ေဒးဗစ္ဘက္ခမ္းရဲ႕စံခ်ိန္ကိုေက်ာ္ျဖတ္မယ့္ ဖရီးကစ္စပါယ္ရွယ္လစ္ ဝက္ပေရာက္စ္ကို ကြင္းလယ္ပစ္မွတ္စာရင္းမွာထည့္သြင္းလိုက္တဲ့ အဲရစ္တန္ဟက္ဂ်္

ေဒးဗစ္ဘက္ခမ္းရဲ႕စံခ်ိန္ကိုေက်ာ္ျဖတ္မယ့္ ဖရီးကစ္စပါယ္ရွယ္လစ္ ဝက္ပေရာက္စ္ကို ကြင္းလယ္ပစ္မွတ္စာရင္းမွာထည့္သြင္းလိုက္တဲ့ အဲရစ္တန္ဟက္ဂ်္

မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ ေဆာက္သမ္တန္ အသင္းေခါင္းေဆာင္ ကြင္းလယ္လူ ဂ်ိမ္းစ္ဝက္ပေရာက္စ္ကို ဒီေႏြရာသီ ပစ္မွတ္စာရင္းထဲ ထည့္သြင္းထားတယ္လို႔ သိရပါတယ္။ ၂၈ ႏွစ္အ႐ြယ္ ကစားသမားဟာ ကစားသမားဘ၀ တစ္ေလွ်ာက္လုံး ေဆာက္သမ္တန္မွာသာ ကစားခဲ့သူျဖစ္ၿပီး ၂၀၁၁ တုန္းက အသင္းအကယ္ဒမီကေန ေပၚထြက္လာခဲ့သူ ျဖစ္ပါတယ္။ ၂၀၂၀ ေႏြရာသီမွ စတင္ကာ ေဆာက္သမ္တန္ရဲ႕ အသင္းေခါင္းေဆာင္အျဖစ္ ခန႔္အပ္ခံခဲ့ရၿပီး ၿပီးခဲ့တဲ့ပိတ္ရက္က ဝက္စ္ဟမ္းကို ၁-၀ နဲ႔ အေရးနိမ့္ခဲ့တဲ့ပြဲစဥ္မွာ ငယ္ဘဝကလပ္အတြက္ ပြဲ ၄၀၀ ျပည့္ ပါဝင္ကစားသြားခဲ့ပါတယ္။ ဒါေပမယ့္ ေဆာက္သမ္တန္က ပရီးမီးယားလိဂ္ကေန တန္းဆင္းရႏိုင္တာေၾကာင့္ ကြင္းလယ္ကစားသမားရဲ႕ အနာဂတ္ကလည္း မေရမရာျဖစ္လ်က္ရွိပါတယ္။ တန္းဆင္းဇုန္ကေန လြတ္ေျမာက္ဖို႔ ၄ မွတ္လိုအပ္ေနေသးတဲ့ နည္းျပ႐ူဘင္ဆဲလက္စ္ရဲ႕ အသင္းသာ တန္းဆင္းခဲ့ရမယ္ဆိုရင္ ဝက္ဒ္ပေရာက္စ္လည္း အသင္းကေန ထြက္ခြာႏိုင္တယ္ဆိုတဲ့ သတင္းေတြ ထြက္ေပၚလ်က္ရွိပါတယ္။

 

