‌‌ေဒါ့မြန္အသင္းတုန္းကလို ေမွာ္ဝင္ေျခစြမ္းေတြျပန္ရဖို႔ အသဲအသန္စိတ္ေရာကိုယ္ပါ ႀကိဳးစားေနတဲ့ ေဂ်ဒန္ဆန္ခ်ိဳ

‌‌ေဒါ့မြန္အသင္းတုန္းကလို ေမွာ္ဝင္ေျခစြမ္းေတြျပန္ရဖို႔ အသဲအသန္စိတ္ေရာကိုယ္ပါ ႀကိဳးစားေနတဲ့ ေဂ်ဒန္ဆန္ခ်ိဳ
ေမွာ္ဝင္ေျခစြမ္းေတြနဲ႔ တဖန္ျပန္လည္ေတာက္ပဖို႔ သီးသန႔္ခြဲကာ ေလ့က်င့္ခန္းမ်ားျပဳလုပ္ေနတဲ့ သရဲနီၾကယ္ပြင့္

ေဒါ့မြန္ကစားသမားေဟာင္းတစ္ဦးျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ အဂၤလန္ေတာင္ပံကစားသမား ေဂ်ဒန္ဆန္ခ်ိဳသည္ ယူႏိုက္တက္ကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ အိုးထရက္ဖိုဒ့္တြင္ ခက္ခဲေသာကစားသမားဘဝကို ျဖတ္သန္းေနရၿပီး ယုံၾကည္မႈေတြေပ်ာက္ဆုံးေနကာ ဒဏ္ရာျပႆနာမ်ားႏွင့္႐ုန္းကန္ေနရပါတယ္။

ယခုႏွစ္ေဘာလုံးရာသီ ဒတ္ခ္်လူမ်ိဳးနည္းျပ အဲရစ္တန္ဟဂ္လက္ေအာက္တြင္လည္း ေဂ်ဒန္ဆန္ခ်ိဳသည္ ႐ုန္းကန္ေနရဆဲျဖစ္ၿပီး ၿပိဳင္ပြဲစုံ 17 ပြဲတြင္ သြင္းဂိုး 2 ဂိုးႏွင့္ ဂိုးဖန္တီးမႈ 1 ႀကိမ္သာ ျပဳလုပ္ထားႏိုင္ၿပီး ဒဏ္ရာေတြျဖင့္ ႐ုန္းကန္ေနရပါတယ္။

ဒါေၾကာင့္ သူဟာ ကမာၻ႔ဖလားၿပိဳင္ပြဲႏွင့္လြဲေခ်ာ္ခဲ့ရပါတယ္။ သို႔ေပမယ့္ ဆန္ခ်ိဳဟာ ကမာၻ႔ဖလားေၾကာင့္အားလပ္ရက္ရေနခ်ိန္မွာေတာ့ နည္းျပႀကီး အဲရစ္တန္ဟဂ္ႏွင့္အတူ အနီးကပ္ေလ့က်င့္ခန္းေတြလုပ္ေဆာင္ခဲ့ၿပီး ယုံၾကည္မႈေတြ ျပန္လည္တည္ေဆာက္ေနပါတယ္။

ကလပ္ပြဲစဥ္မ်ားအားလုံးကို ယခုသီတင္းပတ္တြင္ ျပန္လည္စတင္ေနၿပီျဖစ္ေသာ္လည္း ယင္းေတာင္ပံကစားသမား ေဂ်ဒန္ဆန္ခ်ိဳအေနနျဖင့္ ႐ုပ္ပိုင္းဆိုင္ရာ ၊ စိတ္ပိုင္းဆိုင္ရာ အေျခေနေတြက ပြဲတစ္ပြဲကစားဖို႔ထိ လုံေလာက္တဲ့အေျခေနမွာ ရွိမေနတာေၾကာင့္ ယူႏိုက္တက္ရဲ႕ပြဲစဥ္အခ်ိဳ႕ကို လြဲေခ်ာ္မည္ျဖစ္ေၾကာင္း နည္းျပတန္ဟတ္က အေစာပိုင္းသီတင္းပတ္မွာကတည္းက ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီးျဖစ္ပါတယ္။

