အျမင့္ပ်ံေနတဲ့ငွက္က်ားေတြကိုအေတာင္ခ်ိဳးၿပီး ၆ႏွစ္ၾကာ ဖလားမိုးေခါင္ေနမႈကို အဆုံးသတ္ႏိုင္ခဲ့တဲ့ တန္ဟက္ဂ်္ရဲ႕မန္ယူႏိုက္တက္
|အျမင့္ပ်ံေနတဲ့ငွက္က်ားေတြကိုအေတာင္ခ်ိဳးၿပီး ၆ႏွစ္ၾကာ ဖလားမိုးေခါင္ေနမႈကို အဆုံးသတ္ႏိုင္ခဲ့တဲ့ တန္ဟက္ဂ်္ရဲ႕မန္ယူႏိုက္တက္
မန္ခ်က္စတာယူႏိုက္တက္အသင္းအေနနဲ႔ ဒီေန႔မွာ ဂိုးသမား ဒေဟးယား၊ ခံစစ္မွာ ဗာ႐ြန္း၊ မာတီနက္ဇ္၊ ဝန္ဘစ္ဆာကာနဲ႔ လုခ္ေရွာတို႔ကို အသုံးျပဳခဲ့ၿပီး ကြင္းလယ္မွာေတာ့ ကာစီမီ႐ို၊ ဖရက္ဒ္နဲ႔ ဘ႐ူႏို ဖာနန္ဒက္စ္တို႔ကို အထိုင္ခ်ခဲ့သလို တိုက္စစ္မွာေတာ့ အန္တိုနီ၊ ရက္ရွ္ဖို႔ဒ္နဲ႔ ဗက္ဂ္ေဟာ့စ္တို႔ကို ပြဲထုတ္လာခဲ့တာျဖစ္ပါတယ္။ နယူးကာဆယ္လ္ကေတာ့ ဂိုးသမား ကားရီးယပ္စ္၊ ခံစစ္မွာ ရွား၊ ေဘာ့တ္မန္၊ ထရစ္ပီယာနဲ႔ ဒန္ဘန္းတို႔ကို ခင္းက်င္းလာခဲ့သလို ကြင္းလယ္မွာေတာ့ ဘ႐ူႏို ဂီမာ႐ိုင္းစ္၊ ဂ်ိဳလင္တန္နဲ႔ ေလာင္းစတပ္ဖ္တို႔ကို ကစားေစခဲ့ၿပီး တိုက္စစ္မွာေတာ့ စန္မက္ဇီမန္၊ အယ္လ္မီ႐ြန္နဲ႔ ဝီလ္ဆန္တို႔ကို တြဲဖက္ေပးလာခဲ့တာပါ။
ပြဲစကတည္းက နယူးကာဆယ္လ္တို႔ ေဘာလုံးကိုင္ၿပီး ဖိကစားခဲ့ေပမယ့္ အဓိက ေနရာေတြကို က်စ္က်စ္လ်စ္လ်စ္ ပိတ္ဆို႔ထားခဲ့တဲ့ ယူႏိုက္တက္တို႔ရဲ႕ ခံစစ္ကို မေက်ာ္ႏိုင္ခဲ့ဘဲ ဒါေလာ့တစ္ေယာက္ေလာက္သာ ရွိေနတဲ့ အားနည္းခ်က္ကို စန္မက္ဇီမန္နဲ႔ ထိုးေဖာက္ဖို႔ ဘယ္ျခမ္းကေန ႀကိဳးစားခဲ့ေပမယ့္ ကာစီမီ႐ိုနဲ႔ ဗာ႐ြန္းတို႔လို ကစားသမားေတြက အတြင္းကို အဝင္မခံဘဲ ထိန္းခ်ဳပ္သြားႏိုင္ခဲ့ပါတယ္။ မန္ယူနည္းျပ တန္ဟတ္အေနနဲ႔ ကိုယ္ဘာလုပ္ေနလဲဆိုတာ ကိုယ္သိၿပီး ေဘာလုံးအေၾကာင္းလည္း နားလည္ပုံကို ျပသခဲ့ခ်ိန္မွာ ၿပိဳင္ဘက္ ငွက္က်ားနည္းျပ အက္ဒီေဟာင္းကေတာ့ ဉာဏ္ရည္မမီဘဲ ကစားကြက္နဲ႔ နည္းစနစ္ဆိုတာကို သင္တန္းတက္ရဦးမယ့္ပုံျဖစ္ေနၿပီး အသင္းအတြက္ ဘာမွ အက်ိဳးမျပဳႏိုင္တဲ့ ဒန္ဘန္ကို ဘယ္ေနာက္ခံမွာ သုံးစြဲခဲ့ရာမွာ ကစားကြက္ထဲ ပါမလာခဲ့တဲ့ အရွည္ႀကီးက ဟန္ခ်က္မညီေအာင္ ဖ်က္ဆီးေပးေနခဲ့တာပါ။
ပြဲခ်ိန္ ၃၃ မိနစ္မွာ ယူႏိုက္တက္တို႔ အဖြင့္ဂိုး စတင္သြင္းယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုေတာ့ ဘယ္ျခမ္းမွာ ရက္ရွ္ဖို႔ဒ္ကို ျပစ္ဒဏ္က်ဴးလြန္ခံရလို႔ ရတဲ့ ဖရီးကစ္ကေန လုခ္ေရွာ ကန္တင္ေပးရာမွာ နယူးကာဆယ္လ္ခံစစ္ၾကားကေန လူမကြၽံေအာင္ ခ်ိန္သားကိုက္ ေျပးထြက္ႏိုင္ခဲ့တဲ့ ကာစီမီ႐ိုက ေခါင္းတိုက္ၿပီး နာမည္ပ်က္ကို အဖတ္ဆည္ဖို႔ ႀကိဳးစားေနတဲ့ ဂိုးသမား ကားရီးယပ္စ္ကို အႏိုင္ယူသြားခဲ့တာျဖစ္ပါတယ္။ ပြဲခ်ိန္ ၃၉ မိနစ္မွာေတာ့ ယူႏိုက္တက္တို႔ပဲ ဒုတိယ ဦးေဆာင္ဂိုးကို ရယူသြားႏိုင္ခဲ့ၾကၿပီး ဒီဂိုးကိုလည္း ဘယ္ျခမ္းကေနပဲ သြင္းယူႏိုင္ခဲ့တာ ျဖစ္သလို တန္ျပန္တိုက္စစ္ကေန ရလာခဲ့တဲ့ ဗက္ဂ္ေဟာ့စ္က နယူးကာဆယ္လ္ခံစစ္ၾကားကေန ဧရိယာထဲကို ခင္းေပးခဲ့ရာမွာ ရက္ရွ္ဖို႔ဒ္က ဘယ္ေျခနဲ႔ ခ်ိဳးကန္ခဲ့တဲ့ ေဘာလုံးက တားဆီးဖို႔ ႀကိဳးစားခဲ့တဲ့ ေဘာ့တ္မန္နဲ႔ ထိၿပီး ဂိုးထဲ ဝင္သြားခဲ့တာပါ။
အခ်ိန္တိုအတြင္းမွာ မန္ယူတို႔ရဲ႕ စႏိုက္ပါ တိုက္စစ္ကေန ႏွစ္ဂိုးေတာင္ ေပးလိုက္ရလို႔ နယူးကာဆယ္လ္တို႔ ေသြး႐ူးေသြးတန္းျဖစ္သြားခဲ့ၿပီး တစ္ေယာက္တစ္ေပါက္ ညႇစ္႐ုန္းခဲ့ၾကတာကိုလည္း ေတြ႕ရၿပီး တန္ဟတ္ရဲ႕ လူေတြကေတာ့ စနစ္တက် ပြဲကို စီမံသြားခဲ့သလို ညာျခမ္းက အန္တိုနီကလည္း ဒန္ဘန္းကို ဘယ္နားမွာမွ အသုံးမဝင္ဘူးဆိုတာ အမ်ိဳးမ်ိဳး ပညာျပသြားခဲ့တာျဖစ္ပါတယ္။ ပထမပိုင္းမွာ ယူႏိုက္တက္တို႔က ႏွစ္ဂိုး-ဂိုးမရွိနဲ႔ ဦးေဆာင္ေနခဲ့ၿပီး ဒုတိယပိုင္း ျပန္လည္စတင္ခ်ိန္မွာေတာ့ တစ္ဖက္အသင္းရဲ႕ ပစ္မွတ္ျဖစ္ေနတဲ့ ဒါေလာ့အစား ဝန္ဘစ္ဆာကာကို ထည့္သြင္းလာခဲ့သလို နယူးကာဆယ္လ္တို႔ကေတာ့ ေလာင္းစတပ္ဖ္အစား အီဆက္ခ္ကို ထည့္ကစားခဲ့ေပမယ့္ နည္းျပ အက္ဒီေဟာင္းအေနနဲ႔ ဘယ္ေနာက္ခံလူရဲ႕ တိုက္စစ္မွာ ပံ့ပိုးေပးရမယ့္ အခန္းက႑ကို လုံးဝ မသိက်ိဳးကြၽံျပဳထားခဲ့တာပါ။
ဒုတိယပိုင္းတစ္ပိုင္းလုံး ေဘာလုံးကိုင္ကစားေနၿပီး ၅ မိနစ္တစ္ပိုင္း ေဘာလုံးပိုင္ဆိုင္မႈကို ျပခ်ိန္မ်ိဳးဆိုရင္ ၈၉ ရာခိုင္ႏႈန္းအထိ ပိုင္ဆိုင္မႈရွိေနတဲ့ နယူးကာဆယ္လ္တို႔အေနနဲ႔ မျဖစ္ႏိုင္တာေတြခ်ည္း လုပ္ေနခဲ့သလို ဘယ္ေတာင္ပံမွာ စန္မက္ဇီမန္တစ္ေယာက္တည္းနဲ႔ ကစားၿပီး ဘာမွ လုပ္မရခဲ့လို႔ ကြၽမ္းက်င္သူေတြအေနနဲ႔ေတာ့ အရန္ခုံက တားဂက္ကိုမ်ား ထည့္မလားလို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္ ဒန္ဘန္းကိုပဲ ပြဲၿပီးတဲ့အထိ သုံးသြားခဲ့တာျဖစ္ပါတယ္။ ေဘာလုံးေပးတယ္၊ ပ်က္တယ္၊ ေတာင္ပံေတြမွာ ေလွ်ာက္ဆြဲတယ္၊ စိတ္မရွည္တဲ့ ေနာက္ဆုံးမွာ ပိတ္ထားတဲ့အထဲ ျဖစ္ခ်င္ရာျဖစ္ ကန္ထည့္လိုက္တယ္ဆိုတဲ့ ဘာလုပ္လို႔ လုပ္ခ်င္မွန္း မသိတဲ့ ကစားကြက္ကို နယူးကာဆယ္လ္တို႔ ေတာက္ေလွ်ာက္သုံးသြားခဲ့ၿပီး တန္ဟတ္ကေတာ့ အဝါ ထိထားတဲ့ ဖရက္ဒ္နဲ႔ ေရွ႕က ဗက္ဂ္ေဟာ့စ္တို႔အစား ဆာဘစ္ဇာနဲ႔ မက္ေတာ္မီေနးတို႔ကို ထပ္ထည့္ခဲ့တာပါ။
နယူးကာဆယ္လ္တို႔ ေဘာလုံးကို ေျခထဲထားၿပီး ကစားေနၾကေပမယ့္ နည္းျပရဲ႕ ဗ်ဴဟာနဲ႔ ကစားသမားေတြရဲ႕ စိတ္ဓာတ္ပိုင္းက ႏွစ္ဂိုး-ဂိုးမရွိဆိုရင္ အခ်ိန္ပိုကန္ရတယ္လို႔ ထင္ေနသလားေတာင္ မွတ္ရၿပီး စန္မက္ဇီမန္နဲ႔ ဘ႐ူႏို ဂီမာ႐ိုင္းစ္တို႔အစား မာဖီနဲ႔ ဝီေလာ့ခ္တို႔ကို လဲသြားခဲ့တာကလည္း မန္ယူဂိုးေရွ႕ေရာက္တာနဲ႔ အလကားပဲျဖစ္သြားခဲ့ခ်ိန္မွာ တန္ဟတ္ကေတာ့ ဆန္ခ်ိဳကို ထည့္ၿပီး အန္တိုနီကို အနားေပးသြားခဲ့ပါတယ္။ လက္က်န္ပြဲခ်ိန္ေတြမွာလည္း နယူးကာဆယ္လ္တို႔ရဲ႕ ဉာဏ္ရည္မမီတဲ့ တိုက္စစ္ကို ယူႏိုက္တက္တို႔ ပါးပါးနပ္နပ္ပဲ ထိန္းခ်ဳပ္သြားႏိုင္ခဲ့သလို တန္ျပန္တိုက္စစ္ကေန ေနာက္ထပ္ ဂိုးရႏိုင္ခြင့္ တစ္ႀကိမ္ကိုေတာ့ ဘ႐ူႏို ဖာနန္ဒက္စ္က လူေပးရမယ့္အစား ကန္သြင္းရာမွာ ကားရီးယပ္စ္ ပုတ္ထုတ္ႏိုင္ခဲ့လို႔ ပြဲခ်ိန္အျပည့္မွာေတာ့ ပထမပိုင္းကအတိုင္း ႏွစ္ဂိုး-ဂိုးမရွိနဲ႔ပဲ ၿပီးဆုံးသြားခဲ့တာပါ။ ဒီပြဲရလဒ္ေၾကာင့္ မန္ခ်က္စတာယူႏိုက္တက္တို႔အေနနဲ႔ သူတို႔ရဲ႕ ဒီရာသီ ဖလားေလးလုံး စိတ္ကူးအိပ္မက္ထဲက ပထမဆုံးဖလားျဖစ္တဲ့ ကာရာေဘာင္း အခ်ိဳရည္ဖလားကို ပိုင္ဆိုင္သြားႏိုင္ခဲ့ၿပီျဖစ္ၿပီး မန္စီးတီးတို႔ စိုးမိုးထားခဲ့တဲ့ ဒီဖလားကို ၆ ႏွစ္အၾကာမွာ တစ္ေက်ာ့ျပန္ ရယူႏိုင္ခဲ့သလို ပရိသတ္ေတြအတြက္ေတာ့ ဆုဖလားဖီလင္ကို ခံစားခြင့္ရရွိႏိုင္ပါေၾကာင္း ေဖာ္ျပလိုက္ရပါတယ္။
crd
unicode
အမြင့်ပျံနေတဲ့ငှက်ကျားတွေကိုအတောင်ချိုးပြီး ၆နှစ်ကြာ ဖလားမိုးခေါင်နေမှုကို အဆုံးသတ်နိုင်ခဲ့တဲ့ တန်ဟက်ဂျ်ရဲ့မန်ယူနိုက်တက်
မန်ချက်စတာယူနိုက်တက်အသင်းအနေနဲ့ ဒီနေ့မှာ ဂိုးသမား ဒဟေးယား၊ ခံစစ်မှာ ဗာရွန်း၊ မာတီနက်ဇ်၊ ဝန်ဘစ်ဆာကာနဲ့ လုခ်ရှောတို့ကို အသုံးပြုခဲ့ပြီး ကွင်းလယ်မှာတော့ ကာစီမီရို၊ ဖရက်ဒ်နဲ့ ဘရူနို ဖာနန်ဒက်စ်တို့ကို အထိုင်ချခဲ့သလို တိုက်စစ်မှာတော့ အန်တိုနီ၊ ရက်ရှ်ဖို့ဒ်နဲ့ ဗက်ဂ်ဟော့စ်တို့ကို ပွဲထုတ်လာခဲ့တာဖြစ်ပါတယ်။ နယူးကာဆယ်လ်ကတော့ ဂိုးသမား ကားရီးယပ်စ်၊ ခံစစ်မှာ ရှား၊ ဘော့တ်မန်၊ ထရစ်ပီယာနဲ့ ဒန်ဘန်းတို့ကို ခင်းကျင်းလာခဲ့သလို ကွင်းလယ်မှာတော့ ဘရူနို ဂီမာရိုင်းစ်၊ ဂျိုလင်တန်နဲ့ လောင်းစတပ်ဖ်တို့ကို ကစားစေခဲ့ပြီး တိုက်စစ်မှာတော့ စန်မက်ဇီမန်၊ အယ်လ်မီရွန်နဲ့ ဝီလ်ဆန်တို့ကို တွဲဖက်ပေးလာခဲ့တာပါ။
ပွဲစကတည်းက နယူးကာဆယ်လ်တို့ ဘောလုံးကိုင်ပြီး ဖိကစားခဲ့ပေမယ့် အဓိက နေရာတွေကို ကျစ်ကျစ်လျစ်လျစ် ပိတ်ဆို့ထားခဲ့တဲ့ ယူနိုက်တက်တို့ရဲ့ ခံစစ်ကို မကျော်နိုင်ခဲ့ဘဲ ဒါလော့တစ်ယောက်လောက်သာ ရှိနေတဲ့ အားနည်းချက်ကို စန်မက်ဇီမန်နဲ့ ထိုးဖောက်ဖို့ ဘယ်ခြမ်းကနေ ကြိုးစားခဲ့ပေမယ့် ကာစီမီရိုနဲ့ ဗာရွန်းတို့လို ကစားသမားတွေက အတွင်းကို အဝင်မခံဘဲ ထိန်းချုပ်သွားနိုင်ခဲ့ပါတယ်။ မန်ယူနည်းပြ တန်ဟတ်အနေနဲ့ ကိုယ်ဘာလုပ်နေလဲဆိုတာ ကိုယ်သိပြီး ဘောလုံးအကြောင်းလည်း နားလည်ပုံကို ပြသခဲ့ချိန်မှာ ပြိုင်ဘက် ငှက်ကျားနည်းပြ အက်ဒီဟောင်းကတော့ ဉာဏ်ရည်မမီဘဲ ကစားကွက်နဲ့ နည်းစနစ်ဆိုတာကို သင်တန်းတက်ရဦးမယ့်ပုံဖြစ်နေပြီး အသင်းအတွက် ဘာမှ အကျိုးမပြုနိုင်တဲ့ ဒန်ဘန်ကို ဘယ်နောက်ခံမှာ သုံးစွဲခဲ့ရာမှာ ကစားကွက်ထဲ ပါမလာခဲ့တဲ့ အရှည်ကြီးက ဟန်ချက်မညီအောင် ဖျက်ဆီးပေးနေခဲ့တာပါ။
ပွဲချိန် ၃၃ မိနစ်မှာ ယူနိုက်တက်တို့ အဖွင့်ဂိုး စတင်သွင်းယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုတော့ ဘယ်ခြမ်းမှာ ရက်ရှ်ဖို့ဒ်ကို ပြစ်ဒဏ်ကျူးလွန်ခံရလို့ ရတဲ့ ဖရီးကစ်ကနေ လုခ်ရှော ကန်တင်ပေးရာမှာ နယူးကာဆယ်လ်ခံစစ်ကြားကနေ လူမကျွံအောင် ချိန်သားကိုက် ပြေးထွက်နိုင်ခဲ့တဲ့ ကာစီမီရိုက ခေါင်းတိုက်ပြီး နာမည်ပျက်ကို အဖတ်ဆည်ဖို့ ကြိုးစားနေတဲ့ ဂိုးသမား ကားရီးယပ်စ်ကို အနိုင်ယူသွားခဲ့တာဖြစ်ပါတယ်။ ပွဲချိန် ၃၉ မိနစ်မှာတော့ ယူနိုက်တက်တို့ပဲ ဒုတိယ ဦးဆောင်ဂိုးကို ရယူသွားနိုင်ခဲ့ကြပြီး ဒီဂိုးကိုလည်း ဘယ်ခြမ်းကနေပဲ သွင်းယူနိုင်ခဲ့တာ ဖြစ်သလို တန်ပြန်တိုက်စစ်ကနေ ရလာခဲ့တဲ့ ဗက်ဂ်ဟော့စ်က နယူးကာဆယ်လ်ခံစစ်ကြားကနေ ဧရိယာထဲကို ခင်းပေးခဲ့ရာမှာ ရက်ရှ်ဖို့ဒ်က ဘယ်ခြေနဲ့ ချိုးကန်ခဲ့တဲ့ ဘောလုံးက တားဆီးဖို့ ကြိုးစားခဲ့တဲ့ ဘော့တ်မန်နဲ့ ထိပြီး ဂိုးထဲ ဝင်သွားခဲ့တာပါ။
အချိန်တိုအတွင်းမှာ မန်ယူတို့ရဲ့ စနိုက်ပါ တိုက်စစ်ကနေ နှစ်ဂိုးတောင် ပေးလိုက်ရလို့ နယူးကာဆယ်လ်တို့ သွေးရူးသွေးတန်းဖြစ်သွားခဲ့ပြီး တစ်ယောက်တစ်ပေါက် ညှစ်ရုန်းခဲ့ကြတာကိုလည်း တွေ့ရပြီး တန်ဟတ်ရဲ့ လူတွေကတော့ စနစ်တကျ ပွဲကို စီမံသွားခဲ့သလို ညာခြမ်းက အန်တိုနီကလည်း ဒန်ဘန်းကို ဘယ်နားမှာမှ အသုံးမဝင်ဘူးဆိုတာ အမျိုးမျိုး ပညာပြသွားခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းမှာ ယူနိုက်တက်တို့က နှစ်ဂိုး-ဂိုးမရှိနဲ့ ဦးဆောင်နေခဲ့ပြီး ဒုတိယပိုင်း ပြန်လည်စတင်ချိန်မှာတော့ တစ်ဖက်အသင်းရဲ့ ပစ်မှတ်ဖြစ်နေတဲ့ ဒါလော့အစား ဝန်ဘစ်ဆာကာကို ထည့်သွင်းလာခဲ့သလို နယူးကာဆယ်လ်တို့ကတော့ လောင်းစတပ်ဖ်အစား အီဆက်ခ်ကို ထည့်ကစားခဲ့ပေမယ့် နည်းပြ အက်ဒီဟောင်းအနေနဲ့ ဘယ်နောက်ခံလူရဲ့ တိုက်စစ်မှာ ပံ့ပိုးပေးရမယ့် အခန်းကဏ္ဍကို လုံးဝ မသိကျိုးကျွံပြုထားခဲ့တာပါ။
ဒုတိယပိုင်းတစ်ပိုင်းလုံး ဘောလုံးကိုင်ကစားနေပြီး ၅ မိနစ်တစ်ပိုင်း ဘောလုံးပိုင်ဆိုင်မှုကို ပြချိန်မျိုးဆိုရင် ၈၉ ရာခိုင်နှုန်းအထိ ပိုင်ဆိုင်မှုရှိနေတဲ့ နယူးကာဆယ်လ်တို့အနေနဲ့ မဖြစ်နိုင်တာတွေချည်း လုပ်နေခဲ့သလို ဘယ်တောင်ပံမှာ စန်မက်ဇီမန်တစ်ယောက်တည်းနဲ့ ကစားပြီး ဘာမှ လုပ်မရခဲ့လို့ ကျွမ်းကျင်သူတွေအနေနဲ့တော့ အရန်ခုံက တားဂက်ကိုများ ထည့်မလားလို့ မျှော်လင့်ခဲ့ပေမယ့် ဒန်ဘန်းကိုပဲ ပွဲပြီးတဲ့အထိ သုံးသွားခဲ့တာဖြစ်ပါတယ်။ ဘောလုံးပေးတယ်၊ ပျက်တယ်၊ တောင်ပံတွေမှာ လျှောက်ဆွဲတယ်၊ စိတ်မရှည်တဲ့ နောက်ဆုံးမှာ ပိတ်ထားတဲ့အထဲ ဖြစ်ချင်ရာဖြစ် ကန်ထည့်လိုက်တယ်ဆိုတဲ့ ဘာလုပ်လို့ လုပ်ချင်မှန်း မသိတဲ့ ကစားကွက်ကို နယူးကာဆယ်လ်တို့ တောက်လျှောက်သုံးသွားခဲ့ပြီး တန်ဟတ်ကတော့ အဝါ ထိထားတဲ့ ဖရက်ဒ်နဲ့ ရှေ့က ဗက်ဂ်ဟော့စ်တို့အစား ဆာဘစ်ဇာနဲ့ မက်တော်မီနေးတို့ကို ထပ်ထည့်ခဲ့တာပါ။
နယူးကာဆယ်လ်တို့ ဘောလုံးကို ခြေထဲထားပြီး ကစားနေကြပေမယ့် နည်းပြရဲ့ ဗျူဟာနဲ့ ကစားသမားတွေရဲ့ စိတ်ဓာတ်ပိုင်းက နှစ်ဂိုး-ဂိုးမရှိဆိုရင် အချိန်ပိုကန်ရတယ်လို့ ထင်နေသလားတောင် မှတ်ရပြီး စန်မက်ဇီမန်နဲ့ ဘရူနို ဂီမာရိုင်းစ်တို့အစား မာဖီနဲ့ ဝီလော့ခ်တို့ကို လဲသွားခဲ့တာကလည်း မန်ယူဂိုးရှေ့ရောက်တာနဲ့ အလကားပဲဖြစ်သွားခဲ့ချိန်မှာ တန်ဟတ်ကတော့ ဆန်ချိုကို ထည့်ပြီး အန်တိုနီကို အနားပေးသွားခဲ့ပါတယ်။ လက်ကျန်ပွဲချိန်တွေမှာလည်း နယူးကာဆယ်လ်တို့ရဲ့ ဉာဏ်ရည်မမီတဲ့ တိုက်စစ်ကို ယူနိုက်တက်တို့ ပါးပါးနပ်နပ်ပဲ ထိန်းချုပ်သွားနိုင်ခဲ့သလို တန်ပြန်တိုက်စစ်ကနေ နောက်ထပ် ဂိုးရနိုင်ခွင့် တစ်ကြိမ်ကိုတော့ ဘရူနို ဖာနန်ဒက်စ်က လူပေးရမယ့်အစား ကန်သွင်းရာမှာ ကားရီးယပ်စ် ပုတ်ထုတ်နိုင်ခဲ့လို့ ပွဲချိန်အပြည့်မှာတော့ ပထမပိုင်းကအတိုင်း နှစ်ဂိုး-ဂိုးမရှိနဲ့ပဲ ပြီးဆုံးသွားခဲ့တာပါ။ ဒီပွဲရလဒ်ကြောင့် မန်ချက်စတာယူနိုက်တက်တို့အနေနဲ့ သူတို့ရဲ့ ဒီရာသီ ဖလားလေးလုံး စိတ်ကူးအိပ်မက်ထဲက ပထမဆုံးဖလားဖြစ်တဲ့ ကာရာဘောင်း အချိုရည်ဖလားကို ပိုင်ဆိုင်သွားနိုင်ခဲ့ပြီဖြစ်ပြီး မန်စီးတီးတို့ စိုးမိုးထားခဲ့တဲ့ ဒီဖလားကို ၆ နှစ်အကြာမှာ တစ်ကျော့ပြန် ရယူနိုင်ခဲ့သလို ပရိသတ်တွေအတွက်တော့ ဆုဖလားဖီလင်ကို ခံစားခွင့်ရရှိနိုင်ပါကြောင်း ဖော်ပြလိုက်ရပါတယ်။