ေဆာက္သမ္တန္က ဒီရာသီ ႐ုန္းကန္ေနရေပမယ့္ ဝက္ပေရာက္စ္ကေတာ့ လိဂ္ပြဲစဥ္ ၂၉ ပြဲမွာ ၇ ဂိုးသြင္းၿပီး ၂ ဂိုး ဖန္တီးေပးထားသလို EFL ဖလားနဲ႔ FA ဖလားၿပိဳင္ပြဲေတြမွာလည္း သြင္းဂိုး ၂ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၁ ႀကိမ္ ရရွိထားပါတယ္။ တည္ကန္ေဘာစပယ္ရွယ္လစ္တစ္ေယာက္ျဖစ္လို႔ တစ္ခ်ိန္ခ်ိန္မွာေတာ့ အသင္းႀကီးတစ္သင္းကို ေျပာင္းေ႐ႊ႕ဖို႔ရွိေနပါတယ္။ ဒီရာသီ ကြင္းလယ္ကစားသမားကို ကင္းေထာက္ခဲ့တဲ့ အသင္းေတြထဲမွာ လီဗာပူးလည္း အပါအဝင္ျဖစ္ပါတယ္။ ေတာ့တင္ဟမ္၊ နယူးကာဆယ္နဲ႔ အက္စတြန္ဗီလာတို႔ကလည္း ဝက္ပေရာက္စ္ကို စိတ္ဝင္စားမႈ ျပသခဲၾကၿပီး အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္ ၁၁ ပြဲ ကစားေပးထားတဲ့ ကစားသမားကလည္း ပိုမိုႀကီးမားတဲ့ စိန္ေခၚမႈေတြကို ရင္ဆိုင္လိုေနပါတယ္။ သတင္းေတြအရေတာ့ ဝက္ဒ္ပေရာက္စ္ဟာ မန္ခ်က္စတာယူႏိုက္တက္ နည္းျပ အဲရစ္တန္ဟတ္ရဲ႕ ပစ္မွတ္စာရင္းထဲမွာလည္း ပါဝင္ေနတယ္လို႔ သိရပါတယ္။

 

ယူႏိုက္တက္ဟာ ဒီရာသီ အားအနည္းဆုံး ေနရာတစ္ခုျဖစ္တဲ့ ကြင္းလယ္ပိုင္းကို ကြင္းလယ္လူသစ္တစ္ဦးနဲ႔ ၂၀၂၃-၂၄ ရာသီမတိုင္မီ အင္အားျဖည့္ဖို႔ ရည္႐ြယ္ထားပါတယ္။ တစ္ဖက္မွာလည္း လက္ရွိအသင္းကို အငွားလာကစားလ်က္ရွိတဲ့ ဘိုင္ယန္ျမဴးနစ္ကြင္းလယ္လူ မာဆယ္ဆာဘစ္ဇာကို အၿပီးသတ္ေခၚယူဖြယ္ရွိသလို အသင္းကေန ထြက္ခြာမယ့္ ကစားသမားေတြလည္း အမ်ားအျပား ရွိေနတာေၾကာင့္ ဝက္ပေရာက္စ္ကလည္း အိုးလ္ထရက္ဖို႔ဒ္ကို ေရာက္ႏိုင္တဲ့ ကစားသမားတစ္ေယာက္ ျဖစ္ေနပါတယ္။

 

လက္ရွိမွာ ယူႏိုက္တက္ကြင္းလယ္လူ စေကာ့မက္တြန္မီေနးရဲ႕ အနာဂတ္က မေရမရာျဖစ္ေနၿပီး ယူႏိုက္တက္ကလည္း စေကာ့တလန္လက္ေ႐ြးစင္အတြက္ ကမ္းလွမ္းမႈေတြကို လက္ခံစဥ္းစားသြားဖို႔ ရွိေနပါတယ္။ ဝက္ပေရာက္စ္ဟာ ေဆာက္သမ္တန္နဲ႔ ၂၀၂၆ ေႏြရာသီထိ စာခ်ဳပ္သက္တမ္းရွိေနၿပီး ကစားသမားကို စိန႔္ေမရီကေန ေခၚယူႏိုင္ဖို႔ဆိုရင္ေတာ့ အနည္းဆုံးေပါင္သန္း ၄၀ ခန႔္ အသုံးျပဳရဖို႔ ရွိေနပါတယ္။ ယူႏိုက္တက္ဟာ ေဒါ့မြန္က ဂ်ဳဒ္ဘယ္လင္ဂန္၊ ဝက္စ္ဟမ္းက ဒီကလန္႐ိုက္စ္ ဝုဗ္က ႐ူဘင္နီဗက္စ္၊ ဘ႐ိုက္တန္က အလက္စစ္မကၠာလစၥတာနဲ႔ ဘက္တစ္က ဂါဘရီရယ္ဗီဂါတို႔ကို ေႏြရာသီ အေျပာင္းအေ႐ႊ႕ ပစ္မွတ္စာရင္းထဲမွာ ထည့္သြင္းထားပါတယ္။
crd

