက္ဖဲတစ္ခ်ပ္ ျဖစ္လာေနၿပီး ႏူးညံ့ သိမ္ေမြ႕တဲ့ ေဘာလုံးစီးဆင္းမႈေတြကို ထုဆစ္ေပးေနသူတစ္ေယာက္ ျဖစ္လာေနၿပီဆိုတာပါပဲ။
crd
unicode
နေရာလွတ်တွေဖန်တီးပေးနိုင်ပြီးတိုက်စစ်ကိုပိုမြိုင်ဆိုင်စေတဲ့ သရဲနီကစားသမားတစ်ဦးကို ပြောပြလိုက်တဲ့ နည်းပြတန်ဟဂ်
မန်ယူက လက်စတာကို ၃-၀ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ပွဲမှာ မီးမောင်းထိုးပြီး ပြရမယ့် အပိုင်းက နှစ်ပိုင်းရှိတယ်လို့ မန်ချက်စတာ ညနေခင်းသတင်းရဲ့ ပင်တိုင် ဆောင်းပါးရှင် ရစ်ချတ်ဖေးက သုံးသပ်ပါတယ်။ ပထမတစ်ချက်က တိုက်စစ်မှူးရက်ရှ်ဖို့ဒ်နဲ့ ဂိုးသမား ဒီဂီယာတို့ရဲ့ အပိုင်းပါ။ အဲဒီပွဲရဲ့ အစပိုင်းမှာ လက်စတာက မန်ယူကို ပခုံးချင်းယှဉ်ကစားခဲ့ပြီး အပိုင်သေချာတဲ့ ဂိုးသွင်းခွင့် ၂ ကြိမ်ရှိခဲ့ပါတယ်။ ဒါပေမဲ့ စပိန်သားဂိုးသမားရဲ့ လက်ဖျားခါလောက်အောင် ကောင်းလွန်းတဲ့ ကာကွယ်မှုတွေက လက်စတာကို ဘဲဥမကွဲစေခဲ့တာပါ။
အလားတူ ကျရာတာဝန်ကို ဦးဆွေးဆံမြေ့ ထမ်းရွက်မယ်ဆိုတဲ့ တိုက်စစ်မှူး ရက်ရှ်ဖို့ဒ်ကလည်း
ဂိုးသမားနဲ့ တစ်ယောက်ချင်းတွေ့တဲ့ အခွင့်အရေးကို လက်လွတ်မခံခဲ့တဲ့အတွက် သရဲနီတွေဟာ မြေခွေးတွေကို ပထမပိုင်း ပွဲချိန်မှာပဲ ကျုံးသွင်းနိုင်ခဲ့ပါတယ်။ ဆိုရရင် ရက်ရှ်ဖို့ဒ်နဲ့ ဒီဂီယာတို့ဟာ ဒီပွဲအတွက် ဂုဏ်ထူးဆောင် ကစားသမားတွေဖြစ်ခဲ့ပြီး သူတို့ရဲ့ အကျိုးသက် ရောက်မှုက ချန်ပီယံဆုအတွက် အားစိုက်နေတဲ့ မန်ယူရဲ့ လမ်းကြောင်း အတွက် ရှေ့ပြေး လမ်းပြပုလိပ်တွေ ဖြစ်ခဲ့တာပါ။
အဲဒီကစားသမား တွေလိုပဲ နောက်ထပ် အရေးပါတဲ့ ကစားသမားတစ်ယောက်လည်း ရှိနေပါ သေးတယ်။ သူကတော့ နည်းပြအဲရစ်တန်ဟတ်ရဲ့ လက်ရှိ ဝှက်ဖဲလေးဖြစ်တဲ့ ဂျေဒန်ဆန်ချိုပါ။ ယူနိုက်တက်ရဲ့ တိုက်စစ်အူတိုင် ပတ်ချာလည်နားက ဘောလုံးစီးဆင်းမှုတွေကို အလိုက်သင့်လေးဖြစ်အောင် အလှုပ်ကစားပေးတဲ့ ဆန်ချိုရဲ့ ကစားပုံဟာ နည်းပြ အဲရစ်တန်ဟတ်ရဲ့ ဗျူဟာနဲ့လည်း အံဝင်မှုရှိနေသလို အသင်းဖော်တွေအတွက်လည်း နေရာလွတ်တွေ အများကြီး ထွက်လာ စေပါတယ်။
လက်စတာနဲ့ပွဲမှာ အဲရစ်တန်ဟတ်ဟာ ဂါနာချိုကိုထုတ်ပြီး ဘယ်တောင်ပံမှာ ဆန်ချိုကို ကစားခိုင်းခဲ့တာဆိုပေမဲ့ တကယ်တော့ ဆန်ချို လုပ်သွားတာက ဘယ်တောင်ပံ တိုက်စစ်မှူးတစ်ယောက် ဆိုတာထက်ကို ပိုပါတယ်။ သူဟာ တိုက်စစ်မြားဦးမှာရှိနေတဲ့ ရက်ရှ်ဖို့ဒ်၊ ညာတောင်ပံမှာရှိနေတဲ့ ဖာနန်ဒက်စ်၊ နောက်ချန်တိုက်စစ်မှူးနေရာမှာ ရှိနေတဲ့ ဝက်ဟော့တို့နဲ့အတူ ဘောလုံးစီးဆင်းတဲ့ လမ်းကြောင်းတွေကို အချောသပ်ပေးခဲ့တဲ့ အင်္ဂတေ ဆရာတစ်ယောက်ဖြစ်ခဲ့တာပါ။
‘’ဆန်ချိုကွင်းထဲမှာရှိနေရင် ကွင်းလယ်ပိုင်းမှာ နေရာလွတ်တွေအများကြီးရလာတယ်။ အသင်းသားတွေဟာလည်း တိုက်စစ်ပိုင်းမှာ ပိုပြီး လှုပ်ရှား ကစားခွင့်ရလာကြတယ်။ ပိုပြီးတော့ ဖိကစားလို့ရတာမျိုးပေါ့။ ဘရူနိုနဲ့ အဲ့ကောင်လေးကို အဲဒီနေရာတွေမှာ ထားလိုက်တာ တော်တော်လေးကို အလုပ်ဖြစ်တယ်’’ လို့ နည်းပြတန်ဟတ်က လက်စတာနဲ့ပွဲအပြီးမှာ ပြောခဲ့တာရှိပါတယ်။ ဒါကြောင့် အသက် ၂၂ နှစ်အ ရွယ် ဆန်ချိုဟာ လက်ရှိမန်ယူအသင်းရဲ့ ဝှက်ဖဲတစ်ချပ် ဖြစ်လာနေပြီး နူးညံ့ သိမ်မွေ့တဲ့ ဘောလုံးစီးဆင်းမှုတွေကို ထုဆစ်ပေးနေသူတစ်ယောက် ဖြစ်လာနေပြီဆိုတာပါပဲ။
crd