အဆိုပါ အေျခအေနႏွင့္ပတ္သက္ၿပီး ယင္းကစားသမားအတြက္ လိုအပ္တဲ့အစီအစဥ္အားလုံးကို နည္းျပကိုယ္တိုင္က ဦးစီးေဆာင္႐ြက္ထားၿပီးျဖစ္သလို အသင္းဖက္ကလဲကစားသမားအတြက္ အျပည့္အဝကူညီပံ့ပိုးေပးလွ်က္ရွိေၾကာင္း သတင္းေတြက ေဖာ္ျပထားပါသည္။ ဆန္ခ်ိဳဟာ လက္ရွိအခ်ိန္တြင္ သီးသန႔္ခြဲကာ ေလ့က်င့္ခန္းမ်ားျပဳလုပ္ေနၿပီး အသင္းႏွင့္လာေရာက္ပူးေပါင္းေသးျခင္းမရွိေသးသလို ၎အဆင္သင့္ျဖစ္မယ့္အခ်ိန္တခုထိၾကာျမင့္ႏိုင္မယ္ျဖစ္ေၾကာင္း နည္းျပတန္ဟဂ္က အတည္ျပဳထားပါတယ္။

ဆန္ခ်ိဳဟာ ေဒါ့မြန္အသင္းတြင္ ေတာက္ပတဲ့ကစားသမားဘဝကို ပိုင္ဆိုင္ထားခဲ့ၿပီး ၿပိဳင္ပြဲစုံ 137 ပြဲထိ ပါဝင္ကစားခြင့္ရရွိထားခဲ့ကာ သြင္းဂိုး 50 သြင္းယူႏိုင္ခဲ့ပါတယ္။ မွတ္တမ္းေတြအရ 2019-2020 ေဘာလုံးရာသီသည္ ဆန္ခ်ိဳရဲ႕အေကာင္းမြန္ဆုံးရာသီတစ္ခုျဖစ္ခဲ့ၿပီး သြင္းဂိုး 17 ဂိုးႏွင့္ ဂိုးဖန္တီးမႈ 16 ႀကိမ္ ျပဳလုပ္ထားႏိုင္ခဲ့ပါသည္။

2021 ခုႏွစ္ ဇူလိုင္လမွာေတာ့ မန္ခ်က္စတာယူႏိုက္တက္အသင္းသည္ ဆန္ခ်ိဳကို ေဒါ့မြန္အသင္းမွ ေပါင္သန္း 80 ဝန္းက်င္ျဖင့္ ေမွ်ာ္လင့္တႀကီး ေခၚယူခဲ့ေသာ္လည္း ဆန္ခ်ိဳသည္ လက္ရွိအခ်ိန္ထိ ေဒါ့မြန္ကေျခစြမ္းမ်ိဳး ျပန္လည္ျပသႏိုင္ျခင္း မရွိေပ။
crd

Unicode
‌‌ဒေါ့မွန်အသင်းတုန်းကလို မှော်ဝင်ခြေစွမ်းတွေပြန်ရဖို့ အသဲအသန်စိတ်ရောကိုယ်ပါ ကြိုးစားနေတဲ့ ဂျေဒန်ဆန်ချို
မှော်ဝင်ခြေစွမ်းတွေနဲ့ တဖန်ပြန်လည်တောက်ပဖို့ သီးသန့်ခွဲကာ လေ့ကျင့်ခန်းများပြုလုပ်နေတဲ့ သရဲနီကြယ်ပွင့်

ဒေါ့မွန်ကစားသမားဟောင်းတစ်ဦးဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ အင်္ဂလန်တောင်ပံကစားသမား ဂျေဒန်ဆန်ချိုသည် ယူနိုက်တက်ကို ပြောင်းရွှေ့လာပြီးနောက် အိုးထရက်ဖိုဒ့်တွင် ခက်ခဲသောကစားသမားဘဝကို ဖြတ်သန်းနေရပြီး ယုံကြည်မှုတွေပျောက်ဆုံးနေကာ ဒဏ်ရာပြဿနာများနှင့်ရုန်းကန်နေရပါတယ်။

ယခုနှစ်ဘောလုံးရာသီ ဒတ်ခ်ျလူမျိုးနည်းပြ အဲရစ်တန်ဟဂ်လက်အောက်တွင်လည်း ဂျေဒန်ဆန်ချိုသည် ရုန်းကန်နေရဆဲဖြစ်ပြီး ပြိုင်ပွဲစုံ 17 ပွဲတွင် သွင်းဂိုး 2 ဂိုးနှင့် ဂိုးဖန်တီးမှု 1 ကြိမ်သာ ပြုလုပ်ထားနိုင်ပြီး ဒဏ်ရာတွေဖြင့် ရုန်းကန်နေရပါတယ်။

ဒါကြောင့် သူဟာ ကမ္ဘာ့ဖလားပြိုင်ပွဲနှင့်လွဲချော်ခဲ့ရပါတယ်။ သို့ပေမယ့် ဆန်ချိုဟာ ကမ္ဘာ့ဖလားကြောင့်အားလပ်ရက်ရနေချိန်မှာတော့ နည်းပြကြီး အဲရစ်တန်ဟဂ်နှင့်အတူ အနီးကပ်လေ့ကျင့်ခန်းတွေလုပ်ဆောင်ခဲ့ပြီး ယုံကြည်မှုတွေ ပြန်လည်တည်ဆောက်နေပါတယ်။

ကလပ်ပွဲစဉ်များအားလုံးကို ယခုသီတင်းပတ်တွင် ပြန်လည်စတင်နေပြီဖြစ်သော်လည်း ယင်းတောင်ပံကစားသမား ဂျေဒန်ဆန်ချိုအနေနဖြင့် ရုပ်ပိုင်းဆိုင်ရာ ၊ စိတ်ပိုင်းဆိုင်ရာ အခြေနေတွေက ပွဲတစ်ပွဲကစားဖို့ထိ လုံလောက်တဲ့အခြေနေမှာ ရှိမနေတာကြောင့် ယူနိုက်တက်ရဲ့ပွဲစဉ်အချို့ကို လွဲချော်မည်ဖြစ်ကြောင်း နည်းပြတန်ဟတ်က အစောပိုင်းသီတင်းပတ်မှာကတည်းက ထုတ်ဖော်ပြောကြားခဲ့ပြီးဖြစ်ပါတယ်။

အဆိုပါ အခြေအနေနှင့်ပတ်သက်ပြီး ယင်းကစားသမားအတွက် လိုအပ်တဲ့အစီအစဥ်အားလုံးကို နည်းပြကိုယ်တိုင်က ဦးစီးဆောင်ရွက်ထားပြီးဖြစ်သလို အသင်းဖက်ကလဲကစားသမားအတွက် အပြည့်အဝကူညီပံ့ပိုးပေးလျှက်ရှိကြောင်း သတင်းတွေက ဖော်ပြထားပါသည်။ ဆန်ချိုဟာ လက်ရှိအချိန်တွင် သီးသန့်ခွဲကာ လေ့ကျင့်ခန်းများပြုလုပ်နေပြီး အသင်းနှင့်လာရောက်ပူးပေါင်းသေးခြင်းမရှိသေးသလို ၎င်းအဆင်သင့်ဖြစ်မယ့်အချိန်တခုထိကြာမြင့်နိုင်မယ်ဖြစ်ကြောင်း နည်းပြတန်ဟဂ်က အတည်ပြုထားပါတယ်။

ဆန်ချိုဟာ ဒေါ့မွန်အသင်းတွင် တောက်ပတဲ့ကစားသမားဘဝကို ပိုင်ဆိုင်ထားခဲ့ပြီး ပြိုင်ပွဲစုံ 137 ပွဲထိ ပါဝင်ကစားခွင့်ရရှိထားခဲ့ကာ သွင်းဂိုး 50 သွင်းယူနိုင်ခဲ့ပါတယ်။ မှတ်တမ်းတွေအရ 2019-2020 ဘောလုံးရာသီသည် ဆန်ချိုရဲ့အကောင်းမွန်ဆုံးရာသီတစ်ခုဖြစ်ခဲ့ပြီး သွင်းဂိုး 17 ဂိုးနှင့် ဂိုးဖန်တီးမှု 16 ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါသည်။

2021 ခုနှစ် ဇူလိုင်လမှာတော့ မန်ချက်စတာယူနိုက်တက်အသင်းသည် ဆန်ချိုကို ဒေါ့မွန်အသင်းမှ ပေါင်သန်း 80 ဝန်းကျင်ဖြင့် မျှော်လင့်တကြီး ခေါ်ယူခဲ့သော်လည်း ဆန်ချိုသည် လက်ရှိအချိန်ထိ ဒေါ့မွန်ကခြေစွမ်းမျိုး ပြန်လည်ပြသနိုင်ခြင်း မရှိပေ။
crd

Add a Comment

Your email address will not be published. Required fields are marked *