unicode

ဒေးဗစ်ဘက်ခမ်းရဲ့စံချိန်ကိုကျော်ဖြတ်မယ့် ဖရီးကစ်စပါယ်ရှယ်လစ် ဝက်ပရောက်စ်ကို ကွင်းလယ်ပစ်မှတ်စာရင်းမှာထည့်သွင်းလိုက်တဲ့ အဲရစ်တန်ဟက်ဂျ်

မန်ချက်စတာယူနိုက်တက်အသင်းဟာ ဆောက်သမ်တန် အသင်းခေါင်းဆောင် ကွင်းလယ်လူ ဂျိမ်းစ်ဝက်ပရောက်စ်ကို ဒီနွေရာသီ ပစ်မှတ်စာရင်းထဲ ထည့်သွင်းထားတယ်လို့ သိရပါတယ်။ ၂၈ နှစ်အရွယ် ကစားသမားဟာ ကစားသမားဘ၀ တစ်လျှောက်လုံး ဆောက်သမ်တန်မှာသာ ကစားခဲ့သူဖြစ်ပြီး ၂၀၁၁ တုန်းက အသင်းအကယ်ဒမီကနေ ပေါ်ထွက်လာခဲ့သူ ဖြစ်ပါတယ်။ ၂၀၂၀ နွေရာသီမှ စတင်ကာ ဆောက်သမ်တန်ရဲ့ အသင်းခေါင်းဆောင်အဖြစ် ခန့်အပ်ခံခဲ့ရပြီး ပြီးခဲ့တဲ့ပိတ်ရက်က ဝက်စ်ဟမ်းကို ၁-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ ငယ်ဘဝကလပ်အတွက် ပွဲ ၄၀၀ ပြည့် ပါဝင်ကစားသွားခဲ့ပါတယ်။ ဒါပေမယ့် ဆောက်သမ်တန်က ပရီးမီးယားလိဂ်ကနေ တန်းဆင်းရနိုင်တာကြောင့် ကွင်းလယ်ကစားသမားရဲ့ အနာဂတ်ကလည်း မရေမရာဖြစ်လျက်ရှိပါတယ်။ တန်းဆင်းဇုန်ကနေ လွတ်မြောက်ဖို့ ၄ မှတ်လိုအပ်နေသေးတဲ့ နည်းပြရူဘင်ဆဲလက်စ်ရဲ့ အသင်းသာ တန်းဆင်းခဲ့ရမယ်ဆိုရင် ဝက်ဒ်ပရောက်စ်လည်း အသင်းကနေ ထွက်ခွာနိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်လျက်ရှိပါတယ်။

