အေသြးအသားထဲကလာတဲ့ဗီဇေၾကာင့္ လူသတ္ခ်င္စိတ္ကို မနည္းထိန္းခ်ဳပ္ထားရတယ္လို႔ ဆိုလာတဲ့ သရဲနီမဟာတံတိုင္းႀကီး လီဆန္ဒ႐ိုမာတီနက္ဇ္

မန္ခ်က္စတာယူႏိုက္တက္အသင္းရဲ႕ ေနာက္ခံလူလီဆန္ဒ႐ိုမာတီနက္ဇ္က သူက ကြင္းအတြင္းမွာ သတ္ျဖတ္ခ်င္စိတ္ေတြပါ ျဖစ္ေပၚတတ္ၿပီး သူ႔စိတ္ကိုသူ မနည္းထိန္းခ်ဳပ္ရတယ္လို႔ ဖြင့္ဟလိုက္ပါတယ္။ အသက္ ၂၅ ႏွစ္အ႐ြယ္ အာဂ်င္တီးနားေနာက္ခံလူဟာ ဒီရာသီကမွ ယူႏိုက္တက္ကို ေအဂ်က္ဇ္ကေန ေျပာင္းေ႐ႊ႕လာခဲ့ၿပီး အသင္းရဲ႕ အဓိကကစားသမားအျဖစ္ ရွိေနသူလည္းျဖစပါတယ္။

အဲရစ္တန္ဟက္ဂ်္က ယူႏိုက္တက္နည္းျပသစ္ျဖစ္လာခ်ိန္မွာ သူ႔ကို မရရေအာင္ ေခၚယူေပးဖို႔ ေတာင္းဆိုခဲ့ၿပီး ယူႏိုက္တက္ကလည္း ေအဂ်က္ဇ္ဘက္က ေတာင္းဆိုတဲ့ ေစ်းႏႈန္းအတိုင္း ေပးေခ်ကာ ေခၚယူခဲ့ပါတယ္။ မာတီနက္ဇ္က အခ်ိန္တိုအတြင္းမွာပဲ အသင္းအတြက္ ေျခစြမ္းျပကစားႏိုင္ခဲ့ကာ ပရိသတ္ေတြရဲ႕ အခ်စ္ေတာ္ကစားသမားျဖစ္လာခဲ့ၿပီး ၿပိဳင္ဘက္တိုက္စစ္မႉးေတြအတြက္ေတာ့ ထိတ္လန႔္စရာခံစစ္မႉးျဖစ္လာခဲ့ပါတယ္။

သူ႔ရဲ႕ ၿပိဳင္ဘက္ကစားသမားေတြကို ညႇာတာမႈလုံး၀မေပးဘဲ ျပတ္ျပတ္သားသားကစားဟန္နဲ႔ ပတ္သက္ၿပီး ေမးျမန္ခဲ့ရာမွာေတာ့ သူက အခုလိုပဲ ေျပာဆိုခဲ့ပါတယ္။ “က်ေနာ္ ကိုယ့္ကိုကိုယ္ထိန္းခ်ဳပ္ရပါတယ္၊ အဲဒီလိုမွမဟုတ္ရင္ ပြဲတိုင္းအပယ္ခံေနရမွာ၊ လိမၼာဖို႔ဆိုတာက ခက္တယ္ဗ်၊ တကယ္ခက္တယ္၊ တခါတေလ က်ေနာ္ သတ္ခ်င္စိတ္ေတြပါ ေပၚလာတာ၊ ဒါေပမယ့္ အဲဒါကို ထိန္းခ်ဳပ္ေနရတယ္” “ဒါက က်ေနာ္တို႔ အာဂ်င္တီးနားရဲ႕ ယဥ္ေက်းမႈလို႔ ထင္တယ္၊ က်ေနာ္တို႔ အကုန္လုံးက အဲဒီလိုေတြခ်ည္းပဲ၊ ေဘာလုံး၊ က်ေနာ္တို႔အတြက္ အရာအားလုံးမွာ ဒီလိုမ်ိဳးစိတ္ထားေတြနဲ႔ပါ၊ က်ေနာ္ ကေလးဘ၀တုန္းကဆိုရင္ မွတ္မိေသးတယ္၊ က်ေနာ့္အသက္ ၄ ႏွစ္၊ ၅ ႏွစ္ေလာက္မွာ ရန္စျဖစ္တယ္၊ က်ေနာ္ရႈံးၿပီးဆိုရင္ ငိုေတာ့တာပဲ၊ ဒါေၾကာင့္ အဲဒီစိတ္က က်ေနာ့္ အေသြးအသား၊ ႏွလုံးသားထဲက လာတာလို႔ ေျပာရပါမယ္” လို႔ မာတီနက္ဇ္က ဆိုပါတယ္။

မာတီနက္ဇ္ကေတာ့ သူ႔ရဲ႕ ကစားပုံၾကမ္းတမ္းမႈေၾကာင့္ ေဝဖန္ခံရမႈအခ်ိဳ႕ရွိေပမယ့္လည္း ပါးနပ္တဲ့ ဖ်က္ထုတ္မႈေတြေၾကာင့္ ေက်ာ္ၾကားေနခဲ့တာျဖစ္ပါတယ္။ အမ္စတာဒမ္က သားသတ္သမားလို႔ ေအဂ်က္ဇ္မွာ ေက်ာ္ၾကားခဲ့ၿပီး ယူႏိုက္တက္မွာလည္း ပရိသတ္ေတြရဲ႕ အားေပးမႈကို တခဏေလးအတြင္းမွာ ရယူႏိုင္ခဲ့ၿပီးျဖစ္ပါတယ္။
crd

unicode

အသွေးအသားထဲကလာတဲ့ဗီဇကြောင့် လူသတ်ချင်စိတ်ကို မနည်းထိန်းချုပ်ထားရတယ်လို့ ဆိုလာတဲ့ သရဲနီမဟာတံတိုင်းကြီး လီဆန်ဒရိုမာတီနက်ဇ်

မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံလူလီဆန်ဒရိုမာတီနက်ဇ်က သူက ကွင်းအတွင်းမှာ သတ်ဖြတ်ချင်စိတ်တွေပါ ဖြစ်ပေါ်တတ်ပြီး သူ့စိတ်ကိုသူ မနည်းထိန်းချုပ်ရတယ်လို့ ဖွင့်ဟလိုက်ပါတယ်။ အသက် ၂၅ နှစ်အရွယ် အာဂျင်တီးနားနောက်ခံလူဟာ ဒီရာသီကမှ ယူနိုက်တက်ကို အေဂျက်ဇ်ကနေ ပြောင်းရွှေ့လာခဲ့ပြီး အသင်းရဲ့ အဓိကကစားသမားအဖြစ် ရှိနေသူလည်းဖြစပါတယ်။

အဲရစ်တန်ဟက်ဂျ်က ယူနိုက်တက်နည်းပြသစ်ဖြစ်လာချိန်မှာ သူ့ကို မရရအောင် ခေါ်ယူပေးဖို့ တောင်းဆိုခဲ့ပြီး ယူနိုက်တက်ကလည်း အေဂျက်ဇ်ဘက်က တောင်းဆိုတဲ့ စျေးနှုန်းအတိုင်း ပေးချေကာ ခေါ်ယူခဲ့ပါတယ်။ မာတီနက်ဇ်က အချိန်တိုအတွင်းမှာပဲ အသင်းအတွက် ခြေစွမ်းပြကစားနိုင်ခဲ့ကာ ပရိသတ်တွေရဲ့ အချစ်တော်ကစားသမားဖြစ်လာခဲ့ပြီး ပြိုင်ဘက်တိုက်စစ်မှူးတွေအတွက်တော့ ထိတ်လန့်စရာခံစစ်မှူးဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ ပြိုင်ဘက်ကစားသမားတွေကို ညှာတာမှုလုံး၀မပေးဘဲ ပြတ်ပြတ်သားသားကစားဟန်နဲ့ ပတ်သက်ပြီး မေးမြန်ခဲ့ရာမှာတော့ သူက အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ “ကျနော် ကိုယ့်ကိုကိုယ်ထိန်းချုပ်ရပါတယ်၊ အဲဒီလိုမှမဟုတ်ရင် ပွဲတိုင်းအပယ်ခံနေရမှာ၊ လိမ္မာဖို့ဆိုတာက ခက်တယ်ဗျ၊ တကယ်ခက်တယ်၊ တခါတလေ ကျနော် သတ်ချင်စိတ်တွေပါ ပေါ်လာတာ၊ ဒါပေမယ့် အဲဒါကို ထိန်းချုပ်နေရတယ်” “ဒါက ကျနော်တို့ အာဂျင်တီးနားရဲ့ ယဉ်ကျေးမှုလို့ ထင်တယ်၊ ကျနော်တို့ အကုန်လုံးက အဲဒီလိုတွေချည်းပဲ၊ ဘောလုံး၊ ကျနော်တို့အတွက် အရာအားလုံးမှာ ဒီလိုမျိုးစိတ်ထားတွေနဲ့ပါ၊ ကျနော် ကလေးဘ၀တုန်းကဆိုရင် မှတ်မိသေးတယ်၊ ကျနော့်အသက် ၄ နှစ်၊ ၅ နှစ်လောက်မှာ ရန်စဖြစ်တယ်၊ ကျနော်ရှုံးပြီးဆိုရင် ငိုတော့တာပဲ၊ ဒါကြောင့် အဲဒီစိတ်က ကျနော့် အသွေးအသား၊ နှလုံးသားထဲက လာတာလို့ ပြောရပါမယ်” လို့ မာတီနက်ဇ်က ဆိုပါတယ်။

မာတီနက်ဇ်ကတော့ သူ့ရဲ့ ကစားပုံကြမ်းတမ်းမှုကြောင့် ဝေဖန်ခံရမှုအချို့ရှိပေမယ့်လည်း ပါးနပ်တဲ့ ဖျက်ထုတ်မှုတွေကြောင့် ကျော်ကြားနေခဲ့တာဖြစ်ပါတယ်။ အမ်စတာဒမ်က သားသတ်သမားလို့ အေဂျက်ဇ်မှာ ကျော်ကြားခဲ့ပြီး ယူနိုက်တက်မှာလည်း ပရိသတ်တွေရဲ့ အားပေးမှုကို တခဏလေးအတွင်းမှာ ရယူနိုင်ခဲ့ပြီးဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *