ဥေရာပအသင္းႀကီးေတြမ်က္စိက်ေနတဲ့ အလိမ္အေခါက္ေကာင္းတဲ့ ဂ်ပန္ဆာမူ႐ိုင္းကို ေခၚယူသြားဖို႔ ကင္းေထာက္ေတြေစလႊတ္ခဲ့တဲ့ မန္ယူႏိုက္တက္
|ဥေရာပအသင္းႀကီးေတြမ်က္စိက်ေနတဲ့ အလိမ္အေခါက္ေကာင္းတဲ့ ဂ်ပန္ဆာမူ႐ိုင္းကို ေခၚယူသြားဖို႔ ကင္းေထာက္ေတြေစလႊတ္ခဲ့တဲ့ မန္ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္အသင္းဟာ နည္းျပ တန္ဟက္ဟာ မာစီယယ္လ္ မပါဝင္တဲ့ အစီအစဥ္ကို ဆြဲေနတာေၾကာင့္ ဘ႐ိုက္တန္ၾကယ္ပြင့္ မိတိုမာရဲ႕ တိုးတက္မႈကို အနီးကပ္ေစာင့္ၾကည့္ေနတယ္လို႔ သိရပါတယ္။ မီတိုမာဟာ ဒီရာသီမွာ နည္းျပ ေရာဘတ္တို ဒီဇာဘီရဲ႕ လက္ေအာက္မွာ ေကာင္းမြန္တဲ့ပုံစံေကာင္းတစ္ခုကို ျပသေနတဲ့ ကစားသမားတစ္ဦးျဖစ္ပါတယ္။
ဘ႐ိုက္တန္အသင္းဟာ ဂ်ပန္လက္ေ႐ြးစင္ကစားသမားကို ၂၀၂၁ ခုႏွစ္မွာ ေပါင္ ၂.၇ သန္း တည္းနဲ႔ ကာဝါစကီ ဖေရာင့္ေတးလ္အသင္းကေန ေခၚယူခဲ့တာျဖစ္ၿပီး၊ ပိုင္ရွင္တူကလပ္ ယူနီယံ စိန႔္ေဂးလ္လြိဳက္စ္အသင္းကို ခ်က္ခ်င္းပဲ အငွားျပန္ခ်ခဲ့ပါတယ္။ အသက္ ၂၅ ႏွစ္သားဟာ ဒီရာသီမွာေတာ့ ပြဲတိုင္းနီးပါး ပြဲထြက္ကစားခြင့္ရေနၿပီး၊ ဘ႐ိုက္တန္အသင္းရဲ႕ အေရးပါတဲ့အစိတ္အပိုင္းအျဖစ္ ရွိေနကာ၊ ၂၇ ပြဲကစားထားၿပီး ၉ ဂိုးသြင္းကာ ဂိုးဖန္တီးမႈ ၆ ႀကိမ္ ျပဳလုပ္ထားခဲ့ပါတယ္။
မီတိုမာရဲ႕အလိမ္အေခါက္ေတြနဲ႔ လ်င္ျမန္တဲ့ေျပးအားေၾကာင့္ ယူႏိုက္တက္အပါအဝင္ ဥေရာပတစ္ခြင္က အသင္းေတြ စိတ္ဝင္စားလာၾကပါတယ္။ ပရီးမီးယားလိဂ္ႀကီး ၆ ႀကီးက ကင္းေထာက္ေတြဟာ အျခားပရီးမီးယားလိဂ္ပြဲေတြကို ေစာင့္ၾကည့္တတ္ၾကတာ ထုံးစံျဖစ္ေပမယ့္ ယူႏိုက္တက္က ကင္းေထာက္ေတြကေတာ့ မၾကာေသးခင္ ဘ႐ိုက္တန္ပြဲေတြမွာ မီတိုမာရဲ႕စြမ္းေဆာင္မႈကို အဓိကထားေစာင့္ၾကည့္ခဲ့ၾကတာပါ။ ဘ႐ိုက္တန္နဲ႔ မန္ယူအသင္းတို႔ဟာ ဝင္ဘာေလမွာ ကစားသြားမယ့္ အက္ဖ္ေအဖလားဆီမီးဖိုင္နယ္အပါအဝင္ ရာသီမကုန္ခင္အခ်ိန္အထိ ႏွစ္ႀကိမ္ေတြ႕ဆုံဖို႔ ရွိေနေသးတာေၾကာင့္ မီတိုမာရဲ႕ ေျခစြမ္းပိုင္းကိုအနီးကပ္ ေလ့လာႏိုင္မာ ျဖစ္ပါတယ္။