ဆောက်သမ်တန်က ဒီရာသီ ရုန်းကန်နေရပေမယ့် ဝက်ပရောက်စ်ကတော့ လိဂ်ပွဲစဉ် ၂၉ ပွဲမှာ ၇ ဂိုးသွင်းပြီး ၂ ဂိုး ဖန်တီးပေးထားသလို EFL ဖလားနဲ့ FA ဖလားပြိုင်ပွဲတွေမှာလည်း သွင်းဂိုး ၂ ဂိုးနဲ့ ဂိုးဖန်တီးမှု ၁ ကြိမ် ရရှိထားပါတယ်။ တည်ကန်ဘောစပယ်ရှယ်လစ်တစ်ယောက်ဖြစ်လို့ တစ်ချိန်ချိန်မှာတော့ အသင်းကြီးတစ်သင်းကို ပြောင်းရွှေ့ဖို့ရှိနေပါတယ်။ ဒီရာသီ ကွင်းလယ်ကစားသမားကို ကင်းထောက်ခဲ့တဲ့ အသင်းတွေထဲမှာ လီဗာပူးလည်း အပါအဝင်ဖြစ်ပါတယ်။ တော့တင်ဟမ်၊ နယူးကာဆယ်နဲ့ အက်စတွန်ဗီလာတို့ကလည်း ဝက်ပရောက်စ်ကို စိတ်ဝင်စားမှု ပြသခဲကြပြီး အင်္ဂလန်လက်ရွေးစင်အသင်းအတွက် ၁၁ ပွဲ ကစားပေးထားတဲ့ ကစားသမားကလည်း ပိုမိုကြီးမားတဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်လိုနေပါတယ်။ သတင်းတွေအရတော့ ဝက်ဒ်ပရောက်စ်ဟာ မန်ချက်စတာယူနိုက်တက် နည်းပြ အဲရစ်တန်ဟတ်ရဲ့ ပစ်မှတ်စာရင်းထဲမှာလည်း ပါဝင်နေတယ်လို့ သိရပါတယ်။

ယူနိုက်တက်ဟာ ဒီရာသီ အားအနည်းဆုံး နေရာတစ်ခုဖြစ်တဲ့ ကွင်းလယ်ပိုင်းကို ကွင်းလယ်လူသစ်တစ်ဦးနဲ့ ၂၀၂၃-၂၄ ရာသီမတိုင်မီ အင်အားဖြည့်ဖို့ ရည်ရွယ်ထားပါတယ်။ တစ်ဖက်မှာလည်း လက်ရှိအသင်းကို အငှားလာကစားလျက်ရှိတဲ့ ဘိုင်ယန်မြူးနစ်ကွင်းလယ်လူ မာဆယ်ဆာဘစ်ဇာကို အပြီးသတ်ခေါ်ယူဖွယ်ရှိသလို အသင်းကနေ ထွက်ခွာမယ့် ကစားသမားတွေလည်း အများအပြား ရှိနေတာကြောင့် ဝက်ပရောက်စ်ကလည်း အိုးလ်ထရက်ဖို့ဒ်ကို ရောက်နိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်နေပါတယ်။

လက်ရှိမှာ ယူနိုက်တက်ကွင်းလယ်လူ စကော့မက်တွန်မီနေးရဲ့ အနာဂတ်က မရေမရာဖြစ်နေပြီး ယူနိုက်တက်ကလည်း စကော့တလန်လက်ရွေးစင်အတွက် ကမ်းလှမ်းမှုတွေကို လက်ခံစဉ်းစားသွားဖို့ ရှိနေပါတယ်။ ဝက်ပရောက်စ်ဟာ ဆောက်သမ်တန်နဲ့ ၂၀၂၆ နွေရာသီထိ စာချုပ်သက်တမ်းရှိနေပြီး ကစားသမားကို စိန့်မေရီကနေ ခေါ်ယူနိုင်ဖို့ဆိုရင်တော့ အနည်းဆုံးပေါင်သန်း ၄၀ ခန့် အသုံးပြုရဖို့ ရှိနေပါတယ်။ ယူနိုက်တက်ဟာ ဒေါ့မွန်က ဂျုဒ်ဘယ်လင်ဂန်၊ ဝက်စ်ဟမ်းက ဒီကလန်ရိုက်စ် ဝုဗ်က ရူဘင်နီဗက်စ်၊ ဘရိုက်တန်က အလက်စစ်မက္ကာလစ္စတာနဲ့ ဘက်တစ်က ဂါဘရီရယ်ဗီဂါတို့ကို နွေရာသီ အပြောင်းအရွှေ့ ပစ်မှတ်စာရင်းထဲမှာ ထည့်သွင်းထားပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *