အဲရစ္ဆင္လိုမ်ိဳး ကမာၻအဆင့္ကြင္းလယ္လူကို အလြတ္နဲ႔ေခၚယူႏိုင္ဖို႔ နီးစပ္ေနတဲ့ ယူႏိုက္တက္အသင္း

အဲရစ္ဆင္လိုမ်ိဳး ကမာၻအဆင့္ကြင္းလယ္လူကို အလြတ္နဲ႔ေခၚယူႏိုင္ဖို႔ နီးစပ္ေနတဲ့ ယူႏိုက္တက္အသင္း
ေဒါ့မြန္အသင္းနဲ႔ စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မယ့္ မားကို႐ူးစ္ကို အလြတ္နဲ႔ေခၚယူႏိုင္ဖို႔ နီးစပ္ေနတဲ့ ယူႏိုက္တက္အသင္း

အသက္ ၃၃ ႏွစ္အ႐ြယ္ ေဒါ့မြန္အသင္းရဲ႕ ဝါရင့္ကစားသမား မားကို႐ူးစ္ဟာ ေႏြရာသီမွာ အသင္းနဲ႔စာခ်ဳပ္သက္တမ္းကုန္ဆုံးေတာ့မွာျဖစ္ၿပီး အနာဂတ္မွာေျပာင္းေ႐ႊ႕ႏိုင္တဲ့အသင္းေတြကို ထည့္သြင္းစဥ္းစားေနၿပီျဖစ္ပါတယ္။ အဆိုပါအသင္းေတြထဲမွာ မန္ယူႏိုက္တက္အျပင္ ေဆာ္ဒီကလပ္ အယ္လ္နာဆာအသင္းလဲ ပါဝင္ေနေၾကာင္း သိရပါတယ္။

ေဒါ့မြန္ၾကယ္ပြင့္မားကို႐ူးစ္ ရဲ႕ ကိုယ္စားလွယ္ေတာ္မ်ားျဖစ္ၾကတဲ့ Dirk Hebel နဲ႔ Darren Freeman တို႔ႏွစ္ဦးဟာ ၿပီးခဲ့ေသာစေနေန႔က အိုးလ္ထရက္ဖို႔ဒ္ကြင္းမွာ ကစားခဲ့တဲ့ (မန္ယူႏိုက္တက္ ၂-၁ မန္စီးတီး) ပြဲစဥ္ကို လာေရာက္ၾကည့္ရႈခဲ့တယ္လို႔ သိရပါတယ္။႐ူးစ္ဟာ ၂၀၁၂ခုႏွစ္မွာ မြန္ခ်န္ဂလတ္ဘတ္အသင္းကေန ေဒါ့မြန္အသင္းကို ေျပာင္းေ႐ြ႕ခဲ့တာျဖစ္ၿပီး ေဒါ့မြန္အသင္းမွာ ဆယ္စုႏွစ္တစ္ခုေက်ာ္ၾကာ ျဖတ္သန္းခဲ့ၿပီးျဖစ္ပါတယ္။အသင္းအတြက္ ၿပိဳင္ပြဲစုံ၃၆၈ပြဲကစားကာ ၁၅၆ဂိုးသြင္းယူေပးခဲ့ပါတယ္။သူဟာ ဒီရာသီ 12 ပြဲမွာ 3 ဂိုး သြင္းယူထားၿပီး 4 ဂိုး ဖန္တီးထားပါတယ္။

ယခင္ႏွစ္ေတြတုန္းက မားကို႐ူးစ္ဟာ ယူႏိုက္တက္ကိုေျပာင္းေ႐ြ႕ဖို႔ နီးစပ္တဲ့အေနအထားတစ္ခုရွိခဲ့ဖူးပါတယ္။အဲရစ္တန္ဟတ္အေနနဲ႔ တိုက္စစ္ပိုင္းမွာ ကစားသမားေတြကို အလွည့္က်သုံးစြဲႏိုင္ဖို႔အတြက္ အေတြ႕အႀကဳံရွိတဲ့ တိုက္စစ္ကြင္းလယ္ကစားသမား မာကို႐ူးစ္ဟာ ေ႐ြးခ်ယ္စရာတစ္ခုျဖစ္လာႏိုင္ပါတယ္။ကစားသမားကိုယ္တိုင္ကလဲ ဂ်ာမန္ေျမကိုစြန္႔ခြါၿပီး ၿပိဳင္ဆိုင္မႈျပင္းထန္တဲ့ ပရီးမီးယားလိဂ္ကို ေျပာင္းေ႐ြ႕ဖို႔ ဆႏၵရွိေၾကာင္းဖြင့္ေျပာထားတာလဲျဖစ္ပါတယ္။

႐ူးစ္ရဲ႕လက္ရွိစာခ်ဳပ္အရ လအနည္းငယ္သာက်န္ေတာ့ၿပီး ၎၏ေ႐ြးခ်ယ္ခြင့္မ်ားကို အကဲျဖတ္ေနေၾကာင္း ၎၏ေအးဂ်င့္က မၾကာေသးမီက ထုတ္ေဖာ္ေျပာၾကားခဲ့သည္။ မာကို႐ူးစ္ရဲ႕ေအးဂ်င့္ျဖစ္တဲ့ Hebel က BILD သို႔ ေျပာၾကားရာတြင္ “အျခားကလပ္အသင္းေတြက ေျခာက္လအတြင္း စာခ်ဳပ္သက္တမ္းကုန္ဆုံးမယ့္ ကစားသမားတစ္ဦးျဖစ္တဲ့ မားကို႐ူးစ္ကို စိတ္ဝင္စားေနတာက အမွန္ပါပဲ။

“မားကိုက သူ႔အတြက္ ေဒါ့မြန္အသင္းဟာ ႏွလုံးသားနဲ႔ ဘယ္ေလာက္နီးစပ္သလဲဆိုတာကို အၿမဲအေလးေပးေျပာေနေပမယ့္ သူက ေဘာလုံးဆက္ကစားခ်င္ေနတာ၊ ဒါေၾကာင့္ တျခားေ႐ြးခ်ယ္စရာေတြကို ၾကည့္ရတာ သဘာဝက်ပါတယ္။အနာဂတ္မွာ ဘာေတြျဖစ္လာမလဲဆိုတာကို ကြၽန္ေတာ္တို႔ ၾကည့္ရမွာပါ။”
crd

Unicode
အဲရစ်ဆင်လိုမျိုး ကမ္ဘာအဆင့်ကွင်းလယ်လူကို အလွတ်နဲ့ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ယူနိုက်တက်အသင်း
ဒေါ့မွန်အသင်းနဲ့ စာချုပ်သက်တမ်းကုန်ဆုံးတော့မယ့် မားကိုရူးစ်ကို အလွတ်နဲ့ခေါ်ယူနိုင်ဖို့ နီးစပ်နေတဲ့ ယူနိုက်တက်အသင်း

အသက် ၃၃ နှစ်အရွယ် ဒေါ့မွန်အသင်းရဲ့ ဝါရင့်ကစားသမား မားကိုရူးစ်ဟာ နွေရာသီမှာ အသင်းနဲ့စာချုပ်သက်တမ်းကုန်ဆုံးတော့မှာဖြစ်ပြီး အနာဂတ်မှာပြောင်းရွှေ့နိုင်တဲ့အသင်းတွေကို ထည့်သွင်းစဉ်းစားနေပြီဖြစ်ပါတယ်။ အဆိုပါအသင်းတွေထဲမှာ မန်ယူနိုက်တက်အပြင် ဆော်ဒီကလပ် အယ်လ်နာဆာအသင်းလဲ ပါဝင်နေကြောင်း သိရပါတယ်။