လက္ရွိမွာ ဘ႐ိုက္တန္အသင္းအတြက္ ပုံမွန္ပြဲထြက္ခြင့္ရ ကစားသမားျဖစ္ေနၿပီျဖစ္တဲ့ မိတိုမာကို မန္ခ်က္စတာယူႏိုက္တက္က ေခၚယူဖို႔ အနီးကပ္ေစာင့္ၾကည့္ေနၿပီျဖစ္ၿပီး တန္ဟက္ဟာ အန္သိုနီ မာစီယယ္လ္ကို ႏွစ္သက္ေနဆဲျဖစ္ေပမယ့္လည္း ယခုရာသီ ၁၂ ပြဲသာ ပါဝင္ကစားေပးထားႏိုင္ခဲ့တဲ့ ဒဏ္ရာမွတ္တမ္းေၾကာင့္ မေပ်ာ္မ႐ႊင္ျဖစ္ေနတာျဖစ္ပါတယ္။ ဒတ္ခ်္လူမ်ိဳးနည္းျပဟာ မာစီယယ္လ္ရဲ႕ေနရာမွာ အေထာင္တိုက္စစ္မႉးစစ္စစ္ကို အစားထိုးဖို႔ ႀကိဳးပမ္းသြားမွာျဖစ္ၿပီး မိတိုမာက အေထာင္တိုက္စစ္မႉးမဟုတ္ေပမယ့္လည္း တိုက္စစ္မွာ ေနရာစုံကစားႏိုင္စြမ္းရွိမႈေၾကာင့္ တန္ဟက္အတြက္ ဆြဲေဆာင္မႈတစ္ခုျဖစ္ေနတာျဖစ္ပါတယ္။
The Sun ရဲ႕ ေဖာ္ျပခ်က္အရ မန္ခ်က္စတာယူႏိုက္တက္ဟာ ဂ်ပန္ေတာင္ပံကစားသမားရဲ႕ တိုးတက္မႈကို အနီးကပ္ေစာင့္ၾကည့္ေနၿပီး ဘ႐ိုက္တန္ကလည္း မိတိုမာကို ေရာင္းထုတ္ခ်င္မွာမဟုတ္ေပမယ့္လည္း ဘန္ ဝႈိက္နဲ႔ ကူကူရယ္လာတို႔တုန္းက သင့္ေတာ္တဲ့ေစ်းႏႈန္းရရင္ ေရာင္းခ်ခဲ့တာက ျဖစ္ႏိုင္ေျခရွိတယ္ဆိုတာကို ျပသခဲ့တာျဖစ္ပါတယ္။
crd
unicode
ဥရောပအသင်းကြီးတွေမျက်စိကျနေတဲ့ အလိမ်အခေါက်ကောင်းတဲ့ ဂျပန်ဆာမူရိုင်းကို ခေါ်ယူသွားဖို့ ကင်းထောက်တွေစေလွှတ်ခဲ့တဲ့ မန်ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းဟာ နည်းပြ တန်ဟက်ဟာ မာစီယယ်လ် မပါဝင်တဲ့ အစီအစဉ်ကို ဆွဲနေတာကြောင့် ဘရိုက်တန်ကြယ်ပွင့် မိတိုမာရဲ့ တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေတယ်လို့ သိရပါတယ်။ မီတိုမာဟာ ဒီရာသီမှာ နည်းပြ ရောဘတ်တို ဒီဇာဘီရဲ့ လက်အောက်မှာ ကောင်းမွန်တဲ့ပုံစံကောင်းတစ်ခုကို ပြသနေတဲ့ ကစားသမားတစ်ဦးဖြစ်ပါတယ်။
ဘရိုက်တန်အသင်းဟာ ဂျပန်လက်ရွေးစင်ကစားသမားကို ၂၀၂၁ ခုနှစ်မှာ ပေါင် ၂.၇ သန်း တည်းနဲ့ ကာဝါစကီ ဖရောင့်တေးလ်အသင်းကနေ ခေါ်ယူခဲ့တာဖြစ်ပြီး၊ ပိုင်ရှင်တူကလပ် ယူနီယံ စိန့်ဂေးလ်လွိုက်စ်အသင်းကို ချက်ချင်းပဲ အငှားပြန်ချခဲ့ပါတယ်။ အသက် ၂၅ နှစ်သားဟာ ဒီရာသီမှာတော့ ပွဲတိုင်းနီးပါး ပွဲထွက်ကစားခွင့်ရနေပြီး၊ ဘရိုက်တန်အသင်းရဲ့ အရေးပါတဲ့အစိတ်အပိုင်းအဖြစ် ရှိနေကာ၊ ၂၇ ပွဲကစားထားပြီး ၉ ဂိုးသွင်းကာ ဂိုးဖန်တီးမှု ၆ ကြိမ် ပြုလုပ်ထားခဲ့ပါတယ်။
