အေကာင္းဆုံးကစားသမားဆုကို ထိုက္ထိုက္တန္တန္ရရွိသြားခဲ့တဲ့ တစ္မိေပါက္တစ္ေယာက္ထြန္း အာဂ်င္တိုင္းၾကယ္ပြင့္ေလး

မန္ခ်က္စတာ ယူႏိုက္တက္အသင္းကေတာ့ ႏိုဝင္ဘာလရဲ႕ အေကာင္းဆုံးဆုကို ယေန႔အေစာပိုင္းမွာပဲ တရားဝင္ ထုတ္ျပန္ ေၾကညာလိုက္ပါတယ္။ မူလ ဆန္ကာတင္စာရင္းအရကစားသမား(၃)ေယာက္ထဲကေန တိုက္စစ္မႈး ဂါနာခ်ိဳကို ေ႐ြးခ်ယ္လိုက္တာပါ။ ဂါနာခ်ိဳကေတာ့ လက္ရွိ စြမ္ေဆာင္ရည္ေကာင္းေတြအရ ႏိုဝင္ဘာလရဲ႕ အေကာင္းဆုံး ကစားသမားဆုဟာ အမွန္တကယ္ ထိုက္တန္ခဲ့ပါတယ္။

ရာသီအေစာပိုင္းမွာ နည္းျပႀကီးရဲ႕ စည္းကမ္းတခ်ိဳ႕ မလိုက္နာခဲ့တာေၾကာင့္ ပြဲထြက္ခြင့္ လုံးဝေပ်ာက္ဆုံး ေနခဲ့တာပါ။ ၿပီးခဲ့တဲ့ ရက္သတၱပတ္ေတြက စတင္ၿပီး၊ ေရာ္နယ္လ္ဒို၊ ဆန္ခ်ိဳ၊ အန္တိုနီ တို႔ မပါဝင္ႏိုင္ခဲ့ျခင္းေၾကာင့္ ပြဲထြက္ခြင့္ ရရွိခဲ့ပါတယ္။ နည္းျပႀကီး အဲရစ္တန္ဟန႔္ရဲ႕ လက္ထက္မွာ ပထမဆုံး ပြဲထြက္ ကစားခြင့္ေတြရရွိခဲ့သလို၊ နည္းျပႀကီးရဲ႕ ယုံၾကည္မႈကိုလည္း ရယူႏိုင္ခဲ့တာပါ။ ယူ႐ိုပါလိဂ္ပြဲစဥ္မွာ ကစားခြင့္ရခဲ့ၿပီး၊ သြင္းဂိုးတစ္ဂိုးနဲ႔ ဂိုးဖန္တီးမႈ (၂)ႀကိမ္အထိ စြမ္းေဆာင္ျပသခဲ့တာ ျဖစ္ပါတယ္။ ဒါ့အျပင္ ေနာက္ထပ္ ပရီးမီးယားလိဂ္ ပြဲစဥ္မွာလည္း ပြဲထြက္ခြင့္ ရရွိခဲ့သလို၊ ပထမဆုံး ပရီးမီးယားလိဂ္သြင္းဂိုးကိုလည္း သြင္းယူႏိုင္ခဲ့တာပါ။

ဂါနာခ်ိဳဟာ ႏိုဝင္ဘာလအတြင္း ေလးပြဲကစားခဲ့ရာမွာ သြင္းဂိုးႏွစ္ဂိုးႏွင့္ ဂိုးဖန္တီးမႈ ႏွစ္ႀကိမ္ ျပဳလုပ္ထားခဲ့တာ ျဖစ္ပါတယ္။ ဂါနာခ်ိဳကေတာ့ တိုက္စစ္ရဲ႕ ညာေတာင္ပံသာမက၊ ဘယ္ေတာင္ပံမွာလည္း ေကာင္းေကာင္း ကစားႏိုင္တဲ့ ကစားသမားတစ္ေယာက္ ျဖစ္ပါတယ္။ ဒါ့အျပင္ ေဘာလုံးအလိမ္အေခါက္ေတြနဲ႔ ၿပိဳင္ဘက္ ခံစစ္ကစားသမားေတြကို ေကာင္းေကာင္း အလုပ္ရႈပ္ေစႏိုင္တဲ့ ကစားသမားတစ္ေယာက္ပါ။

မန္ခ်က္စတာ ယူႏိုက္တက္အသင္းအတြက္ေတာ့ အနာဂတ္ အလားအလာေကာင္းေတြ အမ်ားႀကီးရွိတဲ့ ၾကယ္ပြင့္ ကစားသမားတစ္ေယာက္အျဖစ္ သတ္မွတ္ႏိုင္ပါတယ္။ လူငယ္ၾကယ္ပြင့္ေတြ ေမြးထုတ္ေပးတဲ့ေနရာမွာ တစ္ဖက္ကမ္း‌ခတ္ ကြၽမ္းက်င္တဲ့ အဲရစ္တန္ဟန႔္လက္ထက္မွာ ဘယ္အျမင့္အထိ ေတာက္ပလာမလဲဆိုတာ စိတ္ဝင္စားဖြယ္ ေစာင့္ၾကည့္သြားရမွာ ျဖစ္ပါတယ္။
crd

unicode

အကောင်းဆုံးကစားသမားဆုကို ထိုက်ထိုက်တန်တန်ရရှိသွားခဲ့တဲ့ တစ်မိပေါက်တစ်ယောက်ထွန်း အာဂျင်တိုင်းကြယ်ပွင့်လေး

မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ နိုဝင်ဘာလရဲ့ အကောင်းဆုံးဆုကို ယနေ့အစောပိုင်းမှာပဲ တရားဝင် ထုတ်ပြန် ကြေညာလိုက်ပါတယ်။ မူလ ဆန်ကာတင်စာရင်းအရကစားသမား(၃)ယောက်ထဲကနေ တိုက်စစ်မှုး ဂါနာချိုကို ရွေးချယ်လိုက်တာပါ။ ဂါနာချိုကတော့ လက်ရှိ စွမ်ဆောင်ရည်ကောင်းတွေအရ နိုဝင်ဘာလရဲ့ အကောင်းဆုံး ကစားသမားဆုဟာ အမှန်တကယ် ထိုက်တန်ခဲ့ပါတယ်။

ရာသီအစောပိုင်းမှာ နည်းပြကြီးရဲ့ စည်းကမ်းတချို့ မလိုက်နာခဲ့တာကြောင့် ပွဲထွက်ခွင့် လုံးဝပျောက်ဆုံး နေခဲ့တာပါ။ ပြီးခဲ့တဲ့ ရက်သတ္တပတ်တွေက စတင်ပြီး၊ ရော်နယ်လ်ဒို၊ ဆန်ချို၊ အန်တိုနီ တို့ မပါဝင်နိုင်ခဲ့ခြင်းကြောင့် ပွဲထွက်ခွင့် ရရှိခဲ့ပါတယ်။ နည်းပြကြီး အဲရစ်တန်ဟန့်ရဲ့ လက်ထက်မှာ ပထမဆုံး ပွဲထွက် ကစားခွင့်တွေရရှိခဲ့သလို၊ နည်းပြကြီးရဲ့ ယုံကြည်မှုကိုလည်း ရယူနိုင်ခဲ့တာပါ။ ယူရိုပါလိဂ်ပွဲစဥ်မှာ ကစားခွင့်ရခဲ့ပြီး၊ သွင်းဂိုးတစ်ဂိုးနဲ့ ဂိုးဖန်တီးမှု (၂)ကြိမ်အထိ စွမ်းဆောင်ပြသခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် နောက်ထပ် ပရီးမီးယားလိဂ် ပွဲစဥ်မှာလည်း ပွဲထွက်ခွင့် ရရှိခဲ့သလို၊ ပထမဆုံး ပရီးမီးယားလိဂ်သွင်းဂိုးကိုလည်း သွင်းယူနိုင်ခဲ့တာပါ။

ဂါနာချိုဟာ နိုဝင်ဘာလအတွင်း လေးပွဲကစားခဲ့ရာမှာ သွင်းဂိုးနှစ်ဂိုးနှင့် ဂိုးဖန်တီးမှု နှစ်ကြိမ် ပြုလုပ်ထားခဲ့တာ ဖြစ်ပါတယ်။ ဂါနာချိုကတော့ တိုက်စစ်ရဲ့ ညာတောင်ပံသာမက၊ ဘယ်တောင်ပံမှာလည်း ကောင်းကောင်း ကစားနိုင်တဲ့ ကစားသမားတစ်ယောက် ဖြစ်ပါတယ်။ ဒါ့အပြင် ဘောလုံးအလိမ်အခေါက်တွေနဲ့ ပြိုင်ဘက် ခံစစ်ကစားသမားတွေကို ကောင်းကောင်း အလုပ်ရှုပ်စေနိုင်တဲ့ ကစားသမားတစ်ယောက်ပါ။

မန်ချက်စတာ ယူနိုက်တက်အသင်းအတွက်တော့ အနာဂတ် အလားအလာကောင်းတွေ အများကြီးရှိတဲ့ ကြယ်ပွင့် ကစားသမားတစ်ယောက်အဖြစ် သတ်မှတ်နိုင်ပါတယ်။ လူငယ်ကြယ်ပွင့်တွေ မွေးထုတ်ပေးတဲ့နေရာမှာ တစ်ဖက်ကမ်း‌ခတ် ကျွမ်းကျင်တဲ့ အဲရစ်တန်ဟန့်လက်ထက်မှာ ဘယ်အမြင့်အထိ တောက်ပလာမလဲဆိုတာ စိတ်ဝင်စားဖွယ် စောင့်ကြည့်သွားရမှာ ဖြစ်ပါတယ်။

Add a Comment

Your email address will not be published. Required fields are marked *