ဒေါ့မွန်ကြယ်ပွင့်မားကိုရူးစ် ရဲ့ ကိုယ်စားလှယ်တော်များဖြစ်ကြတဲ့ Dirk Hebel နဲ့ Darren Freeman တို့နှစ်ဦးဟာ ပြီးခဲ့သောစနေနေ့က အိုးလ်ထရက်ဖို့ဒ်ကွင်းမှာ ကစားခဲ့တဲ့ (မန်ယူနိုက်တက် ၂-၁ မန်စီးတီး) ပွဲစဉ်ကို လာရောက်ကြည့်ရှုခဲ့တယ်လို့ သိရပါတယ်။ရူးစ်ဟာ ၂၀၁၂ခုနှစ်မှာ မွန်ချန်ဂလတ်ဘတ်အသင်းကနေ ဒေါ့မွန်အသင်းကို ပြောင်းရွေ့ခဲ့တာဖြစ်ပြီး ဒေါ့မွန်အသင်းမှာ ဆယ်စုနှစ်တစ်ခုကျော်ကြာ ဖြတ်သန်းခဲ့ပြီးဖြစ်ပါတယ်။အသင်းအတွက် ပြိုင်ပွဲစုံ၃၆၈ပွဲကစားကာ ၁၅၆ဂိုးသွင်းယူပေးခဲ့ပါတယ်။သူဟာ ဒီရာသီ 12 ပွဲမှာ 3 ဂိုး သွင်းယူထားပြီး 4 ဂိုး ဖန်တီးထားပါတယ်။

ယခင်နှစ်တွေတုန်းက မားကိုရူးစ်ဟာ ယူနိုက်တက်ကိုပြောင်းရွေ့ဖို့ နီးစပ်တဲ့အနေအထားတစ်ခုရှိခဲ့ဖူးပါတယ်။အဲရစ်တန်ဟတ်အနေနဲ့ တိုက်စစ်ပိုင်းမှာ ကစားသမားတွေကို အလှည့်ကျသုံးစွဲနိုင်ဖို့အတွက် အတွေ့အကြုံရှိတဲ့ တိုက်စစ်ကွင်းလယ်ကစားသမား မာကိုရူးစ်ဟာ ရွေးချယ်စရာတစ်ခုဖြစ်လာနိုင်ပါတယ်။ကစားသမားကိုယ်တိုင်ကလဲ ဂျာမန်မြေကိုစွန့်ခွါပြီး ပြိုင်ဆိုင်မှုပြင်းထန်တဲ့ ပရီးမီးယားလိဂ်ကို ပြောင်းရွေ့ဖို့ ဆန္ဒရှိကြောင်းဖွင့်ပြောထားတာလဲဖြစ်ပါတယ်။

ရူးစ်ရဲ့လက်ရှိစာချုပ်အရ လအနည်းငယ်သာကျန်တော့ပြီး ၎င်း၏ရွေးချယ်ခွင့်များကို အကဲဖြတ်နေကြောင်း ၎င်း၏အေးဂျင့်က မကြာသေးမီက ထုတ်ဖော်ပြောကြားခဲ့သည်။ မာကိုရူးစ်ရဲ့အေးဂျင့်ဖြစ်တဲ့ Hebel က BILD သို့ ပြောကြားရာတွင် “အခြားကလပ်အသင်းတွေက ခြောက်လအတွင်း စာချုပ်သက်တမ်းကုန်ဆုံးမယ့် ကစားသမားတစ်ဦးဖြစ်တဲ့ မားကိုရူးစ်ကို စိတ်ဝင်စားနေတာက အမှန်ပါပဲ။

“မားကိုက သူ့အတွက် ဒေါ့မွန်အသင်းဟာ နှလုံးသားနဲ့ ဘယ်လောက်နီးစပ်သလဲဆိုတာကို အမြဲအလေးပေးပြောနေပေမယ့် သူက ဘောလုံးဆက်ကစားချင်နေတာ၊ ဒါကြောင့် တခြားရွေးချယ်စရာတွေကို ကြည့်ရတာ သဘာဝကျပါတယ်။အနာဂတ်မှာ ဘာတွေဖြစ်လာမလဲဆိုတာကို ကျွန်တော်တို့ ကြည့်ရမှာပါ။”
crd

Add a Comment

Your email address will not be published. Required fields are marked *