မီတိုမာရဲ့အလိမ်အခေါက်တွေနဲ့ လျင်မြန်တဲ့ပြေးအားကြောင့် ယူနိုက်တက်အပါအဝင် ဥရောပတစ်ခွင်က အသင်းတွေ စိတ်ဝင်စားလာကြပါတယ်။ ပရီးမီးယားလိဂ်ကြီး ၆ ကြီးက ကင်းထောက်တွေဟာ အခြားပရီးမီးယားလိဂ်ပွဲတွေကို စောင့်ကြည့်တတ်ကြတာ ထုံးစံဖြစ်ပေမယ့် ယူနိုက်တက်က ကင်းထောက်တွေကတော့ မကြာသေးခင် ဘရိုက်တန်ပွဲတွေမှာ မီတိုမာရဲ့စွမ်းဆောင်မှုကို အဓိကထားစောင့်ကြည့်ခဲ့ကြတာပါ။ ဘရိုက်တန်နဲ့ မန်ယူအသင်းတို့ဟာ ဝင်ဘာလေမှာ ကစားသွားမယ့် အက်ဖ်အေဖလားဆီမီးဖိုင်နယ်အပါအဝင် ရာသီမကုန်ခင်အချိန်အထိ နှစ်ကြိမ်တွေ့ဆုံဖို့ ရှိနေသေးတာကြောင့် မီတိုမာရဲ့ ခြေစွမ်းပိုင်းကိုအနီးကပ် လေ့လာနိုင်မာ ဖြစ်ပါတယ်။
လက်ရှိမှာ ဘရိုက်တန်အသင်းအတွက် ပုံမှန်ပွဲထွက်ခွင့်ရ ကစားသမားဖြစ်နေပြီဖြစ်တဲ့ မိတိုမာကို မန်ချက်စတာယူနိုက်တက်က ခေါ်ယူဖို့ အနီးကပ်စောင့်ကြည့်နေပြီဖြစ်ပြီး တန်ဟက်ဟာ အန်သိုနီ မာစီယယ်လ်ကို နှစ်သက်နေဆဲဖြစ်ပေမယ့်လည်း ယခုရာသီ ၁၂ ပွဲသာ ပါဝင်ကစားပေးထားနိုင်ခဲ့တဲ့ ဒဏ်ရာမှတ်တမ်းကြောင့် မပျော်မရွှင်ဖြစ်နေတာဖြစ်ပါတယ်။ ဒတ်ချ်လူမျိုးနည်းပြဟာ မာစီယယ်လ်ရဲ့နေရာမှာ အထောင်တိုက်စစ်မှူးစစ်စစ်ကို အစားထိုးဖို့ ကြိုးပမ်းသွားမှာဖြစ်ပြီး မိတိုမာက အထောင်တိုက်စစ်မှူးမဟုတ်ပေမယ့်လည်း တိုက်စစ်မှာ နေရာစုံကစားနိုင်စွမ်းရှိမှုကြောင့် တန်ဟက်အတွက် ဆွဲဆောင်မှုတစ်ခုဖြစ်နေတာဖြစ်ပါတယ်။
The Sun ရဲ့ ဖော်ပြချက်အရ မန်ချက်စတာယူနိုက်တက်ဟာ ဂျပန်တောင်ပံကစားသမားရဲ့ တိုးတက်မှုကို အနီးကပ်စောင့်ကြည့်နေပြီး ဘရိုက်တန်ကလည်း မိတိုမာကို ရောင်းထုတ်ချင်မှာမဟုတ်ပေမယ့်လည်း ဘန် ဝှိုက်နဲ့ ကူကူရယ်လာတို့တုန်းက သင့်တော်တဲ့စျေးနှုန်းရရင် ရောင်းချခဲ့တာက ဖြစ်နိုင်ခြေရှိတယ်ဆိုတာကို ပြသခဲ့တာဖြစ်ပါတယ်။
crd