အီတလီခံစစ္မႉးတစ္ဦးရဲ႕ စိတ္ဓာတ္မ်ိဳးမက္ဂြိဳင္းယားမွာလိုအပ္ေနတယ္လို႔ ေထာက္ျပခဲ့တဲ့ ဘလြန္းဒီေအာ္ဆုရွင္ေဟာင္း ကန္နာဗာ႐ို

အီတလီခံစစ္မႉးတစ္ဦးရဲ႕ စိတ္ဓာတ္မ်ိဳးမက္ဂြိဳင္းယားမွာလိုအပ္ေနတယ္လို႔ ေထာက္ျပခဲ့တဲ့ ဘလြန္းဒီေအာ္ဆုရွင္ေဟာင္း ကန္နာဗာ႐ို

အီတလီလက္ေ႐ြးစင္ေနာက္ခံလူေဟာင္းျဖစ္တဲ့ ဖာဘီယိုကန္နဗာ႐ို ကမန္ယူေနာက္ခံလူ မက္ဂြိဳင္းယားဟာ ခံစစ္မႉးေကာင္းတစ္ေယာက္ျဖစ္ေပမယ့္ အခက္အခဲႀကဳံလာတဲ့အခါမ်ိဳးမွာ ရင့္သီးတဲ့ပုံစံျပဖို႔လိုအပ္ေနေသးတယ္လို႔ ေျပာလိုက္ပါတယ္။ကမာၻ႔ေဘာလုံးေလာက ရဲ႕ဂႏၴဝင္ေနာက္ခံလူအျဖစ္သတ္မွတ္ခံထားရတဲ့ ကန္နဗာ႐ိုဟာ ၂၀၀၆ တုန္းကအီတလီအသင္းကို ကမာၻ႔ဖလားရရွိေစဖို႔ ဦးေဆာင္ေပးႏိုင္ခဲ့ၿပီးေနာက္ Ballon d’Or ဆုကိုဆြတ္ခူးႏိုင္ခဲ့သူလည္းျဖစ္ပါတယ္။သူဟာ ဒီဆုရခဲ့တဲ့ေနာက္ခံလူ ၃ ဦးထဲကတစ္ဦးျဖစ္ၿပီး သူ႔ေခတ္သူ႔အခါကအေကာင္းဆုံးေနာက္ခံလူအျဖစ္ သတ္မွတ္ခံခဲ့ရသူလည္းျဖစ္ပါတယ္။

 

အင္တာမီလန္၊ ဂ်ဴဗင္တပ္နဲ႔ ရီးရဲလ္မက္ဒရစ္တို႔မွာ ကစားခဲ့တဲ့ ကန္နဗာ႐ိုက မက္ဂြိဳင္းယားအတြက္မန္ယူက ေနာက္ခံလူေတြထဲမွာစံခ်ိန္တင္ေၾကးေပါင္သန္း ၈၀ အထိသုံးခဲ့တဲ့အေပၚနားလည္သလို မန္စီးတီးက ဂြၽန္စတုန္းအတြက္ဘာေၾကာင့္ေပါင္ ၄၇.၅ သန္းသုံးခဲ့တယ္ဆိုတာကိုလည္း သိတယ္လို႔ဆိုခဲ့ပါတယ္။အသက္ ၂၈ ႏွစ္ရွိတဲ့ မက္ဂြိဳင္းယားဟာ မၾကာေသးခင္ကမန္ယူအသင္းရလဒ္ဆိုးမႈေတြမွာ အမွားအယြင္းေတြရွိခဲ့တဲ့အျပင္ အယ္လ္ေဘးနီးယားနဲ႔ပြဲမွာ အဂၤလန္အတြက္ဂိုးသြင္းခဲ့ၿပီးေနာက္ ေအာင္ပြဲခံတဲ့ပုံစံနဲ႔ပတ္သက္ၿပီး မန္ယူကြင္းလယ္လူေဟာင္း ႐ြိဳင္ကိန္းရဲ႕ေဝဖန္မႈကိုခဲ့ခဲ့ရသူလည္းျဖစ္ပါတယ္။

ကန္နဗာ႐ိုက” မက္ဂြိဳင္းယား လိုကစားသမားေကာင္းမ်ိဳးကအမ်ားႀကီးအဖိုးတန္တဲ့သူပါ။ သူ႔အတြက္မန္ယူကေပါင္သန္း ၈၀ အထိသုံးခဲ့တာကိုလည္း နားလည္ပါတယ္။ဂြၽန္စတုန္းဆိုရင္လည္း တကယ့္ေနာက္ခံလူေကာင္းျဖစ္ပါတယ္။ သူတို႔ဟာမန္ယူနဲ႔ မန္စီးတီးတို႔အတြက္အဓိကက်တဲ့သူေတြျဖစ္ၿပီး ကြင္းထဲမွာဘယ္သူ႔ကိုမွလည္းမေၾကာက္သလို တာဝန္ယူႏိုင္ၾကသူေတြလည္းျဖစ္ပါတယ္။သူတို႔ရဲ႕မၾကာေသးခင္က ေျခစြမ္းဟာစိတ္ဝင္စားစရာလည္းျဖစ္ေနပါတယ္။ ဒါေပမယ့္ အေရးအေၾကာင္းဆိုရင္ ခ်ီရယ္လီနီလိုမ်ိဳးခက္ထန္ရင့္သီးစြာကစားႏိုင္ျခင္းမရွိေသးပါဘူး။ ခ်ီရယ္လီနီဟာကြၽန္ေတာ္တို႔ အီတလီေနာက္ခံလူေတြရဲ႕ စိတ္ဓါတ္ပိုင္းဆိုင္ရာကို ျပသေနတဲ့သူပါ။

 

အီတလီမွာဆိုရင္တိုက္စစ္မႉးေကာင္းေတြက ပြဲလက္မွတ္ေရာင္းခ်ေပးေပမယ့္ ခံစစ္မႉးေကာင္းေတြကသာပြဲေတြကိုအႏိုင္ရရွိေစတာပါလို႔ ေျပာေလ့ရွိပါတယ္။ခက္ခဲတဲ့အခ်ိန္မ်ိဳးမွာတိုက္စစ္မႉးေကာင္းေတြကိုရပ္တန႔္ေစဖို႔အတြက္ ခ်ီရယ္လီနီကိုခက္ထန္ရင့္သီးတဲ့ပုံစံမ်ိဳးရွိဖို႔လိုေနပါတယ္။ ဒါဟာကြင္းျပင္ပက ကိုယ့္ရဲ႕ပုဂၢိဳလ္ေရးပိုင္းနဲ႔မဆိုင္ပါဘူး။ မက္ဂြိဳင္းယားနဲ႔ ဂြၽန္စတုန္းတို႔ဟာ အဂၤလန္ရဲ႕အေကာင္းဆုံးေနာက္ခံလူ ၂ ဦးျဖစ္ေပမယ့္ ခ်ီရယ္လီနီလိုစိတ္ပိုင္းဆိုင္ရာမ်ိဳးရွိဖို႔လိုပါတယ္” လို႔ေျပာသြားပါတယ္။အသက္ ၄၈ ႏွစ္ရွိၿပီျဖစ္တဲ့ ကန္နဗာ႐ိုဟာ ပရီးမီးယားလိဂ္ရဲ႕ၿပိဳင္ဆိုင္မႈျပင္းထန္ပုံကိုသေဘာက်ေနၿပီး အဂၤလန္ကိုလာကာနည္းျပလုပ္လိုတဲ့ဆႏၵရွိေနသူလည္းျဖစ္ပါတယ္။
crd

unicode

အီတလီခံစစ်မှူးတစ်ဦးရဲ့ စိတ်ဓာတ်မျိုးမက်ဂွိုင်းယားမှာလိုအပ်နေတယ်လို့ ထောက်ပြခဲ့တဲ့ ဘလွန်းဒီအော်ဆုရှင်ဟောင်း ကန်နာဗာရို

အီတလီလက်ရွေးစင်နောက်ခံလူဟောင်းဖြစ်တဲ့ ဖာဘီယိုကန်နဗာရို ကမန်ယူနောက်ခံလူ မက်ဂွိုင်းယားဟာ ခံစစ်မှူးကောင်းတစ်ယောက်ဖြစ်ပေမယ့် အခက်အခဲကြုံလာတဲ့အခါမျိုးမှာ ရင့်သီးတဲ့ပုံစံပြဖို့လိုအပ်နေသေးတယ်လို့ ပြောလိုက်ပါတယ်။ကမ္ဘာ့ဘောလုံးလောက ရဲ့ဂန္ထဝင်နောက်ခံလူအဖြစ်သတ်မှတ်ခံထားရတဲ့ ကန်နဗာရိုဟာ ၂၀၀၆ တုန်းကအီတလီအသင်းကို ကမ္ဘာ့ဖလားရရှိစေဖို့ ဦးဆောင်ပေးနိုင်ခဲ့ပြီးနောက် Ballon d’Or ဆုကိုဆွတ်ခူးနိုင်ခဲ့သူလည်းဖြစ်ပါတယ်။သူဟာ ဒီဆုရခဲ့တဲ့နောက်ခံလူ ၃ ဦးထဲကတစ်ဦးဖြစ်ပြီး သူ့ခေတ်သူ့အခါကအကောင်းဆုံးနောက်ခံလူအဖြစ် သတ်မှတ်ခံခဲ့ရသူလည်းဖြစ်ပါတယ်။

အင်တာမီလန်၊ ဂျူဗင်တပ်နဲ့ ရီးရဲလ်မက်ဒရစ်တို့မှာ ကစားခဲ့တဲ့ ကန်နဗာရိုက မက်ဂွိုင်းယားအတွက်မန်ယူက နောက်ခံလူတွေထဲမှာစံချိန်တင်ကြေးပေါင်သန်း ၈၀ အထိသုံးခဲ့တဲ့အပေါ်နားလည်သလို မန်စီးတီးက ဂျွန်စတုန်းအတွက်ဘာကြောင့်ပေါင် ၄၇.၅ သန်းသုံးခဲ့တယ်ဆိုတာကိုလည်း သိတယ်လို့ဆိုခဲ့ပါတယ်။အသက် ၂၈ နှစ်ရှိတဲ့ မက်ဂွိုင်းယားဟာ မကြာသေးခင်ကမန်ယူအသင်းရလဒ်ဆိုးမှုတွေမှာ အမှားအယွင်းတွေရှိခဲ့တဲ့အပြင် အယ်လ်ဘေးနီးယားနဲ့ပွဲမှာ အင်္ဂလန်အတွက်ဂိုးသွင်းခဲ့ပြီးနောက် အောင်ပွဲခံတဲ့ပုံစံနဲ့ပတ်သက်ပြီး မန်ယူကွင်းလယ်လူဟောင်း ရွိုင်ကိန်းရဲ့ဝေဖန်မှုကိုခဲ့ခဲ့ရသူလည်းဖြစ်ပါတယ်။

ကန်နဗာရိုက” မက်ဂွိုင်းယား လိုကစားသမားကောင်းမျိုးကအများကြီးအဖိုးတန်တဲ့သူပါ။ သူ့အတွက်မန်ယူကပေါင်သန်း ၈၀ အထိသုံးခဲ့တာကိုလည်း နားလည်ပါတယ်။ဂျွန်စတုန်းဆိုရင်လည်း တကယ့်နောက်ခံလူကောင်းဖြစ်ပါတယ်။ သူတို့ဟာမန်ယူနဲ့ မန်စီးတီးတို့အတွက်အဓိကကျတဲ့သူတွေဖြစ်ပြီး ကွင်းထဲမှာဘယ်သူ့ကိုမှလည်းမကြောက်သလို တာဝန်ယူနိုင်ကြသူတွေလည်းဖြစ်ပါတယ်။သူတို့ရဲ့မကြာသေးခင်က ခြေစွမ်းဟာစိတ်ဝင်စားစရာလည်းဖြစ်နေပါတယ်။ ဒါပေမယ့် အရေးအကြောင်းဆိုရင် ချီရယ်လီနီလိုမျိုးခက်ထန်ရင့်သီးစွာကစားနိုင်ခြင်းမရှိသေးပါဘူး။ ချီရယ်လီနီဟာကျွန်တော်တို့ အီတလီနောက်ခံလူတွေရဲ့ စိတ်ဓါတ်ပိုင်းဆိုင်ရာကို ပြသနေတဲ့သူပါ။

အီတလီမှာဆိုရင်တိုက်စစ်မှူးကောင်းတွေက ပွဲလက်မှတ်ရောင်းချပေးပေမယ့် ခံစစ်မှူးကောင်းတွေကသာပွဲတွေကိုအနိုင်ရရှိစေတာပါလို့ ပြောလေ့ရှိပါတယ်။ခက်ခဲတဲ့အချိန်မျိုးမှာတိုက်စစ်မှူးကောင်းတွေကိုရပ်တန့်စေဖို့အတွက် ချီရယ်လီနီကိုခက်ထန်ရင့်သီးတဲ့ပုံစံမျိုးရှိဖို့လိုနေပါတယ်။ ဒါဟာကွင်းပြင်ပက ကိုယ့်ရဲ့ပုဂ္ဂိုလ်ရေးပိုင်းနဲ့မဆိုင်ပါဘူး။ မက်ဂွိုင်းယားနဲ့ ဂျွန်စတုန်းတို့ဟာ အင်္ဂလန်ရဲ့အကောင်းဆုံးနောက်ခံလူ ၂ ဦးဖြစ်ပေမယ့် ချီရယ်လီနီလိုစိတ်ပိုင်းဆိုင်ရာမျိုးရှိဖို့လိုပါတယ်” လို့ပြောသွားပါတယ်။အသက် ၄၈ နှစ်ရှိပြီဖြစ်တဲ့ ကန်နဗာရိုဟာ ပရီးမီးယားလိဂ်ရဲ့ပြိုင်ဆိုင်မှုပြင်းထန်ပုံကိုသဘောကျနေပြီး အင်္ဂလန်ကိုလာကာနည်းပြလုပ်လိုတဲ့ဆန္ဒရှိနေသူလည်းဖြစ်ပါတယ်။
crd

Add a Comment

Your email address will not be published. Required fields are marked *